ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
[Unicode]
ဟောလိဝုဒ်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဇနီး၊ အသက် ၄၉ နှစ်အရွယ်ရှိ ခရစ္စတင်း ဘန်းဂါ့တ်နာ (Christine Baumgartner) သည် ပြီးခဲ့သောလအတွင်း ကီဗင်ကော်စနာနှင့် ကွာရှင်းပြတ်စဲရန် တရားရုံး၌ တင်ပြခဲ့သည်။
ထိုသို့ ကွာရှင်းခွင့် တင်ပြခဲ့သော်လည်း ကယ်လီဖိုးနီးယားပြည်နယ်၊ Carpinteria မှ ကီဗင်ကော့စနာပိုင်သော ဒေါ်လာ ၁၄၅ သန်းတန် စံအိမ်တွင် ဆက်လက်နေထိုင်လျက်ရှိသည်။
ကီဗင်ကော့စနာက ခရစ္စတင်းကို သူ၏ နေအိမ်မှ ထွက်ခွာစေရန် ဥပဒေကြောင်းအရ ဆက်လက်လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောသည်။
ခရစ္စတင်းက ကွာရှင်းပြတ်စဲရန် မေလ ၁ ရက်တွင် လျှောက်ထားခဲ့ပြီးနောက် အကြိုညှိနှိုင်းသဘောတူညီချက် အရ ခရစ္စတင်းသည် ကီဗင်ကော့စနာ၏အိမ်မှ ရက် ၃၀ အတွင်း ထွက်ခွာပေးရန် သဘောတူညီထားကြောင်း အသက် ၆၈ နှစ်အရွယ်ရှိ အော်စကာဆုရှင် ကီဗင်ကော်စနာက ပြောသည်။
ခရစ္စတင်း ဆက်လက်နေထိုင်လျက်ရှိသည့် အကြောင်းမှာ မိမိကို ငွေကြေးများစွာပေးလာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း Dances with wolves ဇာတ်ကားဖြင့် အော်စကာဆုရရှိခဲ့သူ ကီဗင်ကော့စနာက ပြောသည်။
ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ကီဗင်ကော်စနာ၏ စံအိမ်အတွင်း အိမ်ခြံမြေစစ်ဆေးသူများ လာရောက်ကြသည်ကို တွေ့ရသည်။
ကီဗင်ကော့စနာ မကြာမီရိုက်ကူးမည့် Horizon ရုပ်ရှင်ဇာတ်လမ်းတွဲအတွက် ရိုက်ကူးထုတ်လုပ်စားရိတ်ရရန် သူ၏ အိမ်ခြံမြေများမှ တစ်စိတ်တစ်ဒေသကို ပေါင်နှံရန် ဆုံးဖြတ်ခဲ့ခြင်းနှင့် ပတ်သက်ဖွယ်ရှိသည်။
ကီဗင်ကော့စနာက ပြောသည်မှာ ခရစ္စတင်းနှင့် ကွာရှင်းပြတ်စဲမှု အကြိုသဘောတူညီချက်တွင် နေရာသစ်သို့ ပြောင်းရွှေ့နေထိုင်ရန်အတွက် ဒေါ်လာ ၁ ဒသမ ၄၅ သန်း ပေးခဲ့ပြီးဖြစ်ကြောင်း ပြောသည်။
(အသက် ၄၉ နှစ်အရွယ်ရှိ ခရစ္စတင်းကို ဇနီးမောင်နှံအတူနေထိုင်ခဲ့သော ဒေါ်လာ ၁၄၅ သန်းတန် ကမ်းခြေစံအိမ်တွင် ဗုဒ္ဓဟူးနေ့က တွေ့ခဲ့ရပုံ။)
(ကီဗင်ကော့စနာကို ဖေဖော်ဝါရီလက ဂရမ်မီဆုပေးပွဲတွင် တွေ့ရပုံ။)
(အော်စကာဆုရှင် ကီဗင်ကော့စနာ၏ စံအိမ်)
ခရစ္စတင်းကို ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ကယ်လီဖိုးနီးယားပြည်နယ် ၊ မွန်တီဆီတိုမြို့ရှိ အမေရိကန် ဗဟိုဘဏ်၏ ဘဏ်ခွဲထဲမှ ထွက်လာသည်ကို တွေ့ခဲ့ရသည်။
