အမေရိကန်တွင် မိမိအိမ်အတွင်း ကျူးကျော်နေထိုင်သူများကို နှင်ထုတ်ရန်ကြိုးစားသော အိမ်ရှင် အဖမ်းခံရ
အမေရိကန်တွင် မိမိအိမ်အတွင်း ကျူးကျော်နေထိုင်သူများကို နှင်ထုတ်ရန်ကြိုးစားသော အိမ်ရှင် အဖမ်းခံရ - Property News in Myanmar from iMyanmarHouse.com
23 Aug 2023 9:53 am တွင် တင်ခဲ့သည်
739 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်ထောင်စု ၊ အတ္တလန္တာမြို့ ဆင်ခြေဖုံးအရပ်တွင် တည်ရှိသောအိမ်ကို စစ်ဆေးရန် ဝင်ရောက်ကြည့်ရှုခဲ့သော အိမ်ပိုင်ရှင်တစ်ဦး ကျူးကျော်ဝင်ရောက်မှုဖြင့် အဖမ်းခံခဲ့ရသည်။
တင်မ် အာကို (Tim Arko) အမည်ရှိ အိမ်ရှင်သည် ယခင်အိမ်ငှား ဆင်းသွားပြီး ရက်အနည်းငယ်အကြာတွင် အတ္တလန္တာမြို့ ၊ Decatur အရပ်ရှိ သူ၏ နေအိမ်ရှေ့ ယာဉ်မောင်းလမ်းသို့ ရောက်သွားခဲ့သည်။
ထိုနေရာတွင် သူ့မျက်နှာအား သေနတ်တစ်လက်ဖြင့် ချိန်ထားသော သူစိမ်းတစ်ယောက်ကို ရုတ်တရက် တွေ့လိုက်ရသည်။
“ကျွန်တော်လည်း ခြံစည်းတန်းကို ခုန်ကျော်ပြီး ထွက်ပြေးခဲ့ရတယ်။ ဘာလုပ်ရမယ်ဆိုတာ မသိခဲ့ဘူး။”ဟု အာကိုက ဒေသတွင်း ရုပ်သံလိုင်း WSB-TV သို့ ပြောသည်။
အာကိုသည် သူ့အိမ်အတွင်း ကျူးကျော်ဝင်ရောက်ခံရမှုအကြောင်း ၉၁၁ သို့ ဖုန်းဆက်တိုင်ကြားခဲ့ရာ တိုင်သော ၎င်းကိုယ်တိုင် ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။
“ကျွန်တော်က အိမ်ထဲကို ကျူးကျော်ဝင်ရောက်တယ်… အဲဒီအိမ်က သူတို့အိမ် ဖြစ်တယ်လို့ သူတို့က ရဲကို တိုင်ထားတယ်။ ဒါကြောင့် ကျွန်တော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်”ဟု အာကိုက ပြောသည်။
ယင်းနောက်ပိုင်းတွင် အာကိုသည် သူ၏ နေအိမ်အတွင်း ကျူးကျော်နေထိုင်သူများကို နှင်ထုတ်ရန် တရားရုံးမှတဆင့် ကြိုးစားခဲ့ရသည်။
(အတ္တလန္တာမြို့ ၊ Decatur အရပ် East Lake Golf Club အနီးရှိ အာကို၏ အိမ်ကို မကြာသေးမီက ပြုပြင်မွမ်းမံမှုများ ပြုလုပ်ထားသည်။ ဓာတ်ပုံ-Google Maps)
နောင် ၆ လကြာသည်အထိ ထိုသူများမှာ အာကို၏ အိမ်တွင် နေထိုင်နေကြဆဲ ဖြစ်သည်။
သူ၏ နေအိမ်တွင် နေထိုင်သူ ၂ ဦးမှာ မူးယစ်ဆေးအလွန်အကျွံသုံးစွဲခြင်းဖြင့် သေဆုံးသွားခဲ့ကြသည်။
တရားရုံးတွင် ကာလကြာရှည် အမှုရင်ဆိုင်ခဲ့ပြီး နောက်ဆုံးတွင် နှင်ထုတ်မိန့်ကို ထုတ်ပေးခဲ့သည်။
သို့တိုင် ထိုအမိန့်ကို လက်တွေ့အကောင်အထည်ဖော်ကာ နှင်ထုတ်ရန် အာကိုမှာ ဆက်လက်စောင့်ဆိုင်းရပြန်သည်။
လာမည့် စက်တင်ဘာလတွင် နှင်ထုတ်မှု ပြုလုပ်ဖွယ်ရာရှိကြောင်း အာကိုအား အကြောင်းကြားထားသည်ဟု ဆိုသည်။
ပြီးခဲ့သော မေလအတွင်းကလည်း စစ်တပ်အရာရှိအမျိုးသမီးတစ်ဦးသည် အတ္တလန္တာမြို့ရှိ သူမ၏ ဒေါ်လာ ၅၀၀၀၀၀ တန် နေအိမ်သို့ ပြန်လာချိန်တွင် လူတစ်ဦး ကျူးကျော် ဝင်ရောက်နေထိုင်နေသည်ကို တွေ့ရသည်။
(ဒုဗိုလ်မှူးကြီး Dahlia Daure သည် အမေရိကန်စစ်ဘက်တွင် အဝေး၌ တာဝန်ထမ်းဆောင်နေခဲ့ရပြီး အိမ်သို့ ပြန်လာချိန်တွင် လူတစ်ဦး ကျူးကျော်ဝင်ရောက် နေထိုင်နေသည်ကို တွေ့ခဲ့ရသည်။ ဓာတ်ပုံ-Linkedin)
ဒုဗိုလ်မှူးကြီး Dahlia Daure က WSB-TV ရုပ်သံဌာနသို့ ပြောခဲ့သည်မှာ သူမ၏ နေအိမ်အတွင်း ဗင်းဆင့်ဆိုင်မွန်အမည်ရှိ အမျိုးသားတစ်ဦး ကျူးကျော်ဝင်ရောက်နေသည်ကို တွေ့ခဲ့သည်ဟု ဆိုသည်။
ဆိုင်မွန်သည် လက်နက်မှု ၊ မူးယစ်ဆေးမှု ၊ ခိုးမှုများဖြင့် ထောင်ကျဖူးသူဖြစ်ပြီး ထိုအိမ်မှ ထွက်ခွာပေးရန် ငြင်းဆိုခဲ့သည်။
ဒုဗိုလ်မှူးကြီး Dahlia Daure အပ်ထားသော အိမ်ခြံမြေအကျိုးဆောင်က ထိုအိမ်ကို ရောင်းချရန် သွားရောက်ကြည့်ရှုချိန်တွင် ကျူးကျော်သူကို တွေ့ခဲ့ခြင်း ဖြစ်သည်။
(ဒုဗိုလ်မှူးကြီး Dahlia Daure ၏ ဒေါ်လာ ၅၀၀၀၀၀ တန် နေအိမ်။ ဓာတ်ပုံ-Facebook)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Homeowner arrested after trying to evict squatters from his own property: ‘Walked in on weapons, a prostitute, a bunch of dogs’ (nypost)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service