ပင်တဂွန်စစ်ဌာနချုပ်ထက် ပိုမိုကြီးမားသော အိန္ဒိယမှ ကမ္ဘာ့အကြီးမားဆုံး ရုံးအဆောက်အအုံသစ်ကြီး

ပင်တဂွန်စစ်ဌာနချုပ်ထက် ပိုမိုကြီးမားသော အိန္ဒိယမှ ကမ္ဘာ့အကြီးမားဆုံး ရုံးအဆောက်အအုံသစ်ကြီး - Property News in Myanmar from iMyanmarHouse.com
4 Aug 2023 11:45 am တွင် တင်ခဲ့သည်
849 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဘယ်လ်ဂျီယမ်နိုင်ငံ ၊ အန်းသွာ့ (Antwerp) မြို့သည် ကမ္ဘာ့စိန်ရောင်းဝယ်ရေး အချက်အချာ နေရာအဖြစ် လူသိများသည်။

စိန်ရိုင်းအများစုမှာ ရုရှား (သို့မဟုတ်) အာဖရိကမှ အများဆုံး ထွက်ရှိခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံ ၊ မွန်ဘိုင်းမြို့၏ နောက်ဘက် မိုင် ၁၅၀ ခန့်အကွာတွင် ဆူရတ်အမည်ရှိ လူသိနည်းပါးသော မြို့တစ်မြို့ ရှိသည်။

ဆူရတ်သည် ရတနာမြို့တော်ဖြစ်ပြီး ကမ္ဘာပေါ်မှ စိန်အားလုံး၏ ၉၀ ရာခိုင်နှုန်းခန့်ကို ထိုမြို့တွင် သွေးခြင်း ဖြစ်သည်။

 

ဂူဂျာရတ်ပြည်နယ်တွင် တည်ရှိသော ထိုမြို့ကလေး၏ ပင်မလုပ်ငန်းကြီးအခြေစိုက်ရန် ယခုအခါ ကမ္ဘာ့စံချိန်တင် အဆောက်အအုံကြီးတစ်ခု ရှိလာပြီ ဖြစ်သည်။

Surat Diamond Bourse အမည်ဖြင့် အသစ်ဖွင့်လှစ်လိုက်သော အဆောက်အအုံဝန်းကြီးသည် စိန်သွေးသူများ ၊ အရောင်တင်သူများနှင့် ကုန်သည်များအပါအဝင် စိန်လောကမှ လူပေါင်း ၆၅၀၀၀ ကျော်အတွက် တစ်နေရာ တည်းတွင် ပြီးစီးနိုင်သည့်နေရာအဖြစ် သတ်မှတ်ခံရသည်။

အဆောက်အအုံဝန်းတွင် ထောင့်မှန်စတုဂံပုံ ၁၅ ထပ်အဆောက်အအုံ ၉ လုံးပါဝင်ပြီး ၎င်းတို့ကို ဗဟိုကျောရိုး အဆောက်အအုံဖြင့် ဆက်သွယ်ပေးထားကာ မြေအကျယ်အဝန်း ၃၅ ဧက ကျော်ပေါ်တွင် ဆောက်လုပ်ထားခြင်း ဖြစ်သည်။

 

 

(ပင်တဂွန်စစ်ဌာနချုပ်သည် ကမ္ဘာ့အကြီးမားဆုံး ရုံးအဆောက်အအုံကြီးအဖြစ် နှစ်ပေါင်း ၈၀ ကျော်ရပ်တည်ခဲ့ သည်။ ယခုအခါ ဤအဆောက်အအုံကြီးက စံချိန်ချိုးခဲ့ပြီ ဖြစ်သည်။)

အဆိုပါ ကုန်သွယ်ရေးစင်တာကြီး၏ ဗိသုကာပညာရှင်တို့က ပြောသည်မှာ ကြမ်းခင်းဧရိယာ စတုရန်းပေ ၇ ဒသမ ၁ သန်းကျော် ရှိကြောင်း ပြောသည်။

