ရုပ်ရှင်ကုမ္ပဏီအတွက် ရုံးခန်းနေရာငှားရမ်းရာတွင် Elon Musk ညီမဖြစ်ကြောင်း သိသွားချိန်တွင် မတန်တဆ ဈေးတောင်းခံရကြောင်း Tosca Musk ပြောကြား

ရုပ်ရှင်ကုမ္ပဏီအတွက် ရုံးခန်းနေရာငှားရမ်းရာတွင် Elon Musk ညီမဖြစ်ကြောင်း သိသွားချိန်တွင် မတန်တဆ ဈေးတောင်းခံရကြောင်း Tosca Musk ပြောကြား - Property News in Myanmar from iMyanmarHouse.com
4 Sep 2023 10:13 am တွင် တင်ခဲ့သည်
652 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Elon Musk ၏ ညီမဖြစ်သူ Tosca Musk သည် မကြာသေးမီက သူမ၏ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီအတွက် ရုံးခန်းနေရာ ရှာဖွေရာတွင် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်၏ ညီမဖြစ်ရခြင်းကြောင့် ရင်ဆိုင်ရသော ပြဿနာတစ်ခုကို ထုတ်ဖော်ပြောကြားလာသည်။

“အဲဒီနေရာက တစ်ရက်ကို ငှားခ ဒေါ်လာ ၅၀၀၀ ကျပါတယ်။ ဒါပေမဲ့ ကျွန်မနာမည်ကို သူတို့သိသွားတဲ့အချိန်မှာ ကျွန်မတို့ဟာ ချမ်းသာတယ်လို့ ယူဆပြီး ငှားခကို ဒေါ်လာ ၂၅၀၀၀ ထိတောင်းလာတယ်။ ဒါက မတရားပါဘူး”ဟု Tosca Musk က ခေါင်းခါရမ်းရင်း ပြောသည်။

အစ်ကိုဖြစ်သူမှာ လျှပ်စစ်ကားကုမ္ပဏီကြီး Tesla ၏ စီအီးအို ၊ အာကာသကုမ္ပဏီ SpaceX ၏ စီအီးအို Elon Musk ဖြစ်နေခြင်းကြောင့် လူတို့၏ နားလည်မှု အလွဲများ များပြားနေကြောင်း Tosca က ပြောသည်။

Elon Musk ၏ ကြွယ်ဝမှုမှာ ပေါင် ၁၃၈ ဘီလီယံမှ ပေါင် ၁၄၄ ဘီလီယံအကြား ရှိသည်ဟု ခန့်မှန်းရသည်။

Tosca Musk သည် သူမ၏ ကုမ္ပဏီအတွက် ရုံးခန်းရှာဖွေရာတွင် အိမ်ရှင်ဘက်မှ ကနဦးတွင် တစ်ရက်လျှင် ဒေါ်လာ ၅၀၀၀ ဟု ဈေးပြောခဲ့သော်လည်း သူမမည်သူဖြစ်ကြောင်း သိရှိသွားချိန်တွင် ဒေါ်လာ ၂၅၀၀၀ အထိ ဈေးထိုးတက်ကာ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

“ကျွန်မရဲ့အစ်ကိုကြီးက အကုန်လိုက်ပြီး ငွေရှင်းပေးလိမ့်မယ်လို့ လူတိုင်းက ထင်နေကြတယ်။ ဒါပေမဲ့ သူက အဲလိုလိုက်မပေးပါဘူး။”

ညီမဖြစ်သူအား Elon Musk က ငွေရေးကြေးရေး (သို့မဟုတ်) စီးပွားရေးအကြံဉာဏ်ပေးကာ ကူညီမှု ရှိမရှိ Tosca Musk အားမေးရာတွင် ပါးနပ်စွာ ပြန်လည် ဖြေကြားခဲ့သည်။

“အစ်ကိုက တနည်းနည်းနဲ့ ကူညီသလားဆိုတာ ဖြေရမှာဟာ ကျွန်မအတွက် အသွားနှစ်ဖက်ပါတဲ့ ဓားတစ်စင်းလိုပါပဲ။ ကျွန်မက No လို့ဖြေရင် လူတွေက Elon Musk ဟာ ညီမဖြစ်သူကို လုံးဝအထောက်အပံ့မပေးဘူးလို့ ပြောကြလိမ့်မယ်။ ကျွန်မက Yes လို့ပြောရင် အစ်ကိုက ကျွန်မအတွက် အရာအရာ ငွေလိုက်ရှင်းနေတယ်လို့ ထင်ကြလိမ့်မယ် ”ဟု Tosca ကပြောသည်။

