သန်းကြွယ်သူဌေးများအတွက် ရည်ရွယ် ဆောက်လုပ်ခဲ့သော လုံးချင်းအိမ် ၂၆၀ ပါ စီမံကိန်း တဝက်တစ်ပျက် ဖြင့် ရပ်ဆိုင်းသွားခဲ့ပြီး ယခုအခါ ခြံဝန်းမြေကွက်များတွင် လယ်သမားများ ဝင်ရောက်ကာ စိုက်ပျိုးမွေးမြူရေးများ လုပ်ကိုင်လျက်ရှိ

သန်းကြွယ်သူဌေးများအတွက် ရည်ရွယ် ဆောက်လုပ်ခဲ့သော လုံးချင်းအိမ် ၂၆၀ ပါ စီမံကိန်း တဝက်တစ်ပျက် ဖြင့် ရပ်ဆိုင်းသွားခဲ့ပြီး ယခုအခါ ခြံဝန်းမြေကွက်များတွင် လယ်သမားများ ဝင်ရောက်ကာ စိုက်ပျိုးမွေးမြူရေးများ လုပ်ကိုင်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
3 Aug 2023 10:24 am တွင် တင်ခဲ့သည်
755 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

တရုတ်ပြည် ၊ အရှေ့မြောက်ပိုင်းတွင် တဝက်တစ်ပျက်သာ ဆောက်လုပ်ပြီးစီးကာ စွန့်ပစ်ခံထားရသော မြို့ပျက်ကြီးမှာ ယခုအခါ ပုံစံတစ်မျိုးဖြင့် ပြန်လည် ရှင်သန်လာသည်။

AFP သတင်းဌာန၏ ဖော်ပြချက်အရ လယ်သမားများက လူသူမရှိသော မြေနေရာများသို့ ဝင်ရောက်ထွန်ယက် စိုက်ပျိုးခြင်း ၊ ကျွဲနွားမွေးမြူခြင်းများ ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။

တရုတ်ထိပ်သီး ဆောက်လုပ်ရေးကုမ္ပဏီကြီး Greenland Group သည် ၂၀၁၀ ပြည့်နှစ်အတွင်း ရှန်းယန်မြို့ ဆင်ခြေဖုံးတွင် State Guest Mansions အမည်ရှိ ယခု စီမံကိန်းကို စတင်ခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြသည်။

တရုတ်ပြည် အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ်၌ အကောင်အထည် ဖော်ခဲ့သော ယခုစီမံကိန်းတွင် အလွန်ချမ်းသာကြွယ်ဝသူတို့အတွက် ရည်ရွယ်ကာ ဥရောပဟန် စံအိမ် ၂၆၀ လုံး ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

 

(State Guest Mansions စီမံကိန်း။ ဓာတ်ပုံ-Jade Gao/AFP via Getty Images)

 

စီမံကိန်း စတင်ပြီး ၂ နှစ်အကြာတွင် ရပ်ဆိုင်းသွားခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြသည်။

 

(ဤစီမံကိန်းကို ၂၀၁၀ တွင် စတင်ခဲ့သည်။ ဓာတ်ပုံ-Jade Gao/AFP via Getty Images)

 

တဝက်တစ်ပျက် ဆောက်လုပ်ထားသော စံအိမ်များသည် ဒေသခံလယ်သမားတို့ ကျက်စားရာ နေရာ ဖြစ်လာ ခဲ့ပြီး စွန့်ပစ်ထားသော စံအိမ်များ၏ တောထနေသော မြက်ခင်းများနေရာတွင် လယ်သမားတို့က ထွန်ယက် စိုက်ပျိုးမှုများ ပြုလုပ်ကြသည်။

ဆောက်လက်စ တန်းလန်းဖြင့် လူသူကင်းမဲ့သော နေအိမ်များမှာ ဆေးများလည်း မသုတ်ရသေးဘဲ ရှိကာ ပြိုကျပျက်စီးနေသော ဂူသင်္ချိုင်းများနှင့် တူနေသည်။

 

(လယ်သမားများ ထွန်ယက်စိုက်ပျိုးထားပုံ။ ဓာတ်ပုံ-Jade Gao/AFP via Getty Images)

 

