ကမ္ဘာ့ပထမဆုံး မိုးပျံကားများကို ဒေါ်လာ ၃၀၀,၀၀၀ ဖြင့် preorder ရောင်းချပေးလျက်ရှိရာ မှာယူသူ အလွန်များပြားလာနေပြီး ဒေါ်လာ သန်း ၂၅၀ ဖိုး အမှာစာများ ရရှိထား

ကမ္ဘာ့ပထမဆုံး မိုးပျံကားများကို ဒေါ်လာ ၃၀၀,၀၀၀ ဖြင့် preorder ရောင်းချပေးလျက်ရှိရာ မှာယူသူ အလွန်များပြားလာနေပြီး ဒေါ်လာ သန်း ၂၅၀ ဖိုး အမှာစာများ ရရှိထား - Property News in Myanmar from iMyanmarHouse.com
14 Jul 2023 11:26 am တွင် တင်ခဲ့သည်
562 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် Alef Aeronautics ကုမ္ပဏီက ကမ္ဘာ့ပထမဆုံး လျှပ်စစ်စွမ်းအင်သုံး မိုးပျံမော်တော်ကားများ စမ်းသပ်လျက်ရှိပြီး ပြည်ထောင်စု လေကြောင်းအာဏာပိုင်အဖွဲ့ထံမှ စမ်းသပ်မောင်းနှင်မှု ခွင့်ပြုချက် ရရှိထားပြီဖြစ်ကာ ဒေါ်လာ ၃၀၀,၀၀၀ ဖြင့် ရောင်းချမည့် မော်တော်ကားကို ကြိုတင်မှာယူသူများ အလွန်များပြားလျက်ရှိနေသည်။

ပြီးခဲ့သောနှစ် အောက်တိုဘာလကတည်းက မိုးပျံကား ဝယ်ယူလိုသူတို့က Model A အမျိုးအစား မိုးပျံကားကို Preorder ဝယ်ယူမှုပမာဏမှာ ဒေါ်လာ သန်း ၂၅၀ ကျော်ဖိုးအထိ ရှိကြောင်း Alef Aeronautics က Business Insider သတင်းဌာနသို့ ပြီးခဲ့သော တနင်္လာနေ့က ပြောသည်။

“မှာယူမှု အများစုက တစ်ဦးချင်း ဝယ်ယူသူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ B2B သဘောတူညီချက်နဲ့ ဝယ်ယူမှုတွေလည်း အများကြီးရှိပါတယ်”ဟု အဆိုပါ ကုမ္ပဏီက Insider သတင်းဌာနသို့ ပြောသည်။

Alef Aeronautics ကုမ္ပဏီက အမှာစာရရှိထားသည့် ကားအစင်းရေ ပမာဏအတိအကျကို မထုတ်ပြန်သော်လည်း အနည်းဆုံး ၈၃၄ စင်း ရှိမည်ဖြစ်သည်။

Alef Aeronautics ကုမ္ပဏီက ပြောခဲ့ဖူးသည်မှာ ၂၀၂၂ ခုနှစ် ၊ စတုတ္ထ ၃ လပတ်ကာလအတွင်း Preorder မှာယူသည့် မော်တော်ယာဉ်စင်းရေ ၄၄၀ ရှိပြီး ယင်းအနက် ဟောင်ကောင်အခြေစိုက် လေကြောင်းနည်းပညာ ကုမ္ပဏီတစ်ခုမှ မှာယူမှုလည်း ပါဝင်ကြောင်း ပြောသည်။

Model A အမျိုးအစား မိုးပျံကားများကို ပြီးခဲ့သော အောက်တိုဘာလက စတင်ကာ အကြိုရောင်းချပေးခဲ့သည်။

ဝယ်ယူလိုသူများအနေဖြင့် ဒေါ်လာ ၁၅၀ Deposit ပေးသွင်းကာ မှာယူနိုင်သည်။

သို့မဟုတ် အထူးဦးစားပေးစာရင်းတွင် ပါဝင်လိုပါက ဒေါ်လာ ၁၅၀၀ Deposit ပေးသွင်းရမည် ဖြစ်သည်။

