အမေရိကန်ပြည် ‌အော်ရီဂွန်ပြည်နယ် ပင်လယ်ကမ်းခြေတွင် အိမ်ငယ်လေးများ ကျေးရွာတစ်ခုရှိပြီးတစ်လလျှင် အိမ်ငှားခ ဒေါ်လာ ၆၅၀ သာပေးရကာ Wifi အခမဲ့ရရှိ
အမေရိကန်ပြည် ‌အော်ရီဂွန်ပြည်နယ် ပင်လယ်ကမ်းခြေတွင် အိမ်ငယ်လေးများ ကျေးရွာတစ်ခုရှိပြီးတစ်လလျှင် အိမ်ငှားခ ဒေါ်လာ ၆၅၀ သာပေးရကာ Wifi အခမဲ့ရရှိ - Property News in Myanmar from iMyanmarHouse.com
4 Jul 2023 11:23 am တွင် တင်ခဲ့သည်
1103 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်ထောင်စု ၊ အော်ရီဂွန်ပြည်နယ် ပင်လယ်ကမ်းခြေတွင် အိမ်ငယ်လေးများကျေးရွာတစ်ခုရှိပြီး အိမ်ငှားခမှာ တစ်လလျှင် ဒေါ်လာ ၆၅၀ မှ ၇၅၀ ကြားသာရှိသည်။
အော်ရီဂွန်ပြည်နယ် ၊ Waldport ပင်လယ်ကမ်းခြေ မြို့လေးတွင်ရှိပြီး Wifi နှင့်ကားပါကင်နေရာတို့အတွက် အခကြေးငွေ ထပ်မံတောင်းခံခြင်း မရှိချေ။
အိမ်ငယ်လေးများကျေးရွာကို Tiny Tranquility ဟုအမည်ပေးထားပြီး ၂၀၁၈ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကာ အိမ် ၄၃ လုံး ပါဝင်သည်။
နောက်တွဲယာဉ် သို့မဟုတ် မော်တော်ကားအိမ် (RV) ပိုင်ရှင်များအနေဖြင့်လည်း ဤရွာကလေးထဲတွင်လခနည်းပါးစွာဖြင့် လာရောက်ရပ်နားနေထိုင်နိုင်ပြီး၊ လျှပ်စစ်မီးနှင့် မိလ္လာအညစ်အကြေးစွန့်ပစ်နိုင်သည့် ဝန်ဆောင်မှုတို့ ပါဝင်သည်။
အနည်းဆုံး တည်းခိုနိုင်သည့်ကာလမှာ တစ်လဖြစ်သော်လည်း အမြဲအခြေစိုက်နေထိုင်လိုသူများအတွက် လခများစွာ ထပ်မံလျော့ချပေးသည်။
ရွာကလေးအတွင်း ခေတ်ဟောင်းနောက်တွဲယာဉ် ၃ ခုလည်းရှိပြီး ၎င်းတို့ကိုငှားရမ်းပေးသည်။
ရွာကလေးအတွင်း အများသုံး အဆောက်အအုံနေရာများ ပါဝင်ရာ အဝတ်လျှော်ခန်း ၊ရုပ်မြင်သံကြားခန်းမ ၊ ပင်ပေါင်ခုံ ၊ ဘိလိယက်ခုံ ၊ ထင်းသုံးမီးဖိုနှင့်စာကြည့်တိုက်ငယ်တစ်ခုပါသော စတုရန်းပေ ၂၄၀၀ ကျယ်ဝန်းသည့် အဆောက်အအုံလည်းအပါအဝင်ဖြစ်သည်။
ထို့အပြင် စတုရန်းပေ ၁၂၀၀၀ ကျယ်ဝန်းသော စိုက်ပျိုးရေးမှန်လုံအိမ် ၊ ပန်းဥယျာဉ် ၊စက်ဘီးလမ်းများနှင့် ဂိုဒေါင်နေရာများလည်း ပါဝင်သည်။ရွာကလေးအတွင်း ခွေးများအတွက် ပန်းခြံတစ်ခု ၊ အကင်နေရာ ၊ မီးဖိုဆောင်ပါသောစတုရန်းပေ ၆၀၀ ကျယ်ဝန်းသည့် အများသုံးနေရာတစ်ခုလည်း ရှိသည်။
(ရွာကလေးရှိရာသို့ ညွှန်ပြထားသည့် လမ်းညွှန်ဆိုင်းဘုတ်တစ်ခု။ ဓာတ်ပုံ- Tiny Tranquility)
(နေအိမ် ၄၃ လုံးရှိသည်။ ဓာတ်ပုံ- Tiny Tranquility)
(လခမှာ တစ်လလျှင် ဒေါ်လာ ၆၅၀ မှ ၇၅၀ ကြား ရှိသည်။ ဓာတ်ပုံ- Tiny Tranquility)
လက်ရှိအားဖြင့် ငှားရမ်းသူ ၊ နေထိုင်သူ ပြည့်နေပြီဖြစ်ပြီး ပိုင်ရှင်ဖြစ်သူ Josh Palmer က နောက်ထပ် အိမ်ငယ်ကျေးရွာတစ်ခု တည်ထောင်ရန် စဉ်းစားနေကြောင်း ပြောသည်။
(ရွာကလေးရှိ အိမ်ငယ်ကလေးများမှ တစ်လုံး။ ဓာတ်ပုံ- Tiny Tranquility)
(မီးဖိုဆောင်ပါသော အများသုံးနေရာ။ ဓာတ်ပုံ- Tiny Tranquility)
(ဘိလိယက်ခုံ ၊ စာကြည့်တိုက်နှင့် နားနေနေရာတို့ ပါဝင်သော အဆောက်အအုံ။ ဓာတ်ပုံ- Tiny Tranquility)
(စတုရန်းပေ ၁၂၀၀၀ ကျယ်ဝန်းသော စိုက်ပျိုးရေးမှန်လုံအိမ်။ ဓာတ်ပုံ- Tiny Tranquility)
(ဆက်စပ်သတင်း)
တက္ကဆပ်ပြည်နယ်မှ အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးက အိမ်ငယ်လေးများရွာ တည်ထောင်ကာ တစ်လုံးလျှင် ဒေါ်လာ ၇၀၀ ဖြင့် အငှားချ
https://www.imyanmarhouse.com/news/read/1073227
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Tiny-home community with ocean views boasts $650 rent, free Wi-Fi ( New York Post )
[Zawgyi]
(ဆက်စပ်သတင်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...
[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
imyanmarmarket
Central Shop House
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service