တစ်နှစ်တာအတွင်း ရူပီး ကုဋေ ၁၀၀၀ လှူဒါန်းခဲ့သော အိန္ဒိယ၏ အရက်ရောဆုံး သူဌေးကြီး ၊ ရူပီး ကုဋေ ၂၀၀၀၀၀ ချမ်းသာသော သူဌေးကြီး ရှစ်ဗ်နာဒါက သမီးဖြစ်သူကို ရူပီး ၁၁၅ ကုဋေတန် နေအိမ်တစ်လုံး လက်ဆောင်ပေး
တစ်နှစ်တာအတွင်း ရူပီး ကုဋေ ၁၀၀၀ လှူဒါန်းခဲ့သော အိန္ဒိယ၏ အရက်ရောဆုံး သူဌေးကြီး ၊ ရူပီး ကုဋေ ၂၀၀၀၀၀ ချမ်းသာသော သူဌေးကြီး ရှစ်ဗ်နာဒါက သမီးဖြစ်သူကို ရူပီး ၁၁၅ ကုဋေတန် နေအိမ်တစ်လုံး လက်ဆောင်ပေး - Property News in Myanmar from iMyanmarHouse.com
24 Jul 2023 9:53 am တွင် တင်ခဲ့သည်
434 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အိန္ဒိယသူဌေးကြီး ရှစ်ဗ်နာဒါသည် အိန္ဒိယနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် တစ်ဦးအပါအဝင် ဖြစ်သည်။
ဖော့ဘ်မဂ္ဂဇင်းကြီးက ၂၀၂၃ ခုနှစ်အတွင်း ဖော်ပြခဲ့သော အချက်အလက်များအရ မူကက်ရှ်အမ်ဘာနီ ၊ ဂေါသမ်အဒါနီနှင့် ဆိုင်းရပ်စ် ပုဏ္ဏဝါလတို့ပြီးလျှင် အိန္ဒိယ၏ စတုတ္ထမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း ဖော်ပြသည်။
သူသည် ကိုယ်ထူးကိုယ်ချွန်ဘီလျံနာကြီးဖြစ်ပြီး လူ့အသိုက်အဝန်းကို ပြန်လည်လှူဒါန်းမှုများ ပြုလုပ်ရမည်ဟု လက်ခံယုံကြည်ထားသူ ဖြစ်သည်။ သူ၏ မိသားစုက Shiv Nadar Foundation ဟူ၍ သူ၏ အမည်ဖြင့် ပရဟိတဖောင်ဒေးရှင်းတစ်ခု တည်ထောင်ထားသည်။
အဆိုပါအဖွဲ့က အဓိကလှူဒါန်းသည်မှာ ပညာရေးကဏ္ဍတွင် ဖြစ်သည်။ ၂၀၂၂ ခုနှစ်အတွင်း ရှစ်ဗ်နာဒါသည် ရူပီး ကုဋေ ၁၀၀၀ ကျော်လှူဒါန်းခဲ့ပြီး အိန္ဒိယ၏ အချမ်းသာဆုံးပုဂ္ဂိုလ် မူကက်ရှ်အမ်ဘာနီထက် ပိုမိုလှူဒါန်းခဲ့ခြင်းလည်း ဖြစ်သည်။
Hurun India Philanthropy က ဖော်ပြခဲ့သော ၂၀၂၂ ခုနှစ် စာရင်းအရ ရှစ်ဗ်နာဒါသည် ရူပီး ၁၁၆၁ ကုဋေ လှူဒါန်းခဲ့ပြီး သူဌေးကြီး အဂျီးမ် ပရင်မ်ဂျီက ရူပီး ၄၈၄ ကုဋေ လှူဒါန်းခဲ့ကာ မူကက်ရှ်အမ်ဘာနီမှာ ၄၁၁ ကုဋေ လှူဒါန်းခဲ့ကြောင်း ဖော်ပြသည်။
ရှစ်ဗ်နာဒါသည် တမီးလ်နာဒူးပြည်နယ် ၊ မူးလိပါဇီမြို့တွင် ၁၉၄၅ ခုနှစ်၌ မွေးဖွားခဲ့သည်။
သူ၏ မိဘများမှာ လူလတ်တန်းစားများ ဖြစ်ကြသည်။
တမီးလ်နာဒူးပြည်နယ် ၊ Coimbatore မြို့ရှိ PSG နည်းပညာကောလိပ်မှ လျှပ်စစ်အင်ဂျင်နီယာဖြင့် ကျောင်းပြီးခဲ့သည်။
