အလွန်သာယာလှပသော ရှုမျှော်ခင်းများ ဒေသခံများ၏ နေအိမ်များကို အိမ်ဝယ်ရန် နေ့စဉ်တံခါးခေါက်ကာ စုံစမ်းမေးမြန်းခံနေရသော အင်္ဂလန်က ပင်လယ်ကမ်းခြေမြို့ကလေး
အလွန်သာယာလှပသော ရှုမျှော်ခင်းများ ဒေသခံများ၏ နေအိမ်များကို အိမ်ဝယ်ရန် နေ့စဉ်တံခါးခေါက်ကာ စုံစမ်းမေးမြန်းခံနေရသော အင်္ဂလန်က ပင်လယ်ကမ်းခြေမြို့ကလေး - Property News in Myanmar from iMyanmarHouse.com
11 Jul 2023 9:55 am တွင် တင်ခဲ့သည်
409 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အင်္ဂလန်နိုင်ငံတွင် ပင်လယ်ကမ်းခြေမှ ကိုက်အနည်းငယ်သာ ဝေးကွာသော သာယာလှပသော ကမ်းခြေမြို့လေး၏ ဒေသခံများက ပြောလာသည်မှာ ၎င်းတို့၏ နေအိမ်များကို ဝယ်လိုသူများ တံခါးခေါက်ကာ လာရောက်မေးမြန်းခြင်း ခံနေရကြောင်း ပြောသည်ဟု The Sun သတင်းဌာနက ဖော်ပြသည်။
ဆွမ်ဆီးအမည်ရှိ ပင်လယ်ကမ်းခြေမြို့လေးတွင် နေထိုင်ကြသော ကံကောင်းလှသည့် ဒေသခံများသည် အလွန်တရာလှပသော ပင်လယ်ရှုမျှော်ခင်းများကို ၎င်းတို့၏ ခြံဝန်း ပန်းဥယျာဉ်များအတွင်းမှ ကြည့်ရှုခံစားနိုင်ကြောင်း အဆိုပါ ရှုမျှော်ခင်းများကို သေလုမျောပါး ပိုင်ဆိုင်လိုသူ များစွာ ရှိနေသည်။
(ဆွမ်ဆီးကမ်းခြေဒေသတွင် နေထိုင်သူ မေရီကွန်းစ် (Mary Coombs) နှင့် ခင်ပွန်းဖြစ်သူ မိုက်ကယ်။ ဓာတ်ပုံ-Media Wales )
(ကမ်းခြေမှာ ခြေလှမ်းအနည်းငယ်မျှ လျှောက်သွားရုံဖြင့် ရောက်သည်။ ဓာတ်ပုံ-Media Wales)
မေရီ ကွန်းစ်သည် အသက် ၇၅ နှစ်ရှိပြီဖြစ်ပြီး ဤအိမ်တွင် မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်သည်။
အရွယ်ရောက်လာချိန်တွင် မြို့ကြီးပြကြီးသို့ သွားရောက်ခဲ့သော်လည်း ခင်ပွန်းဖြစ်သူနှင့် ဆုံစည်းပြီးနောက် ယခုအိမ်တွင် ပြန်လည် နေထိုင်ခဲ့သည်။
“ဒီမှာက ခံစားချက်တစ်မျိုးရှိတယ်။ အိမ်ဆိုတဲ့ ခံစားချက်မျိုးရှိပါတယ်။ ရှုမျှော်ခင်းတွေ… လတ်ဆတ်တဲ့ လေညင်းတွေ… ။ အိမ်ပြင်မှာ အဝတ်ထွက်လှန်းလို့ရတယ်။ လူတွေက ပြောကြတယ်.. အဝတ်လှန်းဖို့ ကောင်းလိုက်တဲ့နေရာလေး… တဲ့။ အဲဒီလိုမျိုး အိမ်မှုကိစ္စလေးတွေ လုပ်ဖို့တောင် သိပ်ကောင်းတဲ့ နေရာပါပဲ”ဟု မေရီက Wales Online သတင်းဌာနသို့ ပြောသည်။
