ကောက်ရသော ထီလက်မှတ်ဖြင့် ဒေါ်လာ ၁၂ ဒသမ ၅ သန်း ထီပေါက်သော ကုန်စုံဆိုင်ဝန်ထမ်းကို လုပ်ဖော်ကိုင်ဖက်တစ်ဦးက တရားစွဲ (သို့မဟုတ်) ထီပေါက်စဉ် ကြေညာပြီးမှ ထီပေါက်သော လက်မှတ်ကို ဝယ်ယူခဲ့သူ

ကောက်ရသော ထီလက်မှတ်ဖြင့် ဒေါ်လာ ၁၂ ဒသမ ၅ သန်း ထီပေါက်သော ကုန်စုံဆိုင်ဝန်ထမ်းကို လုပ်ဖော်ကိုင်ဖက်တစ်ဦးက တရားစွဲ (သို့မဟုတ်) ထီပေါက်စဉ် ကြေညာပြီးမှ ထီပေါက်သော လက်မှတ်ကို ဝယ်ယူခဲ့သူ - Property News in Myanmar from iMyanmarHouse.com
5 Jul 2023 10:47 am တွင် တင်ခဲ့သည်
504 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အမေရိကန်ပြည်ထောင်စုတွင် စွန့်ပစ်ထားသော ထီလက်မှတ်တစ်စောင်ဖြင့် ကန်ဒေါ်လာ ၁၂ ဒသမ ၅ သန်း ထီပေါက်ခဲ့သူ ဝန်ထမ်းတစ်ဦးကို လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းက တရားစွဲခဲ့သော်လည်း အာဏာပိုင်တို့က ထီလက်မှတ်တွေ့သူ ထီဆုကို ပိုင်ဆိုင်ကြောင်း အဆုံးအဖြတ်ပေးခဲ့သည်ဟု The Sun သတင်းဌာန၏ ဇွန်လ ၂၅ ရက် သတင်းတစ်ရပ်တွင် ဖော်ပြသည်။

၁၉၉၁ ခုနှစ်တွင် အမေရိကန်ပြည် ၊ တောင်ဒါကိုတာပြည်နယ် ၊ ဂရီဂိုရီမြို့တွင် ကုန်စုံဆိုင်စာရေး အိုင်အိုနီယာ ကလိန်းသည် Mr.G’s ကုန်ပဒေသာဆိုင်၏ ငွေရှင်းကောင်တာနောက်တွင် ထီလက်မှတ်တစ်စောင်ကို တွေ့ရှိခဲ့သည်။

 

 

(စွန့်ပစ်ထားသော ထီလက်မှတ်ဖြင့် ထီပေါက်ခဲ့သော စာရေးကို ကုန်စုံဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းတစ်ဦးက တရားစွဲခဲ့ကြသည်။ ဓာတ်ပုံ- Mr.G’s)

 

 

(အိုင်အိုနီယာ ကလိန်း (ကွယ်လွန်) သည် ၁၉၉၁ ခုနှစ် ၊ ဧပြီလအတွင်း အလုပ်သို့ ရောက်ရှိချိန်တွင် ထိုထီလက်မှတ်ကို တွေ့ရှိခဲ့ပြီး ချက်ချင်းဝယ်ယူခဲ့ကာ ထီရုံးသို့ ဖုန်းဆက် အကြောင်းကြားခဲ့သည်။ ဓာတ်ပုံ- Smith Funeral Home)

အဆိုပါ ထီလက်မှတ်သည် ဈေးဝယ်တစ်ဦးက ငွေရှင်းရန် ငြင်းဆိုခဲ့ပြီးနောက် ကောင်တာတွင် ၃ ရက်ခန့်ရှိနေခဲ့ကြောင်း နယူးယောက်တိုင်းမ်သတင်းဌာနက ဖော်ပြသည်။

ထိုအချိန်က တာဝန်ကျစာရေးဖြစ်သူ Robin Parsons သည် ဈေးဝယ်သူက ၅ ဒေါ်လာတန် ထီလက်မှတ် ဝယ်လိုသည်ဟု အထင်မှားခဲ့ပြီး ဈေးဝယ်သူအမှန်တကယ် ဝယ်လိုသည်မှာ ၁ ဒေါ်လာတန် ထီလက်မှတ် ၅ စောင်ဖြစ်သည်။

အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့သည်မှာ ဧပြီလ ၄ ရက်ဖြစ်သည်။

ယင်းနောက် ၂ ရက်အကြာတွင် သတင်းများမှတဆင့် ထီပေါက်စဉ် ကြေငြာခဲ့ပြီး ထိုအချိန်ထိ ၅ ဒေါ်လာတန်ထီလက်မှတ်မှာ ငွေရှင်းကောင်တာတွင် စွန့်ပစ်ခံရထားဆဲ ဖြစ်သည်။

