အိမ်တွင် အတူနေထိုင်သူတစ်ဦးမှာ အိမ်ရှင်ဖြစ်ကြောင်း သိလိုက်ရချိန်တွင် အခြေအတင်စကားများ

အိမ်တွင် အတူနေထိုင်သူတစ်ဦးမှာ အိမ်ရှင်ဖြစ်ကြောင်း သိလိုက်ရချိန်တွင် အခြေအတင်စကားများ - Property News in Myanmar from iMyanmarHouse.com
17 Aug 2023 10:19 am တွင် တင်ခဲ့သည်
920 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အိမ်တစ်လုံးတွင် အတူမျှဝေနေထိုင်သူ ၂ ဦးအနက် တစ်ဦးမှာ အိမ်ရှင်ဖြစ်ကြောင်း သိလိုက်ရချိန်တွင် အခြေအတင်စကားများခဲ့ကြကြောင်း ဗြိတိန်သတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်သော metro တွင် ဖော်ပြသည်။

အိမ်ရှင်ဖြစ်သူက Reddit လူမှုကွန်ရက်တွင် ရေးသားခဲ့သည်မှာ “ပြီးခဲ့တဲ့ တစ်နှစ်လောက်က တစ်ဦးတည်း ကျန်တော့တဲ့ ကျွန်တော်ရဲ့ ဘိုးဘွားတစ်ယောက် ကွယ်လွန်သွားခဲ့ပြီး အဖေက အိမ်တစ်လုံးအပြင် အမွေပစ္စည်းတွေ အမွေရခဲ့ပါတယ်။”ဟု ရေးသားထားသည်။

“ပြီးခဲ့တဲ့ ၆ လလောက်က မွမ်းမံပြီးစီးသွားတဲ့ မြေအောက်ထပ် လူနေခန်းကို အငှားချဖို့ ကျွန်တော် စဉ်းစားခဲ့ ပါတယ်။ အဲဒီ အခန်းမှာက အိပ်ခန်း ၂ ခန်း ၊ ရေချိုးခန်း ၁ ခန်း ၊ ဧည့်ခန်း ၁ ခန်း ၊ မီးဖိုဆောင်အသေးတစ်ခု ပါပါတယ်။ မီးဖိုဆောင်မှာ လက်ဆေးကန် ၊ ရေခဲသေတ္တာ ၊ မိုက္ကရိုဝေ့ဗ်တို့ ပါပါတယ်။”

“သူငယ်ချင်းတစ်ယောက် ကျွန်တော့်ကို ပြောတာက သူ့အစ်ကိုဟာ ကျွန်တော်တို့ နေတဲ့မြို့ကို ပြောင်းလာဖို့ စီစဉ်နေပြီး နေစရာနေရာ လိုနေတယ်လို့ ပြောပါတယ်။ အဲဒီမှာ ကျွန်တော်က မြေအောက်ထပ် လူနေခန်းကို ပြင်ပပေါက်ဈေးအောက် သက်သာတဲ့ဈေးနှုန်းနဲ့ တစ်လကို ဒေါ်လာ ၆၅၀ နဲ့ ငှားမယ်လို့ ပြောခဲ့ပါတယ်။ အိမ်ငှားခမှာ ရေမီးစတဲ့ စရိတ်တွေ ပါမှာဖြစ်ပါတယ်။ သူက လက်ခံခဲ့ပြီး တစ်နှစ်ငှားဖို့ စာချုပ်ချုပ်ခဲ့ပါတယ်။”

“ပြီးခဲ့တဲ့ ရက်အနည်းငယ်ကတော့ အငှားနေတဲ့လူ ပြောလာတာက အိမ်လခတစ်လချင်း ကျွန်တော့်ကို ပေးနေရတဲ့အစား အိမ်ရှင်ကို တိုက်ရိုက်ပေးလို့ရမလားလို့ မေးလာပါတယ်။”

