Apple ကုမ္ပဏီ ပူးတွဲတည်ထောင်သူက ကယ်လီဖိုးနီးယားပြည်နယ်မှ ဧကပေါင်း ၁၄၀၀၀ ကျော် ကျယ်ဝန်းသော Carmel Valley မွေးမြူရေးခြံကြီးကို ဒေါ်လာ ၃၅ သန်းဖြင့် ရောင်းချ

Apple ကုမ္ပဏီ ပူးတွဲတည်ထောင်သူက ကယ်လီဖိုးနီးယားပြည်နယ်မှ ဧကပေါင်း ၁၄၀၀၀ ကျော် ကျယ်ဝန်းသော Carmel Valley မွေးမြူရေးခြံကြီးကို ဒေါ်လာ ၃၅ သန်းဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
26 Jun 2023 1:26 pm တွင် တင်ခဲ့သည်
504 ကြိမ် ကြည့်ရှု့ပြီး

 [Unicode]

 

 

ဆီလီကွန်တောင်ကြားမှ နည်းပညာလောက ဦးစီးဦးဆောင်ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ Mike Markkula သည် ကယ်လီဖိုးနီးယားပြည်နယ်မှ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ခန့်က ဝယ်ယူထားခဲ့သည့် အလွန်တရာ အပြောကျယ်လှသော မွေးမြူရေးခြံကြီးကို ပြည်သူ့ဥယျာဉ်နှင့် ယဉ်ကျေးမှုဆိုင်ရာနေရာအဖြစ် ပြောင်းလဲမည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တစ်ဖွဲ့ထံ ကန်ဒေါ်လာ ၃၅ သန်းဖြင့် ရောင်းချလိုက်ပြီ ဖြစ်သည်။

Mike သည် ၁၉၇၇ ခုနှစ်တွင် ဆံပင်စုတ်ဖွားနှင့် ကွန်ပြူတာ ပရိုဂရမ်မာများဖြစ်ကြသော စတိဗ်ဂျော့စ်နှင့် Steve Wozniak တို့နှစ်ဦးကို Apple ကုမ္ပဏီတည်ထောင်ရန် ဒေါ်လာ ၂၅၀၀၀၀ ထုတ်ပေးခဲ့ပြီး Mike သည် Apple ၏ ပထမဆုံး ဥက္ကဌအဖြစ်လည်းကောင်း ၊ ဒုတိယမြောက် CEO အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပြီး Apple စတင်တည်ထောင်စဉ်က ရှယ်ယာ ၂၆ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်ခဲ့သည်။

 

 

Mike သည် Apple စတင်ခဲ့သည့် ကနဦးကာလများတွင် အရေးပါသော ငွေကြေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အထောက်အပံ့များ ပေးခဲ့သူလည်း ဖြစ်သည်။

Mike သည် စတိဗ်ဂျော့စ်တို့ ၂ ဦးနှင့် မတွေ့မီက Intel တွင် တာဝန်ထမ်းဆောင်ခဲ့သော အင်ဂျင်နီယာတစ်ဦးဖြစ်သည်။

မိုက်ခ်သည် သူ၏ ကြွယ်ဝချမ်းသာမှု ငွေကြေးတစိတ်တပိုင်းဖြင့် ကယ်လီဖိုးနီးယားပြည်နယ်၊ မွန်ထရေခရိုင်၊ ဆန်ဒီယေဂိုမြို့ရှိ ဧကပေါင်း ၁၄၁၀၀ ကျယ်ဝန်းကာ ၈ မိုင်ခန့် ဖြန့်ကျက်တည်ရှိသော Rana Creek အမည်ရှိ မွေးမြူရေးခြံကြီးကို ဝယ်ယူခဲ့သည်။

မိုက်ခ်သည် ယခုအခါ အဆိုပါခြံကြီးကို ဆန် ဘာနာဒီနိုခရိုင်အခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ဖြစ်သော Wildlands Conservancy ထံ ဒေါ်လာ ၃၅ သန်းဖြင့် ရောင်းချရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီ ဖြစ်သည်။

လာမည့် ဇွန်လ ၃၀ ရက်တွင် ကနဦး ငွေပေးချေမှု လုပ်ဆောင်သွားမည် ဖြစ်သည်။

အဆိုပါအဖွဲ့သည် ကယ်လီဖိုးနီးယားပြည်နယ်တွင် သဘာဝဥယျာဉ်ပေါင်း ၂၂ ခုနှင့် အော်ရီဂွန်ပြည်နယ်တွင် ၁ ခုတို့ကို ထိန်းသိမ်းလုပ်ကိုင်လျက်ရှိသည်။