အများက ယူဆသည်မှာ Elon Musk တို့ညီအစ်ကိုမောင်နှမများ ချမ်းသာကြွယ်ဝသော ဘဝမှ လာခဲ့ကြသည်ဟု ယူဆကြသည်။

သို့သော် Elon Musk အပါအဝင် Tosca နှင့် Kimbal တို့ မောင်နှမများမှာ ချမ်းသာသော ဘဝမှ လာခဲ့သူများ မဟုတ်။

သူတို့သည် မိခင်ကြီး Maye Musk နှင့်အတူ တောင်အာဖရိကတွင် နေထိုင်ကြီးပြင်းခဲ့သူများ ဖြစ်သည်။

၎င်းတို့ မောင်နှမများ အသက် ၅ ၊ ၇ နှင့် ၈ နှစ်အရွယ်အသီးသီးရှိချိန်တွင် မိခင်ကြီးက ညှဉ်းပန်းနှိပ်စက်တတ်သော ခင်ပွန်းဖြစ်သူ Errol နှင့် လမ်းခွဲရန် သတ္တိရှိရှိ ဆုံးဖြတ်ခဲ့သည်။

ယင်းနောက် ကလေးများကို ကျွေးမွေးပြုစုရန် Maye က အလုပ် ၅ ခု လုပ်ကိုင်ခဲ့သည်။

Maye သည် သူမ၏ ဘဝကို A Woman Makes A Plan အမည်ဖြင့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ် ရေးသားခဲ့ရာ အရောင်းရဆုံး စာအုပ်စာရင်းတွင် ပါဝင်ခဲ့သည်။

(Elon Musk ၏ ညီမ Tosca Musk -အသက် ၄၈ နှစ် -သည် ဂျော်ဂျီယာပြည်နယ် ၊ အတ္တလန္တာမြို့တွင် နေထိုင်သည်။ အချစ်ရုပ်ရှင်များ ထုတ်လွှင့်သည့် Netflix ကဲ့သို့ ဝန်ဆောင်မှုဖြစ်သော Passionflix ကို လွန်ခဲ့သော ၆ နှစ်က တည်ထောင်ခဲ့သည်။)

[ဝဲမှယာ-Tosca ၊Elon Musk (၅၁ နှစ်) ၊ မိခင်ကြီး Maye (၇၅ နှစ်) နှင့် Kimbal (၅၀ နှစ်)။ ၎င်းတို့ မောင်နှမ ၃ ဦးသည် နည်းပညာ ၊ စားသောက်ဆိုင်နှင့် ဖျော်ဖြေရေး လုပ်ငန်းနယ်ပယ်အသီးသီးတွင် အောင်မြင်သော ကုမ္ပဏီများကို ဦးဆောင်လျက် ရှိသည်။]

(မိခင်ကြီး Maye နှင့် Tosca တို့ မောင်နှမ ၃ ဦး။)

(Tosca တို့ မောင်နှမ ၃ ဦး တောင် အာဖရိကတွင် ရှိခဲ့စဉ်က တွေ့ရပုံ။ Elon Musk မှာ ဝဲဘက်စွန် ဖြစ်သည်။)

(Tosca နှင့် မိခင်ကြီး Maye)

(Elon Musk နှင့် မိခင်ကြီး Maye)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Elon Musk's Little Sister Says She Is Overcharged Because People Assume Her Brother Pays For Everything — Despite Being the Richest Man in The World, He Doesn't (finance.yahoo)

[Zawgyi]

ရုပ္ရွင္ကုမၸဏီအတြက္ ရံုးခန္းေနရာငွားရမ္းရာတြင္ Elon Musk ညီမျဖစ္ေၾကာင္း သိသြားခ်ိန္တြင္ မတန္တဆ ေစ်းေတာင္းခံရေၾကာင္း Tosca Musk ေျပာၾကား