ဧပြီလ ၇ ရက်တွင် အိုင်အိုနီယာ ကလိန်းသည် အလုပ်သို့ ရောက်လာချိန်တွင် ငွေရှင်းကောင်တာမှ ထီလက်မှတ်မှာ သတင်းတွင် ကြေညာသွားသော ဂဏန်းများ ဖြစ်နေသည်ကို ချက်ချင်း သတိပြုမိခဲ့သည်။

ကလိန်းက အဆိုပါ ထီလက်မှတ်အတွက် ၅ ဒေါ်လာ ငွေရှင်းခဲ့ပြီး ထီလက်မှတ်နောက်ကျောတွင် သူမ၏ လက်မှတ် ရေးထိုးခဲ့ကာ ထီရုံးသို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီး မိမိတွင် ထီဆုကြီးပေါက်သော လက်မှတ်ရှိကြောင်း ပြောကြားခဲ့သည်။

“ဒါက လမ်းပေါ်မှာ ထီလက်မှတ် ကောက်ရသလိုမျိုးပါပဲ။ ကျွန်မက ထီလက်မှတ်အတွက် ငွေရှင်းခဲ့ရတာပဲ ကွာပါတယ်”ဟု ကလိန်းက ချီကာဂို ထရစ်ဗြွှန်း သတင်းဌာနသို့ ပြောသည်။

“သတင်းမှာ ကြော်ငြာသွားတဲ့ ပေါက်ဂဏန်းနဲ့ အကုန်တူနေတာကြောင့် ကျွန်မဝယ်ယူခဲ့တာ ဖြစ်ပါတယ်။”

ထိုအချိန်က ကလိန်းသည် တောင်ဒါကိုတာပြည်နယ်၏ ထီအထူးဆုကြီး ပထမဆုံး ပေါက်သူလည်း ဖြစ်ပြီး သူမ၏ ထီဆု တောင်းခံမှုကို ထီရုံးအရာရှိများက မငြင်းပယ်ခဲ့ချေ။

သို့သော် လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ အဆိုပါကုန်ဆုံဆိုင်မှ အခြားစာရေးဖြစ်သော Robin Parsons က ကလိန်းအား တရားစွဲခဲ့ပြီး အဆိုပါ ထီလက်မှတ်ကို မိမိက မှားယွင်းကာ ပရင့်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ၊ မိမိမှားထုတ်သည့် လက်မှတ်ဖြစ်သောကြောင့် ထိုထီလက်မှတ်အတွက် ငွေရှင်းပေးရန် မိမိတွင် တာဝန်ရှိကြောင်း ၊ ထီဆုမှာလည်း မိမိနှင့်သာ သက်ဆိုင်ကြောင်း ပြောကြားသည်။

Mr.G’s ကုန်စုံဆိုင်၏ ပိုင်ရှင်များဖြစ်သော Scott , Julie Anshutz , Mike နှင့် Diane Dacy တို့ကလည်း ထီဆုကို ၎င်းတို့ပိုင်ဆိုင်ကြောင်း ၊ ငွေမရှင်းသော ထီလက်မှတ်များနှင့် မှားယွင်းပရင့်ထုတ်သော ထီလက်မှတ်များ အားလုံးအတွက် မိမိတို့နှင့်သာ သက်ဆိုင်တာဝန်ရှိကြောင်း ပြောကာ တရားစွဲခဲ့ကြသည်။

ယင်းနောက်ပိုင်း ၁၉၉၁ ခုနှစ် ဇူလိုင်လတွင် အဆိုပါအမှုကို တရားရုံးပြင်ပတွင် ဖြေရှင်းကာ ပြေလည်မှု ရရှိသွားခဲ့ကြသည်ဟု ဆိုသည်။

တရားရုံးမှတ်တမ်းများအရ ကုန်စုံဆိုင် ပိုင်ရှင်တို့က ထီဆု၏ ၅၈ ရာခိုင်နှုန်း ရရှိခဲ့ပြီး ကလိန်းက ၄၂ ရာခိုင်နှုန်း ရရှိခဲ့သည်။

စာရေးဖြစ်သူ Parsons တရားစွဲထားသော အမှုကိုမူ ပလပ်ခဲ့သည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: FINDERS KEEPERS I sued employee who won $12.5M on lotto ticket she found in my store – officials sided with her but we all got a payout (the-sun)

 

 

 

 

[Zawgyi]

