ဆော်ဒီအာရေးဘီးယားတွင် ဆောက်လုပ်လျက်ရှိသော မဟာမြို့တော်ကြီး ၂၀၃၀ ပြည့်နှစ်တွင် လုပ်ငန်းအများစု အပြီးသတ်ရန်အတွက် ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ ချေးငွေ ရှာဖွေလျက်ရှိ

ဆော်ဒီအာရေးဘီးယားတွင် ဆောက်လုပ်လျက်ရှိသော မဟာမြို့တော်ကြီး ၂၀၃၀ ပြည့်နှစ်တွင် လုပ်ငန်းအများစု အပြီးသတ်ရန်အတွက် ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ ချေးငွေ ရှာဖွေလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
28 Jul 2023 10:39 am တွင် တင်ခဲ့သည်
954 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဆော်ဒီအာရေးဘီးယားသည် သဲကန္တာရထဲတွင် ဆောက်လုပ်လျက်ရှိသော ခေတ်လွန်မြို့တော်ကြီး ဆောက်လုပ်နေမှုအတွက် Riyal ငွေ ၁၀ ဘီလီယံ (ကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ) ချေးငွေ ရှာဖွေလျက်ရှိသည်။

အကောင်အထည်ဖော်လျက်ရှိသည့် Neom ကုမ္ပဏီက စီမံကိန်းအစောပိုင်းကာလများအတွက် ပြည်တွင်း ငွေချေးသူများထံမှ ချေးငွေရှာဖွေလျက်ရှိခြင်းဖြစ်ပြီး လအနည်းငယ်အတွင်း ချေးငွေရရှိဖွယ်ရှိကြောင်း Bloomberg သတင်းတစ်ရပ်တွင် ဖော်ပြသည်။

Neom မြို့တော်စီမံကိန်းတွင် The Line အမည်ရှိ ပရောဂျက်တစ်ခုပါဝင်ပြီး ထိုပရောဂျက်တွင် အလွန်ကြီးမားရှည်လျားလှသော အဆောက်အအုံကြီးတစ်ခု ပါဝင်မည်ဖြစ်သည်။

The Line ပရောဂျက်သည် အလျား မိုင် ၁၀၀ ကျော်ရှိပြီး အကျယ်မီတာ ၂၀၀ ရှိကာ လမ်းမရှိ၊ မော်တော်ကားများ ရှိမည်မဟုတ်ဟု ဆိုသည်။

အဆိုပါ မြို့တော်ကြီးသည် ကာဗွန်ထုတ်လွှတ်မှု လုံးဝရှိမည်မဟုတ်ဘဲ လူပေါင်း ၉ သန်းခန့် နေထိုင်နိုင်ရန် မျှော်မှန်းထားသည်။

နေထိုင်မည့်သူတို့၏ ကျန်းမာရေးနှင့် သာယာဝပြောမှုကို ဦးစားပေးသည့်အနေဖြင့် Facilities များကို လူနေ နေရာများမှ ၅ မိနစ်အတွင်း ရောက်ရှိနိုင်စေရန် စီစဉ်ထားကြောင်း Neom ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး ကတိကဝတ်များ အကောင်အထည်ဖော်ရန် ကမ္ဘာ့နိုင်ငံများသည် ရုပ်ကြွင်းလောင်စာဆီ သုံးစွဲမှုအစား အခြားနည်းလမ်းများ ရှာဖွေလာရာ ဆော်ဒီ၏ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန်ကလည်း ဆော်ဒီ၏ စီးပွားရေးကဏ္ဍ အမျိုးမျိုးရှိစေရန် မျှော်မြင်ချက်၏ အစိတ်အပိုင်း တစ်ရပ် အနေဖြင့် The Line ကို အကောင်အထည် ဖော်ခြင်းလည်း ဖြစ်သည်။

Neom မြို့တော်ကြီး ဆောက်လုပ်ရန် စီမံကိန်းကို ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သော်လည်း တိုးတက်မှု နှေးကွေးနေခဲ့သည်။

