အင်္ဂလန်တွင် ရွှံ့ဖြင့်ဆောက်ထားသော အိမ်တစ်လုံး ပေါင် ၇၉၅၀၀၀ (မြန်မာငွေသိန်း ၂၁၀၀၀) ဖြင့် အရောင်းဈေးကွက်ဝင်လာ
အင်္ဂလန်တွင် ရွှံ့ဖြင့်ဆောက်ထားသော အိမ်တစ်လုံး ပေါင် ၇၉၅၀၀၀ (မြန်မာငွေသိန်း ၂၁၀၀၀) ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
18 Aug 2023 10:15 am တွင် တင်ခဲ့သည်
980 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အင်္ဂလန်နိုင်ငံ ၊ ဒီဗွန်ခရိုင်တွင် ဒေသတွင်းဆောက်လုပ်ရေးသမားတစ်ဦး ဆောက်လုပ်ထားသော အိမ် ၁ လုံး ပေါင် ၇၉၅၀၀၀ (မြန်မာငွေ သိန်း၂၁၀၀၀) ဖြင့် အရောင်းဈေးကွက် ဝင်လာသည်။
(မှတ်ချက်။ သြဂုတ်လ ၁၄ ရက် သတ်မှတ်ငွေလဲနှုန်း ဗြိတိန် ၁ ပေါင်လျှင် မြန်မာငွေ ၂၆၆၅ ကျပ်ဖြင့် တွက်ချက်ထားခြင်း ဖြစ်ပါသည်။)
Ottery St Mary မြို့တွင် တည်ရှိပြီး အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၃ ခန်းပါဝင်ကာ ကီဗင်မက်ကာဘီက ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ထူထဲသော ရွှံ့နံရံများရှိပြီး ရွှံ့ကောက်ရိုးအိမ်ဟု အမည်ပေးထားသည်။ မစ္စတာ မက်ကာဘီသည် အနီးရှိ အခြားရွှံ့အိမ်တစ်လုံးတွင် နေထိုင်သည်။
၎င်းဆောက်လုပ်ခဲ့သော ရွှံ့အိမ်သည် ဗြိတိန်မှ Channel 4 ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသသော Grand Designs အစီအစဉ်တွင် ၂၀၁၈ ခုနှစ်အတွင်း ရိုက်ကူးဖော်ပြခံရဖူးသည်။
ထိုရုပ်သံအစီအစဉ်သည် ဗြိတိန်နိုင်ငံတစ်ဝန်း ဆောက်လုပ်နေသော ထူးခြားသည့် နေအိမ်များကို ရိုက်ကူး ဖော်ပြသော အစီအစဉ်ဖြစ်သည်။
ယခုအိမ်ကို သဘာဝ အိမ်ဆောက်ပစ္စည်းများဖြင့် ဆောက်လုပ်ထားပြီး သဲဆန်သောမြေ ၊ ရွှံ့စေး ၊ ကောက်ရိုး တို့ဖြင့် ဆောက်လုပ်ထားသည်။
(Ottery St Mary မြို့တွင် တည်ရှိပြီး အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၃ ခန်းပါဝင်ကာ ကီဗင်မက်ကာဘီက ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။)
မစ္စတာ မက်ကာဘီက ကောက်ရိုးအိမ်များ ဆောက်လုပ်ရခြင်းအပေါ် အဘယ်ကြောင့် နှစ်သက်ရသည်ကို Daily Mail သတင်းဌာနသို့ သီးသန့် ရှင်းပြခဲ့သည်။
“Grand Designs ရုပ်သံအစီအစဉ်မှာ ကျွန်တော် ဖော်ပြမခံရမီ ၂၀၀၆ ခုနှစ်ထဲမှာ ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအားဖြင့် အနီးက အိမ်တစ်လုံးမှာ နေပါတယ်။ ရွှံ့အိမ်ဆောက်တာဟာ ကျွန်တော့်အတွက် အရေးကြီးပါတယ်။ ဒါက ဒေသတွင်း ပတ်ဝန်းကျင်က ရတဲ့ အရာတွေနဲ့ ဆောက်လုပ်တာ ဖြစ်တာကြောင့် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတ ရှိပါတယ်။ ခြံထဲကရတဲ့ မြေတွေနဲ့ ဆောက်ခဲ့တာပါ။”
“ဒီဗွန်ခရိုင်မှာ ရွှံ့နဲ့ဆောက်ထားတဲ့ အိမ်ပေါင်း ၄၀၀၀၀ လောက်ရှိပါတယ်။ ဒါပေမဲ့ နေတဲ့လူတွေက သူတို့အိမ်ကို ဘာနဲ့ဆောက်ထားတယ်ဆိုတာ မသိတဲ့သူ များပါတယ်။”
(ယခုအိမ်ကို Hall & Scott အိမ်ခြံမြေကုမ္ပဏီမှ အရောင်းဈေးကွက် တင်ပေးခြင်း ဖြစ်ပြီး ပေါင် ၇၉၆၀၀၀ ဈေးခေါ်ထားသည်။)
(မီးဖိုဆောင်မှာ ယာတောအိမ်ဟန်ဖြစ်ပြီး ဝက်သစ်ချသား ပရိဘောဂများ ၊ နှမ်းဖတ်ကျောက်ပြားခင်း စားပွဲများနှင့် Rangemaster cooker တစ်ခု ထည့်သွင်းထားသည်။)
(မီးဖိုဆောင်တွင် ကြမ်းပြင်ကို ကြွေပြားခင်းထားပြီး ကြီးမားသော မှန်ပြတင်းများ ကာရံထားသည်။)
(ပင်မဧည့်ခန်း)
ကြမ်းပြင်အောက် အပူပေးစနစ်နှင့် ရေပူစနစ်တို့ ပါဝင်သည်။
နေအိမ်မှာ ၃ ထပ်ဖြစ်ပြီး ဝက်သစ်ချသားလှေကားတစ်ခုနှင့် ပင်မဧည့်ခန်းဆီသို့ ဦးတည်သော ဝက်သစ်ချသား တံခါးများရှိသည်။
(ဤအိမ်သည် Grand Designs ရုပ်သံအစီအစဉ်တွင် ဖော်ပြခံရဖူးသည်။)
(နေအိမ်ဆောက်လုပ်ခဲ့သူ မစ္စတာ မက်ကာဘီ)
(အိမ်ရှေ့မြင်ကွင်း)
(အိမ်ရှေ့အဝင်တံခါး)
( ၃ ထပ်အိမ်ဖြစ်ပြီး ဝက်သစ်ချသား တံခါးများ တပ်ဆင်ထားသည်။)
(ပင်မအိပ်ခန်း)
(နေအိမ်ဝန်းကျင်မှ ကျေးလက်ရှုခင်း)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Devon house made out of MUD is for sale for £795,000 (dailymail)
[Zawgyi]
(ပင်မဧည့်ခန်း)
(အိမ်ရှေ့မြင်ကွင်း)
(အိမ်ရှေ့အဝင်တံခါး)
(ပင်မအိပ်ခန်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service