လီယိုနာဒို ဒီကာပရီယို ဇူလိုင်လ အစောပိုင်းက ၂ ရက်တာ ငှါးရမ်းအပန်းဖြေခဲ့သော နယူးယောက်မြို့၊ လောင်းအိုင်းလန်းမှ ဒေါ်လာ ၂၉ သန်းတန် စံအိမ်

လီယိုနာဒို ဒီကာပရီယို ဇူလိုင်လ အစောပိုင်းက ၂ ရက်တာ ငှါးရမ်းအပန်းဖြေခဲ့သော နယူးယောက်မြို့၊ လောင်းအိုင်းလန်းမှ ဒေါ်လာ ၂၉ သန်းတန် စံအိမ် - Property News in Myanmar from iMyanmarHouse.com
19 Jul 2023 1:41 pm တွင် တင်ခဲ့သည်
737 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဟောလိဝုဒ်ကြယ်ပွင့် လီယိုနာဒို ဒီကာပရီယိုသည် ဇူလိုင်လအစောပိုင်းက သူ၏ မိတ်ဆွေ ၇ ဦးနှင့်အတူ နယူးယောက်မြို့၊ လောင်းအိုင်းလန်းအရှေ့ပိုင်း Hamptons အရပ်ရှိ ဒေါ်လာ ၂၉ သန်းတန် စံအိမ်တစ်လုံးကို ၂ ရက်တာ ငှားရမ်းကာ အချိန်ကုန်လွန်ဖြတ်သန်းခဲ့ကြောင်း နယူးယောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြသည်။

Hamptons အရပ်၊ Sagaponack ကျေးရွာ၊ Sagg Main လမ်း ၊ အမှတ် ၂၁၉ တွင် တည်ရှိသော စံအိမ်ကို Kristen Farrell & Co က ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ဒီကာပရီယိုနှင့်အဖွဲ့သည် အဆိုပါစံအိမ်ကို စနေနေ့ မနက်ပိုင်းတွင် စုံစမ်းမေးမြန်းကာ စနေနေ့ မွန်းလွဲပိုင်းတွင် ရောက်ရှိလာကြပြီး တနင်္လာနေ့တွင် ထိုအိမ်မှ ပြန်လည်ထွက်ခွာခဲ့ကြကာ နေအိမ်ကို သန့်ရှင်းစွာ ထားရှိခဲ့သည်ဟု ဆိုသည်။

၎င်းတို့၏ ၂ ရက်တာ ငှားရမ်းမှုတွင် အိန္ဒိယမှ အမျိုးသမီးတစ်ဦးက လက်မှတ်ရေးထိုးခဲ့သည်ဟု ဆိုသည်။

“သူတို့တွေက မိုက်ကယ်ရူဘင်ရဲ့ လွတ်လပ်ရေးနေ့ ပါတီပွဲအတွက် လာခဲ့ကြတာပါ”ဟု သတင်းရင်းမြစ် တစ်ခုက ပြောသည်။

 

(မှတ်ချက်။ မိုက်ကယ်ရူဘင်မှာ အမေရိကန် စီးပွားရေးလုပ်ငန်းရှင် ဘီလျံနာကြီးဖြစ်သည်။)

 

လီယိုနာဒိုဒီကာပရီယို (၄၈ နှစ်) နှင့် စူပါမော်ဒယ် ဂျီဂျီဟာဒစ် (၂၈ နှစ်) တို့သည် East End ဟုလည်း ခေါ်ကြသော Hamptons အရပ်တွင် အတူတကွ အချိန်ကုန်လွန် ဖြတ်သန်းခဲ့ကြသည်ဟု ဆိုသည်။

သို့သော် ဂျီဂျီဟာဒစ်သည် ဒီကာပရီယို ငှားရမ်းခဲ့သောအိမ်တွင် နေထိုင်ခဲ့ခြင်းမရှိသည့်အပြင် ကြယ်ပွင့်များစွာ လာရောက်ကြသော မိုက်ကယ်ရူဘင်၏ ပါတီပွဲသို့လည်း တက်ရောက်ခဲ့ခြင်း မရှိချေ။

 

(လီယိုနာဒိုဒီကာပရီယို။ ဓာတ်ပုံ-Getty Images)

 

(နာမည်ကြီး အိမ်ခြံမြေ Developer ဂျိုးဖဲရဲ နှင့် ၂၀၂၂ ခုနှစ်တွင် ကွာရှင်းပြီးနောက်ပိုင်း ဇနီးဖြစ်သူ ခရစ်စတင်းဖဲရဲက ဤစံအိမ်ကို ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ- Harris Allen)

 

ဒီကာပရီယိုနှင့်အဖွဲ့က ယခုထက် လူအင်အား ပိုမိုများပြားစွာ တည်းခိုနေထိုင်လိုသော်လည်း အဆိုပါ နေအိမ်၏ စည်းကမ်းများကို လိုက်နာခဲ့ကြရသည်။