တစ္ဆေမြို့တော်ကြီးတွင် သန်းကြွယ်သူဌေးများ အခြေချခဲ့ခြင်းမရှိဘဲ ကျွဲနွားများ ၊ ခြံမွေးတိရ စ္ဆာန်များမှာ ဥရောပဟန် စံအိမ်များ ဝန်းကျင်တွင် လှည့်လည် သွားလာနေကြသည်။

 

(တဝက်တစ်ပျက် ဆောက်လုပ်ထားသော စံအိမ်များအကြား လှည့်လည်သွားလာနေသော ကျွဲနွားများ။ ဓာတ်ပုံ-Jade Gao/AFP via Getty Images)

 

အဆောက်အအုံများ၏ အတွင်းပိုင်းမြင်ကွင်းမှာ ကမ္ဘာဖျက် စစ်ပွဲကြီးများ ပြီးဆုံးသွားပြီးနောက် တွေ့ရသည့် မြင်ကွင်းသဖွယ်ရှိပြီး ယခုနှစ်အတွင်း ထုတ်လွှင့်ပြသခဲ့သည့် The Last Of Us ရုပ်သံ ဇာတ်လမ်းတွဲကို အမှတ်ရစေသည်။

 

(ကျယ်ပြောသော အိမ်ယာဝန်းအတွင်း ယနေ့တိုင်ရှိနေသေးသော အရောင်းဌာန အဆောက်အအုံတွင် တွေ့ရသည့် အိမ်ယာ၏ ပုံစံငယ်။ ဓာတ်ပုံ-Jade Gao/AFP via Getty Images)

 

အဆိုပါ မြို့ပျက်ကြီးသို့ ပြောင်းရွှေ့အခြေချနေသည့် အသက် ၄၅ နှစ်အရွယ် လယ်သမားတစ်ဦးဖြစ်သူ Guo က AFP သတင်းဌာနသို့ ပြောသည်မှာ ယခုစီမံကိန်း ရပ်တန့်သွားခြင်းမှာ အရာရှိတို့၏ အကျင့်ပျက်ခြစားမှုကြောင့် ဖြစ်နိုင်ကြောင်း ပြောသည်။

“သူတို့က အထိန်းအချုပ်မရှိတဲ့ ဆောက်လုပ်ရေးစီမံကိန်းတွေကို ဘဏ္ဍာငွေ ထောက်ပံ့မှု ဖြတ်တောက်ပြီး အရေးယူ နှိမ်နှင်းတာတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် တဝက်တစ်ပျက်နဲ့ ရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။”

အဆိုပါအိမ်များကို တန်ဖိုး သန်းနှင့်ချီ ဈေးခေါ်ကာ ရောင်းချခဲ့ဖွယ်ရှိသော်လည်း သူဌေးများက အိမ်တစ်လုံး မျှပင် မဝယ်ခဲ့ကြကြောင်း Guo က ပြောသည်။

အဆိုပါ တဝက်တစ်ပျက်အိမ်များအကြောင်းကို တရုတ်ပြည်၏ တွစ်တာဟု တင်စားကြသော Weibo လူမှုကွန်ရက်သုံးစွဲသူတို့က စိတ်ဝင်စားခဲ့ကြသည်။

အဆိုပါ အိမ်များနှင့် စပ်လျဉ်းပြီး အစိုးရက အဘယ်ကြောင့် တစ်စုံတစ်ရာ မကိုင်တွယ်သည်ကို အချို့က မေးခွန်းထုတ်ကြသည်။

 

(အဆောက်အအုံတစ်ခု၏ အတွင်းပိုင်းမြင်ကွင်း။ ဓာတ်ပုံ-Jade Gao/AFP via Getty Images )

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: Check out a ghost town of deserted Chinese mega-villas built for multimillionaires that's now overrun by farmers and left to rot (businessinsider)

 

 

[Zawgyi]

သန္းၾကြယ္သူေဌးမ်ားအတြက္ ရည္ရြယ္ ေဆာက္လုပ္ခဲ့ေသာ လံုးခ်င္းအိမ္ ၂၆၀ ပါ စီမံကိန္း တဝက္တစ္ပ်က္ ျဖင့္ ရပ္ဆိုင္းသြားခဲ့ျပီး ယခုအခါ ျခံဝန္းေျမကြက္မ်ားတြင္ လယ္သမားမ်ား ဝင္ေရာက္ကာ စိုက္ပ်ဳိးေမြးျမဴေရးမ်ား လုပ္ကိုင္လ်က္ရွိ

