ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
[Unicode]
ကမ္ဘာကျော် တေးဂီတအဖွဲ့ကြီး CCR (Creedence Clearwater Revival) ၏ သီချင်းများကို မြန်မာနိုင်ငံတွင် လူသိများသည်။
မြန်မာနိုင်ငံတွင် ကော်ပီပြန်လည်သီဆိုမှု အများဆုံးဂီတအဖွဲ့များတွင် CCR မှာ ထိပ်ဆုံးမှ ပါဝင်သည်။
(မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုများ)
Pagaan Baby -ဧည့်ခန်းဆောင်မှအသံများ- ကျော်ဟိန်း
Cotton Field မီးပြတိုက် -ကျော်ဟိန်း
Suzi Q ဆိုးမိဆိုး- ကျော်ဟိန်း
It came out of the sky -ဧည့်သည်တစ်ယောက်အကြောင်း- ဇော်ဝင်းထွဋ်
Bad Moon Rising နှင်းခဲမီးရဲ မိုးမဲစေ - မေဆွိ
Hideaway - ရွှေတောင်ကြား- ရင်ဂို
Have you ever seen the rain-သမ္မတရုံက ချစ်ပုံပြင်- ဘိုဘိုဟန် (ဇော်ဝင်းထွဋ်-ဖက်ရှင်မလေး)
(CCR ၏ သီချင်းများကို မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှု အလွန်များပြားပါသည်။ အခြားသီချင်းများ များစွာ ကျန်ရှိပါသေးသည်။)
ကမ္ဘာကျော် တေးဂီတအဖွဲ့ကြီး Creedence Clearwater Revival (CCR) ၏ ရှေ့ထွက်အဆိုတော် ဂျွန် ဖိုဂါတီ (John Fogerty) သည် အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိမြို့မှ ၁၅ မိုင်ခန့်အကွာ Thousand Oaks မြို့မှ စံအိမ်ကို ဒေါ်လာ ၁၉၉၉၅၀၀၀ ဈေးခေါ်ကာ အရောင်းဈေးကွက်တင်လာသည်။
TMZ သတင်းဌာန၏ ဖော်ပြချက်အရ ဖိုဂါတီသည် အိပ်ခန်း ၉ ခန်း ၊ ရေချိုးခန်း ၁၂ ခန်းပါသော စံအိမ်ကို လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုခန့်က ဒေါ်လာ ၉ သန်းဖြင့် ဝယ်ယူခဲ့သည်ဟု ဆိုသည်။
ဝယ်ယူပြီးနောက်ပိုင်း ဖိုဂါတီနှင့် ဇနီးဖြစ်သူ ဂျူလီတို့သည် စံအိမ်နေရာအများစုကို ပြန်လည်ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ခဲ့သည်။
(ရေကူးကန်။ ဓာတ်ပုံ-Realtor)
Hidden Valley ၏ ဂိတ်ဝန်းခတ် အိမ်ယာဝန်းအတွင်း တည်ရှိပြီး Napa ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားကာ ရင်သပ်ရှုမောဖွယ် တောင်တန်းနှင့် ပင်လယ်ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည်။
စံအိမ်နေရာအများစုကို တစ်ထပ်ဆောက်လုပ်ထားပြီး အကျယ်အဝန်း ၁၈၆၀၀ စတုရန်းပေ ရှိကာ ဗိသုကာပညာရှင် Ron Firestone က ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။
(စံအိမ်အပြင်ဘက်မြင်ကွင်း။ ဓာတ်ပုံ-Realtor)
(စံအိမ်နေရာအများစုကို တစ်ထပ်သာ ဆောက်လုပ်ထားသည်။ ဓာတ်ပုံ-Realtor)