အိမ်ရှေ့မင်းသားက ၂၀၁၈ ခုနှစ်အတွင်း Bloomberg သတင်းဌာနသို့ ပြောခဲ့သည်မှာ မြို့တော်ကြီးကို ၂၀၂၅ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိမ်ရှေ့မင်းသား၏ မျှော်မှန်းချက်များတွင် ဆော်ဒီအာရေးဘီးယား၏ အနောက်ဘက်ကမ်းရိုးတန်း၌ ကမ္ဘာလှည့်ခရီးသည်များအား ဆွဲဆောင်နိုင်မည့် နေရာတစ်ခု တည်ထောင်ရန် ၊ အားကစားမှသည် နည်းပညာကုမ္ပဏီများအထိ တစ်ကမ္ဘာလုံးတွင် ရင်းနှီးမြှပ်နှံမှုများ မြှင့်တင်ရန်တို့ ပါဝင်သည်။

 

(ဂြိုလ်တု ဓာတ်ပုံများအရ ဆော်ဒီအာရေးဘီးယား၏ ၇၅ မိုင်ရှည်လျားသော မြို့တော်ကြီးမှ The Line စီမံကိန်းတွင် တိုးတက်မှုများ ရှိနေသည်ကို တွေ့ရသည်။)

 

(ဂြိုလ်တုဓာတ်ပုံများအရ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မြေတူးစက် အစင်းရေ ၄၀၀ ကျော်တွေ့ရသည်။)

 

(အဝါရောင်နှင့် ပြထားသည်မှာ ဆောက်လုပ်ရေးခွင်နေရာဖြစ်ပြီး မျှားတစ်စင်းသဖွယ် တဖြောင့်တည်း တွေ့ရသည်။ ခရမ်းရောင် နေရာများမှာ တူးဖော်ထားသော မြေဖြစ်ပြီး အနီရောင်အစက်များမှာ လုပ်ငန်းခွင်သုံး မော်တော်ယာဉ်များဖြစ်ကာ အစိမ်းရောင် နေရာများမှာ ဆိုလာပြားများ ဖြစ်သည်။)

 

(မဟာမြို့တော်ကြီးတွင် လူပေါင်း ၉ သန်းကျော် နေထိုင်နိုင်မည်ဟု ဆိုသည်။)

 

(အိမ်ရှေ့စံ မိုဟာမက် ဘင်ဆယ်လ်မန်၏ Neom မြို့တော်စီမံကိန်းတွင် လွန်စွာရှည်လျားသော The Line အမည်ရှိ အဆောက်အအုံကြီး စီမံကိန်းလည်း ပါဝင်သည်။)

 

(The Line စီမံကိန်းတွင် ပေ ၁၆၀၀ မြင့်မားသော အဆောက်အအုံကြီး ၂ ခု ပါဝင်မည်ဖြစ်ပြီး အဆိုပါ အဆောက်အအုံ ၂ ခု၏ အလျားမှာ ၇၅ မိုင်ရှိမည်ဖြစ်ကာ မျဉ်းပြိုင်ဆောက်လုပ်မည် ဖြစ်သည်။)

 

(အင်ဂျင်နီယာများက ပြောသည်မှာ The Line ကို ဆောက်လုပ်ရန် နှစ်ပေါင်း ၅၀ ကြာမြင့်နိုင်ကြောင်း ပြောသော်လည်း အိမ်ရှေ့စံက ၂၀၃၀ ပြည့်နှစ်တွင် ပြီးစီးလိုကြောင်း ပြောသည်။)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Saudi Arabia is exploring plans to raise $2.7 billion for its futuristic mega-city in an effort to complete most of the construction by 2030 (businessinsider)

 

 

 

[Zawgyi]

 

ေဆာ္ဒီအာေရးဘီးယားတြင္ ေဆာက္လုပ္လ်က္ရွိေသာ မဟာျမိဳ႕ေတာ္ၾကီး ၂၀၃၀ ျပည့္ႏွစ္တြင္ လုပ္ငန္းအမ်ားစု အျပီးသတ္ရန္အတြက္ ေဒၚလာ ၂ ဒသမ ၇ ဘီလီယံ ေခ်းေငြ ရွာေဖြလ်က္ရွိ

 