ထိုအဖွဲ့က ယခုခြံကြီးကို အများပြည်သူ လမ်းလျှောက်ရန် တောင်တက်ရန်နှင့် မြင်းစီးခြင်းများ အခမဲ့ပြုလုပ်နိုင်ရန် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ထိုအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ Frazier Haney က ပြောသည်။

 

 

“ဒီခြံကြီးဟာ ကယ်လီဖိုးနီးယားပြည်နယ် ဥယျာဉ်တွေရဲ့ အကျယ်အဝန်းနဲ့ ခမ်းနားမှုမျိုးရှိပါတယ်။ ဝက်သစ်ချပင်တွေ အတိပြီးတဲ့ တောင်ကြားတွေ ၊ ပန်းခင်းကြီးတွေနဲ့ ခမ်းနားလှတဲ့ တောင်ကြောတွေရှိတဲ့ အံ့အားသင့်စရာ နေရာတစ်ခုပါ။”

ဤခြံကြီးကို နွားမွေးမြူရေးခြံအဖြစ် နှစ်ပေါင်း ၂၀၀ ခန့် အသုံးပြုခဲ့ပြီး ယင်းမတိုင်မီက Esselen တိုင်းရင်းသားတို့ နေထိုင်ခဲ့ကြသည်။

ကျယ်ပြောလှသော ဤဝန်းကြီးအတွင်း ဝံနက်များ ၊ တောင်ခြင်္သေ့များ ၊ ရွှေရောင်သိမ်းငှက်များနှင့် အခြားတောရိုင်းတိရ စ္ဆာန်များ ယနေ့တိုင် နေထိုင်ကျက်စားလျက်ရှိသည်။

 

မာ့ခ်က ၂၀၁၆ ခုနှစ်အတွင်း ဝေါစထရိဂျာနယ်သို့ ပြောခဲ့သည်မှာ မိမိနှင့် ဇနီးဖြစ်သူ လင်ဒါတို့က ဤခြံကြီးကို ဒုတိယအိမ်အဖြစ် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး စီးပွားရေးလုပ်ငန်းများမှ အနားယူချိန်တွင် နေထိုင်ရန်အတွက် ရည်ရွယ်ခဲ့ကြောင်း ပြောသည်။

မာ့ခ်တို့ ဇနီးမောင်နှံက ၁၉၈၂ ခုနှစ်တွင် မြေဧက ၉၀၀၀ ကို ဒေါ်လာ ၈ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် အနီးရှိ အခြားမြေကွက်များကိုလည်း ဆက်လက်ဝယ်ယူခဲ့ကာ ကွန်ဖရင့် စင်တာတစ်ခု ၊ မိုင်ဝက်ခန့်ရှိသော လေယာဉ်ပြေးလမ်းနှင့် အခြားသော Facilities များ ဆောက်လုပ်ခဲ့သည်။

 

 

 

ခြံကြီး၏ အကျယ်အဝန်းမှာ ဆန်ဖရန်စစ္စကိုမြို့ကြီး၏ တဝက်နီးပါးရှိပြီး ယနေ့တိုင် နွားမွေးမြူရေးခြံအဖြစ် ရှိနေဆဲ ဖြစ်ကာ မာ့ခ်တို့မိသားစု မကြာခဏ သွားရောက်အပန်းဖြေခြင်း ၊ အစည်းအဝေးပြုလုပ်ခြင်းများ လုပ်ဆောင်ကြသည်။

မာ့ခ်က ဤခြံကြီးကို ၂၀၁၃ ခုနှစ်အတွင်း ကန်ဒေါ်လာ ၅၉ သန်းဖြင့် အရောင်းဈေးကွက် တင်ခဲ့ဖူးသော်လည်း ရောင်းမထွက်ခဲ့။

ဤခြံကို Paso Robles မြို့မှ အကျိုးဆောင် Pete Clark က အရောင်းဈေးကွက်တင်ပေးခဲ့ခြင်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Apple co-founder to sell huge Carmel Valley ranch for $35 million to become public nature preserve (mercurynews)

 

 

 

 

[Zawgyi]

 

Apple ကုမၸဏီ ပူးတြဲတည္ေထာင္သူက ကယ္လီဖုိးနီးယားျပည္နယ္မွ ဧကေပါင္း ၁၄၀၀၀ ေက်ာ္ က်ယ္ဝန္းေသာ Carmel Valley ေမြးျမဴေရးျခံၾကီးကို ေဒၚလာ ၃၅ သန္းျဖင့္ ေရာင္းခ်

 

 

