Lee Jong Suk နှင့် IU တို့စုံတွဲ ပိုင်ဆိုင်သော အိမ်ခြံမြေများ
Lee Jong Suk နှင့် IU တို့စုံတွဲ ပိုင်ဆိုင်သော အိမ်ခြံမြေများ - Property News in Myanmar from iMyanmarHouse.com
10 Jul 2023 10:51 am တွင် တင်ခဲ့သည်
696 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
IU သည် တောင်ကိုရီးယား ဖျော်ဖြေရေးနယ်ပယ်တွင် အလုပ်အကြိုးစားဆုံး အမျိုးသမီးကြယ်ပွင့်များတွင် တစ်ဦးအပါအဝင် ဖြစ်သည်။
ထိုသို့ ကြိုးစားမှုများကြောင့် IU မှာ ယခုအခါ များစွာ ချမ်းသာကြွယ်ဝနေပြီဖြစ်ပြီး သူ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၄၅ သန်းခန့် ရှိသည်ဟု ခန့်မှန်းရရာ ကိုရီးယား၏ အကျော်ကြားဆုံးနှင့် အချမ်းသာဆုံး အဆိုတော်များတွင် တစ်ဦးအပါအဝင် ဖြစ်လာကြောင်း SCMP သတင်းဌာနက ဖော်ပြသည်။
(Lee Jong Suk နှင့် IU တို့စုံတွဲ။ ဓာတ်ပုံ- Pinterest)
(ပြီးခဲ့သော ခရစ္စမတ်က ဂျပန်သို့ အတူခရီးထွက်ခဲ့ကြသည်။ဓာတ်ပုံ-Dispatch)
(IU သည် ကိုရီးယား၏ အချမ်းသာဆုံးအဆိုတော်များတွင် တစ်ဦးအပါအဝင် ဖြစ်သည်။ ဓာတ်ပုံ- Instagram)
IU သည် အိမ်ခြံမြေရင်းနှီးမြှပ်နှံမှု များစွာ ပြုလုပ်သူအဖြစ်လည်း နာမည်ကျော်သူ ဖြစ်သည်။ IU သည် ၂၀၁၈ ခုနှစ်အတွင်း Gyeonggi ပြည်နယ် ၊ Gwacheon မြို့တွင် ကန်ဒေါ်လာ ၃ ဒသမ ၉ သန်းတန် အဆောက်အအုံတစ်လုံးနှင့် Gyeonggi ပြည်နယ် ၊ Yangpyeong မြို့တွင် ၂ ထပ်အိမ်တစ်လုံးကို ကန်ဒေါ်လာ ၂ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့သည်။
(IU သည် အိမ်ခြံမြေများစွာ ပိုင်ဆိုင်ထားသော ချမ်းသာကြွယ်ဝသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ ဓာတ်ပုံ- Pinterest)
(IU ပိုင်ဆိုင်ထားသော အိမ်ခြံမြေများ။ ဓာတ်ပုံ-allkpop)
IU သည် ဆိုးလ်မြို့တော် ၊ ဂမ်နန်ခရိုင် Eterno Cheongdam အိမ်ရာတွင်လည်း တန်ဖိုးကြီး လူနေခန်းများ ဝယ်ယူထားသေးသည်။ ထိုအိမ်ရာရှိ အခန်းတစ်ခန်းကို IU က ဝမ်ငွေ ၁၃ ဘီလီယံ ငွေသားဖြင့် ပေးချေကာ ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
(IU ဝယ်ယူထားသော လူနေခန်း။ ဓာတ်ပုံ-KBS)
IU အဓိက နေထိုင်သည်မှာ ဆိုးလ်မြို့တော် ၊ Yangsan ခရိုင်၏ အမြင့်မားဆုံး အဆောက်အအုံဖြစ်သော ၅၆ ထပ် မြင့်မားသည့် Raemian Caelitus အဆောက်အအုံတွင် နေထိုင်သည်။ ထိုအိမ်ရာရှိ အခန်းများတန်ကြေးမှာ ကန်ဒေါ်လာ ၂ ဒသမ ၆ သန်းမှ ၃ ဒသမ ၃ သန်းကြား ရှိသည်။
Lee Jong-suk (Korean: 이종석) (မွေး ၁၉၈၉ )သည် တောင်ကိုရီးယား ရုပ်ရှင်မင်းသား ၊ မော်ဒယ်တစ်ဦး ဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် မော်ဒယ်တစ်ဦးအဖြစ် အနုပညာလောကအတွင်း စတင်ဝင်ရောက်ခဲ့ပြီး Seoul Fashion Week တွင် ပါဝင်ခဲ့သည့် အသက်အငယ်ဆုံး အမျိုးသားမော်ဒယ်တစ်ဦး ဖြစ်ခဲ့သည်။ Lee Jong-suk သည် ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့သော School 2013 ဖြင့် နာမည်ကြီးလာခဲ့သည်။
