အာရှ၏ အချမ်းသာဆုံးအမျိုးသမီးဖြစ်ခဲ့သူ အိမ်ခြံမြေလုပ်ငန်းရှင် ယန်းဟွေ့ယန်က ကုမ္ပဏီရှယ်ယာ ၅၅ ရာခိုင်နှုန်းကို ပရဟိတအဖွဲ့သို့ လှူဒါန်း
အာရှ၏ အချမ်းသာဆုံးအမျိုးသမီးဖြစ်ခဲ့သူ အိမ်ခြံမြေလုပ်ငန်းရှင် ယန်းဟွေ့ယန်က ကုမ္ပဏီရှယ်ယာ ၅၅ ရာခိုင်နှုန်းကို ပရဟိတအဖွဲ့သို့ လှူဒါန်း - Property News in Myanmar from iMyanmarHouse.com
7 Aug 2023 12:04 pm တွင် တင်ခဲ့သည်
2002 ကြိမ် ကြည့်ရှု့ပြီး
 [Unicode]
စီးပွားရေးလုပ်ငန်းတို့၏ အကြီးအကဲများသည် အကျပ်အတည်းကြုံရချိန်မျိုးတွင် အသုံးစရိတ်များ လျှော့ချကာ မိမိတို့၏လုပ်ငန်း ဆက်လက်ရပ်တည်နိုင်ရန် ကြိုးပမ်းလေ့ရှိကြသည်။
တရုတ်ပြည်၏ အချမ်းသာဆုံးအမျိုးသမီးများတွင် ပါဝင်သူတစ်ဦးကမူ ထိုသို့မဟုတ်။
ယန်းဟွေ့ယန်သည် တရုတ်ပြည်တွင် အိမ်ခြံမြေလောက အကျပ်အတည်းဖြင့် ရင်ဆိုင်နေရသောကာလအတွင်း သူ၏ ကုမ္ပဏီရှယ်ယာထက်ဝက်ကျော်ကို ပရိဟိတအဖွဲ့သို့ လှူဒါန်းခဲ့သည်။
ယန်းဟွေ့ယန်သည် အိမ်ခြံမြေစီမံခန့်ခွဲမှု ကုမ္ပဏီဖြစ်သော Country Garden Services Holdings ကုမ္ပဏီ၏ ဥက္ကဌဖြစ်ပြီး သူပိုင်ဆိုင်သော ရှယ်ယာ ၅၅ ရာခိုင်နှုန်းကို ညီမဖြစ်သူ တည်ထောင်ထားသော ပရဟိတအဖွဲ့ တစ်ခုထံ လှူဒါန်းခဲ့ပြီး ဖြစ်ပြီး စုစုပေါင်း ရှယ်ယာတန်ကြေးမှာ ကန်ဒေါ်လာ ၈၂၆ သန်းခန့်ရှိသည်။
ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ ယန်းဟွေ့ယန်သည် Country Garden Services Holdings ကုမ္ပဏီ၏ ရှယ်ယာပေါင်း ၆၇၅ သန်းခန့်ကို Guoqiang Foundation Hong Kong ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ခြင်းဖြစ်ကာ ကုမ္ပဏီစုစုပေါင်း ရှယ်ယာပမာဏ၏ ၂၀ ရာခိုင်နှုန်းဖြစ်သည်။
ယန်းဟွေ့ယန်သည် သူမ၏ အထွတ်အထိပ်ကာလများတွင် ကန်ဒေါ်လာ ၃၄ ဘီလီယံအထိ ချမ်းသာကြွယ်ဝ ခဲ့ပြီး အာရှ၏ အချမ်းသာဆုံးအမျိုးသမီးအဖြစ် ရပ်တည်ခဲ့သည်။
ယင်းနောက်ပိုင်းတွင် တရုတ်ပြည်၌ အိမ်ခြံမြေကဏ္ဍအကျပ်ဆိုက်ခဲ့ရာ သူမ၏ ကြွယ်ဝမှု ၈၀ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့ကြောင်း Bloomberg ၏ Wealth Index တွင် ဖော်ပြသည်။
ယခုကဲ့သို့ များစွာ လှူဒါန်းခဲ့သည့်တိုင် သူ၏ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၇ ဘီလီယံအထိ ရှိသေးရာ လူအများစု အိပ်မက်မက်နိုင်သည်ထက် များစွာ ကြွယ်ဝနေဆဲဖြစ်သည်။
ဖခင်ဖြစ်သူ Yang Guoqiang သည် ယခုနှစ်မတ်လအတွင်း ကုမ္ပဏီဥက္ကဌ ၊ အမှုဆောင်ဒါရိုက်တာရာထူးများမှ နှုတ်ထွက်ပြီးနောက် ယန်းဟွေ့ယန်က ဖခင်၏ အရိုက်အရာကို ဆက်ခံကာ ကုမ္ပဏီဥက္ကဌဖြစ်လာပြီးနောက်ပိုင်း ပရဟိတလုပ်ငန်းများ လုပ်ဆောင်ရန် ကတိကဝတ်ပြုခဲ့သည်။
ယခုကဲ့သို့ လှူဒါန်းပြီးနောက် ယန်းဟွေ့ယန်သည် ရှယ်ယာ ၁၆ ဒသမ ၁၂ ရာခိုင်နှုန်း ဆက်လက်ပိုင်ဆိုင် ထားသည်။
အသက် ၄၁ နှစ်အရွယ်ရှိ ယန်းဟွေ့ယန်သည် ကုမ္ပဏီ၏ အကြီးမားဆုံးရှယ်ယာရှင်အဖြစ်မှ ကျဆင်းသွားခဲ့ သော်လည်း လှူဒါန်းခဲ့သော ရှယ်ယာများ၏ မဲပေးခွင့်ကို ဆက်လက် ရရှိထားဆဲဖြစ်သည်။
Guoqiang Foundation က ယန်းဟွေ့ယန်လှူဒါန်းခဲ့သော ရှယ်ယာများကို နောင် ၁၀ နှစ်အတွင်း ပြန်လည်ရောင်းချမှု မပြုလုပ်ရန် ကတိပြုထားသည်။
ထိုပရဟိတအဖွဲ့က ရှယ်ယာများမှ ရရှိလာသည့် အမြတ်အစွန်းများကို သိပ္ပံ ၊ ပညာရေး ၊ ယဉ်ကျေးမှု ၊ ကျန်းမာရေးနှင့် ဟောင်ကောင် ၊ ကွမ်တုံ ၊ မက္ကာအိုတို့ရှိ ဆယ်ကျော်သက်ဘဝများအတွက် ပံ့ပိုးကူညီမှုများ ပြုလုပ်သွားရန် စီစဉ်ထားသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည်။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Asia’s former richest woman—now property mogul—Yang Huiyan has given 55% of her company to charity, a payout worth $826 million (fortune)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service