Alef Aeronautics က ပြောသည်မှာ ၂၀၂၅ ခုနှစ် နောက်ဆုံး ၃ လပတ်ကာလတွင် မိုးပျံကားများ စတင် တင်ပို့ ပေးသွားရန် စီစဉ်ထားကြောင်း ပြောထားသည်။

Alef Aeronautics က ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ပြောခဲ့သည်မှာ ၎င်းတို့ ထုတ်လုပ်မည့် မိုးပျံကား အတွက် ပြည်ထောင်စု လေကြောင်း အာဏာပိုင်အဖွဲ့ထံမှ Special Airworthiness လက်မှတ်ရရှိထားကြောင်း ပြောသည်။

အဆိုပါ ခွင့်ပြုချက် လက်မှတ်တွင် Alef Aeronautics မိုးပျံကား စမ်းသပ်ပျံသန်းမှုအတွက် နေရာကန့်သတ်မှု များ တင်းကျပ်စွာ သတ်မှတ်ထားသည်။

“ဒီခွင့်ပြုချက်က သုတေသနနဲ့ ဖွံဖြိုးရေးလုပ်ငန်းစဉ်တွေနဲ့ ပြပွဲ ပြသမှုတွေအတွက် ခွင့်ပြုပေးတာသာ ဖြစ်ပါတယ်။ မောင်းနှင်ခွင့် လက်မှတ်က သပ်သပ်ပါ”ဟု အဆိုပါ ကုမ္ပဏီက ပြောသည်။

Model A မိုးပျံကားသည် တစ်စင်းလုံး လျှပ်စစ်ကိုသာ အသုံးပြုပြီး မြေပြင်တွင်ဆိုလျှင် မိုင် ၂၀၀ ထိ မောင်းနှင်နိုင်မည် ဖြစ်ပြီး လေကြောင်း ပျံသန်းပါက ၁၁၀ မိုင် ပျံသန်းနိုင်မည်ဖြစ်ကာ ရှိရင်းစွဲ မော်တော်ကားလမ်းများတွင် မောင်းနှင်နိုင်ပြီး ကားပါကင် နေရာများတွင်လည်း ရပ်တန့်နိုင်ကြောင်း Alef Aeronautics က ပြောသည်။

အဆိုပါကားသည် ဒေါင်လိုက်ပျံတက်ခြင်း ၊ ဆင်းသက်ခြင်းများ လုပ်ဆောင်နိုင်စွမ်းရှိသောကြောင့် ယာဉ်ကြောပိတ်ဆို့နေချိန်များတွင် ယာဉ်ကြောအတွင်းမှ ပျံတက်ကာ အလိုရှိရာသို့ ပျံသန်းနိုင်ကြောင်း Alef Aeronautics ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

သို့သော် ဤကား၏ အားနည်းချက်မှာ အမြန်နှုန်းနှေးကွေးလှပြီး လမ်းများပေါ်တွင် မောင်းနှင်မည်ဆိုပါက အမြန်ဆုံး တစ်နာရီလျှင် ၂၅ မိုင်အထိသာ မောင်းနှင်နိုင်သည်။

သို့သော် လေထဲတွင် ပျံသန်းလျှင်မူ ပိုမိုမြန်ဆန်သည့် အမြန်နှုန်းဖြင့် မောင်းနှင်နိုင်သည်ဟု ဆိုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: World’s first fully electric flying car approved by FAA and accepting preorders (foxbusiness)

[Zawgyi]

ကမၻာ့ပထမဆံုး မိုးပ်ံကားမ်ားကို ေဒၚလာ ၃၀၀,၀၀၀ ျဖင့္ preorder ေရာင္းခ်ေပးလ်က္ရွိရာ မွာယူသူ အလြန္မ်ားျပားလာေနျပီး ေဒၚလာ သန္း ၂၅၀ ဖိုး အမွာစာမ်ား ရရွိထား

အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖုိးနီးယားျပည္နယ္အေျခစိုက္ Alef Aeronautics ကုမၸဏီက ကမၻာ့ပထမဆံုး လွ်ပ္စစ္စြမ္းအင္သံုး မိုးပ်ံေမာ္ေတာ္ကားမ်ား စမ္းသပ္လ်က္ရွိျပီး ျပည္ေထာင္စု ေလေၾကာင္းအာဏာပိုင္အဖြဲ႔ထံမွ စမ္းသပ္ေမာင္းႏွင္မႈ ခြင့္ျပဳခ်က္ ရရွိထားျပီျဖစ္ကာ ေဒၚလာ ၃၀၀,၀၀၀ ျဖင့္ ေရာင္းခ်မည့္ ေမာ္ေတာ္ကားကို ၾကိဳတင္မွာယူသူမ်ား အလြန္မ်ားျပားလ်က္ရွိေနသည္။

ျပီးခဲ့ေသာႏွစ္ ေအာက္တုိဘာလကတည္းက မိုးပ်ံကား ဝယ္ယူလိုသူတုိ႔က Model A အမ်ဳိးအစား မိုးပ်ံကားကို Preorder ဝယ္ယူမႈပမာဏမွာ ေဒၚလာ သန္း ၂၅၀ ေက်ာ္ဖိုးအထိ ရွိေၾကာင္း Alef Aeronautics က Business Insider သတင္းဌာနသုိ႔ ျပီးခဲ့ေသာ တနလၤာေန႔က ေျပာသည္။

“မွာယူမႈ အမ်ားစုက တစ္ဦးခ်င္း ဝယ္ယူသူေတြ ျဖစ္ပါတယ္။ ဒါေပမဲ့ B2B သေဘာတူညီခ်က္နဲ႔ ဝယ္ယူမႈေတြလည္း အမ်ားၾကီးရွိပါတယ္”ဟု အဆိုပါ ကုမၸဏီက Insider သတင္းဌာနသို႔ ေျပာသည္။

Alef Aeronautics ကုမၸဏီက အမွာစာရရွိထားသည့္ ကားအစင္းေရ ပမာဏအတိအက်ကို မထုတ္ျပန္ေသာ္လည္း အနည္းဆံုး ၈၃၄ စင္း ရွိမည္ျဖစ္သည္။

Alef Aeronautics ကုမၸဏီက ေျပာခဲ့ဖူးသည္မွာ ၂၀၂၂ ခုႏွစ္ ၊ စတုတၳ ၃ လပတ္ကာလအတြင္း Preorder မွာယူသည့္ ေမာ္ေတာ္ယာဥ္စင္းေရ ၄၄၀ ရွိျပီး ယင္းအနက္ ေဟာင္ေကာင္အေျခစိုက္ ေလေၾကာင္းနည္းပညာ ကုမၸဏီတစ္ခုမွ မွာယူမႈလည္း ပါဝင္ေၾကာင္း ေျပာသည္။

Model A အမ်ဳိးအစား မိုးပ်ံကားမ်ားကို ျပီးခဲ့ေသာ ေအာက္တိုဘာလက စတင္ကာ အၾကဳိေရာင္းခ်ေပးခဲ့သည္။

ဝယ္ယူလိုသူမ်ားအေနျဖင့္ ေဒၚလာ ၁၅၀ Deposit ေပးသြင္းကာ မွာယူႏုိင္သည္။

သို႔မဟုတ္ အထူးဦးစားေပးစာရင္းတြင္ ပါဝင္လုိပါက ေဒၚလာ ၁၅၀၀ Deposit ေပးသြင္းရမည္ ျဖစ္သည္။

Alef Aeronautics က ေျပာသည္မွာ ၂၀၂၅ ခုႏွစ္ ေနာက္ဆံုး ၃ လပတ္ကာလတြင္ မိုးပ်ံကားမ်ား စတင္ တင္ပို႔ ေပးသြားရန္ စီစဥ္ထားေၾကာင္း ေျပာထားသည္။