ခရစ္စတင်းသည် ဘဏ်ရှေ့လှေကားထစ်များမှ ဆင်းလာရင်း သူ၏ဖုန်းကို ကြည့်နေခဲ့သည်ကို တွေ့ရသည်။
ခရစ္စတင်းသည် ယခင်က မော်ဒယ်တစ်ဦး ၊ လက်ဆွဲအိတ်ဒီဇိုင်နာတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။
ဘဏ်မှ ထွက်လာပြီးနောက် မီးခိုးရောင် Range Rover မော်တော်ကားဖြင့် ဒေါ်လာ ၁၄၅ သန်းတန် စံအိမ်သို့ ပြန်သွားသည်ကို တွေ့ရသည်။
ခရစ္စတင်းသည် ကီဗင်ကော့စနာနှင့် သားသမီး ၃ ဦး ထွန်းကားရာ သားများဖြစ်သော Cayden (၁၆ နှစ်) ၊ Hayes (၁၄ နှစ်)နှင့် သမီးဖြစ်သူ ဂရေ့စ် (၁၃ နှစ်) တို့ဖြစ်သည်။
ခရစ္စတင်း နေအိမ်မှ ထွက်ခွာရေးအတွက် အခြားသော ငွေကြေး ထောက်ပံ့မှုများ လိုက်လျောပေးသွားမည်ဖြစ်ကြောင်းလည်း ကီဗင်ကော့စနာက တရားရုံးတွင် ပြောသည်။
ကလေးစရိတ် ထောက်ပံ့မှုအဖြစ် တစ်လလျှင် ဒေါ်လာ ၃၀၀၀၀ နှင့် ပြောင်းရွှေ့စရိတ်အတွက် ဒေါ်လာ ၁၀၀၀၀ ထပ်ပေးသွားရန် ဆန္ဒရှိကြောင်း ကီဗင်ကော့စနာက ပြောသည်။
(အိမ်စစ်ဆေးသည့်အဖွဲ့ကို ကီဗင်ကော့စနာ၏ ခြံဝန်းအတွင်း ဗုဒ္ဓဟူးနေ့က တွေ့ရပုံ။)
(ကီဗင်ကော့စနာက Horizon ရုပ်ရှင်ကား ရိုက်ကူးရေးအတွက် ကုန်ကျစရိတ်ရရန် အိမ်ပေါင်ရန် ဆုံးဖြတ်ခဲ့သောကြောင့် နေအိမ်စစ်ဆေးသူများ ရောက်လာခြင်း ဖြစ်နိုင်သည်။)
(ကီဗင်ကော့စနာ၏ ခြံဝန်းကို နေအိမ်စစ်ဆေးသူတစ်ဦး ကြည့်ရှုနေပုံ။)
(ကီဗင်ကော့စနာ၏ အိမ်သို့ အိမ်စစ်ဆေးသူများ ဝင်ရောက်လာပုံ။)
(အမေရိကန် ဗဟိုဘဏ်မှ ခရစ္စတင်း ထွက်လာပုံ။)
(လှေကားမှ ဆင်းနေရင်း ဖုန်းကို ကြည့်နေခဲ့သည်။)
(ပန်းရောင်အဝါ ၊ လိမ္မော်နှင့် အဝါတို့ ရောယှက်ထားသော အင်္ကျီလက်ရှည်ဖြင့် ခရစ္စတင်းကို တွေ့ရသည်။)
(ဘဏ်မှ ထွက်ခွာပြီးနောက် မီးခိုရောင် Range Rover ကားဖြင့် ဒေါ်လာ ၁၄၅ သန်းတန်အိမ်သို့ ပြန်သွားခဲ့သည်။)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: EXCLUSIVE: Kevin Costner's estranged wife Christine remains at their $145M coastal California compound as she refuses to leave following divorce filing in violation of their prenup ... as inspectors seen on scene (dailymail)
ကီဗင်ကော့စနာ၏ ဇနီးက ခင်ပွန်းနှင့် ကွာရှင်းရန် လျှောက်ထားခဲ့ပြီးနောက် ကယ်လီဖိုးနီးယားရှိ ဒေါ်လာ ၁၄၅ သန်းတန် စံအိမ်မှ ထွက်ခွာပေးရန်ငြင်းဆိုကာ ဆက်လက်နေထိုင်
(ပန်းရောင်အဝါ ၊ လိမ္မော်နှင့် အဝါတို့ ရောယှက်ထားသော အကျီ င်္လက်ရှည်ဖြင့် ခရစ္စတင်းကို တွေ့ရသည်။)