ထိုနေအိမ်မှ စည်းကမ်းများကား နေထိုင်မည့်သူ ၈ ဦးထက် မကျော်လွန်ရခြင်းနှင့် ၎င်းတို့အတွက် ဝန်ထမ်းများစွာ ထားရှိခြင်းများကို လက်မခံချေ။

နာမည်ကြီး အိမ်ခြံမြေ Developer ဂျိုးဖဲရဲ (Joe Farrell) နှင့် ၂၀၂၂ ခုနှစ်တွင် ကွာရှင်းပြီးနောက်ပိုင်း ဇနီးဖြစ်သူ ခရစ်စတင်းဖဲရဲက ဤစံအိမ်ကို ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ခရစ်စတင်းက ဤစံအိမ်ကို ဒေါ်လာ ၁၂ သန်းဖြင့် ဝယ်ယူခဲ့ပြီး တစ်နှစ်ခန့်အချိန်ယူကာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

ယင်းနောက် သူမက ပြီးခဲ့သောဇွန်လတွင် ဒေါ်လာ ၂၈ ဒသမ ၉၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့သည်။

 

 

(စံအိမ်အကျယ်အဝန်းမှာ ၁၅၄၅၄ စတုရန်းပေ ရှိသည်။ ဓာတ်ပုံ- Harris Allen)

 

(ခြံဝန်းအကျယ် ၃ ဧက ရှိပြီး ရေကူးကန်တစ်ခုနှင့် စပါးကျီ ၂ ခုပါဝင်သည်။ ဓာတ်ပုံ- Harris Allen)

 

ပင်မစံအိမ်တွင် အိပ်ခန်း ၉ ခန်းပါဝင်ပြီး ရေကူးကန်ဘေးအိမ် ၊ ရေကူးကန် ၊ တင်းနစ်ကွင်း ၊ ရုပ်ရှင်ခန်း ၊ အားကစားလေ့ကျင့်ခန်းမ ၊ Spa နှင့် ၁၉၀၀ ပြည့်လွန်ကာလများက စပါးကျီ ၂ ခု ပါဝင်သည်။

 

(လွတ်လပ်ရေးနေ့ပါတီပွဲတွင် မိုက်ကယ်ရူဘင်…အလယ်…ကို ဒီကာပရီယို ၊ အခြားအကျော်အမော်တို့နှင့် တွေ့ရပုံ။ ဓာတ်ပုံ-Instagram)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside the $29M Hamptons home Leonardo DiCaprio rented for the weekend (nypost)

 

 

 

[Zawgyi]

လီယိုနာဒို ဒီကာပရီယို ဇူလိုင္လ အေစာပိုင္းက ၂ ရက္တာ ငွါးရမ္းအပန္းေျဖခဲ့ေသာ နယူးေယာက္ျမိဳ႕၊ ေလာင္းအိုင္းလန္းမွ ေဒၚလာ ၂၉ သန္းတန္ စံအိမ္

 

ေဟာလိဝုဒ္ၾကယ္ပြင့္ လီယိုနာဒို ဒီကာပရီယိုသည္ ဇူလိုင္လအေစာပိုင္းက သူ၏ မိတ္ေဆြ ၇ ဦးႏွင့္အတူ နယူးေယာက္ျမိဳ႕၊ ေလာင္းအိုင္းလန္းအေရွ႕ပိုင္း Hamptons အရပ္ရွိ ေဒၚလာ ၂၉ သန္းတန္ စံအိမ္တစ္လံုးကို ၂ ရက္တာ ငွားရမ္းကာ အခ်ိန္ကုန္လြန္ျဖတ္သန္းခဲ့ေၾကာင္း နယူးေယာက္ပို႔စ္ သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

Hamptons အရပ္၊ Sagaponack ေက်းရြာ၊ Sagg Main လမ္း ၊ အမွတ္ ၂၁၉ တြင္ တည္ရွိေသာ စံအိမ္ကို Kristen Farrell & Co က ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

ဒီကာပရီယိုႏွင့္အဖြဲ႔သည္ အဆိုပါစံအိမ္ကို စေနေန႔ မနက္ပိုင္းတြင္ စံုစမ္းေမးျမန္းကာ စေနေန႔ မြန္းလြဲပိုင္းတြင္ ေရာက္ရွိလာၾကျပီး တနလၤာေန႔တြင္ ထိုအိမ္မွ ျပန္လည္ထြက္ခြာခဲ့ၾကကာ ေနအိမ္ကို သန္႔ရွင္းစြာ ထားရွိခဲ့သည္ဟု ဆိုသည္။

၎တို႔၏ ၂ ရက္တာ ငွားရမ္းမႈတြင္ အိႏိၵယမွ အမ်ဳိးသမီးတစ္ဦးက လက္မွတ္ေရးထိုးခဲ့သည္ဟု ဆုိသည္။

“သူတို႔ေတြက မိုက္ကယ္ရူဘင္ရဲ႕ လြတ္လပ္ေရးေန႔ ပါတီပြဲအတြက္ လာခဲ့ၾကတာပါ”ဟု သတင္းရင္းျမစ္ တစ္ခုက ေျပာသည္။