“မြင်ရတဲ့ ရှုခင်းတွေက အမြဲ ကွဲပြားခြားနားပါတယ်။ ဖြတ်သန်းသွားတဲ့လှေတွေ ၊ လှေလှော်ကလပ် ၊ ရေလွှာလျှောစီး လှေငယ်လေးတွေ အစရှိသဖြင့် အမြဲပြောင်းလဲနေပါတယ်။”
အိမ်ခြံမြေ Developer များစွာက အိမ်တံခါးခေါက်ကာ အိမ်ဝယ်ရန် လာရောက် မေးမြန်းကျသော်လည်း မေရီကွန်းစ်က ထိုဒေသမှ ရွှေ့ပြောင်းရန် အစီအစဉ်မရှိချေ။
“ဒီခြံနေရာကို လိုချင်နေတဲ့ ကုမ္ပဏီကြီးတွေ အမြဲရှိနေတယ်။ သူတို့ကို ဘယ်လိုပြန်ဖြေရမယ်ဆိုတာ သိပ်လွယ်ပါတယ်…ကျွန်မခြံထဲက ထွက်သွားပါ… လို့ ပြောလိုက်ရုံပါပဲ။”
“ကျွန်မတို့အိမ်ကို သဘောကျတဲ့သူ အများကြီးရှိတာ ကြားရတယ်။ အိမ်ရှေ့ကနေ ဖြတ်သွားတိုင်း ခြံထဲကို သမင်လည်ပြန် လှည့်ကြည့်သွားကြတယ်။ သူတို့က ကျွန်မတို့ကို ကြည့်တယ် ၊ ကျွန်မတို့က သူတို့ကို ပြန်ကြည့်တယ်။ ဒါတွေက ကျင့်သားတောင် ရလာပါတယ်။ ဒါဟာ ဒီအိမ်မှာ နေရတဲ့ ပျော်စရာအချက်ပါပဲ။”
ဘက်တီဝီလျံစ် (Beti Williams) နှင့် သူမ၏ သမီးဖြစ်သူ ရှန်လူးဝစ် (Sian Lewis ) တို့သည်လည်း ဤပင်လယ်ကမ်းခြေတွင် နေအိမ်များ ပိုင်ဆိုင်ထားသည်။
အသက် ၆၃ နှစ်အရွယ်ရှိ ရှန်လူးဝစ်က ပြောသည်မှာ “ကျွန်မ ဒီမှာ ထိုင်ပြီး ပင်လယ်ကြီးကို ငေးရတာ မြတ်နိုးပါတယ်။ သူမရဲ့ကလေးတွေဖြစ်တဲ့ ဘင်နဲ့ ဆမ်တို့ဟာ ဒီမှာပဲ ကြီးပြင်းလာကြတယ်…။ ဒီမှာပဲ သူငယ်ချင်းတွေ အများကြီး ရလာကြတယ်။ ဒီဒေသဟာ ဘယ်တော့မှ အိုမင်းဟောင်းနွမ်း မသွားဘူး။ အမြဲ ပြောင်းလဲနေပါတယ်”ဟု ပြောသည်။
“တိမ်တွေကလည်း အမြဲပြောင်းလဲတယ်။ ကွဲပြားတယ်။ လှိုင်းလုံးတွေ ကွဲပြားကြတယ်။ လူအမျိုးမျိုးက အားကစား အမျိုးမျိုးလုပ်ကြတယ်။ ဒီမှာ မာရသွန်ပြိုင်ပွဲ ဒါမှမဟုတ် အပျော်စီး လှေပြိုင်ပွဲတွေ အမြဲရှိပါတယ်။”
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
We live in a picturesque seaside town just metres from the beach – people knock on our doors and try to buy our homes
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service