အမေရိကန်နိုင်ငံ၊ မွန်တားနားပြည်နယ်တွင် မိသားစုတစ်စုတည်းက နှစ်ပေါင်းရာချီ ပိုင်ဆိုင်ခဲ့သော ဧက ၃၀၀၀၀ ကျယ်ဝန်းသည့် နွားမွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၅၈ ဒသမ ၇၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

အမေရိကန်နိုင်ငံ၊ မွန်တားနားပြည်နယ်တွင် မိသားစုတစ်စုတည်းက နှစ်ပေါင်းရာချီ ပိုင်ဆိုင်ခဲ့သော ဧက ၃၀၀၀၀ ကျယ်ဝန်းသည့် နွားမွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၅၈ ဒသမ ၇၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
31 Jul 2023 10:07 am တွင် တင်ခဲ့သည်
1554 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သားသမီးမရှိ၊ အမွေဆက်ခံမည့်သူမရှိသောကြောင့် ရောင်းချခြင်းဖြစ် အမေရိကန်နိုင်ငံ၊ မွန်တားနားပြည်နယ်တွင် မိသားစုတစ်စုတည်းက ရာစုနှစ်တစ်ခုကျော် ပိုင်ဆိုင်ခဲ့သော ဧက ၃၀၀၀၀ ကျယ်ဝန်းသည့် နွားမွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၅၈ ဒသမ ၇၅ သန်းဖြင့် အရောင်းဈေးကွက်ဝင် လာသည်။

Camas Creek ဟု အမည်ပေးထားသော မွေးမြူရေးခြံ၏ လက်ရှိပိုင်ရှင်မှာ ဂျော့ခ်ဒေါ့ဂက် (Jock Doggett) နှင့် ဇနီးဖြစ်သူ ဂျေးမီတို့ဖြစ်ပြီး သားထောက်သမီးခံ (သို့မဟုတ်) အမွေဆက်ခံမည့်သူ မရှိသောကြောင့် ရောင်းချရန် ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်သည်။

ဝယ်ယူမည့်သူတို့ကို ဂျော့ခ်က အထူးအလေးထားပြောခဲ့သည်မှာ မွေးမြူရေးခြံမှာ လွယ်ကူသည့် ဘဝနေထိုင်မှု ပုံစံမဟုတ်ကြောင်း ပြောသည်။

“ပျင်းတတ်တဲ့လူဆိုရင်တော့ မွေးမြူရေးခြံ မလုပ်ပါနဲ့။ တစ်ပတ်ကို ၇ ရက်လုံး အလုပ်လုပ်ရတဲ့ ကာလတွေ အများကြီးရှိပါတယ်။ ဒီကလူတွေအားလုံးက လူကောင်းတွေပါ။ မြောင်းတူးတာ ၊ နွားတွေနောက်ကို လိုက်တာ ၊ မှောင်မဲညစ်ပတ်တဲ့ အရက်ဘားထဲမှာ သူတို့နဲ့အတူ ထိုင်ရတာကို စိတ်မပျက်ဖို့ လိုပါတယ်”ဟု ဂျော့ခ်က ဝေါစထရိဂျာနယ်သို့ ပြောသည်။

(Camas Creek မွေးမြူရေးခြံကို ဒေါ်လာ ၅၈ ဒသမ ၇၅ သန်းဈေးခေါ်ထားသည်။)

(မွေးမြူရေးခြံလုပ်ငန်းမှာ လွယ်ကူသည့် ဘဝပုံစံမဟုတ်ကြောင်း လက်ရှိပိုင်ရှင် ဂျော့ခ်က ပြောသည်။)

(မွေးမြူရေးခြံတွင် နွားကောင်ရေ ၁၈၀၀ ခန့်ရှိပြီး နေအိမ်အဆောက်အအုံ ၃ လုံးရှိသည်။)

ယခုခေါ်ဈေးတွင် နွားများမပါဝင်ဘဲ နွားများပါ ဝယ်ယူလိုပါက သီးခြား ဝယ်ယူရမည်ဟု ဆိုသည်။

ပင်မနေအိမ်ကို The Yellow House ဟု အမည်ပေးထားပြီး စတုရန်းပေ ၂၄၀၀ ကျယ်ဝန်းကာ အိပ်ခန်း ၄ ခန်းပါဝင်သည်။

The White House ဟု အမည်ပေးထားသောအိမ်ကို ၁၉၁၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး စတုရန်းပေ ၂၃၀၀ ကျယ်ဝန်းကာ အိပ်ခန်း ၄ ခန်းပါသည်။

Mom’s House အမည်ပေးထားသောအိမ်မှာ စတုရန်းပေ ၂၇၀၀ ခန့်ကျယ်ဝန်းကာ အိပ်ခန်း ၄ ခန်းပါသည်။

ထို့အပြင် ကျယ်ဝန်းလှသော ခြံကြီးအတွင်း ၇ ဒသမ ၅ မိုင် ရှည်လျားသော ချောင်းတစ်ခု ဖြတ်သန်းစီးဆင်း နေသည့်အပြင် ရေလှောင်ကန် ၂ ခုနှင့် ချောင်းငယ်များစွာလည်း ပါဝင်သည်။