အိမ်ရှင်ယူဆခဲ့သည်မှာ စာချုပ်ထဲတွင် ရေးထားသည့်အပြင် အိမ်ငှား၏ ညီအစ်ကိုတော်စပ်သူကလည်း ပြောထားမည်ဟု ယူဆခဲ့ရာ အိမ်ငှားက မိမိအား အိမ်ရှင်ဟု သိနေမည် ထင်မှတ်ခဲ့သည်။

“ကျွန်တော်လည်း စိတ်ရှုပ်သွားပါတယ်။ ကျွန်တော်က သူ့ကို ပြောခဲ့တယ်။ ငါတို့မှာ အိမ်ရှင်မရှိပါဘူး။ ငါကပိုင်ရှင်ပဲလို့ ပြောခဲ့တယ်။”

“သူတော်တော် ဒေါသထွက်သွားပြီး ကျွန်တော့်ကို အော်တယ်…ခြောက်လလောက် လိမ်နေခဲ့တာပဲ… အိမ်လခတွေ အများကြီးယူပြီး အမြတ်ထုတ်တယ်… လို့ပြောပါတယ်။”

“သူငှားထားတဲ့ အခန်းနဲ့ တူညီတဲ့အခြားအခန်းတွေဆိုရင် သူကျွန်တော့်ကို ပေးနေတဲ့လခထက် ၂ ဆ ၊ ၃ ဆလောက် ဈေးများပါတယ်။”

“သူ့ဆီက ရတဲ့လခနဲ့ ကျွန်တော် အိမ်ခြံမြေအရစ်ကျပေးသွင်းငွေအတွက် ဘယ်လောက်တောင် ရနေလဲလို့ မေးပါတယ်။”

“အဲဒါ ဘာဆိုင်လို့လဲ ခင်ဗျားအတွက် အေးချမ်းဆိတ်ငြိမ်တဲ့ နေရာတစ်ခုရတယ်။ မီးဖိုဆောင်နဲ့ အဝတ်လျှော်ခန်းတွေ သုံးခွင့်ရတယ်။ ခင်ဗျားတတ်နိုင်တဲ့ ပမာဏကို ပေးနေရတယ်။ ကျွန်တော့် ကိုယ်ရေးကိုယ်တာ ငွေကြေးကိစ္စက ဒီကိစ္စမှာ ဘာမှမဆိုင်ပါဘူး။”

“သူ့အခန်းထဲက ဝုန်းဒိုင်းကြဲ ထွက်သွားပြီး သူ့အခန်းတံခါး ဆောင့်ပိတ်တယ်။ ခုထက်ထိ ကျွန်တော့်ကို စကားမပြောသေးဘူး။”

လူမှုကွန်ရက်တွင် မှတ်ချက်ပြုသူအများစုမှာ အိမ်ရှင်ဘက်မှ ရပ်တည်ကြသည်။

တစ်ဦးက မှတ်ချက်ပြုသည်မှာ “ပြဿနာက အိမ်ရှင်ရဲ့ အိမ်ခြံမြေအရစ်ကျ ပေးသွင်းငွေ မဟုတ်ပါဘူး။ အိမ်ငှားအတွက် ပေးရတဲ့လခတန်ပါတယ်။

အိမ်ငှား ဒေါသထွက်တာကို ကျွန်တော် သဘောပေါက်ပါတယ်။ ဒါပေမဲ့ သူငယ်ချင်းတွေဖြစ်တယ်ဆိုရုံနဲ့ အလကားနေလို့မရပါဘူး။”ဟု မှတ်ချက်ပြုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Man freaks out when he finds out housemate is actually his landlord (metro)

 

 

 

[Zawgyi]

 

အိမ္တြင္ အတူေနထိုင္သူတစ္ဦးမွာ အိမ္ရွင္ျဖစ္ေၾကာင္း သိလိုက္ရခ်ိန္တြင္ အေျခအတင္စကားမ်ား