 

တရုတ္ျပည္ ၊ အေရွ႕ေျမာက္ပိုင္းတြင္ တဝက္တစ္ပ်က္သာ ေဆာက္လုပ္ျပီးစီးကာ စြန္႔ပစ္ခံထားရေသာ ျမဳိ႕ပ်က္ၾကီးမွာ ယခုအခါ ပံုစံတစ္မ်ဳိးျဖင့္ ျပန္လည္ ရွင္သန္လာသည္။

AFP သတင္းဌာန၏ ေဖာ္ျပခ်က္အရ လယ္သမားမ်ားက လူသူမရွိေသာ ေျမေနရာမ်ားသုိ႔ ဝင္ေရာက္ထြန္ယက္ စိုက္ပ်ဳိးျခင္း ၊ ကၽြဲႏြားေမြးျမဴျခင္းမ်ား ျပဳလုပ္လ်က္ရွိသည္ဟု ဆိုသည္။

တရုတ္ထိပ္သီး ေဆာက္လုပ္ေရးကုမၸဏီၾကီး Greenland Group သည္ ၂၀၁၀ ျပည့္ႏွစ္အတြင္း ရွန္းယန္ျမဳိ႕ ဆင္ေျခဖံုးတြင္ State Guest Mansions အမည္ရွိ ယခု စီမံကိန္းကို စတင္ခဲ့ေၾကာင္း AFP သတင္းဌာနက ေဖာ္ျပသည္။

တရုတ္ျပည္ အေရွ႕ေျမာက္ပိုင္း ေလ်ာင္နင္းျပည္နယ္၌ အေကာင္အထည္ ေဖာ္ခဲ့ေသာ ယခုစီမံကိန္းတြင္ အလြန္ခ်မ္းသာၾကြယ္ဝသူတို႔အတြက္ ရည္ရြယ္ကာ ဥေရာပဟန္ စံအိမ္ ၂၆၀ လံုး ေဆာက္လုပ္ခ့ဲျခင္း ျဖစ္သည္။

 

(State Guest Mansions စီမံကိန္း။ ဓာတ္ပံု-Jade Gao/AFP via Getty Images)

စီမံကိန္း စတင္ျပီး ၂ ႏွစ္အၾကာတြင္ ရပ္ဆိုင္းသြားခဲ့ေၾကာင္း AFP သတင္းဌာနက ေဖာ္ျပသည္။

 

(ဤစီမံကိန္းကို ၂၀၁၀ တြင္ စတင္ခဲ့သည္။ ဓာတ္ပံု-Jade Gao/AFP via Getty Images)

တဝက္တစ္ပ်က္ ေဆာက္လုပ္ထားေသာ စံအိမ္မ်ားသည္ ေဒသခံလယ္သမားတို႔ က်က္စားရာ ေနရာ ျဖစ္လာ ခဲ့ျပီး စြန္႔ပစ္ထားေသာ စံအိမ္မ်ား၏ ေတာထေနေသာ ျမက္ခင္းမ်ားေနရာတြင္ လယ္သမားတို႔က ထြန္ယက္ စိုက္ပ်ဳိးမႈမ်ား ျပဳလုပ္ၾကသည္။

ေဆာက္လက္စ တန္းလန္းျဖင့္ လူသူကင္းမဲ့ေသာ ေနအိမ္မ်ားမွာ ေဆးမ်ားလည္း မသုတ္ရေသးဘဲ ရွိကာ ျပိဳက်ပ်က္စီးေနေသာ ဂူသခ်ၤဳိင္းမ်ားႏွင့္ တူေနသည္။

 

(လယ္သမားမ်ား ထြန္ယက္စိုက္ပ်ဳိးထားပံု။ ဓာတ္ပံု-Jade Gao/AFP via Getty Images)