ထို့အတွက် ပင်တဂွန်စစ်ဌာနချုပ်ကို ဖြတ်ကျော်ကာ ကမ္ဘာ့အကြီးမားဆုံး ရုံးအဆောက်အအုံကြီးဖြစ်လာခြင်း ဖြစ်သည်။

ဆောက်လုပ်မှုကာလ ၄ နှစ်ကြာမြင့်ခဲ့ပြီး လာမည့်နိုဝင်ဘာလတွင် ရုံးခန်းဖွင့်လှစ်မည့်သူများ စတင်လက်ခံမည် ဖြစ်သည်။

အဆောက်အအုံဖွင့်လှစ်ပွဲကို အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက တရားဝင် ဖွင့်လှစ်ပေးသွားရန် မျှော်မှန်းထားသည်။

 

ဆောက်လုပ်မှု ကုန်ကျစရိတ် ရူပီး ၃၂ ဘီလီယံ (ကန်ဒေါ်လာ ၃၈၈ သန်း) ကုန်ကျခဲ့ပြီး ရုံးခန်းနေရာပေါင်း ၄၇၀၀ ကျော် ၊ ဓာတ်လှေကား ၁၃၁ စင်း ၊ ညစာစားနေရာ ၊ လက်လီအရောင်းဆိုင် ၊ ကျန်းမာရေးဆိုင်ရာနှင့် အလုပ်သမားများအတွက် ကွန်ဖရင့် Facilities များ ပါဝင်သည်။

ဆူရတ်မြို့သည် နွေရာသီတွင် အပူချိန် ၁၁၀ ဒီဂရီ ဖာရင်ဟိုက်ကျော် ရှိသည်။

အဆောက်အအုံကို ဗဟိုကျောရိုးမှ ဖြာထွက်သည့် ပုံသဏ္ဍာန် ဆောက်လုပ်ထားခြင်းမှာ အဆောက်အအုံ အတွင်း သဘာဝလေ စီးဆင်းမှု ကောင်းမွန်စေရန်ဖြစ်ပြီး အဆောက်အအုံတွင်း အပူချိန်လျှော့ချပေးရန်အတွက် ကြမ်းပြင်များအောက်တွင် ရေအေးများ ဖြတ်သန်းစီးဆင်းစေသည့်စနစ် အသုံးပြုထားကြောင်း ဗိသုကာပညာရှင် များက ပြောသည်။

 

 

ဤအဆောက်အအုံဝန်းတွင် စုစုပေါင်း အဆောက်အအုံ ၉ လုံးပါဝင်ပြီး အားလုံးမှာ ၁၅ ထပ်အမြင့် ရှိကြသည်။ သို့သော် အဆောက်အအုံ ၉ ခုလုံးတွင် ၁၃ ထပ်မြောက် မရှိချေ။

၁၃ ဂဏန်းမှာ ကံမကောင်းသည့် ဂဏန်းဖြစ်သောကြောင့် စီမံခန့်ခွဲရေးကော်မတီက ၁၃ ထပ်မြောက်ကို ချန်လှပ်ထားရန် ဆုံးဖြတ်ထားသည်။

ထို့ကြောင့် ၁၂ ထပ်ပြီးလျှင် ၁၄ထပ်အဖြစ် သတ်မှတ်ရေတွက်ထားသည်။ အဆောက်အအုံများကို အင်္ဂလိပ်အက္ခရာများဖြင့် အမည်ပေးထားရာ အဆောက်အအုံ ၉ လုံးရှိသောကြောင့် A မှစပြီး I တွင်ဆုံးရမည်ဖြစ်သော်လည်း I မှာ အင်္ဂလိပ်ဂဏန်း 1 နှင့် မှားနိုင်သောကြောင့်ဟု ဆိုကာ I ကို ချန်လှပ်ကာ J ဖြင့် အစားထိုး အမည်ပေးထားသည်။

 

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The world’s new largest office building is bigger than the Pentagon (edition)

 

 

 

[Zawgyi]

 

ပင္တဂြန္စစ္ဌာနခ်ဳပ္ထက္ ပိုမိုၾကီးမားေသာ အိႏိၵယမွ ကမၻာ့အၾကီးမားဆံုး ရံုးအေဆာက္အအံုသစ္ၾကီး

