အမေရိကန်လေတပ်အခြေစိုက်စခန်းအနီးရှိ မြေဧကပေါင်း ၅၂၀၀၀ ခန့်ကို ကုမ္ပဏီတစ်ခုက ကန်ဒေါ်လာ ၁ ဘီလီယံဖိုးနီးပါး အလုံးအရင်းဝယ်ယူခဲ့ရာ အမေရိကန်အစိုးရက အမျိုးသားလုံခြုံရေးအတွက် ရတက်မအေးမှုများ ဖြစ်ပေါ်
အမေရိကန်လေတပ်အခြေစိုက်စခန်းအနီးရှိ မြေဧကပေါင်း ၅၂၀၀၀ ခန့်ကို ကုမ္ပဏီတစ်ခုက ကန်ဒေါ်လာ ၁ ဘီလီယံဖိုးနီးပါး အလုံးအရင်းဝယ်ယူခဲ့ရာ အမေရိကန်အစိုးရက အမျိုးသားလုံခြုံရေးအတွက် ရတက်မအေးမှုများ ဖြစ်ပေါ် - Property News in Myanmar from iMyanmarHouse.com
2 Aug 2023 9:57 am တွင် တင်ခဲ့သည်
392 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် အမေရိကန်ပင်မလေတပ်စခန်းတစ်ခုအနီး တည်ရှိသော ကန်ဒေါ်လာ ၁ ဘီလီယံနီးပါးတန်ကြေးှရှိ မြေဧကများစွာကို ကုမ္ပဏီတစ်ခုက ဆန်းကြယ်စွာ ဝယ်ယူခဲ့ရာ နိုင်ငံခြားအဖွဲ့အစည်းတစ်ခုခုက ရင်းနှီးမြှုပ်နှံမှုမှတဆင့် အမေရိကန်အမျိုးသားလုံခြုံရေး ထိခိုက်စေမည်ကို ရတက်မအေးဖြစ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
ဆန်ဖရန်စစ္စကို၏ အရှေ့မြောက်ဘက် မိုင် ၆၀ ခန့်အကွာ Solano ခရိုင်တွင် တည်ရှိသော Travis လေတပ် အခြေစိုက်စခန်းအနီးရှိ မြေဧကပေါင်း ၅၂၀၀၀ ခန့်ကို ဒီလာဝယ်ပြည်နယ်တွင် မှတ်ပုံတင်ထားသော Flannery Associates LLC ကုမ္ပဏီက ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အများစုမှာ ယာမြေများဖြစ်ကြသည်။
ထိုကုမ္ပဏီသည် Solano ခရိုင်တွင် ၅ နှစ်တာကာလအတွင်း မြေအများဆုံးပိုင်ဆိုင်သူဖြစ်လာပြီး ယခုအခါ ပြည်ထောင်စုအစိုးရက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း Wall Street ဂျာနယ်က ဖော်ပြသည်။
ပြီးခဲ့သောနှစ်အတွင်းကလည်း တရုတ်ကုမ္ပဏီတစ်ခုက မြောက်ဒါကိုတာပြည်နယ်၊ Grand Forks မြို့ရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းအနီး ယာမြေ ဧက ၃၀၀ ဝယ်ယူခဲ့ရာ အမေရိကန်လွှတ်တော်အမတ်တို့က ရတက်မအေးဖြစ်မှုများ ပေါ်ပေါက်ခဲ့သည်။
အဆိုပါလေတပ်စခန်းသည် မောင်းသူမဲ့လေယာဉ်နည်းပညာဆိုင်ရာ အရေးကြီးလျှို့ဝှက်ချက်များ ရှိသည့် နေရာလည်း ဖြစ်သည်။
Flannery ကုမ္ပဏီ၏ မြေအလုံးအရင်းဝယ်ယူမှုဖြစ်ပေါ်ပြီးနောက်ပိုင်း စိုက်ပျိုးရေးဦးစီးဌာနက ကုမ္ပဏီ၏ ဖွဲ့စည်းပုံဆိုင်ရာ အချက်အလက်များ တောင်းခံခဲ့ကြောင်း ဝေါစထရိဂျာနယ်က ဖော်ပြသည်။
(ကယ်လီဖိုးနီးယားပြည်နယ် Travis လေတပ်အခြေစိုက်စခန်းအနီး ဒေါ်လာ ၁ ဘီလီယံဖိုးနီးပါးရှိသော မြေများ အလုံးအရင်းဝယ်ယူခဲ့သော ကုမ္ပဏီပိုင်ရှင် မည်သူဖြစ်သည်ကို ပြည်ထောင်စုနှင့် ဒေသအဆင့် အရာရှိတို့ မသိကြချေ။ ဓာတ်ပုံ-Hum Images)
Flannery ကုမ္ပဏီ၏ ရှေ့နေတစ်ဦးက ဝေါစထရိဂျာနယ်သို့ ပြောသည်မှာ ကုမ္ပဏီကို အမေရိကန်နိုင်ငံသား များက ၉၇ ရာခိုင်နှုန်းပိုင်ဆိုင်ထားကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအများစုမှာ အမေရိကန်ရင်းနှီးမြှုပ်နှံသူများထံမှဖြစ်ပြီး ကျန်အနည်းငယ်မှာ ဗြိတိန်နှင့် အိုင်ယာလန်တို့မှဖြစ်ကြောင်း ပြောသည်။
ပြီးခဲ့သောလအတွင်း Flannery ကုမ္ပဏီက စိုက်ပျိုးရေးဦးစီးဌာနထံ တရားဝင်အကြောင်းပြန်စာ ပေးပို့ခဲ့ရာ အဆိုပါအကြောင်းကြားစာကို ကုမ္ပဏီရှေ့နေဖြစ်သူ Richard Melnyk က ဝေါစထရိဂျာနယ်ထံ ပြသခဲ့သည်။