ဆီလီကြန္ေတာင္ၾကားမွ နည္းပညာေလာက ဦးစီးဦးေဆာင္ပုဂၢိဳလ္တစ္ဦးျဖစ္သူ Mike Markkula သည္ ကယ္လီဖိုးနီးယားျပည္နယ္မွ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၄၀ ခန္႔က ဝယ္ယူထားခဲ့သည့္ အလြန္တရာ အေျပာက်ယ္လွေသာ ေမြးျမဴေရးျခံၾကီးကို ျပည္သူ႔ဥယ်ာဥ္ႏွင့္ ယဥ္ေက်းမႈဆိုင္ရာေနရာအျဖစ္ ေျပာင္းလဲမည့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးအဖြဲ႔တစ္ဖြဲ႔ထံ ကန္ေဒၚလာ ၃၅ သန္းျဖင့္ ေရာင္းခ်လိုက္ျပီ ျဖစ္သည္။

Mike သည္ ၁၉၇၇ ခုႏွစ္တြင္ ဆံပင္စုတ္ဖြားႏွင့္ ကြန္ျပဴတာ ပရိုဂရမ္မာမ်ားျဖစ္ၾကေသာ စတိဗ္ေဂ်ာ့စ္ႏွင့္ Steve Wozniak တို႔ႏွစ္ဦးကို Apple ကုမၸဏီတည္ေထာင္ရန္ ေဒၚလာ ၂၅၀၀၀၀ ထုတ္ေပးခဲ့ျပီး Mike သည္ Apple ၏ ပထမဆံုး ဥကၠဌအျဖစ္လည္းေကာင္း ၊ ဒုတိယေျမာက္ CEO အျဖစ္လည္းေကာင္း ေဆာင္ရြက္ခဲ့ျပီး Apple စတင္တည္ေထာင္စဥ္က ရွယ္ယာ ၂၆ ရာခိုင္ႏႈန္းခန္႔ ပိုင္ဆိုင္ခဲ့သည္။

Mike သည္ Apple စတင္ခဲ့သည့္ ကနဦးကာလမ်ားတြင္ အေရးပါေသာ ေငြေၾကးႏွင့္ စီမံခန္႔ခြဲမႈဆိုင္ရာ အေထာက္အပံ့မ်ား ေပးခဲ့သူလည္း ျဖစ္သည္။

Mike သည္ စတိဗ္ေဂ်ာ့စ္တို႔ ၂ ဦးႏွင့္ မေတြ႔မီက Intel တြင္ တာဝန္ထမ္းေဆာင္ခဲ့ေသာ အင္ဂ်င္နီယာတစ္ဦးျဖစ္သည္။

မိုက္ခ္သည္ သူ၏ ၾကြယ္ဝခ်မ္းသာမႈ ေငြေၾကးတစိတ္တပိုင္းျဖင့္ ကယ္လီဖုိးနီးယားျပည္နယ္၊ မြန္ထေရခရိုင္၊ ဆန္ဒီေယဂိုျမိဳ႕ရွိ ဧကေပါင္း ၁၄၁၀၀ က်ယ္ဝန္းကာ ၈ မိုင္ခန္႔ ျဖန္႔က်က္တည္ရွိေသာ Rana Creek အမည္ရွိ ေမြးျမဴေရးျခံၾကီးကို ဝယ္ယူခဲ့သည္။

မိုက္ခ္သည္ ယခုအခါ အဆိုပါျခံၾကီးကို ဆန္ ဘာနာဒီႏိုခရိုင္အေျခစိုက္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးအဖြဲ႔ျဖစ္ေသာ Wildlands Conservancy ထံ ေဒၚလာ ၃၅ သန္းျဖင့္ ေရာင္းခ်ရန္ သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးခဲ့ျပီ ျဖစ္သည္။

လာမည့္ ဇြန္လ ၃၀ ရက္တြင္ ကနဦး ေငြေပးေခ်မႈ လုပ္ေဆာင္သြားမည္ ျဖစ္သည္။

အဆိုပါအဖြဲ႔သည္ ကယ္လီဖိုးနီးယားျပည္နယ္တြင္ သဘာဝဥယ်ာဥ္ေပါင္း ၂၂ ခုႏွင့္ ေအာ္ရီဂြန္ျပည္နယ္တြင္ ၁ ခုတို႔ကို ထိန္းသိမ္းလုပ္ကိုင္လ်က္ရွိသည္။