Elon Musk ၏ ညီမျဖစ္သူ Tosca Musk သည္ မၾကာေသးမီက သူမ၏ ရုပ္ရွင္ထုတ္လုပ္ေရးကုမၸဏီအတြက္ ရံုးခန္းေနရာ ရွာေဖြရာတြင္ ကမၻာ့အခ်မ္းသာဆံုး ပုဂၢိဳလ္၏ ညီမျဖစ္ရျခင္းေၾကာင့္ ရင္ဆိုင္ရေသာ ျပႆနာတစ္ခုကို ထုတ္ေဖာ္ေျပာၾကားလာသည္။

“အဲဒီေနရာက တစ္ရက္ကို ငွားခ ေဒၚလာ ၅၀၀၀ က်ပါတယ္။ ဒါေပမဲ့ ကၽြန္မနာမည္ကို သူတို႔သိသြားတဲ့အခ်ိန္မွာ ကၽြန္မတို႔ဟာ ခ်မ္းသာတယ္လို႔ ယူဆျပီး ငွားခကို ေဒၚလာ ၂၅၀၀၀ ထိေတာင္းလာတယ္။ ဒါက မတရားပါဘူး”ဟု Tosca Musk က ေခါင္းခါရမ္းရင္း ေျပာသည္။

အစ္ကိုျဖစ္သူမွာ လွ်ပ္စစ္ကားကုမၸဏီၾကီး Tesla ၏ စီအီးအို ၊ အာကာသကုမၸဏီ SpaceX ၏ စီအီးအို Elon Musk ျဖစ္ေနျခင္းေၾကာင့္ လူတို႔၏ နားလည္မႈ အလြဲမ်ား မ်ားျပားေနေၾကာင္း Tosca က ေျပာသည္။

Elon Musk ၏ ၾကြယ္ဝမႈမွာ ေပါင္ ၁၃၈ ဘီလီယံမွ ေပါင္ ၁၄၄ ဘီလီယံအၾကား ရွိသည္ဟု ခန္႔မွန္းရသည္။

Tosca Musk သည္ သူမ၏ ကုမၸဏီအတြက္ ရံုးခန္းရွာေဖြရာတြင္ အိမ္ရွင္ဘက္မွ ကနဦးတြင္ တစ္ရက္လွ်င္ ေဒၚလာ ၅၀၀၀ ဟု ေစ်းေျပာခဲ့ေသာ္လည္း သူမမည္သူျဖစ္ေၾကာင္း သိရွိသြားခ်ိန္တြင္ ေဒၚလာ ၂၅၀၀၀ အထိ ေစ်းထိုးတက္ကာ ေတာင္းဆိုခဲ့ျခင္း ျဖစ္သည္။

“ကၽြန္မရဲ႕အစ္ကုိၾကီးက အကုန္လုိက္ျပီး ေငြရွင္းေပးလိမ့္မယ္လို႔ လူတုိင္းက ထင္ေနၾကတယ္။ ဒါေပမဲ့ သူက အဲလိုလိုက္မေပးပါဘူး။”

ညီမျဖစ္သူအား Elon Musk က ေငြေရးေၾကးေရး (သို႔မဟုတ္) စီးပြားေရးအၾကံဥာဏ္ေပးကာ ကူညီမႈ ရွိမရွိ Tosca Musk အားေမးရာတြင္ ပါးနပ္စြာ ျပန္လည္ ေျဖၾကားခဲ့သည္။

“အစ္ကိုက တနည္းနည္းနဲ႔ ကူညီသလားဆိုတာ ေျဖရမွာဟာ ကၽြန္မအတြက္ အသြားႏွစ္ဖက္ပါတဲ့ ဓားတစ္စင္းလိုပါပဲ။ ကၽြန္မက No လို႔ေျဖရင္ လူေတြက Elon Musk ဟာ ညီမျဖစ္သူကို လံုးဝအေထာက္အပံ့မေပးဘူးလို႔ ေျပာၾကလိမ့္မယ္။ ကၽြန္မက Yes လို႔ေျပာရင္ အစ္ကိုက ကၽြန္မအတြက္ အရာအရာ ေငြလိုက္ရွင္းေနတယ္လို႔ ထင္ၾကလိမ့္မယ္ ”ဟု Tosca ကေျပာသည္။