 

အိမ္တစ္လံုးတြင္ အတူမွ်ေဝေနထိုင္သူ ၂ ဦးအနက္ တစ္ဦးမွာ အိမ္ရွင္ျဖစ္ေၾကာင္း သိလုိက္ရခ်ိန္တြင္ အေျခအတင္စကားမ်ားခဲ့ၾကေၾကာင္း ျဗိတိန္သတင္းဝက္ဘ္ဆုိက္တစ္ခုျဖစ္ေသာ metro တြင္ ေဖာ္ျပသည္။

အိမ္ရွင္ျဖစ္သူက Reddit လူမႈကြန္ရက္တြင္ ေရးသားခဲ့သည္မွာ “ျပီးခဲ့တဲ့ တစ္ႏွစ္ေလာက္က တစ္ဦးတည္း က်န္ေတာ့တဲ့ ကၽြန္ေတာ္ရဲ႕ ဘိုးဘြားတစ္ေယာက္ ကြယ္လြန္သြားခဲ့ျပီး အေဖက အိမ္တစ္လံုးအျပင္ အေမြပစၥည္းေတြ အေမြရခဲ့ပါတယ္။”ဟု ေရးသားထားသည္။

“ျပီးခဲ့တဲ့ ၆ လေလာက္က မြမ္းမံျပီးစီးသြားတဲ့ ေျမေအာက္ထပ္ လူေနခန္းကို အငွားခ်ဖို႔ ကၽြန္ေတာ္ စဥ္းစားခဲ့ ပါတယ္။ အဲဒီ အခန္းမွာက အိပ္ခန္း ၂ ခန္း ၊ ေရခ်ဳိးခန္း ၁ ခန္း ၊ ဧည့္ခန္း ၁ ခန္း ၊ မီးဖိုေဆာင္အေသးတစ္ခု ပါပါတယ္။ မီးဖိုေဆာင္မွာ လက္ေဆးကန္ ၊ ေရခဲေသတၱာ ၊ မိုကၠရိုေဝ့ဗ္တို႔ ပါပါတယ္။”

“သူငယ္ခ်င္းတစ္ေယာက္ ကၽြန္ေတာ့္ကို ေျပာတာက သူ႔အစ္ကိုဟာ ကၽြန္ေတာ္တုိ႔ ေနတဲ့ျမိဳ႕ကို ေျပာင္းလာဖို႔ စီစဥ္ေနျပီး ေနစရာေနရာ လိုေနတယ္လုိ႔ ေျပာပါတယ္။ အဲဒီမွာ ကၽြန္ေတာ္က ေျမေအာက္ထပ္ လူေနခန္းကို ျပင္ပေပါက္ေစ်းေအာက္ သက္သာတဲ့ေစ်းႏႈန္းနဲ႔ တစ္လကို ေဒၚလာ ၆၅၀ နဲ႔ ငွားမယ္လို႔ ေျပာခဲ့ပါတယ္။ အိမ္ငွားခမွာ ေရမီးစတဲ့ စရိတ္ေတြ ပါမွာျဖစ္ပါတယ္။ သူက လက္ခံခဲ့ျပီး တစ္ႏွစ္ငွားဖို႔ စာခ်ဳပ္ခ်ဳပ္ခဲ့ပါတယ္။”

“ျပီးခဲ့တဲ့ ရက္အနည္းငယ္ကေတာ့ အငွားေနတဲ့လူ ေျပာလာတာက အိမ္လခတစ္လခ်င္း ကၽြန္ေတာ့္ကုိ ေပးေနရတဲ့အစား အိမ္ရွင္ကို တုိက္ရိုက္ေပးလို႔ရမလားလို႔ ေမးလာပါတယ္။”