 

ဘယ္လ္ဂ်ီယမ္ႏိုင္ငံ ၊ အန္းသြာ့ (Antwerp) ျမဳိ႕သည္ ကမၻာ့စိန္ေရာင္းဝယ္ေရး အခ်က္အခ်ာ ေနရာအျဖစ္ လူသိမ်ားသည္။

စိန္ရိုင္းအမ်ားစုမွာ ရုရွား (သို႔မဟုတ္) အာဖရိကမွ အမ်ားဆံုး ထြက္ရွိျခင္း ျဖစ္သည္။

အိႏိၵယႏိုင္ငံ ၊ မြန္ဘိုင္းျမဳိ႕၏ ေနာက္ဘက္ မိုင္ ၁၅၀ ခန္႔အကြာတြင္ ဆူရတ္အမည္ရွိ လူသိနည္းပါးေသာ ျမဳိ႕တစ္ျမဳိ႕ ရွိသည္။

ဆူရတ္သည္ ရတနာျမဳိ႕ေတာ္ျဖစ္ျပီး ကမၻာေပၚမွ စိန္အားလံုး၏ ၉၀ ရာခုိင္ႏႈန္းခန္႔ကို ထုိျမဳိ႕တြင္ ေသြးျခင္း ျဖစ္သည္။

ဂူဂ်ာရတ္ျပည္နယ္တြင္ တည္ရွိေသာ ထိုျမဳိ႕ကေလး၏ ပင္မလုပ္ငန္းၾကီးအေျခစိုက္ရန္ ယခုအခါ ကမၻာ့စံခ်ိန္တင္ အေဆာက္အအံုၾကီးတစ္ခု ရွိလာျပီ ျဖစ္သည္။

Surat Diamond Bourse အမည္ျဖင့္ အသစ္ဖြင့္လွစ္လုိက္ေသာ အေဆာက္အအံုဝန္းၾကီးသည္ စိန္ေသြးသူမ်ား ၊ အေရာင္တင္သူမ်ားႏွင့္ ကုန္သည္မ်ားအပါအဝင္ စိန္ေလာကမွ လူေပါင္း ၆၅၀၀၀ ေက်ာ္အတြက္ တစ္ေနရာ တည္းတြင္ ျပီးစီးႏိုင္သည့္ေနရာအျဖစ္ သတ္မွတ္ခံရသည္။

အေဆာက္အအံုဝန္းတြင္ ေထာင့္မွန္စတုဂံပံု ၁၅ ထပ္အေဆာက္အအံု ၉ လံုးပါဝင္ျပီး ၎တုိ႔ကို ဗဟိုေက်ာရိုး အေဆာက္အအံုျဖင့္ ဆက္သြယ္ေပးထားကာ ေျမအက်ယ္အဝန္း ၃၅ ဧက ေက်ာ္ေပၚတြင္ ေဆာက္လုပ္ထား ျခင္း ျဖစ္သည္။

 

 

(ပင္တဂြန္စစ္ဌာနခ်ဳပ္သည္ ကမၻာ့အၾကီးမားဆံုး ရံုးအေဆာက္အအံုၾကီးအျဖစ္ ႏွစ္ေပါင္း ၈၀ ေက်ာ္ရပ္တည္ခဲ့ သည္။ ယခုအခါ ဤအေဆာက္အအံုၾကီးက စံခ်ိန္ခ်ဳိးခဲ့ျပီ ျဖစ္သည္။)

အဆုိပါ ကုန္သြယ္ေရးစင္တာၾကီး၏ ဗိသုကာပညာရွင္တို႔က ေျပာသည္မွာ ၾကမ္းခင္းဧရိယာ စတုရန္းေပ ၇ ဒသမ ၁ သန္းေက်ာ္ ရွိေၾကာင္း ေျပာသည္။

ထို႔အတြက္ ပင္တဂြန္စစ္ဌာနခ်ဳပ္ကို ျဖတ္ေက်ာ္ကာ ကမၻာ့အၾကီးမားဆံုး ရံုးအေဆာက္အအံုၾကီးျဖစ္လာျခင္း ျဖစ္သည္။