ထိုအဖြဲ႔က ယခုျခံၾကီးကို အမ်ားျပည္သူ လမ္းေလွ်ာက္ရန္ ေတာင္တက္ရန္ႏွင့္ ျမင္းစီးျခင္းမ်ား အခမဲ့ျပဳလုပ္ႏိုင္ရန္ ဖြင့္လွစ္ေပးသြားမည္ျဖစ္ေၾကာင္း ထိုအဖြဲ႔၏ အမႈေဆာင္ဒါရုိက္တာ Frazier Haney က ေျပာသည္။

“ဒီျခံၾကီးဟာ ကယ္လီဖိုးနီးယားျပည္နယ္ ဥယ်ာဥ္ေတြရဲ႕ အက်ယ္အဝန္းနဲ႔ ခမ္းနားမႈမ်ဳိးရွိပါတယ္။ ဝက္သစ္ခ်ပင္ေတြ အတိျပီးတဲ့ ေတာင္ၾကားေတြ ၊ ပန္းခင္းၾကီးေတြနဲ႔ ခမ္းနားလွတဲ့ ေတာင္ေၾကာေတြရွိတဲ့ အံ့အားသင့္စရာ ေနရာတစ္ခုပါ။”

ဤျခံၾကီးကို ႏြားေမြးျမဴေရးျခံအျဖစ္ ႏွစ္ေပါင္း ၂၀၀ ခန္႔ အသံုးျပဳခဲ့ျပီး ယင္းမတိုင္မီက Esselen တိုင္းရင္းသားတို႔ ေနထိုင္ခဲ့ၾကသည္။

က်ယ္ေျပာလွေသာ ဤဝန္းၾကီးအတြင္း ဝံနက္မ်ား ၊ ေတာင္ျခေသၤ့မ်ား ၊ ေရႊေရာင္သိမ္းငွက္မ်ားႏွင့္ အျခားေတာရုိင္းတိရ စၦာန္မ်ား ယေန႔တိုင္ ေနထိုင္က်က္စားလ်က္ရွိသည္။

မာ့ခ္က ၂၀၁၆ ခုႏွစ္အတြင္း ေဝါစထရိဂ်ာနယ္သုိ႔ ေျပာခဲ့သည္မွာ မိမိႏွင့္ ဇနီးျဖစ္သူ လင္ဒါတို႔က ဤျခံၾကီးကို ဒုတိယအိမ္အျဖစ္ ဝယ္ယူခဲ့ျခင္းျဖစ္ျပီး စီးပြားေရးလုပ္ငန္းမ်ားမွ အနားယူခ်ိန္တြင္ ေနထိုင္ရန္အတြက္ ရည္ရြယ္ခဲ့ေၾကာင္း ေျပာသည္။

မာ့ခ္တုိ႔ ဇနီးေမာင္ႏွံက ၁၉၈၂ ခုႏွစ္တြင္ ေျမဧက ၉၀၀၀ ကို ေဒၚလာ ၈ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ေနာက္ပိုင္းတြင္ အနီးရွိ အျခားေျမကြက္မ်ားကိုလည္း ဆက္လက္ဝယ္ယူခဲ့ကာ ကြန္ဖရင့္ စင္တာတစ္ခု ၊ မိုင္ဝက္ခန္႔ရွိေသာ ေလယာဥ္ေျပးလမ္းႏွင့္ အျခားေသာ Facilities မ်ား ေဆာက္လုပ္ခဲ့သည္။

ျခံၾကီး၏ အက်ယ္အဝန္းမွာ ဆန္ဖရန္စစၥကိုျမဳိ႕ၾကီး၏ တဝက္နီးပါးရွိျပီး ယေန႔တုိင္ ႏြားေမြးျမဴေရးျခံအျဖစ္ ရွိေနဆဲ ျဖစ္ကာ မာ့ခ္တုိ႔မိသားစု မၾကာခဏ သြားေရာက္အပန္းေျဖျခင္း ၊ အစည္းအေဝးျပဳလုပ္ျခင္းမ်ား လုပ္ေဆာင္ၾကသည္။

မာ့ခ္က ဤျခံၾကီးကို ၂၀၁၃ ခုႏွစ္အတြင္း ကန္ေဒၚလာ ၅၉ သန္းျဖင့္ အေရာင္းေစ်းကြက္ တင္ခဲ့ဖူးေသာ္လည္း ေရာင္းမထြက္ခဲ့။

ဤျခံကို Paso Robles ျမိဳ႕မွ အက်ဳိးေဆာင္ Pete Clark က အေရာင္းေစ်းကြက္တင္ေပးခဲ့ျခင္း ျဖစ္သည္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Apple co-founder to sell huge Carmel Valley ranch for $35 million to become public nature preserve (mercurynews)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service