Adele က စတားလုံးထံမှ ဒေါ်လာ ၅၈ သန်းဖြင့် ဝယ်ယူထားသော စံအိမ်ကို ဖြိုချ

Adele က စတားလုံးထံမှ ဒေါ်လာ ၅၈ သန်းဖြင့် ဝယ်ယူထားသော စံအိမ်ကို ဖြိုချ - Property News in Myanmar from iMyanmarHouse.com
7 Aug 2023 10:01 am တွင် တင်ခဲ့သည်
1030 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဆီဗက်စတာ စတားလုံးသည် သူ၏ အထွတ်အထိပ်ကာလများက ဟောလိဝုဒ်ကို ကာလအတန်ကြာ သိမ်းပိုက်ထားခဲ့သူ ဖြစ်သည်။

သူ၏ ရုပ်ရှင်လောက သက်တမ်းတလျှောက် ဝက်ဝက်ကွဲအောင်မြင်ခဲ့သည့် ရုပ်ရှင်ဇာတ်ကားများစွာ ရှိခဲ့ပြီး သူ၏ ကြွယ်ဝမှုမှာလည်း ဒေါ်လာ သန်းပေါင်း ရာနှင့်ချီ၍ ရှိလာခဲ့သည်။

ဆီဗက်စတာ စတားလုံးသည် ရုပ်ရှင်သမိုင်းတလျှောက် အအောင်မြင်ဆုံးသရုပ်ဆောင်များတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခြင်းခံရသည်။

 

 

ကျွန်ုပ်တို့ မျိုးဆက်၏ အကျော်ကြားဆုံး အဆိုတော်များတွင် တစ်ဦးအပါအဝင် ဖြစ်သူ Adele သည် မကြာသေးမီကာလများက စတားလုံး၏ အိမ်ကို ဈေးကြီးပေးကာ ဝယ်ယူခဲ့သည်။

Adele သည် စတားလုံး၏ စံအိမ်ကို ၂၀၂၂ ခုနှစ် ၊ ဇန်နဝါရီလအတွင်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဗြိတိန်အဆိုတော် Adele က စတားလုံး၏ လော့စ်အိန်ဂျလိမြို့Beverly Park အရပ်ရှိ ခြံအကျယ် ၃ ဒသမ ၅ ဧကရှိသော ခြံကို ဝယ်ယူပြီးနောက် သူ၏ ချစ်သူနှင့်အတူ ပြောင်းရွှေ့နေထိုင်ခဲ့သည်။

 

(ဆီဗက်စတာ စတားလုံး)

 

မကြာသေးမီက ပေါ်ပေါက်လာသော ဓာတ်ပုံများတွင် တွေ့ရသည်မှာ စတားလုံးထံမှ ဝယ်ယူထားသောအိမ် ဖြိုချဖျက်သိမ်းနေသည်ကို တွေ့ရသည်။

 

 

အသက် ၃၅ နှစ်အရွယ်ရှိ Adele က သူ့စိတ်ကြိုက်စံအိမ် ဆောက်လုပ်ရန် စတားလုံး၏ အိမ်ကို ဖြိုချခဲ့ခြင်း ဖြစ်သည်။

 

(ခြံဝန်းအတွင်း ရေကန်စပ်ရှိ စတားလုံး၏ ရုပ်တု)

ဝေါစထရိဂျာနယ်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် စတားလုံးက ထုတ်ဖော်ပြောကြားခဲ့သည်မှာ ပြီးခဲ့သောနှစ်အတွင်း သူ၏ လော့စ်အိန်ဂျလိစံအိမ်ကို အရောင်းအဝယ်ပြုလုပ်ရာတွင် Adele က ခက်ခဲသည့် တောင်းဆိုချက်တစ်ခု ပြုလုပ်ခဲ့ကြောင်း ပြောသည်။

အိပ်ခန်း ၈ ခန်း ၊ ရေချိုးခန်း ၁၂ ခန်းပါဝင်ကာ စတုရန်းပေ ၂၁၀၀၀ ကျယ်ဝန်းသော စံအိမ်ကို ဒေါ်လာ ၅၈ သန်းဖြင့် အရောင်းအဝယ်လုပ်ရန် စတားလုံးနှင့် Adele တို့ ၂ ဦး သဘောတူညီခဲ့ကြသော်လည်း အဆိုပါအိမ်၏ တမူထူးခြားသည့် ပစ္စည်းတစ်ခုကို ရယူလိုကြောင်း Adele က ပြောလာချိန်တွင် အိမ်ခြံမြေအရောင်းအဝယ် ညှိနှိုင်းမှု၌ အဖုအထစ် ဖြစ်သွားခဲ့ရသည်။

 

စတားလုံး မူလက စီစဉ်ထားသည်မှာ စံအိမ်ရောင်းချချိန်တွင် ကြီးမားလှသော ရေကူးကန်ကြီးဘေးတွင် ထားရှိသော ရော့ကီးဇာတ်ကားမှ သူ၏ ရုပ်တုကြီးကို သယ်ယူသွားရန်ဖြစ်သော်လည်း Adele ၏ ရာဇသံနှင့် ရင်ဆိုင်ခဲ့ရသည်။

Adele က ထိုရုပ်တုမပါလျှင် အိမ်မဝယ်တော့ဟု ပြောလာခဲ့ကြောင်း၊ ထိုရုပ်တုကို Adele က လိုချင်ခဲ့ကြောင်း စတားလုံးက ပြောသည်။

နောက်ဆုံးတွင် စတားလုံးက အလျှော့ပေးခဲ့ကာ ရုပ်တုကို ထားခဲ့ရန် သဘောတူခဲ့ရသည်။

 

 

(ဆက်စပ်သတင်းများ)

Adele က စတားလုံး၏ လော့စ်အိန်ဂျလိစံအိမ်ကို ဒေါ်လာ ၅၈ သန်းဖြင့် ဝယ်ယူမည်

https://www.imyanmarhouse.com/news/read/1001735

စတားလုံးထံမှ ဝယ်ထားသောအိမ်တွင် Adele တို့ ချစ်သူ ၂ ဦး အတူနေကြပြီ

https://www.imyanmarhouse.com/news/read/1015199

စတားလုံး၏စံအိမ်ကို Adele က ဝယ်ယူရန် ညှိနှိုင်းစဉ် ရေကန်ဘေးရှိ စတားလုံး၏ ရုပ်တု ပါဝင်မှသာ အိမ်ဝယ်မည်ဖြစ်ကြောင်း Adele ကပြောခဲ့သည်ဟု စတားလုံး ထုတ်ဖော်ပြောကြား

https://www.imyanmarhouse.com/news/read/1072886

 

Ref: Adele Tears Down Sylvester Stallone’s $58M Mansion but Leaves Out One Thing and Rocky Star Doesn’t Mind (fandomwire)

 

 

[Zawgyi]

 


 

 







(ဆီဗက်စတာ စတားလုံး)








 

(ဆက်စပ်သတင်းများ)







 


နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service