အိမ္ရွင္ယူဆခဲ့သည္မွာ စာခ်ဳပ္ထဲတြင္ ေရးထားသည့္အျပင္ အိမ္ငွား၏ ညီအစ္ကိုေတာ္စပ္သူကလည္း ေျပာထားမည္ဟု ယူဆခဲ့ရာ အိမ္ငွားက မိမိအား အိမ္ရွင္ဟု သိေနမည္ ထင္မွတ္ခဲ့သည္။

“ကၽြန္ေတာ္လည္း စိတ္ရႈပ္သြားပါတယ္။ ကၽြန္ေတာ္က သူ႔ကို ေျပာခဲ့တယ္။ ငါတို႔မွာ အိမ္ရွင္မရွိပါဘူး။ ငါကပိုင္ရွင္ပဲလုိ႔ ေျပာခဲ့တယ္။”

“သူေတာ္ေတာ္ ေဒါသထြက္သြားျပီး ကၽြန္ေတာ့္ကို ေအာ္တယ္…ေျခာက္လေလာက္ လိမ္ေနခဲ့တာပဲ… အိမ္လခေတြ အမ်ားၾကီးယူျပီး အျမတ္ထုတ္တယ္… လို႔ေျပာပါတယ္။”

“သူငွားထားတဲ့ အခန္းနဲ႔ တူညီတဲ့အျခားအခန္းေတြဆိုရင္ သူကၽြန္ေတာ့္ကို ေပးေနတဲ့လခထက္ ၂ ဆ ၊ ၃ ဆေလာက္ ေစ်းမ်ားပါတယ္။”

“သူ႔ဆီက ရတဲ့လခနဲ႔ ကၽြန္ေတာ္ အိမ္ျခံေျမအရစ္က်ေပးသြင္းေငြအတြက္ ဘယ္ေလာက္ေတာင္ ရေနလဲလို႔ ေမးပါတယ္။”

“အဲဒါ ဘာဆိုင္လို႔လဲ ခင္ဗ်ားအတြက္ ေအးခ်မ္းဆိတ္ျငိမ္တဲ့ ေနရာတစ္ခုရတယ္။ မီးဖိုေဆာင္နဲ႔ အဝတ္ေလွ်ာ္ခန္းေတြ သံုးခြင့္ရတယ္။ ခင္ဗ်ားတတ္ႏိုင္တဲ့ ပမာဏကို ေပးေနရတယ္။ ကၽြန္ေတာ့္ ကိုယ္ေရးကုိယ္တာ ေငြေၾကးကိစၥက ဒီကိစၥမွာ ဘာမွမဆုိင္ပါဘူး။”

“သူ႔အခန္းထဲက ဝုန္းဒိုင္းၾကဲ ထြက္သြားျပီး သူ႔အခန္းတံခါး ေဆာင့္ပိတ္တယ္။ ခုထက္ထိ ကၽြန္ေတာ့္ကို စကားမေျပာေသးဘူး။”

လူမႈကြန္ရက္တြင္ မွတ္ခ်က္ျပဳသူအမ်ားစုမွာ အိမ္ရွင္ဘက္မွ ရပ္တည္ၾကသည္။

တစ္ဦးက မွတ္ခ်က္ျပဳသည္မွာ “ျပႆနာက အိမ္ရွင္ရဲ႕ အိမ္ျခံေျမအရစ္က် ေပးသြင္းေငြ မဟုတ္ပါဘူး။ အိမ္ငွားအတြက္ ေပးရတဲ့လခတန္ပါတယ္။

အိမ္ငွား ေဒါသထြက္တာကို ကၽြန္ေတာ္ သေဘာေပါက္ပါတယ္။ ဒါေပမဲ့ သူငယ္ခ်င္းေတြျဖစ္တယ္ဆိုရံုနဲ႔ အလကားေနလို႔မရပါဘူး။”ဟု မွတ္ခ်က္ျပဳသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Man freaks out when he finds out housemate is actually his landlord (metro)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service