ေဆာ္ဒီအာေရးဘီးယားသည္ သဲကႏၱာရထဲတြင္ ေဆာက္လုပ္လ်က္ရွိေသာ ေခတ္လြန္ျမဳိ႕ေတာ္ၾကီး ေဆာက္လုပ္ေနမႈအတြက္ Riyal ေငြ ၁၀ ဘီလီယံ (ကန္ေဒၚလာ ၂ ဒသမ ၇ ဘီလီယံ) ေခ်းေငြ ရွာေဖြလ်က္ရွိသည္။

အေကာင္အထည္ေဖာ္လ်က္ရွိသည့္ Neom ကုမၸဏီက စီမံကိန္းအေစာပိုင္းကာလမ်ားအတြက္ ျပည္တြင္း ေငြေခ်းသူမ်ားထံမွ ေခ်းေငြရွာေဖြလ်က္ရွိျခင္းျဖစ္ျပီး လအနည္းငယ္အတြင္း ေခ်းေငြရရွိဖြယ္ရွိေၾကာင္း Bloomberg သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

Neom ျမဳိ႕ေတာ္စီမံကိန္းတြင္ The Line အမည္ရွိ ပေရာဂ်က္တစ္ခုပါဝင္ျပီး ထုိပေရာဂ်က္တြင္ အလြန္ၾကီးမားရွည္လ်ားလွေသာ အေဆာက္အအံုၾကီးတစ္ခု ပါဝင္မည္ျဖစ္သည္။

The Line ပေရာဂ်က္သည္ အလ်ား မိုင္ ၁၀၀ ေက်ာ္ရွိျပီး အက်ယ္မီတာ ၂၀၀ ရွိကာ လမ္းမရွိ၊ ေမာ္ေတာ္ကားမ်ား ရွိမည္မဟုတ္ဟု ဆိုသည္။

အဆုိပါ ျမဳိ႕ေတာ္ၾကီးသည္ ကာဗြန္ထုတ္လႊတ္မႈ လံုးဝရွိမည္မဟုတ္ဘဲ လူေပါင္း ၉ သန္းခန္႔ ေနထိုင္ႏိုင္ရန္ ေမွ်ာ္မွန္းထားသည္။

ေနထိုင္မည့္သူတို႔၏ က်န္းမာေရးႏွင့္ သာယာဝေျပာမႈကို ဦးစားေပးသည့္အေနျဖင့္ Facilities မ်ားကို လူေန ေနရာမ်ားမွ ၅ မိနစ္အတြင္း ေရာက္ရွိႏိုင္ေစရန္ စီစဥ္ထားေၾကာင္း Neom ၏ ဝက္ဘ္ဆုိက္တြင္ ေဖာ္ျပသည္။

ကာဗြန္ထုတ္လႊတ္မႈ ေလွ်ာ့ခ်ေရး ကတိကဝတ္မ်ား အေကာင္အထည္ေဖာ္ရန္ ကမၻာ့ႏိုင္ငံမ်ားသည္ ရုပ္ၾကြင္းေလာင္စာဆီ သံုးစြဲမႈအစား အျခားနည္းလမ္းမ်ား ရွာေဖြလာရာ ေဆာ္ဒီ၏ အိမ္ေရွ႕မင္းသား မိုဟာမက္ ဘင္ ဆယ္လ္မန္ကလည္း ေဆာ္ဒီ၏ စီးပြားေရးက႑ အမ်ဳိးမ်ဳိးရွိေစရန္ ေမွ်ာ္ျမင္ခ်က္၏ အစိတ္အပိုင္း တစ္ရပ္ အေနျဖင့္ The Line ကို အေကာင္အထည္ ေဖာ္ျခင္းလည္း ျဖစ္သည္။

Neom ျမိဳ႕ေတာ္ၾကီး ေဆာက္လုပ္ရန္ စီမံကိန္းကို ၂၀၁၇ ခုႏွစ္တြင္ စတင္ခဲ့ျခင္းျဖစ္ေသာ္လည္း တိုးတက္မႈ ေႏွးေကြးေနခဲ့သည္။

