ဘရာဇီးဘီလျံနာ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဆူညံသံများ နားမခံနိုင်သောကြောင့် အသက် ၈၁ နှစ်အရွယ် ရှေးဟောင်းပစ္စည်းရောင်းဝယ်သူအဘိုးအို နေအိမ်မှ ပြောင်းရွှေ့ရ

ဘရာဇီးဘီလျံနာ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဆူညံသံများ နားမခံနိုင်သောကြောင့် အသက် ၈၁ နှစ်အရွယ် ရှေးဟောင်းပစ္စည်းရောင်းဝယ်သူအဘိုးအို နေအိမ်မှ ပြောင်းရွှေ့ရ - Property News in Myanmar from iMyanmarHouse.com
6 Jul 2023 10:49 am တွင် တင်ခဲ့သည်
465 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဘရာဇီး ဘဏ်လုပ်ငန်းရှင်ဘီလျံနာသည် နယူးယောက်မြို့၊ ၆၇ လမ်းရှိ လူနေအဆောက်အအုံ Hotel Des Artistes အား ယိမ်းထိုးလှုပ်ခါအောင် ပြုလုပ်နေကြောင်း စိတ်ပျက်လက်ပျက်ဖြစ်နေသော အိမ်နီးချင်းတစ်ဦးက ပြောသည်။

ဘီလျံနာ ပီထရို မိုရေးယာဆဲလက်စ် (Pedro Moreira Salles) သည် ထိုအဆောက်အအုံ ၉ လွှာကို ၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာတွင် ကန်ဒေါ်လာ ၁၃ ဒသမ ၆ သန်းဖြင့် ဝယ်ယူခဲ့ပြီးနောက် ၂၀၂၀ တွင် ပြုပြင်မွမ်းမံမှုများ စတင်ပြုလုပ်ခဲ့သည်။

 

 

(ဘီလျံနာ ပီထရို မိုရေးယာဆဲလက်စ် (Pedro Moreira Salles))

 

 

သူ၏ အောက်ထပ်တွင် ရှေးဟောင်းပစ္စည်းရောင်းဝယ်သူ ဟားဘတ် ချင်ဒါမန်း (Herbert Schinderman) နေထိုင်လျက်ရှိသည်။

အသက် ၈၁ နှစ်ရှိပြီဖြစ်သော ချင်ဒါမန်းက ပြောသည်မှာ နေ့စဉ်နေ့တိုင်း အလွန်ပြင်းထန်သည့် ထုနှက်သံများနှင့် တုန်ခါမှုများကြောင့် မိမိနှင့် မိသားစု နေအိမ်အတွင်း တိတ်ဆိတ်အေးချမ်းစွာ နေထိုင်၍ မရတော့ကြောင်း တရားရုံးတွင် ပြောသည်။

အနောက် ၆၇ လမ်းရှိ ၁၈ ထပ် အဆောက်အအုံသည် နယူးယောက်၏ နာမည်ကျော် ပန်းခြံကြီးဖြစ်သော Central Park အနီးတွင် ရှိသည်။

အသက် ၆၃ နှစ်အရွယ်ရှိ ဘီလျံနာဆဲလက်စ်သည် ကန်ဒေါ်လာ ၄ ဘီလီယံခန့် ကြွယ်ဝပြီး ဘရာဇီးနိုင်ငံ၏ သက်တမ်းအရင့်ဆုံး ဘဏ်လုပ်ငန်းရှင် မိသားစုဝင်ဖြစ်ကြောင်း ဖော့ဘ် မဂ္ဂဇင်းကြီးက ဖော်ပြသည်။

ဘီလျံနာ ဆဲလက်စ်၏ နေအိမ်ခန်း မွန်းမံမှုတွင် ဆောက်လုပ်ရေးလုပ်သား ၄၀ မှ ၅၀ ဦးနီးပါးရှိပြီး သီးသန့် ဓာတ်လှေကားတပ်ဆင်သည့် လုပ်ငန်းပါဝင်ကြောင်း ချင်ဒါမန်းက မန်ဟက်တန် တရားရုံးတွင် တင်ပြခဲ့ပြီး အဆိုပါ ဆောက်လုပ်ရေးကို ခွင့်မပြုသင့်ကြောင်း တင်ပြသည်။

 

 

(ရှေးဟောင်းပစ္စည်းရောင်းဝယ်သူ ဟားဘတ်ချင်ဒါမန်း- ယာဘက်-သည် ၆၇ လမ်း အဆောက်အအုံတွင် နေထိုင်ခဲ့သည်မှာ နှစ်ပေါင်း ၂၀ နီးပါးရှိပြီ ဖြစ်သည်။ ဓာတ်ပုံ- Getty Images)

 

 