စံအိမ်အတွင်း ထုတ်တန်းဖော် မျက်နှာကြက်များရှိသော အခန်းကြီးတစ်ခု ၊ ကျောက်တုန်းမီးလင်းဖို ၊ သစ်ကြမ်းခင်းများ ၊ အကောင်းမွန်ဆုံး အရည်အသွေးရှိသော အလိုအလျောက် အဖွင့်ပိတ်စနစ်ပါ ပြတင်းပေါက်များနှင့် designer မီးလုံးများ တွေ့ရမည် ဖြစ်သည်။
မီးဖိုဆောင်တွင် ဗဟိုမီးဖိုခုံ၊ စကျင်ကျောက် စားပွဲမျက်နှာပြင်များနှင့် ပြည်ပမှ တင်သွင်းလာသော စိတ်ကြိုက်မှာယူထားသည့် ဗီရိုစင်တို့ ရှိသည်။ ထို့အပြင် မီးဖိုဆောင်အတွင်း ရေခဲသေတ္တာ ၊ Freezer နှင့် ပန်းကန်ဆေးစက်တို့လည်း ရှိသည်။
(မီးဖိုဆောင် ။ ဓာတ်ပုံ-Realtor)
(ထုတ်တန်းဖော် မျက်နှာကြက်များနှင့် သစ်မာသားကြမ်းခင်း။ ဓာတ်ပုံ-Realtor)
(စကျင်ကျောက်ပြား ခင်းကျင်းထားသော စင်္ကြန်လမ်း။ ဓာတ်ပုံ-Realtor)
(အသံဖမ်းစတူဒီယို ၂ ခုပါဝင်သည်။ ဓာတ်ပုံ-Realtor)
(အရက်ဘား။ ဓာတ်ပုံ-Realtor)
(ပန်းဥယျာဉ်။ ဓာတ်ပုံ-Realtor)
(နားနေဆောင်။ ဓာတ်ပုံ-Realtor)
(မီးဖိုနေရာ။ ဓာတ်ပုံ-Realtor)
(စံအိမ်၏ ကောင်းကင်မြင်ကွင်း။ ဓာတ်ပုံ-Realtor)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Rocker John Fogerty Is Asking Nearly $20M for His Lavish Thousand Oaks Estate (realtor)
[Zawgyi]
ကမၻာေက်ာ္ ေတးဂီတအဖြဲ႔ၾကီး CCR ၏ ေရွ႕ထြက္အဆိုေတာ္ John Fogerty ကယ္လီဖုိးနီးယားျပည္နယ္မွ စံအိမ္ကို ေဒၚလာ သန္း ၂၀ နီးပါးျဖင့္ ေရာင္းမည္
ကမၻာေက်ာ္ ေတးဂီတအဖြဲ႔ၾကီး CCR (Creedence Clearwater Revival) ၏ သီခ်င္းမ်ားကို ျမန္မာႏိုင္ငံတြင္ လူသိမ်ားသည္။
ျမန္မာႏိုင္ငံတြင္ ေကာ္ပီျပန္လည္သီဆိုမႈ အမ်ားဆံုးဂီတအဖြဲ႔မ်ားတြင္ CCR မွာ ထိပ္ဆံုးမွ ပါဝင္သည္။
(ျမန္မာႏိုင္ငံတြင္ ျပန္လည္သီဆိုမႈမ်ား)
Pagaan Baby -ဧည့္ခန္းေဆာင္မွအသံမ်ား- ေက်ာ္ဟိန္း
Cotton Field မီးျပတိုက္ -ေက်ာ္ဟိန္း
Suzi Q ဆိုးမိဆိုး- ေက်ာ္ဟိန္း
It came out of the sky -ဧည့္သည္တစ္ေယာက္အေၾကာင္း- ေဇာ္ဝင္းထြဋ္
Bad Moon Rising ႏွင္းခဲမီးရဲ မိုးမဲေစ - ေမဆြိ
Hideaway - ေရႊေတာင္ၾကား- ရင္ဂို
Have you ever seen the rain-သမၼတရံုက ခ်စ္ပံုျပင္- ဘိုဘိုဟန္ (ေဇာ္ဝင္းထြဋ္-ဖက္ရွင္မေလး)
(CCR ၏ သီခ်င္းမ်ားကို ျမန္မာႏိုင္ငံတြင္ ျပန္လည္သီဆိုမႈ အလြန္မ်ားျပားပါသည္။ အျခားသီခ်င္းမ်ား မ်ားစြာ က်န္ရွိပါေသးသည္။)
