စက်ရုံအလုပ်သမားဘဝမှ ကိုယ့်ဒူးကိုယ်ချွန် သန်းကြွယ်သူဌေးတစ်ဦး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ၂၇ ကြိမ် မြောက် ဝင်ရောက်ဖြေဆိုရာ ထပ်မံကျရှုံးခဲ့ပြန်သော်လည်း လက်မလျော့ဘဲ ဆက်လက်ကြိုးစားသွားမည်ဟုဆို
စက်ရုံအလုပ်သမားဘဝမှ ကိုယ့်ဒူးကိုယ်ချွန် သန်းကြွယ်သူဌေးတစ်ဦး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ၂၇ ကြိမ် မြောက် ဝင်ရောက်ဖြေဆိုရာ ထပ်မံကျရှုံးခဲ့ပြန်သော်လည်း လက်မလျော့ဘဲ ဆက်လက်ကြိုးစားသွားမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
3 Jul 2023 11:59 am တွင် တင်ခဲ့သည်
1391 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
တရုတ်ပြည်တွင် အသက် ၅၆ နှစ်အရွယ်ရှိ ကိုယ့်ဒူးကိုယ်ချွန် သန်းကြွယ်သူဌေးတစ်ဦးဖြစ်သူ လျှံရှီသည် ခက်ခဲလှသည်ဟု နာမည်ကြီးသော တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ၂၇ ကြိမ်မြောက် ဝင်ရောက်ဖြေဆိုခဲ့ရာတွင် ကျရှုံးခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြသည်။
ချမ်းသာကြွယ်ဝနေပြီဖြစ်သော လျှံရှီအတွက် တက္ကသိုလ်တက်ရန် မလိုအပ်ဟု ယူဆဖွယ်ရာ ရှိသည်။
လျှံရှီသည် စက်ရုံအလုပ်သမားဘဝမှ ကိုယ်ပိုင်ဆောက်လုပ်ရေးပစ္စည်းဆိုင်ပိုင်ရှင်ဖြစ်လာသူဖြစ်ပြီး ယခုအခါ သန်းကြွယ်သူဌေးတစ်ဦးဖြစ်နေပြီဖြစ်ကြောင်း AFP သတင်းတွင် ဖော်ပြသည်။
ထိုသို့ ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း လျှံရှီသည် တက္ကသိုလ်တက်ရန် အိမ်မက်မက်လျက်ရှိသည်။
“တက္ကသိုလ်တက်ခွင့်ရအောင် မကြိုးစားနိုင်ဘူးဆိုတဲ့အတွေးက ကျွန်တော့်အတွက် စိတ်မချမ်းသာစရာပါပဲ။ ကျွန်တော် တကယ့်ကို တက္ကသိုလ်တက်ချင်ပါတယ်။ ပညာတတ်တစ်ယောက်ဖြစ်ချင်ပါတယ်”ဟု လျှံရှီက AFP သတင်းဌာနသို့ ပြောသည်။
တက္ကသိုလ်တက်ခွင့်ရရန်အတွက် လျှံရှီသည် Gao Kao ဟု ခေါ်သော တစ်နှစ်လျှင် တစ်ကြိမ်ကျင်းပသည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်မြင်ရန် လိုအပ်သည်။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အလွန်ခက်ခဲတင်းကြပ်ပြီး စာမေးပွဲဖြေရသောနေ့များတွင် လမ်းများပေါ်နှင့် ကျောင်းဝန်းများအတွင်း ရဲတပ်ဖွဲ့ဝင်များ ချထားလေ့ရှိသည်။
လျှံရှီသည် အသက် ၁၆ နှစ်အရွယ် ၁၉၈၃ ခုနှစ်ကတည်းက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဆယ်စုနှစ် တစ်ခုခန့် ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၉၉၂ ခုနှစ်တွင်မူ အသက် ၂၅ နှစ်အောက် အိမ်ထောင်မရှိသေးသူများကိုသာ ဖြေဆိုခွင့်ပြုမည်ဟု ကန့်သတ်လိုက်ရာ ထိုနောက်ပိုင်းတွင် လျှံရှီ၏ တက္ကသိုလ်အိပ်မက် ခေတ္တရပ်ဆိုင်းခဲ့ရသည်။
၂၀၀၁ ခုနှစ်တွင်မူ ထိုကန့်သတ်ချက် ပယ်ဖျက်ပေးလိုက်ရာ လျှံရှီက သူ၏ တက္ကသိုလ်အိပ်မက်ကို ပြန်လည် အကောင်အထည်ဖော်ရန် ကြိုးစားခဲ့ပြန်သည်။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မတိုင်မီ လအနည်းငယ်ခန့်မှစပြီး နေ့စဉ် ၁၂ နာရီခန့် ကျောင်းစာလေ့လာမှုများ ပြုလုပ်ကြောင်း လျှံရှီက AFP သတင်းဌာနကို ပြောသည်။
ယခုနှစ်တွင် လျှံရှီ ရရှိခဲ့သောအမှတ်မှာ စီချွမ်ပြည်နယ်တွင် တက္ကသိုလ်များ ဝင်ခွင့်အတွက် သတ်မှတ်ထား သော အမှတ်မပြည့်မှီခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြသည်။
ယခုနှစ်စာမေးပွဲတွင် အမှတ် ၇၅၀ ပေးသည့်အနက် လျှံရှီက ၄၂၄ မှတ်ရခဲ့ပြီး ယခင်နှစ်က ရသည့် အမှတ်အောက် ၃ မှတ်နည်းပါးသည်။
စီချွမ်တက္ကသိုလ်တွင် ဝင်ခွင့်ရမှတ် ယခုနှစ်အတွက် ၅၂၇ မှတ်သတ်မှတ်ထားရာ လျှံရှီမှာ ၄၂၄ မှတ်သာ ရရှိသောကြောင့် ဝင်ခွင့်ရရန် ၁၀၃ မှတ်လိုအပ်နေသည်။
လျှံရှီသည် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို နှစ်ပေါင်း ၄၀ အချိန်ကာလအတွင်း အကြိမ်ကြိမ်ကြိုးစားကာ မအောင်မြင်ခဲ့ချေ။ နောက်ထပ် ထပ်မံကြိုးစားရန် လက်ရှိအားဖြင့် မသေချာသေးကြောင်း ၎င်းက ပြောသည်။
သို့သော် လျှံရှီက ဆက်လက်ပြောကြားသည်မှာ “ကျွန်တော် ဒါကို လက်လျှော့ဖို့လည်း ဆန္ဒမရှိပါဘူး။ စာမေးပွဲဝင်ဖြေတာ ရပ်လိုက်မယ်ဆိုရင် ဘဝရဲ့ ကျန်ရှိတဲ့ကာလမှာ ကျွန်တော်သောက်သမျှ လက်ဖက်ရည်ခွက်တိုင်းဟာ နောင်တအရသာတွေပဲ ရပါလိမ့်မယ်”ဟု ပြောသည်။
သို့သော် လာမည့်နှစ်တွင် လျှံရှီ စာမေးပွဲ ဝင်ရောက်ဖြေဆိုဦးမည်ဆိုပါက သူ့အတွက် နောက်ဆုံးအခွင့်အရေး ဖြစ်ဖွယ် ရှိသည်။
၂၀၂၅ ခုနှစ်မှစပြီး စာမေးပွဲပုံစံများ ပြောင်းလဲတော့မည်ဟု သိရသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: A self-made millionaire in China who never went to college just took the country's grueling college entrance exams for the 27th time — and failed again (businessinsider)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service