ရောမခေတ် ကွန်ကရစ် ယနေ့တိုင်ကြံ့ခိုင်နေဆဲ အကြောင်းအရင်း
ရောမခေတ် ကွန်ကရစ် ယနေ့တိုင်ကြံ့ခိုင်နေဆဲ အကြောင်းအရင်း - Property News in Myanmar from iMyanmarHouse.com
27 Jul 2023 10:27 am တွင် တင်ခဲ့သည်
1252 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ရှေးခေတ်ရောမလူမျိုးတို့သည် အဆောက်အအုံများ ဆောက်လုပ်ရာတွင် လွန်စွာ ကျွမ်းကျင်သော အင်ဂျင်နီယာများ ဖြစ်ကြပြီး ခရစ်တော်မပေါ်မီ နှစ်ရာပေါင်းများစွာက ဆောက်လုပ်ခဲ့သော ရေသွယ်စနစ်များ ယနေ့တိုင် အသုံးပြုနိုင်သေးသည်မှာ ထင်ရှားသော သာဓကဖြစ်သည်။
ယင်းသို့သော ဗိသုကာအံ့ချီးဖွယ်ရာများသည် Pozzolanic ကွန်ကရစ်ဟု ခေါ်သော တမူထူးသည့် ဆောက်လုပ်ရေးပစ္စည်းအပေါ် အဓိကမှီတည်ထားသည်။
အဆိုပါ ကွန်ကရစ်က ရောမခေတ် အဆောက်အအုံများကို မယုံနိုင်ဖွယ် ကြံ့ခိုင်စေခြင်း ဖြစ်သည်။
(မှတ်ချက်။ Pozzolanic ကွန်ကရစ်သည် ဆီလီကွန်နှင့် အလူမီနီယမ် ပေါင်းစည်းထားခြင်းဖြစ်ပြီး ၎င်းတို့ချည်းသက်သက်ဆိုပါက ကွန်ကရစ်တန်ဖိုး အနည်းငယ်သာ ရှိသော်လည်း ရေနှင့် ဓာတ်ပြုချိန်တွင် ကယ်လ်စီယမ် ဟိုက်ဒရောဆိုဒ်ဖြစ်လာပြီး ကွန်ကရစ်ဂုဏ်သတ္တိ ပိုင်ဆိုင်လာသည်။ )
ရောမခေတ် လက်ရာများတွင် တစ်ခုအပါအဝင်ဖြစ်သော ရောမမြို့ရှိ Pantheon ဘုရားကျောင်းကြီးမှာ ယနေ့တိုင် မပျက်မစီး ရှိနေဆဲ ဖြစ်သည်။
နှစ်ပေါင်း ၂၀၀၀ နီးပါးသက်တမ်းရှိသော အဆိုပါ အဆောက်အအုံကြီးသည် ကမ္ဘာ့အကြီးမားဆုံး RC ကွန်ကရစ်မဟုတ်သော အမိုးခုံးအဆောက်အအုံအဖြစ် စံချိန်တင်ထားသည်။
ရောမခေတ် ကွန်ကရစ်တွင် ပါဝင်ပစ္စည်းများမှာ Pozzolana နှင့် ထုံးတို့ ဖြစ်ကြသည်။
Pozzolana သည် မီးတောင်ပြာဖြစ်ပြီး အီတလီနိုင်ငံ ၊ Pozzuoli မြို့ကို အစွဲပြုကာ အမည်ပေးထားခြင်း ဖြစ်သည်။
ထိုမြို့တွင် မီးတောင်ပြာများ ပေါများစွာ တွေ့ရနိုင်သည်။ ရေနှင့် ရောစပ်လိုက်ချိန်တွင် ထိုပစ္စည်း ၂ မျိုး ဓာတ်ပြုပြီး ခိုင်မာသော ကွန်ကရစ် ရရှိလာစေသည်။
မက်ဆာချူးဆက်နည်းပညာတက္ကသိုယ် (MIT) မှ ဦးဆောင်သော နိုင်ငံတကာသုတေသန ပညာရှင်အဖွဲ့က တွေ့ရှိခဲ့သည်မှာ ရောမခေတ်ကွန်ကရစ်တွင် ပါဝင်ပစ္စည်းများမှာ ကျွန်ုပ်တို့ ယူဆထားချက်နှင့် အနည်းငယ်ကွဲပြားရုံမှမက ထိုပစ္စည်းများကို ရောစပ်သော နည်းစနစ်များမှာလည်း ကွဲပြားကြောင်း တွေ့ရှိခဲ့သည်။
Pozzolanic ကွန်ကရစ် ဖော်စပ်မှုနှင့် စပ်လျဉ်းပြီး အများလက်ခံထားသည့် နည်းလမ်းမှာ ဖောက်ထုံးကို အသုံးပြုခြင်း ဖြစ်သည်။
ပထမဆုံးအားဖြင့် ထုံးကျောက်ကို မြင့်မားသော အပူချိန်ဖြင့် အပူပေးပြီး Quicklime ဟုခေါ်သော ကော့စတစ်ပေါင်ဒါ (သို့မဟုတ်) ကယ်လ်ဆီယမ်အောက်ဆိုဒ်ကို ထုတ်လုပ်သည်။
Quicklime ကို ရေနှင့်ရောစပ်လျှင် ဖောက်ထုံး (သို့မဟုတ်) ကယ်လ်ဆီယမ် ဟိုက်ဒရောဆိုဒ်ကို ရသည်။
သီအိုရီအရဆိုလျှင် အဆိုပါဖောက်ထုံးကို ရှေးခေတ်ရောမတို့က Pozzolana နှင့် ရောစပ်ခြင်း ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: We Finally Know Why Ancient Roman Concrete Stood The Test of Time (sciencealert)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service