အသက် ၂၁ နှစ်အရွယ်ထိ အင်္ဂလိပ်စကား မပြောတတ်ခဲ့။
၁၉၆၇ ခုနှစ်တွင် ပြွန်းမြို့ရှိ Cooper Engineering Limited တွင် ဝင်ရောက် အလုပ်လုပ်ကိုင်ခဲ့သည်။
၁၉၇၀ ပြည့်လွန် ၊ အလယ်ပိုင်းကာလများတွင် ရှစ်ဗ်နာဒါက HCL Technologies ကုမ္ပဏီကို တည်ထောင်ခဲ့သည်။
ထိုကုမ္ပဏီ ကနဦးလုပ်ကိုင်သည်မှာ ဟာ့ဒ်ဝဲလုပ်ငန်းဖြစ်ပြီး စင်္ကာပူကုမ္ပဏီတစ်ခုကို ထောက်ပံ့ပေးရခြင်း ဖြစ်သည်။
ဒေလီမြို့ရှိ ဂိုဒေါင်တစ်ခုထဲတွင် ကုမ္ပဏီကို စတင်ခဲ့ပြီး ၁၉၈၀ အစောပိုင်းကာလများတွင် ဝင်ငွေရူပီး ၁ သန်းရရှိကာ ပထမဆုံး အောင်မြင်မှုများ ရရှိခဲ့သည်။
ဖော့ဘ်မဂ္ဂဇင်းကြီး၏ ဖော်ပြချက်အရ သူ၏ လက်ရှိကြွယ်ဝမှုမှာ ရူပီး ၂၀၇၇၀၀ ကုဋေ (ကန်ဒေါ်လာ ၂၅ ဒသမ ၃ ဘီလီယံ) ရှိသည်ဟု ဆိုသည်။
ရှစ်ဗ်နာဒါသည် သူ၏ ပရဟိတအဖွဲ့သို့ လက်ရှိအချိန်အထိ စုစုပေါင်း ရူပီး ကုဋေ ၉၀၀၀ လှူဒါန်းထားပြီ ဖြစ်သည်။
ရှစ်ဗ်နာဒါသည် ၂၀၂၀ ပြည့်နှစ်တွင် ကုမ္ပဏီဥက္ကဌအဖြစ်မှ နှုတ်ထွက်ခဲ့ပြီး သူ၏သမီး ရိုရှနိ နာဒါ မယ်ဟိုထရာက ဦးဆောင်နေသည်။
ရိုရှနိသည် ရူပီး ကုဋေ ၈၀၀၀၀ ချမ်းသာကြွယ်ဝပြီး အိန္ဒိယ၏ အချမ်းသာဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင် ဖြစ်သည်။
ရှစ်ဗ်နာဒါသည် ၂၀၁၄ ခုနှစ်တွင် အိန္ဒိယ၏ မြို့တော် နယူးဒေလီတွင် ရူပီး ၁၁၅ ကုဋေတန်စံအိမ်တစ်လုံး ဝယ်ယူခဲ့ပြီး သမီးဖြစ်သူ ရိုရှနိကို လက်ဆောင်ပေးခဲ့သည်။
အဆိုပါစံအိမ်၏ အကျယ်အဝန်းမှာ ၁၉၃၀ စတုရန်းကိုက် ကျယ်ဝန်းသည်။ ရိုရှနိသည် စီးပွားရေးလုပ်ငန်းရှင် ရှီးခါး မာဟိုထရာနှင့် လက်ထပ်ခဲ့သည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည်။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Meet Shiv Nadar, man with Rs 2.07 lakh crore who gifted Rs 115 crore Delhi house, bigger donor than Mukesh Ambani (dnaindia)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...
[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
Central Shop House
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service