Alef Aeronautics က ျပီးခဲ့ေသာ ရက္သတၱပတ္အတြင္း ေျပာခဲ့သည္မွာ ၎တုိ႔ ထုတ္လုပ္မည့္ မုိးပ်ံကား အတြက္ ျပည္ေထာင္စု ေလေၾကာင္း အာဏာပိုင္အဖြဲ႔ထံမွ Special Airworthiness လက္မွတ္ရရွိထားေၾကာင္း ေျပာသည္။

အဆိုပါ ခြင့္ျပဳခ်က္ လက္မွတ္တြင္ Alef Aeronautics မိုးပ်ံကား စမ္းသပ္ပ်ံသန္းမႈအတြက္ ေနရာကန္႔သတ္မႈ မ်ား တင္းက်ပ္စြာ သတ္မွတ္ထားသည္။

“ဒီခြင့္ျပဳခ်က္က သုေတသနနဲ႔ ဖြံျဖိဳးေရးလုပ္ငန္းစဥ္ေတြနဲ႔ ျပပြဲ ျပသမႈေတြအတြက္ ခြင့္ျပဳေပးတာသာ ျဖစ္ပါတယ္။ ေမာင္းႏွင္ခြင့္ လက္မွတ္က သပ္သပ္ပါ”ဟု အဆုိပါ ကုမၸဏီက ေျပာသည္။

Model A မိုးပ်ံကားသည္ တစ္စင္းလံုး လွ်ပ္စစ္ကိုသာ အသံုးျပဳျပီး ေျမျပင္တြင္ဆိုလွ်င္ မိုင္ ၂၀၀ ထိ ေမာင္းႏွင္ႏိုင္မည္ ျဖစ္ျပီး ေလေၾကာင္း ပ်ံသန္းပါက ၁၁၀ မိုင္ ပ်ံသန္းႏိုင္မည္ျဖစ္ကာ ရွိရင္းစြဲ ေမာ္ေတာ္ကားလမ္းမ်ားတြင္ ေမာင္းႏွင္ႏိုင္ျပီး ကားပါကင္ ေနရာမ်ားတြင္လည္း ရပ္တန႔္ႏိုင္ေၾကာင္း Alef Aeronautics က ေျပာသည္။

အဆိုပါကားသည္ ေဒါင္လိုက္ပ်ံတက္ျခင္း ၊ ဆင္းသက္ျခင္းမ်ား လုပ္ေဆာင္ႏိုင္စြမ္းရွိေသာေၾကာင့္ ယာဥ္ေၾကာပိတ္ဆို႔ေနခ်ိန္မ်ားတြင္ ယာဥ္ေၾကာအတြင္းမွ ပ်ံတက္ကာ အလိုရွိရာသို႔ ပ်ံသန္းႏိုင္ေၾကာင္း Alef Aeronautics ကုမၸဏီ၏ ဝက္ဘ္ဆုိက္တြင္ ေဖာ္ျပထားသည္။

သို႔ေသာ္ ဤကား၏ အားနည္းခ်က္မွာ အျမန္ႏႈန္းေႏွးေကြးလွျပီး လမ္းမ်ားေပၚတြင္ ေမာင္းႏွင္မည္ဆိုပါက အျမန္ဆံုး တစ္နာရီလွ်င္ ၂၅ မိုင္အထိသာ ေမာင္းႏွင္ႏုိင္သည္။

သို႔ေသာ္ ေလထဲတြင္ ပ်ံသန္းလွ်င္မူ ပိုမိုျမန္ဆန္သည့္ အျမန္ႏႈန္းျဖင့္ ေမာင္းႏွင္ႏုိင္သည္ဟု ဆိုသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: World’s first fully electric flying car approved by FAA and accepting preorders (foxbusiness)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
42 Mini Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service