အမ်ားက ယူဆသည္မွာ Elon Musk တို႔ညီအစ္ကုိေမာင္ႏွမမ်ား ခ်မ္းသာၾကြယ္ဝေသာ ဘဝမွ လာခဲ့ၾကသည္ဟု ယူဆၾကသည္။

သုိ႔ေသာ္ Elon Musk အပါအဝင္ Tosca ႏွင့္ Kimbal တို႔ ေမာင္ႏွမမ်ားမွာ ခ်မ္းသာေသာ ဘဝမွ လာခဲ့သူမ်ား မဟုတ္။

သူတို႔သည္ မိခင္ၾကီး Maye Musk ႏွင့္အတူ ေတာင္အာဖရိကတြင္ ေနထုိင္ၾကီးျပင္းခဲ့သူမ်ား ျဖစ္သည္။

၎တို႔ ေမာင္ႏွမမ်ား အသက္ ၅ ၊ ၇ ႏွင့္ ၈ ႏွစ္အရြယ္အသီးသီးရွိခ်ိန္တြင္ မိခင္ၾကီးက ညွဥ္းပန္းႏွိပ္စက္တတ္ေသာ ခင္ပြန္းျဖစ္သူ Errol ႏွင့္ လမ္းခြဲရန္ သတၱိရွိရွိ ဆံုးျဖတ္ခဲ့သည္။

ယင္းေနာက္ ကေလးမ်ားကို ေကၽြးေမြးျပဳစုရန္ Maye က အလုပ္ ၅ ခု လုပ္ကိုင္ခဲ့သည္။

Maye သည္ သူမ၏ ဘဝကို A Woman Makes A Plan အမည္ျဖင့္ ကိုယ္တုိင္ေရး အတၳဳပၸတၱိစာအုပ္ ေရးသားခဲ့ရာ အေရာင္းရဆံုး စာအုပ္စာရင္းတြင္ ပါဝင္ခဲ့သည္။

https://www.dailymail.co.uk/femail/article-12208147/Tosca-Musk-reveals-assumes-Elon-pays-picked-sperm-donor.html

(Elon Musk ၏ ညီမ Tosca Musk -အသက္ ၄၈ ႏွစ္ -သည္ ေဂ်ာ္ဂ်ီယာျပည္နယ္ ၊ အတၱလႏၱာျမဳိ႕တြင္ ေနထုိင္သည္။ အခ်စ္ရုပ္ရွင္မ်ား ထုတ္လႊင့္သည့္ Netflix ကဲ့သို႔ ဝန္ေဆာင္မႈျဖစ္ေသာ Passionflix ကို လြန္ခဲ့ေသာ ၆ ႏွစ္က တည္ေထာင္ခဲ့သည္။)

[ဝဲမွယာ-Tosca ၊Elon Musk (၅၁ ႏွစ္) ၊ မိခင္ၾကီး Maye (၇၅ ႏွစ္) ႏွင့္ Kimbal (၅၀ ႏွစ္)။ ၎တို႔ ေမာင္ႏွမ ၃ ဦးသည္ နည္းပညာ ၊ စားေသာက္ဆိုင္ႏွင့္ ေဖ်ာ္ေျဖေရး လုပ္ငန္းနယ္ပယ္အသီးသီးတြင္ ေအာင္ျမင္ေသာ ကုမၸဏီမ်ားကို ဦးေဆာင္လ်က္ ရွိသည္။]

(မိခင္ၾကီး Maye ႏွင့္ Tosca တို႔ ေမာင္ႏွမ ၃ ဦး။)

(Tosca တို႔ ေမာင္ႏွမ ၃ ဦး ေတာင္ အာဖရိကတြင္ ရွိခဲ့စဥ္က ေတြ႔ရပံု။ Elon Musk မွာ ဝဲဘက္စြန္ ျဖစ္သည္။)

(Tosca ႏွင့္ မိခင္ၾကီး Maye)

(Elon Musk ႏွင့္ မိခင္ၾကီး Maye)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Elon Musk's Little Sister Says She Is Overcharged Because People Assume Her Brother Pays For Everything — Despite Being the Richest Man in The World, He Doesn't (finance.yahoo)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service