ကမၻာေက်ာ္ ေတးဂီတအဖြဲ႔ၾကီး Creedence Clearwater Revival (CCR) ၏ ေရွ႕ထြက္အဆိုေတာ္ ဂၽြန္ ဖိုဂါတီ (John Fogerty) သည္ အေမရိကန္ျပည္ ကယ္လီဖုိးနီးယားျပည္နယ္ ေလာ့စ္အိန္ဂ်လိျမိဳ႕မွ ၁၅ မိုင္ခန္႔အကြာ Thousand Oaks ျမဳိ႕မွ စံအိမ္ကို ေဒၚလာ ၁၉၉၉၅၀၀၀ ေစ်းေခၚကာ အေရာင္းေစ်းကြက္တင္လာသည္။
TMZ သတင္းဌာန၏ ေဖာ္ျပခ်က္အရ ဖိုဂါတီသည္ အိပ္ခန္း ၉ ခန္း ၊ ေရခ်ဳိးခန္း ၁၂ ခန္းပါေသာ စံအိမ္ကုိ လြန္ခဲ့ေသာ ဆယ္စုႏွစ္ တစ္ခုခန္႔က ေဒၚလာ ၉ သန္းျဖင့္ ဝယ္ယူခဲ့သည္ဟု ဆုိသည္။
ဝယ္ယူျပီးေနာက္ပိုင္း ဖိုဂါတီႏွင့္ ဇနီးျဖစ္သူ ဂ်ဴလီတို႔သည္ စံအိမ္ေနရာအမ်ားစုကို ျပန္လည္ဒီဇိုင္းေရးဆြဲ ေဆာက္လုပ္ခဲ့သည္။
(ေရကူးကန္။ ဓာတ္ပံု-Realtor)
Hidden Valley ၏ ဂိတ္ဝန္းခတ္ အိမ္ယာဝန္းအတြင္း တည္ရွိျပီး Napa ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားကာ ရင္သပ္ရႈေမာဖြယ္ ေတာင္တန္းႏွင့္ ပင္လယ္ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆုိင္ထားသည္။
စံအိမ္ေနရာအမ်ားစုကို တစ္ထပ္ေဆာက္လုပ္ထားျပီး အက်ယ္အဝန္း ၁၈၆၀၀ စတုရန္းေပ ရွိကာ ဗိသုကာပညာရွင္ Ron Firestone က ဒီဇိုင္းေရးဆြဲေပးခဲ့ျခင္း ျဖစ္သည္။
(စံအိမ္အျပင္ဘက္ျမင္ကြင္း။ ဓာတ္ပံု-Realtor)
(စံအိမ္ေနရာအမ်ားစုကုိ တစ္ထပ္သာ ေဆာက္လုပ္ထားသည္။ ဓာတ္ပံု-Realtor)
စံအိမ္အတြင္း ထုတ္တန္းေဖာ္ မ်က္ႏွာၾကက္မ်ားရွိေသာ အခန္းၾကီးတစ္ခု ၊ ေက်ာက္တုန္းမီးလင္းဖို ၊ သစ္ၾကမ္းခင္းမ်ား ၊ အေကာင္းမြန္ဆံုး အရည္အေသြးရွိေသာ အလိုအေလ်ာက္ အဖြင့္ပိတ္စနစ္ပါ ျပတင္းေပါက္မ်ားႏွင့္ designer မီးလံုးမ်ား ေတြ႔ရမည္ ျဖစ္သည္။
မီးဖိုေဆာင္တြင္ ဗဟိုမီးဖိုခံု၊ စက်င္ေက်ာက္ စားပြဲမ်က္ႏွာျပင္မ်ားႏွင့္ ျပည္ပမွ တင္သြင္းလာေသာ စိတ္ၾကိဳက္မွာယူထားသည့္ ဗီရုိစင္တို႔ ရွိသည္။ ထုိ႔အျပင္ မီးဖိုေဆာင္အတြင္း ေရခဲေသတၱာ ၊ Freezer ႏွင့္ ပန္းကန္ေဆးစက္တုိ႔လည္း ရွိသည္။
(မီးဖိုေဆာင္ ။ ဓာတ္ပံု-Realtor)
(ထုတ္တန္းေဖာ္ မ်က္ႏွာၾကက္မ်ားႏွင့္ သစ္မာသားၾကမ္းခင္း။ ဓာတ္ပံု-Realtor)
(စက်င္ေက်ာက္ျပား ခင္းက်င္းထားေသာ စၾကၤန္လမ္း။ ဓာတ္ပံု-Realtor)
(အသံဖမ္းစတူဒီယို ၂ ခုပါဝင္သည္။ ဓာတ္ပံု-Realtor)
(အရက္ဘား။ ဓာတ္ပံု-Realtor)
(ပန္းဥယ်ာဥ္။ ဓာတ္ပံု-Realtor)
(နားေနေဆာင္။ ဓာတ္ပံု-Realtor)
(မီးဖိုေနရာ။ ဓာတ္ပံု-Realtor)
(စံအိမ္၏ ေကာင္းကင္ျမင္ကြင္း။ ဓာတ္ပံု-Realtor)
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Rocker John Fogerty Is Asking Nearly $20M for His Lavish Thousand Oaks Estate (realtor)