(Little နှင့် Big Belt တောင်တန်းများအကြား တည်ရှိပြီး Bozeman မြို့မှ ၂ နာရီခရီးခန့် ကွာဝေးသည်။)

(ခြံကြီးအတွင်း ၇ ဒသမ ၅ မိုင် ရှည်လျားသော ချောင်းတစ်ခု ဖြတ်သန်းစီးဆင်းနေသည့်အပြင် ရေလှောင်ကန် ၂ ခုနှင့် ချောင်းငယ်များစွာလည်း ပါဝင်သည်။)

(ဂျော့ခ်၏ အဘေးတော်စပ်သူက ဤခြံကြီးကို ၁၉၀၀ ပြည့်လွန်ကာလများတွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။)

(တစ်ပတ်လျှင် ၇ ရက်လုံး အလုပ်လုပ်ရသည့်ကာလ များစွာရှိကြောင်း လက်ရှိပိုင်ရှင်က ပြောသည်။)

ဒေါ့ဂက် မိသားစုသည် ယခင်က ဗာဂျီးနီးယားမြို့ဝန်းကျင်တွင် သတ္တုတွင်း တူးဖော်သည့် လုပ်ငန်းလုပ်ကိုင်ခဲ့ပြီး ၁၈၀၀ ပြည့်လွန်နှောင်းပိုင်းကာလများတွင် မွန်တားနားပြည်နယ်အလယ်ပိုင်းသို့ ပြောင်းရွှေ့ကာ မွေးမြူရေး လုပ်ငန်း လုပ်ကိုင်ခဲ့ကြောင်း ၊ သိုး ၊ နွား ၊ ကောက်ပဲသီးနှံစိုက်ပျိုးခြင်း လုပ်ငန်းများကို နှစ်ပေါင်း ၁၆၀ နီးပါး လုပ်ကိုင်ခဲ့ကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Stunning 30,000-acre Montana cattle ranch that has been in the same family for a CENTURY hits the market for $58.75 million because seller has no children or heir - and warns 'you aren't going to make it ranching if you're lazy' (dailymail)

[Zawgyi]

အေမရိကန္ႏိုင္ငံ၊ မြန္တားနားျပည္နယ္တြင္ မိသားစုတစ္စုတည္းက ႏွစ္ေပါင္းရာခ်ီ ပိုင္ဆိုင္ခဲ့ေသာ ဧက ၃၀၀၀၀ က်ယ္ဝန္းသည့္ ႏြားေမြးျမဴေရးျခံၾကီး ကန္ေဒၚလာ ၅၈ ဒသမ ၇၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ၊

သားသမီးမရွိ၊ အေမြဆက္ခံမည့္သူမရွိေသာေၾကာင့္ ေရာင္းခ်ျခင္းျဖစ္ အေမရိကန္ႏိုင္ငံ၊ မြန္တားနားျပည္နယ္တြင္ မိသားစုတစ္စုတည္းက ရာစုႏွစ္တစ္ခုေက်ာ္ ပိုင္ဆိုင္ခဲ့ေသာ ဧက ၃၀၀၀၀ က်ယ္ဝန္းသည့္ ႏြားေမြးျမဴေရးျခံၾကီး ကန္ေဒၚလာ ၅၈ ဒသမ ၇၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္ လာသည္။

Camas Creek ဟု အမည္ေပးထားေသာ ေမြးျမဴေရးျခံ၏ လက္ရွိပိုင္ရွင္မွာ ေဂ်ာ့ခ္ေဒါ့ဂက္ (Jock Doggett) ႏွင့္ ဇနီးျဖစ္သူ ေဂ်းမီတုိ႔ျဖစ္ျပီး သားေထာက္သမီးခံ (သို႔မဟုတ္) အေမြဆက္ခံမည့္သူ မရွိေသာေၾကာင့္ ေရာင္းခ်ရန္ ဆံုးျဖတ္ခဲ့ရျခင္း ျဖစ္သည္။

ဝယ္ယူမည့္သူတို႔ကို ေဂ်ာ့ခ္က အထူးအေလးထားေျပာခဲ့သည္မွာ ေမြးျမဴေရးျခံမွာ လြယ္ကူသည့္ ဘဝေနထိုုင္မႈ ပံုစံမဟုတ္ေၾကာင္း ေျပာသည္။

“ပ်င္းတတ္တဲ့လူဆိုရင္ေတာ့ ေမြးျမဴေရးျခံ မလုပ္ပါနဲ႔။ တစ္ပတ္ကို ၇ ရက္လုံး အလုပ္လုပ္ရတဲ့ ကာလေတြ အမ်ားၾကီးရွိပါတယ္။ ဒီကလူေတြအားလံုးက လူေကာင္းေတြပါ။ ေျမာင္းတူးတာ ၊ ႏြားေတြေနာက္ကို လုိက္တာ ၊ ေမွာင္မဲညစ္ပတ္တဲ့ အရက္ဘားထဲမွာ သူတို႔နဲ႔အတူ ထုိင္ရတာကို စိတ္မပ်က္ဖို႔ လိုပါတယ္”ဟု ေဂ်ာ့ခ္က ေဝါစထရိဂ်ာနယ္သို႔ ေျပာသည္။