(မွတ္ခ်က္။ မိုက္ကယ္ရူဘင္မွာ အေမရိကန္ စီးပြားေရးလုပ္ငန္းရွင္ ဘီလ်ံနာၾကီးျဖစ္သည္။)

လီယိုနာဒိုဒီကာပရီယို (၄၈ ႏွစ္) ႏွင့္ စူပါေမာ္ဒယ္ ဂ်ီဂ်ီဟာဒစ္ (၂၈ ႏွစ္) တို႔သည္ East End ဟုလည္း ေခၚၾကေသာ Hamptons အရပ္တြင္ အတူတကြ အခ်ိန္ကုန္လြန္ ျဖတ္သန္းခဲ့ၾကသည္ဟု ဆိုသည္။

သို႔ေသာ္ ဂ်ီဂ်ီဟာဒစ္သည္ ဒီကာပရီယို ငွားရမ္းခဲ့ေသာအိမ္တြင္ ေနထိုင္ခဲ့ျခင္းမရွိသည့္အျပင္ ၾကယ္ပြင့္မ်ားစြာ လာေရာက္ၾကေသာ မိုက္ကယ္ရူဘင္၏ ပါတီပြဲသို႔လည္း တက္ေရာက္ခဲ့ျခင္း မရွိေခ်။

(လီယိုနာဒိုဒီကာပရီယို။ ဓာတ္ပံု-Getty Images)

(နာမည္ၾကီး အိမ္ျခံေျမ Developer ဂ်ဳိးဖဲရဲ ႏွင့္ ၂၀၂၂ ခုႏွစ္တြင္ ကြာရွင္းျပီးေနာက္ပုိင္း ဇနီးျဖစ္သူ ခရစ္စတင္းဖဲရဲက ဤစံအိမ္ကို ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။ ဓာတ္ပံု- Harris Allen)

ဒီကာပရီယိုႏွင့္အဖဲြ႔က ယခုထက္ လူအင္အား ပိုမိုမ်ားျပားစြာ တည္းခိုေနထိုင္လိုေသာ္လည္း အဆိုပါ ေနအိမ္၏ စည္းကမ္းမ်ားကို လုိက္နာခဲ့ၾကရသည္။

ထိုေနအိမ္မွ စည္းကမ္းမ်ားကား ေနထိုင္မည့္သူ ၈ ဦးထက္ မေက်ာ္လြန္ရျခင္းႏွင့္ ၎တုိ႔အတြက္ ဝန္ထမ္းမ်ားစြာ ထားရွိျခင္းမ်ားကို လက္မခံေခ်။

နာမည္ၾကီး အိမ္ျခံေျမ Developer ဂ်ဳိးဖဲရဲ (Joe Farrell) ႏွင့္ ၂၀၂၂ ခုႏွစ္တြင္ ကြာရွင္းျပီးေနာက္ပုိင္း ဇနီးျဖစ္သူ ခရစ္စတင္းဖဲရဲက ဤစံအိမ္ကို ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

ခရစ္စတင္းက ဤစံအိမ္ကို ေဒၚလာ ၁၂ သန္းျဖင့္ ဝယ္ယူခဲ့ျပီး တစ္ႏွစ္ခန္႔အခ်ိန္ယူကာ ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။

ယင္းေနာက္ သူမက ျပီးခဲ့ေသာဇြန္လတြင္ ေဒၚလာ ၂၈ ဒသမ ၉၅ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ခဲ့သည္။

(စံအိမ္အက်ယ္အဝန္းမွာ ၁၅၄၅၄ စတုရန္းေပ ရွိသည္။ ဓာတ္ပံု- Harris Allen)

(ျခံဝန္းအက်ယ္ ၃ ဧက ရွိျပီး ေရကူးကန္တစ္ခုႏွင့္ စပါးက်ီ ၂ ခုပါဝင္သည္။ ဓာတ္ပံု- Harris Allen)

ပင္မစံအိမ္တြင္ အိပ္ခန္း ၉ ခန္းပါဝင္ျပီး ေရကူးကန္ေဘးအိမ္ ၊ ေရကူးကန္ ၊ တင္းနစ္ကြင္း ၊ ရုပ္ရွင္ခန္း ၊ အားကစားေလ့က်င့္ခန္းမ ၊ Spa ႏွင့္ ၁၉၀၀ ျပည့္လြန္ကာလမ်ားက စပါးက်ီ ၂ ခု ပါဝင္သည္။

(လြတ္လပ္ေရးေန႔ပါတီပြဲတြင္ မိုက္ကယ္ရူဘင္…အလယ္…ကို ဒီကာပရီယို ၊ အျခားအေက်ာ္အေမာ္တို႔ႏွင့္ ေတြ႔ရပံု။ ဓာတ္ပံု-Instagram)

 

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Inside the $29M Hamptons home Leonardo DiCaprio rented for the weekend (nypost)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service