ချင်ဒါမန်းသည် ၆၇ လမ်း အဆောက်အအုံတွင် ၁၉၉၈ ခုနှစ်ကတည်းက နေထိုင်ခဲ့ခြင်း ဖြစ်သည်။

ချင်ဒါမန်းက ပြောသည်မှာ မပြီးနိုင်မစီးနိုင် အချိန်ကြာရှည်စွာ လုပ်ဆောင်နေသော ဆောက်လုပ်ရေးလုပ်ငန်းကြောင့် မိမိ၏ အခန်းတွင် ပန်းကန်ပြားများ တုန်ခါခြင်း ၊ နံရံများအက်ကွဲခြင်း ၊ နံရံတွင် ချိတ်ဆွဲထားသော ဓာတ်ပုံများ ရွဲ့စောင်းသွားခြင်းတို့အပြင် ဆောက်လုပ်ရေးမှ အမှိုက်သရိုက်များ ပြတင်းပေါက်ဘောင်များတွင် လာတင်နေခြင်းများနှင့် ရင်ဆိုင်ရကြောင်း တရားရုံးတွင် တင်ပြသည်။

အဆိုပါ ဆူညံတုန်ခါသံများမှာ အလွန်ကြီးမားလေးလံလှသော ပစ္စည်းများ ပြုတ်ကျသကဲ့သို့ ထင်ရကြောင်း ၊ မိမိ၏ အခန်းမျက်နှာကြက် ပြိုကျလာမည်ကို စိုးရိမ်စိတ်နှင့် နေထိုင်နေရကြောင်း ချင်ဒါမန်းက ပြောသည်။

မိမိရင်ဆိုင်နေရသော အခြေအနေမှာ အလွန်ဆိုးရွားလှသောကြောင့် အဆိုပါ အခန်းတွင် မနေထိုင်နိုင်တော့ဘဲ ထွက်ခွာခဲ့ရကြောင်း ချင်ဒါမန်းက ပြောကြားထားပြီး သူ၏ ထိခိုက်နစ်နာမှုများအတွက် တရားရုံးတွင် ဒေါ်လာ ၁ သန်း နစ်နာကြေး တောင်းခံထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 81-year-old forced to leave his building due to construction being done by Brazillian banking billionaire: suit (nypost)

 

 

 

[Zawgyi]

ဘရာဇီးဘီလ်ံနာ၏ ေဆာက္လုပ္ေရးလုပ္ငန္းခြင္မွ ဆူညံသံမ်ား နားမခံႏိုင္ေသာေၾကာင့္ အသက္ ၈၁ ႏွစ္အရြယ္ ေရွးေဟာင္းပစၥည္းေရာင္းဝယ္သူအဘိုးအို ေနအိမ္မွ ေျပာင္းေရႊ႕ရ

 

ဘရာဇီး ဘဏ္လုပ္ငန္းရွင္ဘီလ်ံနာသည္ နယူးေယာက္ျမိဳ႕၊ ၆၇ လမ္းရွိ လူေနအေဆာက္အအံု Hotel Des Artistes အား ယိမ္းထိုးလႈပ္ခါေအာင္ ျပဳလုပ္ေနေၾကာင္း စိတ္ပ်က္လက္ပ်က္ျဖစ္ေနေသာ အိမ္နီးခ်င္းတစ္ဦးက ေျပာသည္။

ဘီလ်ံနာ ပီထရို မိုေရးယာဆဲလက္စ္ (Pedro Moreira Salles) သည္ ထိုအေဆာက္အအံု ၉ လႊာကို ၂၀၁၉ ခုႏွစ္ ၊ ဒီဇင္ဘာတြင္ ကန္ေဒၚလာ ၁၃ ဒသမ ၆ သန္းျဖင့္ ဝယ္ယူခဲ့ျပီးေနာက္ ၂၀၂၀ တြင္ ျပဳျပင္မြမ္းမံမႈမ်ား စတင္ျပဳလုပ္ခဲ့သည္။

သူ၏ ေအာက္ထပ္တြင္ ေရွးေဟာင္းပစၥည္းေရာင္းဝယ္သူ ဟားဘတ္ ခ်င္ဒါမန္း (Herbert Schinderman) ေနထိုင္လ်က္ရွိသည္။

အသက္ ၈၁ ႏွစ္ရွိျပီျဖစ္ေသာ ခ်င္ဒါမန္းက ေျပာသည္မွာ ေန႔စဥ္ေန႔တိုင္း အလြန္ျပင္းထန္သည့္ ထုႏွက္သံမ်ားႏွင့္ တုန္ခါမႈမ်ားေၾကာင့္ မိမိႏွင့္ မိသားစု ေနအိမ္အတြင္း တိတ္ဆိတ္ေအးခ်မ္းစြာ ေနထိုင္၍ မရေတာ့ေၾကာင္း တရားရံုးတြင္ ေျပာသည္။