ေကာက္ရေသာ ထီလက္မွတ္ျဖင့္ ေဒၚလာ ၁၂ ဒသမ ၅ သန္း ထီေပါက္ေသာ ကုန္စံုဆိုင္ဝန္ထမ္းကို လုပ္ေဖာ္ကိုင္ဖက္တစ္ဦးက တရားစြဲ (သို႔မဟုတ္) ထီေပါက္စဥ္ ေၾကညာျပီးမွ ထီေပါက္ေသာ လက္မွတ္ကို ဝယ္ယူခဲ့သူ

 

 

အေမရိကန္ျပည္ေထာင္စုတြင္ စြန္႔ပစ္ထားေသာ ထီလက္မွတ္တစ္ေစာင္ျဖင့္ ကန္ေဒၚလာ ၁၂ ဒသမ ၅ သန္း ထီေပါက္ခဲ့သူ ဝန္ထမ္းတစ္ဦးကို လုပ္ေဖာ္ကိုင္ဖက္ဝန္ထမ္းက တရားစြဲခဲ့ေသာ္လည္း အာဏာပိုင္တို႔က ထီလက္မွတ္ေတြ႔သူ ထီဆုကို ပိုင္ဆိုင္ေၾကာင္း အဆံုးအျဖတ္ေပးခဲ့သည္ဟု The Sun သတင္းဌာန၏ ဇြန္လ ၂၅ ရက္ သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

၁၉၉၁ ခုႏွစ္တြင္ အေမရိကန္ျပည္ ၊ ေတာင္ဒါကိုတာျပည္နယ္ ၊ ဂရီဂိုရီျမိဳ႕တြင္ ကုန္စံုဆိုင္စာေရး အိုင္အုိနီယာ ကလိန္းသည္ Mr.G’s ကုန္ပေဒသာဆုိင္၏ ေငြရွင္းေကာင္တာေနာက္တြင္ ထီလက္မွတ္တစ္ေစာင္ကို ေတြ႔ရွိခဲ့သည္။

 

(စြန္႔ပစ္ထားေသာ ထီလက္မွတ္ျဖင့္ ထီေပါက္ခဲ့ေသာ စာေရးကို ကုန္စံုဆိုင္ပိုင္ရွင္ႏွင့္ ဝန္ထမ္းတစ္ဦးက တရားစြဲခဲ့ၾကသည္။ ဓာတ္ပံု- Mr.G’s)

 

(အိုင္အိုနီယာ ကလိန္း (ကြယ္လြန္) သည္ ၁၉၉၁ ခုႏွစ္ ၊ ဧျပီလအတြင္း အလုပ္သို႔ ေရာက္ရွိခ်ိန္တြင္ ထုိထီလက္မွတ္ကို ေတြ႔ရွိခဲ့ျပီး ခ်က္ခ်င္းဝယ္ယူခဲ့ကာ ထီရံုးသို႔ ဖုန္းဆက္ အေၾကာင္းၾကားခဲ့သည္။ ဓာတ္ပံု- Smith Funeral Home)

အဆိုပါ ထီလက္မွတ္သည္ ေစ်းဝယ္တစ္ဦးက ေငြရွင္းရန္ ျငင္းဆိုခဲ့ျပီးေနာက္ ေကာင္တာတြင္ ၃ ရက္ခန္႔ရွိေနခဲ့ေၾကာင္း နယူးေယာက္တိုင္းမ္သတင္းဌာနက ေဖာ္ျပသည္။

ထိုအခ်ိန္က တာဝန္က်စာေရးျဖစ္သူ Robin Parsons သည္ ေစ်းဝယ္သူက ၅ ေဒၚလာတန္ ထီလက္မွတ္ ဝယ္လိုသည္ဟု အထင္မွားခဲ့ျပီး ေစ်းဝယ္သူအမွန္တကယ္ ဝယ္လိုသည္မွာ ၁ ေဒၚလာတန္ ထီလက္မွတ္ ၅ ေစာင္ျဖစ္သည္။

အဆိုပါျဖစ္ရပ္ ျဖစ္ပြားခဲ့သည္မွာ ဧျပီလ ၄ ရက္ျဖစ္သည္။

ယင္းေနာက္ ၂ ရက္အၾကာတြင္ သတင္းမ်ားမွတဆင့္ ထီေပါက္စဥ္ ေၾကျငာခဲ့ျပီး ထိုအခ်ိန္ထိ ၅ ေဒၚလာတန္ထီလက္မွတ္မွာ ေငြရွင္းေကာင္တာတြင္ စြန္႔ပစ္ခံရထားဆဲ ျဖစ္သည္။

ဧျပီလ ၇ ရက္တြင္ အိုင္အိုနီယာ ကလိန္းသည္ အလုပ္သို႔ ေရာက္လာခ်ိန္တြင္ ေငြရွင္းေကာင္တာမွ ထီလက္မွတ္မွာ သတင္းတြင္ ေၾကညာသြားေသာ ဂဏန္းမ်ား ျဖစ္ေနသည္ကို ခ်က္ခ်င္း သတိျပဳမိခဲ့သည္။