တေစၦျမဳိ႕ေတာ္ၾကီးတြင္ သန္းၾကြယ္သူေဌးမ်ား အေျခခ်ခဲ့ျခင္းမရွိဘဲ ကၽြဲႏြားမ်ား ၊ ျခံေမြးတိရ စၦာန္မ်ားမွာ ဥေရာပဟန္ စံအိမ္မ်ား ဝန္းက်င္တြင္ လွည့္လည္ သြားလာေနၾကသည္။

(တဝက္တစ္ပ်က္ ေဆာက္လုပ္ထားေသာ စံအိမ္မ်ားအၾကား လွည့္လည္သြားလာေနေသာ ကၽြဲႏြားမ်ား။ ဓာတ္ပံု-Jade Gao/AFP via Getty Images)

အေဆာက္အအံုမ်ား၏ အတြင္းပိုင္းျမင္ကြင္းမွာ ကမၻာဖ်က္ စစ္ပြဲၾကီးမ်ား ျပီးဆံုးသြားျပီးေနာက္ ေတြ႔ရသည့္ ျမင္ကြင္းသဖြယ္ရွိျပီး ယခုႏွစ္အတြင္း ထုတ္လႊင့္ျပသခဲ့သည့္ The Last Of Us ရုပ္သံ ဇာတ္လမ္းတြဲကို အမွတ္ရေစသည္။

(က်ယ္ေျပာေသာ အိမ္ယာဝန္းအတြင္း ယေန႔တုိင္ရွိေနေသးေသာ အေရာင္းဌာန အေဆာက္အအံုတြင္ ေတြ႔ရသည့္ အိမ္ယာ၏ ပံုစံငယ္။ ဓာတ္ပံု-Jade Gao/AFP via Getty Images)

အဆိုပါ ျမဳိ႕ပ်က္ၾကီးသို႔ ေျပာင္းေရႊ႕အေျခခ်ေနသည့္ အသက္ ၄၅ ႏွစ္အရြယ္ လယ္သမားတစ္ဦးျဖစ္သူ Guo က AFP သတင္းဌာနသို႔ ေျပာသည္မွာ ယခုစီမံကိန္း ရပ္တန္႔သြားျခင္းမွာ အရာရွိတို႔၏ အက်င့္ပ်က္ျခစားမႈေၾကာင့္ ျဖစ္ႏိုင္ေၾကာင္း ေျပာသည္။

“သူတို႔က အထိန္းအခ်ဳပ္မရွိတဲ့ ေဆာက္လုပ္ေရးစီမံကိန္းေတြကို ဘ႑ာေငြ ေထာက္ပ့ံမႈ ျဖတ္ေတာက္ျပီး အေရးယူ ႏွိမ္ႏွင္းတာေတြ ျပဳလုပ္ခဲ့ပါတယ္။ ဒါေၾကာင့္ တဝက္တစ္ပ်က္နဲ႔ ရပ္ဆိုင္းထားတာ ျဖစ္ပါတယ္။”

အဆိုပါအိမ္မ်ားကို တန္ဖိုး သန္းႏွင့္ခ်ီ ေစ်းေခၚကာ ေရာင္းခ်ခဲ့ဖြယ္ရွိေသာ္လည္း သူေဌးမ်ားက အိမ္တစ္လံုး မွ်ပင္ မဝယ္ခဲ့ၾကေၾကာင္း Guo က ေျပာသည္။

အဆုိပါ တဝက္တစ္ပ်က္အိမ္မ်ားအေၾကာင္းကို တရုတ္ျပည္၏ တြစ္တာဟု တင္စားၾကေသာ Weibo လူမႈကြန္ရက္သံုးစြဲသူတို႔က စိတ္ဝင္စားခဲ့ၾကသည္။

အဆိုပါ အိမ္မ်ားႏွင့္ စပ္လ်ဥ္းျပီး အစိုးရက အဘယ္ေၾကာင့္ တစ္စံုတစ္ရာ မကိုင္တြယ္သည္ကို အခ်ဳိ႕က ေမးခြန္းထုတ္ၾကသည္။

(အေဆာက္အအံုတစ္ခု၏ အတြင္းပိုင္းျမင္ကြင္း။ ဓာတ္ပံု-Jade Gao/AFP via Getty Images )

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: Check out a ghost town of deserted Chinese mega-villas built for multimillionaires that's now overrun by farmers and left to rot (businessinsider)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service