စားပွဲနေရာရရန် ကမ္ဘာပေါ်တွင် အချိန်အကြာဆုံး စောင့်ဆိုင်းရသော အင်္ဂလန်မှ စားသောက်ဆိုင် ၊ အချိန် ၄ နှစ်ကြာ စောင့်ဆိုင်းရမည်ဖြစ်

စားပွဲနေရာရရန် ကမ္ဘာပေါ်တွင် အချိန်အကြာဆုံး စောင့်ဆိုင်းရသော အင်္ဂလန်မှ စားသောက်ဆိုင် ၊ အချိန် ၄ နှစ်ကြာ စောင့်ဆိုင်းရမည်ဖြစ် - Property News in Myanmar from iMyanmarHouse.com
1 Aug 2023 11:22 am တွင် တင်ခဲ့သည်
741 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်မှ စားသောက်ဆိုင်နှင့် အရက်ဘားတစ်ခုသည် ကမ္ဘာပေါ်တွင် စားပွဲနေရာရရန် အခက်ခဲဆုံး စားသောက်ဆိုင်အဖြစ် စံချိန်တင်လျက်ရှိပြီး နယူးယောက်မြို့ကြီးမှ စားသောက်ဆိုင်များကိုပင် ဖြတ်ကျော် သွားသည်။

လန်ဒန်မြို့မှ ၂ နာရီခွဲ ခရီးအကွာ ဘရစ္စတိုးမြို့ရှိ တောင်ကုန်းများပေါ်တွင် တည်ရှိသော The Bank Tavern စားသောက်ဆိုင်သည် လက်ရှိအားဖြင့် စောင့်ဆိုင်းချိန် ၄ နှစ်အထိ အံ့အားသင့်ဖွယ် ရှိကြောင်း Dojo မှ ပြုလုပ်သော သုတေသနတစ်ရပ်တွင် ဖော်ပြသည်။

အဆိုပါ စားသောက်ဆိုင်ငယ်ကလေး နာမည်ကြီးသည်မှာ အထူးသဖြင့် တနင်္ဂနွေနေ့လည်စာကြောင့် ဖြစ်သည်။

အဆိုပါ စားသောက်ဆိုင်၏ နာမည်အကြီးဆုံး ဟင်းလျာများတွင် ရက် ၃၀ သက်တမ်းရှိ ရှားပါး အမဲတင်ပါးသား ၊ မီးအေးအေးဖြင့်ချက်ထားသော ဝက်ဝမ်းသား ၊ ပျားရည်..ရိုစ့်မေရီဟင်းခတ်ရွက်တို့ဖြင့် ကင်ထားသော သိုးခြေထောက်နှင့် အသီးအရွက် ပဲစင်းကောမုန့်တို့အပါအဝင် ဖြစ်သည်။

ထို့အပြင် ဖောက်သည်တို့အနေဖြင့် မေပယ်သကာရည် ဝက်ဝမ်းသားနှင့် ပန်းသီး ဂေါ်ဖီသုပ် ၊ ဂရိပြည်ကြီးငါး အသားလုံးတို့ကိုလည်း ရွေးချယ် စားသောက်နိုင်သည်။

 

 

(ပုံတွင် တွေ့ရသည်မှာ Dojo က သုတေသနပြုလုပ်ထားသော ကမ္ဘာပေါ်တွင် စားပွဲနေရာရရန် အခက်အခဲဆုံး ထိပ်တန်းစားသောက်ဆိုင် ၉ ခု၏ စာရင်းဖြစ်သည်။)

 

(ပုံတွင် တွေ့ရသည်မှာ စားပွဲရရန် ၄ နှစ်အထိ စောင့်ဆိုင်းရသော The Bank Tavern စားသောက်ဆိုင် ဖြစ်သည်။ ဓာတ်ပုံ- The Bank Tavern)

 

(The Bank Tavern စားသောက်ဆိုင်၏ နာမည်ကျော် တနင်္ဂနွေနေ့အစားအစာမှာ ဆုများလည်း ရရှိထားပြီး ဟင်းအနှစ်နှင့် ယော့ခ်ရှိုင်းယားပူတင်းတို့မှာ နာမည်ကြီးသည်။)

 

အချိုပွဲအနေဖြင့် စတော်ဘယ်ရီနှင့် ချောကလက်ဖြူတို့ပါသော ကိတ်မုန့် ၊ သံပုရာအရသာ Limoncello Tart နှင့် ရပ်စ်ဘယ်ရီ Yogurt panna cotta တို့ ပါဝင်သည်။

