လန်ဒန်တွင် အိပ်ခန်း ၄ ခန်းပါ အိမ်တစ်လုံး၌ အိမ်ငှား ၄၀ ဦး ငှားရမ်းသည့်အိမ်ရှင်ကို ၅ နှစ်တာ အိမ်ငှားခွင့် ပိတ်ပင်
လန်ဒန်တွင် အိပ်ခန်း ၄ ခန်းပါ အိမ်တစ်လုံး၌ အိမ်ငှား ၄၀ ဦး ငှားရမ်းသည့်အိမ်ရှင်ကို ၅ နှစ်တာ အိမ်ငှားခွင့် ပိတ်ပင် - Property News in Myanmar from iMyanmarHouse.com
24 Aug 2023 10:04 am တွင် တင်ခဲ့သည်
687 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တော်တွင် အိပ်ခန်း ၄ ခန်းပါ အိမ်တစ်လုံး၌ အိမ်ငှား ၄၀ ဦးကျော် ငှားရမ်းမှု အပါအဝင် အိုးအိမ်စည်းမျဉ်းများစွာ ချိုးဖောက်ခဲ့သည့် အိမ်ရှင်ကို ဒေသတွင်းအုပ်ချုပ်ရေးကောင်စီက ၅ နှစ်တာ အိမ်ငှားခွင့် ပိတ်ပင်လိုက်ကြောင်း Business Insider သတင်းတစ်ရပ်တွင် ဖော်ပြသည်။
လန်ဒန်မြို့ အနောက်မြောက်ပိုင်း Brent ဒေသကောင်စီက ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ လန်ဒန်မြို့ အနောက်မြောက်ဘက် Wembley ကျေးရွာတွင် အိမ်ရှင်တစ်ဦးဖြစ်သူ ဂျာအိဒိပ ကုမာရ် ရာမက်ရှန်ဒရ ဝါလန်း (Jaidipkumar Rameshchandra Valand) သည် သူ၏ နေအိမ်ကို အငှားချခြင်းဖြင့် ပေါင် ၃၆၀၀၀၀ (ကန်ဒေါ်လာ ၄၅၇၀၀၀) ရရှိခဲ့ကြောင်း ဖော်ပြသည်။
ဒေသတွင်းကောင်စီက ပြောသည်မှာ ထိုအိမ်တွင် နေထိုင်သူများအနက်မှ တစ်ဦးသည် ကုန်စည်သယ်ဆောင်သည့် အခင်းပြားများ ၊ တာပေါ်လင်စများဖြင့် အဖီဆွဲထားသည့် တဲတစ်ခုထဲတွင် လျှပ်စစ်မီး ၊ အပူပေးစနစ် မရှိဘဲ နေထိုင်လျက်ရှိသည်ကို စစ်ဆေးသည့် အရာရှိများက တွေ့ရှိခဲ့သည်ဟု ဆိုသည်။
ဝါလန်းသည် ၂၀၂၂ ဇန်နဝါရီလအတွင်းကလည်း အခြားအိမ်တစ်လုံးတွင် မြို့ပြအိုးအိမ် စည်းမျဉ်းချိုးဖောက်မှုများ ကျူးလွန်ခဲ့ဖူးသည်ဟု ဆိုသည်။
သူသည် အိမ်ငှားများကို စာချုပ်မချုပ်ဘဲ တစ်လလျှင် ပေါင် ၁၄၀၀ ဖြင့် ငှားရမ်းခဲ့သည်ကို အရာရှိများက စစ်ဆေးတွေ့ရှိခဲ့သည်။
ထိုနေအိမ်တွင် မီးဘေးလုံခြုံရေး စည်းမျဉ်းမလိုက်နာမှုများ ၊ အမှိုက်သရိုက် စုပုံမှုများ ၊ ကျန်းမာရေးနှင့် မညီညွှတ်သည့် အခြေနေများ ၊ ပြုပြင်မှုမရှိဘဲ ပစ်ထားခြင်းများကဲ့သို့ ပြဿနာများစွာရှိကြောင်း ဒေသကောင်စီ က ပြောသည်။
ထိုစဉ်က ဝါလန်းသည် ဒဏ်ငွေ ပေါင် ၃၀၀၀၀ (ကန်ဒေါ်လာ ၃၈၀၀၀ ခန့် ) ပေးဆောင်ခဲ့ရသည်။
Brent ဒေသကောင်စီ အကြီးအကဲ မူဟာမက် ဘတ်က… “၂၀၁၆ ခုနှစ် အိုးအိမ်နှင့် စီမံကိန်း အက်ဥပဒေအရ စည်းမျဉ်းချိုးဖောက်မှုတွေ ဆက်တိုက်ကျူးလွန်တဲ့ အိမ်ရှင်ဆိုးတွေကို အရေးယူဖို့အတွက် ၂၀၁၈ ခုနှစ် ဧပြီလမှာ Brent ကောင်စီကို အာဏာပေးလိုက်ပြီး နောက်ပိုင်းကတည်းက ပထမဆုံးအရေးယူမှု ဖြစ်ပါတယ်။ ဝါလန်းဟာ ၅ နှစ် ပိတ်ပင်ထားမှုကို မလိုက်နာဘဲ ချိုးဖောက်ခဲ့မယ်ဆိုရင် ထောင်ဒဏ်ချမှတ်ခံရမှုနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။”ဟု ပြောသည်။
“Brent ကောင်စီဟာ ဒီလိုမျိုး အိမ်ရှင်ဆိုးတွေအပေါ် သည်းမခံတဲ့ မူဝါဒကို ကျင့်သုံးပါတယ်။ ကျွန်တော်တို့ ဒေသတွင်းမှာ နေထိုင်သူတွေကို ဘေးကင်းအောင် ကာကွယ်ပေးနိုင်ဖို့အတွက် ကျွန်တော်တို့ လုပ်ပိုင်ခွင့် အားလုံး အသုံးပြုသွားလိမ့်မှာ ဖြစ်ပါတယ်။”ဟု ၎င်းက ဖြည့်စွက် ပြောကြားသည်။
Evening Standard သတင်းဌာန၏ ဖော်ပြချက်အရ ၂၀၂၃ ခုနှစ် ပထမ ၃ လတာအတွင်း လန်ဒန်မြို့တွင် အိမ်ရှင်ဆိုးများကို ဒဏ်ငွေ စုစုပေါင်း ပေါင် ၈ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၁၁ သန်းနီးပါး) ဒဏ်ရိုက်ခဲ့ကြောင်း ဖော်ပြသည်။
လန်ဒန်မြို့ ၊ Hounslow အရပ်တွင် အိမ်ရှင်တစ်ဦးသည် သူ၏ နေအိမ်ကို တရားမဝင် ချဲ့ထွင်မှု ပြုလုပ်ခဲ့ကာ ညစ်ပတ်စုတ်ပြတ်သည့်အနေအထားဖြင့် အိမ်ငှားတင်ခဲ့သည်။
အိမ်သာမှာ မီးဖိုဆောင်မှ ၁ မီတာပင် မဝေးချေ။
အဆိုပါ အိမ်ရှင်ကို ဒေသတွင်းကောင်စီက ပေါင် ၁၁၅၀၀၀ (ကန်ဒေါ်လာ ၁၄၆၀၀၀ ခန့်) ဒဏ်ရိုက်ခဲ့သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Slum' landlord stuffed 40 tenants into a 4-bed house, making $450,000 (businessinsider)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service