အိမ္ေရွ႕မင္းသားက ၂၀၁၈ ခုႏွစ္အတြင္း Bloomberg သတင္းဌာနသုိ႔ ေျပာခဲ့သည္မွာ ျမဳိ႕ေတာ္ၾကီးကို ၂၀၂၅ ခုႏွစ္တြင္ အျပီးသတ္ေဆာက္လုပ္မည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

အိမ္ေရွ႕မင္းသား၏ ေမွ်ာ္မွန္းခ်က္မ်ားတြင္ ေဆာ္ဒီအာေရးဘီးယား၏ အေနာက္ဘက္ကမ္းရိုးတန္း၌ ကမၻာလွည့္ခရီးသည္မ်ားအား စြဲေဆာင္ႏိုင္မည့္ ေနရာတစ္ခု တည္ေထာင္ရန္ ၊ အားကစားမွသည္ နည္းပညာကုမၸဏီမ်ားအထိ တစ္ကမၻာလံုးတြင္ ရင္းႏွီးျမွပ္ႏွံမႈမ်ား ျမွင့္တင္ရန္တို႔ ပါဝင္သည္။

(ျဂိဳလ္တု ဓာတ္ပံုမ်ားအရ ေဆာ္ဒီအာေရးဘီးယား၏ ၇၅ မိုင္ရွည္လ်ားေသာ ျမဳိ႕ေတာ္ၾကီးမွ The Line စီမံကိန္းတြင္ တုိးတက္မႈမ်ား ရွိေနသည္ကို ေတြ႔ရသည္။)

(ျဂိဳလ္တုဓာတ္ပံုမ်ားအရ ေဆာက္လုပ္ေရးလုပ္ငန္းခြင္တြင္ ေျမတူးစက္ အစင္းေရ ၄၀၀ ေက်ာ္ေတြ႔ရသည္။)

(အဝါေရာင္ႏွင့္ ျပထားသည္မွာ ေဆာက္လုပ္ေရးခြင္ေနရာျဖစ္ျပီး မွ်ားတစ္စင္းသဖြယ္ တေျဖာင့္တည္း ေတြ႔ရသည္။ ခရမ္းေရာင္ ေနရာမ်ားမွာ တူးေဖာ္ထားေသာ ေျမျဖစ္ျပီး အနီေရာင္အစက္မ်ားမွာ လုပ္ငန္းခြင္သံုး ေမာ္ေတာ္ယာဥ္မ်ားျဖစ္ကာ အစိမ္းေရာင္ ေနရာမ်ားမွာ ဆိုလာျပားမ်ား ျဖစ္သည္။)

(မဟာျမဳိ႕ေတာ္ၾကီးတြင္ လူေပါင္း ၉ သန္းေက်ာ္ ေနထုိင္ႏိုင္မည္ဟု ဆိုသည္။)

(အိမ္ေရွ႕စံ မိုဟာမက္ ဘင္ဆယ္လ္မန္၏ Neom ျမဳိ႕ေတာ္စီမံကိန္းတြင္ လြန္စြာရွည္လ်ားေသာ The Line အမည္ရွိ အေဆာက္အအံုၾကီး စီမံကိန္းလည္း ပါဝင္သည္။)

(The Line စီမံကိန္းတြင္ ေပ ၁၆၀၀ ျမင့္မားေသာ အေဆာက္အအံုၾကီး ၂ ခု ပါဝင္မည္ျဖစ္ျပီး အဆိုပါ အေဆာက္အအံု ၂ ခု၏ အလ်ားမွာ ၇၅ မိုင္ရွိမည္ျဖစ္ကာ မ်ဥ္းျပိဳင္ေဆာက္လုပ္မည္ ျဖစ္သည္။)

(အင္ဂ်င္နီယာမ်ားက ေျပာသည္မွာ The Line ကို ေဆာက္လုပ္ရန္ ႏွစ္ေပါင္း ၅၀ ၾကာျမင့္ႏိုင္ေၾကာင္း ေျပာေသာ္လည္း အိမ္ေရွ႕စံက ၂၀၃၀ ျပည့္ႏွစ္တြင္ ျပီးစီးလိုေၾကာင္း ေျပာသည္။)

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Saudi Arabia is exploring plans to raise $2.7 billion for its futuristic mega-city in an effort to complete most of the construction by 2030 (businessinsider)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service