အမေရိကန်တွင် ကိုယ်ပိုင်မီးပြတိုက်နှင့် အိမ်တစ်လုံးပါသော ကျွန်းတစ်ကျွန်း ဒေါ်လာ ၄၀၀၀၀၀ မျှဖြင့် ရောင်းမည်
အမေရိကန်တွင် ကိုယ်ပိုင်မီးပြတိုက်နှင့် အိမ်တစ်လုံးပါသော ကျွန်းတစ်ကျွန်း ဒေါ်လာ ၄၀၀၀၀၀ မျှဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
25 Aug 2023 11:04 am တွင် တင်ခဲ့သည်
1748 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်ထောင်စုတွင် ကိုယ်ပိုင်မီးပြတိုက်ပါသော ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာကာ ပေါင် ၃၁၂၀၀၀ (ကန်ဒေါ်လာ ၄၀၀၀၀၀) မျှဖြင့် ဝယ်ယူပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
ကျွန်းပေါ်ရှိ အိမ်တွင် ရေချိုးခန်း (သို့မဟုတ်) ရေပိုက်လိုင်းများမရှိချေ။
Rocky Mecca ဟု လူသိများသော ကျွန်းပေါ်ရှိ အဆောက်အအုံများကို ၁၉၃၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု ၊ မိန်းပြည်နယ် ၊ Canton မြို့ကလေးတွင် လူအများ နှစ်သက်မြတ်နိုးကြသည့် နေရာတစ်ခုဖြစ်သည်။
Anasagunticook ရေကန်ကြီးအလည်တွင် တည်ရှိပြီး တမူထူးသော လူသူအလှမ်းကွာသည့် ဘဝနေထိုင်မှုဟန် နှင့် ရင်သပ်ရှုမောဖွယ် ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသော်လည်း ကျွန်းလေးပေါ်ရှိ အိမ်တွင်မူ Facility အနည်းငယ်သာ ရှိသည်။
အဆောက်အအုံအကျယ်မှာ ပေ ၂၀ × ၂၄ ပေ ရှိပြီး မီးဖိုဆောင်အဖြစ် သုံးသော အခန်းကျယ်တစ်ခု ၊ ညစာစားခန်း ၊ ဧည့်ခန်းနှင့် အိပ်ခန်းတို့ ပါသည်။
အိပ်ခန်းအတွင်း ကြီးမားသော ကုတင်ကြီးဘေးတွင် ၃ ထပ်ကုတင်လည်း ရှိရာ လူ ၅ ဦး အထက် အိပ်စက်နိုင်သည်။
(ကျွန်းပေါ်မှ မီးပြတိုက်။ ဓာတ်ပုံ-Jam Press)
(နေအိမ်အတွင်း မြင်ကွင်း။ ဓာတ်ပုံ-Jam Press)
အိပ်ခန်း၏ မျက်နှာချင်းဆိုင်တွင် မီးဖိုဆောင်ရှိပြီး Gas cooker ၊ မိုက္ကရိုဝေ့ဗ်နှင့် ရေခဲသေတ္တာတို့ ရှိသည်။
ကျွန်းပေါ်တွင် မီးပြတိုက်တစ်ခုလည်း ပါဝင်ပြီး အမြင့် ၁၈ ပေရှိကာ ထိပ်ဖျားတွင် လူ ၄ ဦးထိုင်ရန် နေရာရှိသည်။
သဲသောင်ကမ်းခြေ ၊ ရေကူးရန် ကောင်းမွန်သောနေရာနှင့် လှေဆိပ်တို့ပါဝင်ပြီး ကားအိမ် (RV) သို့မဟုတ် ၃ လနှင့်အထက် စခန်းချ နေထိုင်လိုသူတို့အတွက် ခွင့်ပြုချက် ရထားသည်။
(မီးဖိုဆောင်။ ဓာတ်ပုံ-Jam Press)
(Rocky Mecca ဟု လူသိများသော ကျွန်းပေါ်ရှိ အဆောက်အအုံများကို ၁၉၃၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ ခြင်းဖြစ်သည်။ ဓာတ်ပုံ-Jam Press)
Meservier & Associate အိမ်ခြံမြေကုမ္ပဏီမှ အရောင်းဈေးကွက် တင်ပေးခဲ့ခြင်း ဖြစ်သည်။
တမူထူးသော အဆိုပါအိမ်ကို လူမှုကွန်ရက်သုံးစွဲသူ ထောင်ပေါင်းများစွာ နှစ်သက်ကာ ပြန်လည်မျှဝေလျက် ရှိကြသည်။
“အကြိုက်ဆုံးအိမ်ပဲ။ တံခါးခေါက်မယ့်လူတွေ မရှိတော့ဘူး”ဟု လူမှုကွန်ရက် သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုပြီး အခြားတစ်ဦးကမူ “တကယ့်ကို လှတယ်။ အရာအားလုံးကနေ ဝေးရာမှာ နေဖို့ နေရာကောင်းပဲ။”ဟု ဆိုသည်။
အချို့သူတို့ကမူ ကြိုက်နှစ်သက်ခြင်း မရှိကြ။
“ရေပိုက်ခေါင်းမရှိ= ရေပိုက်လိုင်းမရှိ= ကျေးဇူးတင်ခြင်းမရှိ”ဟု လူမှုကွန်ရက် သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: You could buy a whole island for £312,000 – as long as you don’t mind going without plumbing (metro)
[Zawgyi]
(မီးဖိုဆောင်။ ဓာတ်ပုံ-Jam Press)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service