ေဆာက္လုပ္မႈကာလ ၄ ႏွစ္ၾကာျမင့္ခဲ့ျပီး လာမည့္ႏိုဝင္ဘာလတြင္ ရံုးခန္းဖြင့္လွစ္မည့္သူမ်ား စတင္လက္ခံမည္ ျဖစ္သည္။

အေဆာက္အအံုဖြင့္လွစ္ပြဲကို အိႏိၵယဝန္ၾကီးခ်ဳပ္ နာရန္ဒရာ မိုဒီက တရားဝင္ ဖြင့္လွစ္ေပးသြားရန္ ေမွ်ာ္မွန္းထားသည္။

ေဆာက္လုပ္မႈ ကုန္က်စရိတ္ ရူပီး ၃၂ ဘီလီယံ (ကန္ေဒၚလာ ၃၈၈ သန္း) ကုန္က်ခဲ့ျပီး ရံုးခန္းေနရာေပါင္း ၄၇၀၀ ေက်ာ္ ၊ ဓာတ္ေလွကား ၁၃၁ စင္း ၊ ညစာစားေနရာ ၊ လက္လီအေရာင္းဆိုင္ ၊ က်န္းမာေရးဆုိင္ရာႏွင့္ အလုပ္သမားမ်ားအတြက္ ကြန္ဖရင့္ Facilities မ်ား ပါဝင္သည္။

ဆူရတ္ျမိဳ႕သည္ ေႏြရာသီတြင္ အပူခ်ိန္ ၁၁၀ ဒီဂရီ ဖာရင္ဟိုက္ေက်ာ္ ရွိသည္။

အေဆာက္အအံုကို ဗဟုိေက်ာရိုးမွ ျဖာထြက္သည့္ ပံုသ႑ာန္ ေဆာက္လုပ္ထားျခင္းမွာ အေဆာက္အအံု အတြင္း သဘာဝေလ စီးဆင္းမႈ ေကာင္းမြန္ေစရန္ျဖစ္ျပီး အေဆာက္အအံုတြင္း အပူခ်ိန္ေလွ်ာ့ခ်ေပးရန္အတြက္ ၾကမ္းျပင္မ်ားေအာက္တြင္ ေရေအးမ်ား ျဖတ္သန္းစီးဆင္းေစသည့္စနစ္ အသံုးျပဳထားေၾကာင္း ဗိသုကာပညာရွင္ မ်ားက ေျပာသည္။

ဤအေဆာက္အအံုဝန္းတြင္ စုစုေပါင္း အေဆာက္အအံု ၉ လံုးပါဝင္ျပီး အားလံုးမွာ ၁၅ ထပ္အျမင့္ ရွိၾကသည္။ သို႔ေသာ္ အေဆာက္အအံု ၉ ခုလံုးတြင္ ၁၃ ထပ္ေျမာက္ မရွိေခ်။

၁၃ ဂဏန္းမွာ ကံမေကာင္းသည့္ ဂဏန္းျဖစ္ေသာေၾကာင့္ စီမံခန္႔ခြဲေရးေကာ္မတီက ၁၃ ထပ္ေျမာက္ကို ခ်န္လွပ္ထားရန္ ဆံုးျဖတ္ထားသည္။

ထို႔ေၾကာင့္ ၁၂ ထပ္ျပီးလွ်င္ ၁၄ထပ္အျဖစ္ သတ္မွတ္ေရတြက္ထားသည္။ အေဆာက္အအုံမ်ားကို အဂၤလိပ္အကၡရာမ်ားျဖင့္ အမည္ေပးထားရာ အေဆာက္အအံု ၉ လံုးရွိေသာေၾကာင့္ A မွစျပီး I တြင္ဆံုးရမည္ျဖစ္ေသာ္လည္း I မွာ အဂၤလိပ္ဂဏန္း 1 ႏွင့္ မွားႏိုင္ေသာေၾကာင့္ဟု ဆုိကာ I ကို ခ်န္လွပ္ကာ J ျဖင့္ အစားထိုး အမည္ေပးထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The world’s new largest office building is bigger than the Pentagon (edition)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service