ကလိန္းက အဆိုပါ ထီလက္မွတ္အတြက္ ၅ ေဒၚလာ ေငြရွင္းခဲ့ျပီး ထီလက္မွတ္ေနာက္ေက်ာတြင္ သူမ၏ လက္မွတ္ ေရးထိုးခဲ့ကာ ထီရံုးသို႔ ဖုန္းျဖင့္ ဆက္သြယ္ခဲ့ျပီး မိမိတြင္ ထီဆုၾကီးေပါက္ေသာ လက္မွတ္ရွိေၾကာင္း ေျပာၾကားခဲ့သည္။

“ဒါက လမ္းေပၚမွာ ထီလက္မွတ္ ေကာက္ရသလိုမ်ဳိးပါပဲ။ ကၽြန္မက ထီလက္မွတ္အတြက္ ေငြရွင္းခဲ့ရတာပဲ ကြာပါတယ္”ဟု ကလိန္းက ခ်ီကာဂို ထရစ္ျဗႊန္း သတင္းဌာနသုိ႔ ေျပာသည္။

“သတင္းမွာ ေၾကာ္ျငာသြားတဲ့ ေပါက္ဂဏန္းနဲ႔ အကုန္တူေနတာေၾကာင့္ ကၽြန္မဝယ္ယူခဲ့တာ ျဖစ္ပါတယ္။”

ထိုအခ်ိန္က ကလိန္းသည္ ေတာင္ဒါကိုတာျပည္နယ္၏ ထီအထူးဆုၾကီး ပထမဆံုး ေပါက္သူလည္း ျဖစ္ျပီး သူမ၏ ထီဆု ေတာင္းခံမႈကို ထီရံုးအရာရွိမ်ားက မျငင္းပယ္ခဲ့ေခ်။

သို႔ေသာ္ လုပ္ေဖာ္ကိုင္ဖက္တစ္ဦးျဖစ္သူ အဆိုပါကုန္ဆံုဆိုင္မွ အျခားစာေရးျဖစ္ေသာ Robin Parsons က ကလိန္းအား တရားစြဲခဲ့ျပီး အဆုိပါ ထီလက္မွတ္ကို မိမိက မွားယြင္းကာ ပရင့္ထုတ္ခဲ့ျခင္းျဖစ္ေၾကာင္း ၊ မိမိမွားထုတ္သည့္ လက္မွတ္ျဖစ္ေသာေၾကာင့္ ထိုထီလက္မွတ္အတြက္ ေငြရွင္းေပးရန္ မိမိတြင္ တာဝန္ရွိေၾကာင္း ၊ ထီဆုမွာလည္း မိမိႏွင့္သာ သက္ဆိုင္ေၾကာင္း ေျပာၾကားသည္။

Mr.G’s ကုန္စံုဆိုင္၏ ပိုင္ရွင္မ်ားျဖစ္ေသာ Scott , Julie Anshutz , Mike ႏွင့္ Diane Dacy တို႔ကလည္း ထီဆုကို ၎တုိ႔ပိုင္ဆုိင္ေၾကာင္း ၊ ေငြမရွင္းေသာ ထီလက္မွတ္မ်ားႏွင့္ မွားယြင္းပရင့္ထုတ္ေသာ ထီလက္မွတ္မ်ား အားလံုးအတြက္ မိမိတို႔ႏွင့္သာ သက္ဆုိင္တာဝန္ရွိေၾကာင္း ေျပာကာ တရားစြဲခဲ့ၾကသည္။

ယင္းေနာက္ပိုင္း ၁၉၉၁ ခုႏွစ္ ဇူလုိင္လတြင္ အဆုိပါအမႈကို တရားရံုးျပင္ပတြင္ ေျဖရွင္းကာ ေျပလည္မႈ ရရွိသြားခဲ့ၾကသည္ဟု ဆိုသည္။

တရားရံုးမွတ္တမ္းမ်ားအရ ကုန္စံုဆိုင္ ပိုင္ရွင္တို႔က ထီဆု၏ ၅၈ ရာခုိင္ႏႈန္း ရရွိခဲ့ျပီး ကလိန္းက ၄၂ ရာခုိင္ႏႈန္း ရရွိခဲ့သည္။

စာေရးျဖစ္သူ Parsons တရားစြဲထားေသာ အမႈကိုမူ ပလပ္ခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: FINDERS KEEPERS I sued employee who won $12.5M on lotto ticket she found in my store – officials sided with her but we all got a payout (the-sun)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service