အထက်ပါ စားစရာ ၃ မျိုးပါဝင်သော နေ့လည်စာအတွက် တစ်ဦးလျှင် ၃၅ ဒေါ်လာ (သို့မဟုတ်) ၂ ဦးအတွက် ၅၆ ဒေါ်လာ ကျသင့်မည် ဖြစ်သည်။

၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ဖောက်သည်များကို အသိပေးထားသည်မှာ တနင်္ဂနွေနေ့ ညစာများအတွက် စာရင်းပေးသွင်းမှုကို Foreseeable Future အထိ ပိတ်သိမ်းထားကြောင်း ထုတ်ပြန်ထားသည်။

 

(ပုံတွင် တွေ့ရသည်မှာ စားပွဲနေရာရရန် တစ်နှစ်စောင့်ဆိုင်းရသော နယူးယောက်မြို့မှ Damon Baehrel စားသောက်ဆိုင်။ ဓာတ်ပုံ- Twitter)

 

(Damon Baehrel စားသောက်ဆိုင်ပိုင်ရှင် စားဖိုမှူး Damon Baehrel ။ ဓာတ်ပုံ- Damon Baehrel)

 

ကမ္ဘာပေါ်တွင် စားပွဲနေရာရရန် အခက်ခဲဆုံးစာရင်း၌ ဒုတိယနေရာတွင် ရပ်တည်နေသည်မှာ နယူးယောက်မြို့မှ စားသောက်ဆိုင်တစ်ခု ဖြစ်သည်။

Damon Baehrel အမည်ရှိ စားသောက်ဆိုင်ဖြစ်ပြီး နယူးယောက်မြို့ ၊ Earlton အရပ်တွင် တည်ရှိသည်။

 

(မက္ကဆီကိုနိုင်ငံ ၊ Punta de Mita မြို့မှ Mesa 1 စားသောက်ဆိုင်၏ စောင့်ဆိုင်းကာလမှာ ၆ လဖြစ်သည်။ ဓာတ်ပုံ-Open Table)

 

(အာဂျင်တီးနားနိုင်ငံမှ La Mesita de Almanza စားသောက်ဆိုင်၏ စောင့်ဆိုင်းကာလမှာ ၆ လဖြစ်သည်။ ဓာတ်ပုံ- La Mesita de Almanza)

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside the world’s hardest place to get a reservation, with a 4-year waitlist (nypost)

 

 

[Zawgyi]

 

စားပြဲေနရာရရန္ ကမၻာေပၚတြင္ အခ်ိန္အၾကာဆံုး ေစာင့္ဆိုင္းရေသာ အဂၤလန္မွ စားေသာက္ဆိုင္ ၊ အခ်ိန္ ၄ ႏွစ္ၾကာ ေစာင့္ဆိုင္းရမည္ျဖစ္

 

အဂၤလန္မွ စားေသာက္ဆိုင္ႏွင့္ အရက္ဘားတစ္ခုသည္ ကမၻာေပၚတြင္ စားပြဲေနရာရရန္ အခက္ခဲဆံုး စားေသာက္ဆုိင္အျဖစ္ စံခ်ိန္တင္လ်က္ရွိျပီး နယူးေယာက္ျမဳိ႕ၾကီးမွ စားေသာက္ဆိုင္မ်ားကိုပင္ ျဖတ္ေက်ာ္ သြားသည္။

လန္ဒန္ျမဳိ႕မွ ၂ နာရီခြဲ ခရီးအကြာ ဘရစၥတိုးျမဳိ႕ရွိ ေတာင္ကုန္းမ်ားေပၚတြင္ တည္ရွိေသာ The Bank Tavern စားေသာက္ဆုိင္သည္ လက္ရွိအားျဖင့္ ေစာင့္ဆုိင္းခ်ိန္ ၄ ႏွစ္အထိ အံ့အားသင့္ဖြယ္ ရွိေၾကာင္း Dojo မွ ျပဳလုပ္ေသာ သုေတသနတစ္ရပ္တြင္ ေဖာ္ျပသည္။

အဆိုပါ စားေသာက္ဆိုင္ငယ္ကေလး နာမည္ၾကီးသည္မွာ အထူးသျဖင့္ တနဂၤေႏြေန႔လည္စာေၾကာင့္ ျဖစ္သည္။

အဆိုပါ စားေသာက္ဆုိင္၏ နာမည္အၾကီးဆံုး ဟင္းလ်ာမ်ားတြင္ ရက္ ၃၀ သက္တမ္းရွိ ရွားပါး အမဲတင္ပါးသား ၊ မီးေအးေအးျဖင့္ခ်က္ထားေသာ ဝက္ဝမ္းသား ၊ ပ်ားရည္..ရိုစ့္ေမရီဟင္းခတ္ရြက္တို႔ျဖင့္ ကင္ထားေသာ သိုးေျခေထာက္ႏွင့္ အသီးအရြက္ ပဲစင္းေကာမုန္႔တုိ႔အပါအဝင္ ျဖစ္သည္။