အေနာက္ ၆၇ လမ္းရွိ ၁၈ ထပ္ အေဆာက္အအံုသည္ နယူးေယာက္၏ နာမည္ေက်ာ္ ပန္းျခံၾကီးျဖစ္ေသာ Central Park အနီးတြင္ ရွိသည္။

အသက္ ၆၃ ႏွစ္အရြယ္ရွိ ဘီလ်ံနာဆဲလက္စ္သည္ ကန္ေဒၚလာ ၄ ဘီလီယံခန္႔ ၾကြယ္ဝျပီး ဘရာဇီးႏိုင္ငံ၏ သက္တမ္းအရင့္ဆံုး ဘဏ္လုပ္ငန္းရွင္ မိသားစုဝင္ျဖစ္ေၾကာင္း ေဖာ့ဘ္ မဂၢဇင္းၾကီးက ေဖာ္ျပသည္။

ဘီလ်ံနာ ဆဲလက္စ္၏ ေနအိမ္ခန္း မြန္းမံမႈတြင္ ေဆာက္လုပ္ေရးလုပ္သား ၄၀ မွ ၅၀ ဦးနီးပါးရွိျပီး သီးသန္႔ ဓာတ္ေလွကားတပ္ဆင္သည့္ လုပ္ငန္းပါဝင္ေၾကာင္း ခ်င္ဒါမန္းက မန္ဟက္တန္ တရားရံုးတြင္ တင္ျပခဲ့ျပီး အဆိုပါ ေဆာက္လုပ္ေရးကို ခြင့္မျပဳသင့္ေၾကာင္း တင္ျပသည္။

 

(ေရွးေဟာင္းပစၥည္းေရာင္းဝယ္သူ ဟားဘတ္ခ်င္ဒါမန္း- ယာဘက္-သည္ ၆၇ လမ္း အေဆာက္အအံုတြင္ ေနထုိင္ခဲ့သည္မွာ ႏွစ္ေပါင္း ၂၀ နီးပါးရွိျပီ ျဖစ္သည္။ ဓာတ္ပံု- Getty Images)

 

ခ်င္ဒါမန္းသည္ ၆၇ လမ္း အေဆာက္အအံုတြင္ ၁၉၉၈ ခုႏွစ္ကတည္းက ေနထိုင္ခဲ့ျခင္း ျဖစ္သည္။

ခ်င္ဒါမန္းက ေျပာသည္မွာ မျပီးႏိုင္မစီးႏိုင္ အခ်ိန္ၾကာရွည္စြာ လုပ္ေဆာင္ေနေသာ ေဆာက္လုပ္ေရးလုပ္ငန္းေၾကာင့္ မိမိ၏ အခန္းတြင္ ပန္းကန္ျပားမ်ား တုန္ခါျခင္း ၊ နံရံမ်ားအက္ကြဲျခင္း ၊ နံရံတြင္ ခ်ိတ္ဆြဲထားေသာ ဓာတ္ပံုမ်ား ရြဲ႕ေစာင္းသြားျခင္းတို႔အျပင္ ေဆာက္လုပ္ေရးမွ အမိႈက္သရိုက္မ်ား ျပတင္းေပါက္ေဘာင္မ်ားတြင္ လာတင္ေနျခင္းမ်ားႏွင့္ ရင္ဆိုင္ရေၾကာင္း တရားရံုးတြင္ တင္ျပသည္။

အဆိုပါ ဆူညံတုန္ခါသံမ်ားမွာ အလြန္ၾကီးမားေလးလံလွေသာ ပစၥည္းမ်ား ျပဳတ္က်သကဲ့သို႔ ထင္ရေၾကာင္း ၊ မိမိ၏ အခန္းမ်က္ႏွာၾကက္ ျပဳိက်လာမည္ကို စိုးရိမ္စိတ္ႏွင့္ ေနထိုင္ေနရေၾကာင္း ခ်င္ဒါမန္းက ေျပာသည္။

မိမိရင္ဆိုင္ေနရေသာ အေျခအေနမွာ အလြန္ဆိုးရြားလွေသာေၾကာင့္ အဆုိပါ အခန္းတြင္ မေနထိုင္ႏိုင္ေတာ့ဘဲ ထြက္ခြာခဲ့ရေၾကာင္း ခ်င္ဒါမန္းက ေျပာၾကားထားျပီး သူ၏ ထိခုိက္နစ္နာမႈမ်ားအတြက္ တရားရံုးတြင္ ေဒၚလာ ၁ သန္း နစ္နာေၾကး ေတာင္းခံထားသည္။

 အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 81-year-old forced to leave his building due to construction being done by Brazillian banking billionaire: suit (nypost)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service