(Camas Creek ေမြးျမဴေရးျခံကို ေဒၚလာ ၅၈ ဒသမ ၇၅ သန္းေစ်းေခၚထားသည္။)

(ေမြးျမဴေရးျခံလုပ္ငန္းမွာ လြယ္ကူသည့္ ဘဝပံုစံမဟုတ္ေၾကာင္း လက္ရွိပိုင္ရွင္ ေဂ်ာ့ခ္က ေျပာသည္။)

(ေမြးျမဴေရးျခံတြင္ ႏြားေကာင္ေရ ၁၈၀၀ ခန္႔ရွိျပီး ေနအိမ္အေဆာက္အအံု ၃ လံုးရွိသည္။)

ယခုေခၚေစ်းတြင္ ႏြားမ်ားမပါဝင္ဘဲ ႏြားမ်ားပါ ဝယ္ယူလိုပါက သီးျခား ဝယ္ယူရမည္ဟု ဆိုသည္။

ပင္မေနအိမ္ကုိ The Yellow House ဟု အမည္ေပးထားျပီး စတုရန္းေပ ၂၄၀၀ က်ယ္ဝန္းကာ အိပ္ခန္း ၄ ခန္းပါဝင္သည္။

The White House ဟု အမည္ေပးထားေသာအိမ္ကို ၁၉၁၇ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျပီး စတုရန္းေပ ၂၃၀၀ က်ယ္ဝန္းကာ အိပ္ခန္း ၄ ခန္းပါသည္။

Mom’s House အမည္ေပးထားေသာအိမ္မွာ စတုရန္းေပ ၂၇၀၀ ခန္႔က်ယ္ဝန္းကာ အိပ္ခန္း ၄ ခန္းပါသည္။

ထို႔အျပင္ က်ယ္ဝန္းလွေသာ ျခံၾကီးအတြင္း ၇ ဒသမ ၅ မိုင္ ရွည္လ်ားေသာ ေခ်ာင္းတစ္ခု ျဖတ္သန္းစီးဆင္း ေနသည့္အျပင္ ေရေလွာင္ကန္ ၂ ခုႏွင့္ ေခ်ာင္းငယ္မ်ားစြာလည္း ပါဝင္သည္။

(Little ႏွင့္ Big Belt ေတာင္တန္းမ်ားအၾကား တည္ရွိျပီး Bozeman ျမိဳ႕မွ ၂ နာရီခရီးခန္႔ ကြာေဝးသည္။)

(ျခံၾကီးအတြင္း ၇ ဒသမ ၅ မိုင္ ရွည္လ်ားေသာ ေခ်ာင္းတစ္ခု ျဖတ္သန္းစီးဆင္းေနသည့္အျပင္ ေရေလွာင္ကန္ ၂ ခုႏွင့္ ေခ်ာင္းငယ္မ်ားစြာလည္း ပါဝင္သည္။)

(ေဂ်ာ့ခ္၏ အေဘးေတာ္စပ္သူက ဤျခံၾကီးကို ၁၉၀၀ ျပည့္လြန္ကာလမ်ားတြင္ စတင္တည္ေထာင္ခဲ့ျခင္း ျဖစ္သည္။)

(တစ္ပတ္လွ်င္ ၇ ရက္လံုး အလုပ္လုပ္ရသည့္ကာလ မ်ားစြာရွိေၾကာင္း လက္ရွိပိုင္ရွင္က ေျပာသည္။)

ေဒါ့ဂက္ မိသားစုသည္ ယခင္က ဗာဂ်ီးနီးယားျမဳိ႕ဝန္းက်င္တြင္ သတၱဳတြင္း တူးေဖာ္သည့္ လုပ္ငန္းလုပ္ကိုင္ခဲ့ျပီး ၁၈၀၀ ျပည့္လြန္ေႏွာင္းပိုင္းကာလမ်ားတြင္ မြန္တားနားျပည္နယ္အလယ္ပိုင္းသို႔ ေျပာင္းေရႊ႕ကာ ေမြးျမဴေရး လုပ္ငန္း လုပ္ကိုင္ခဲ့ေၾကာင္း ၊ သိုး ၊ ႏြား ၊ ေကာက္ပဲသီးႏွံစိုက္ပ်ဳိးျခင္း လုပ္ငန္းမ်ားကို ႏွစ္ေပါင္း ၁၆၀ နီးပါး လုပ္ကိုင္ခဲ့ေၾကာင္း ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Stunning 30,000-acre Montana cattle ranch that has been in the same family for a CENTURY hits the market for $58.75 million because seller has no children or heir - and warns 'you aren't going to make it ranching if you're lazy' (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
Central Shop House
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service