“Flannery ကုမ္ပဏီတွင် နိုင်ငံခြားသားလူပုဂ္ဂိုလ် (သို့မဟုတ်) နိုင်ငံခြားအစုအဖွဲ့တို့မှ ကြီးမားများပြားသည့် ပိုင်ဆိုင်ထိန်းချုပ်မှု မရှိပါ”ဟု ဇွန်လ ၂၁ ရက်ရက်စွဲဖြင့် ပေးပို့ခဲ့သော ကုမ္ပဏီ၏ အကြောင်းကြားစာတွင် ဖော်ပြသည်။
Flannery ကုမ္ပဏီက မြေဧကများစွာ ဝယ်ယူခဲ့သောနေရာသည် လေတပ်၏ Air Mobility Command အကြီးမားဆုံးအခြေစိုက်နေရာဖြစ်ပြီး အခြားလေယာဉ်များကို လေယာဉ်ဆီဖြည့်ပေးသောလေယာဉ်များ ထားရှိကြောင်း ဝေါစထရိဂျာနယ်တွင် ဖော်ပြသည်။
လေတပ်မှ “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၏အန္တရာယ်သုံးသပ်ရေးရုံး” သည် Flannery ကုမ္ပဏီ၏ မြေအလုံးအရင်း ဝယ်ယူမှုများကို စုံစမ်းလျက်ရှိသော်လည်း ကုမ္ပဏီအား မည်သူပိုင်ဆိုင်သည်ကို မသိရှိရကြောင်း ဝေါစထရိ ဂျာနယ်က ဖော်ပြသည်။
Travis လေတပ်အခြေစိုက်စခန်းနှင့် နီးသောကြောင့် Flannery ကုမ္ပဏီ၏ မြေဝယ်မှုများပေါ် သံသယဖြစ်သည် ဆိုခြင်းမှာ အခြေအမြစ်မရှိကြောင်း ကုမ္ပဏီ၏ ရှေ့နေက ဝေါစထရိဂျာနယ်သို့ ပြောသည်။
(Flannery ကုမ္ပဏီသည် ဒီလာဝယ်ပြည်နယ်တွင် မှတ်ပုံတင်ထားပြီး လေတပ်အခြေစိုက်စခန်းအနီးရှိ မြေဧကပေါင်း ၅၂၀၀၀ ကျော်ကို ဝယ်ယူခဲ့သည်။ ဓာတ်ပုံ-Getty Images)
Flannery ကုမ္ပဏီက Solano ခရိုင်အုပ်ချုပ်ရေးအရာရှိများကို ပြောသည်မှာ မိမိတို့၏ ပိုင်ဆိုင်မှုများကို ရှယ်ယာများထက် လက်ဆုပ်လက်ကိုင်ရှိသော ပိုင်ဆိုင်မှုများအဖြစ် ပြောင်းလဲလိုသော မိသားစု အစုအဖွဲ့များက ကုမ္ပဏီကို ပိုင်ဆိုင်ထားကြောင်း ပြောခဲ့သည်။
Flannery ကုမ္ပဏီသည် ဒီလာဝယ်ပြည်နယ်တွင် မှတ်ပုံတင်ထားသော LLC ကုမ္ပဏီဖြစ်သောကြောင့် ပိုင်ရှင်မည်သူဖြစ်သည်ကို ထုတ်ဖော်ပြောပြရန် မလိုချေ။
(ပြီးခဲ့သောနှစ်အတွင်းကလည်း တရုတ်ကုမ္ပဏီတစ်ခုက မြောက်ဒါကိုတာပြည်နယ်၊ Grand Forks မြို့ရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းအနီး ယာမြေ ဧက ၃၀၀ ဝယ်ယူခဲ့ရာ လွှတ်တော်အမတ်များက စိုးရိမ်မကင်းဖြစ်ခဲ့ကြသည်။ ဓာတ်ပုံ- AP)
Solano ခရိုင်အကြီးအကဲတစ်ဦးဖြစ်သူ Mitch Mashburn က ဝေါစထရိဂျာနယ်သို့ ပြောသည်မှာ Flannery ကုမ္ပဏီသည် အဆိုပါမြေနေရာများ မည်သို့အသုံးပြုရန် ရည်ရွယ်ထားသည်ကို ဒေသအုပ်ချုပ်ရေးအဖွဲ့ထံ ပြောကြားမှု မရှိကြောင်း ပြောသည်။
“သူတို့ ဝယ်တဲ့မြေအများစုက ခြောက်သွေ့တဲ့ ယာမြေတွေပါ။ ဒေါ်လာဘီလျံချီပြီး ဝယ်ထားတဲ့ ဒီမြေတွေကနေ အမြတ်အစွန်းရဖို့ ကျွန်တော်မမြင်ပါဘူး”ဟု ၎င်းက ပြောသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com Ref: ‘Mystery company’ buys $1B worth of land near US Air Force base (nypost)
[Zawgyi]
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် အမေရိကန်ပင်မလေတပ်စခန်းတစ်ခုအနီး တည်ရှိသော ကန်ဒေါ်လာ ၁ ဘီလီယံနီးပါးတန်ကြေှးရှိ မြေဧကများစွာကို ကုမ္ပဏီတစ်ခုက ဆန်းကြယ်စွာ ဝယ်ယူခဲ့ရာ နိုင်ငံခြားအဖွဲ့အစည်းတစ်ခုခုက ရင်းနှီးမြှုပ်နှံမှုမှတဆင့် အမေရိကန်အမျိုးသားလုံခြုံရေး ထိခိုက်စေမည်ကို ရတက်မအေးဖြစ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...
[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service