သူ၏ နာမည်ကြီး ဇာတ်ကားများမှာ I Can Hear Your Voice (၂၀၁၃)၊ Doctor Stranger (၂၀၁၄) ၊ Pinocchio (၂၀၁၄) ၊W (၂၀၁၆) ၊ While You Were Sleeping (၂၀၁၇) ၊ Romance Is a Bonus Book (၂၀၁၉) နှင့် Big Mouth (၂၀၂၂) တို့ ဖြစ်သည်။
(အချစ်ရေး) ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလ ၃၁ ရက်တွင် Lee Jong-suk ၏ အေဂျင်စီက Lee Jong-suk နှင့် အဆိုတော် ၊ ရုပ်ရှင်မင်းသမီး IU တု့ိ ချစ်ကြိုက်နေကြောင်း အတည်ပြုခဲ့သည်။ IU ၏ အေဂျင်စီကလည်း ၎င်းတို့နှစ်ဦး၏ အချစ်ရေးကို အတည်ပြုခဲ့ပြီး တရားဝင်အတည်မပြုမီ ၄ လအလိုကတည်းက စတွဲခဲ့ကြခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ တောင်ကိုရီးယား ရုပ်ရှင်ကြယ်ပွင့် Lee Jong-suk က ချစ်သူမိန်းကလေး အဆိုတော် IUသည် မိမိအတွက် ဖေးမကူညီမှု များစွာ ပြုလုပ်ခဲ့ကြောင်း ပြောထားသည်။
(Lee Jong-suk သည် ကိုရီးယား ဖျော်ဖြေရေးနယ်ပယ်တွင် နာမည်ကြီးမင်းသားတစ်ဦး ဖြစ်သည်။ ဓာတ်ပုံ- Pinterest)
(Lee Jong-suk ၏ ချောမောခန့်ညားသော ဟန်ပန်။ ဓာတ်ပုံ- Pinterest)
(Lee Jong-suk တွင် တန်ဖိုးကြီး မော်တော်ကား အမျိုးမျိုး ပိုင်ဆိုင်ထားသည်။ ဓာတ်ပုံ-Pinterest)
Lee Jong-suk ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ သန်း ၅၀ ခန့်ရှိသည်။ Lee Jong-suk သည် ကိုရီးယားကြယ်ပွင့်များစွာ နေထိုင်ကြသော Nine One Hannam တွင် ဒေါ်လာ ၄ ဒသမ ၂ သန်းတန် နေအိမ် ပိုင်ဆိုင်ထားသည်။
(Lee Jong-suk နေထိုင်သော တန်ဖိုးကြီး လူနေအိမ်ရာ။ ဓာတ်ပုံ-allkpop)
(နေအိမ်အတွင်းပိုင်း မြင်ကွင်း။ ဓာတ်ပုံ-allkpop)
၂၀၁၇ ခုနှစ်အတွင်း Lee Jong-suk သည် ဆိုးလ်မြို့တော်တွင် 89 Mansion အမည်ရှိ ကော်ဖီဆိုင်ကို ဝမ်ငွေ ၃ ဒသမ ၉ ဘီလီယံ ရင်းနှီးမြှပ်နှံကာ ဖွင့်လှစ်ခဲ့သည်။
(Lee Jong-suk ၏ ကော်ဖီဆိုင်။ ဓာတ်ပုံ-allkpop)
(Lee Jong-suk နှင့် IU တို့ကို ပရိသတ်တို့က အတိတ်ရေစက်ပါသော စုံတွဲဟု ခေါ်ဝေါ်ကြသည်။ ဓာတ်ပုံ-allkpop)
(ဆက်စပ်သတင်း) သူငယ်ချင်းကနေ ချစ်သူဖြစ်သွားကြတဲ့ Lee Jong-suk နဲ့ အဆိုတော်မလေး IU တို့ လက်ထပ်ပြီးနေဖို့ ဝမ်ငွေ ၁၃ ဘီလီယံ တန်ကြေးရှိ လူနေခန်းဝယ်ယူ ၊ IU ရှိနေခြင်းမှာ မိမိအတွက် ခွန်အားတစ်ရပ်ဟု Lee Jong-suk ပြော https://www.imyanmarhouse.com/news/read/1058099
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref : The jaw-dropping combined assets of Lee Jong Suk and IU: Buy real estate in cash while still enjoying a luxurious lifestyle ( BIZoom )
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...
[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
42 Mini Condo
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service