ထို႔အျပင္ ေဖာက္သည္တို႔အေနျဖင့္ ေမပယ္သကာရည္ ဝက္ဝမ္းသားႏွင့္ ပန္းသီး ေဂၚဖီသုပ္ ၊ ဂရိျပည္ၾကီးငါး အသားလံုးတို႔ကိုလည္း ေရြးခ်ယ္ စားေသာက္ႏိုင္သည္။

(ပံုတြင္ ေတြ႔ရသည္မွာ Dojo က သုေတသနျပဳလုပ္ထားေသာ ကမၻာေပၚတြင္ စားပြဲေနရာရရန္ အခက္အခဲဆံုး ထိပ္တန္းစားေသာက္ဆိုင္ ၉ ခု၏ စာရင္းျဖစ္သည္။)

(ပံုတြင္ ေတြ႔ရသည္မွာ စားပြဲရရန္ ၄ ႏွစ္အထိ ေစာင့္ဆိုင္းရေသာ The Bank Tavern စားေသာက္ဆိုင္ ျဖစ္သည္။ ဓာတ္ပံု- The Bank Tavern)

(The Bank Tavern စားေသာက္ဆိုင္၏ နာမည္ေက်ာ္ တနဂၤေႏြေန႔အစားအစာမွာ ဆုမ်ားလည္း ရရွိထားျပီး ဟင္းအႏွစ္ႏွင့္ ေယာ့ခ္ရိႈင္းယားပူတင္းတုိ႔မွာ နာမည္ၾကီးသည္။)

အခ်ဳိပြဲအေနျဖင့္ စေတာ္ဘယ္ရီႏွင့္ ေခ်ာကလက္ျဖဴတို႔ပါေသာ ကိတ္မုန္႔ ၊ သံပုရာအရသာ Limoncello Tart ႏွင့္ ရပ္စ္ဘယ္ရီ Yogurt panna cotta တို႔ ပါဝင္သည္။

အထက္ပါ စားစရာ ၃ မ်ဳိးပါဝင္ေသာ ေန႔လည္စာအတြက္ တစ္ဦးလွ်င္ ၃၅ ေဒၚလာ (သို႔မဟုတ္) ၂ ဦးအတြက္ ၅၆ ေဒၚလာ က်သင့္မည္ ျဖစ္သည္။

၎တို႔၏ ဝက္ဘ္ဆုိက္တြင္ ေဖာက္သည္မ်ားကို အသိေပးထားသည္မွာ တနဂၤေႏြေန႔ ညစာမ်ားအတြက္ စာရင္းေပးသြင္းမႈကို Foreseeable Future အထိ ပိတ္သိမ္းထားေၾကာင္း ထုတ္ျပန္ထားသည္။

(ပံုတြင္ ေတြ႔ရသည္မွာ စားပြဲေနရာရရန္ တစ္ႏွစ္ေစာင့္ဆုိင္းရေသာ နယူးေယာက္ျမိဳ႕မွ Damon Baehrel စားေသာက္ဆုိင္။ ဓာတ္ပံု- Twitter) (Damon Baehrel စားေသာက္ဆိုင္ပိုင္ရွင္ စားဖိုမွဴး Damon Baehrel ။ ဓာတ္ပံု- Damon Baehrel)

ကမၻာေပၚတြင္ စားပြဲေနရာရရန္ အခက္ခဲဆံုးစာရင္း၌ ဒုတိယေနရာတြင္ ရပ္တည္ေနသည္မွာ နယူးေယာက္ျမိဳ႕မွ စားေသာက္ဆိုင္တစ္ခု ျဖစ္သည္။ Damon Baehrel အမည္ရွိ စားေသာက္ဆုိင္ျဖစ္ျပီး နယူးေယာက္ျမဳိ႕ ၊ Earlton အရပ္တြင္ တည္ရွိသည္။

(မကၠဆီကိုႏိုင္ငံ ၊ Punta de Mita ျမိဳ႕မွ Mesa 1 စားေသာက္ဆိုင္၏ ေစာင့္ဆိုင္းကာလမွာ ၆ လျဖစ္သည္။ ဓာတ္ပံု-Open Table)

(အာဂ်င္တီးနားႏုိင္ငံမွ La Mesita de Almanza စားေသာက္ဆိုင္၏ ေစာင့္ဆိုင္းကာလမွာ ၆ လျဖစ္သည္။ ဓာတ္ပံု- La Mesita de Almanza)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Inside the world’s hardest place to get a reservation, with a 4-year waitlist (nypost)

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service