ဒေးဗစ်ဘက်ခမ်းနှင့် ဗစ်တိုးရီးယားတို့စုံတွဲက အင်္ဂလန်နိုင်ငံ၊ Cotswolds အရပ်ရှိ ပေါင် ၆ သန်းတန် ကျေးလက်အိမ်မှ ပန်းဥယျာဉ်အတွင်း ကြီးမားသော မီးဖိုဆောင်ကြီးဆောက်လုပ်ရန် ဒေသအာဏာပိုင်များထံ ခွင့်ပြုချက် တောင်းခံ

ဒေးဗစ်ဘက်ခမ်းနှင့် ဗစ်တိုးရီးယားတို့စုံတွဲက အင်္ဂလန်နိုင်ငံ၊ Cotswolds အရပ်ရှိ ပေါင် ၆ သန်းတန် ကျေးလက်အိမ်မှ ပန်းဥယျာဉ်အတွင်း ကြီးမားသော မီးဖိုဆောင်ကြီးဆောက်လုပ်ရန် ဒေသအာဏာပိုင်များထံ ခွင့်ပြုချက် တောင်းခံ - Property News in Myanmar from iMyanmarHouse.com
26 Jun 2023 11:12 am တွင် တင်ခဲ့သည်
659 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဒေးဗစ်ဘက်ခမ်းနှင့် ဗစ်တိုးရီးယားတို့စုံတွဲသည် အင်္ဂလန်နိုင်ငံအနောက်တောင်ပိုင်း ၊ Cotswolds အရပ်ရှိ ကျေးလက်နေအိမ်တစ်လုံးကို လွန်ခဲ့သော ၆ နှစ်က ဝယ်ယူခဲ့ပြီးနောက်ပိုင်း ၎င်းတို့မိသားစု နေထိုင်နိုင်ရန် ပေါင်သန်းပေါင်းများစွာ သုံးစွဲကာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

ဘက်ခမ်းတို့စုံတွဲက ၂၀၁၆ ခုနှစ် ၊ ဒီဇင်ဘာလအတွင်းက ပေါင် ၆၁၅၀၀၀၀ ဖြင့် ဝယ်ယူခဲ့သော အဆိုပါအိမ်၏ ပန်းဥယျာဉ်အတွင်း ကြီးမားသော အိမ်ပြင်ပ မီးဖိုဆောင်ကြီးတစ်ခု ဆောက်လုပ်ရန် စီစဉ်လျက်ရှိကြောင်း Daily Mail သတင်းဌာနက ဖော်ပြသည်။

ပန်းဥယျာဉ်အတွင်းတွင် မီးဖိုဆောင်ကို မှန်များဖြင့် ဆောက်လုပ်ရန် ခွင့်ပြုချက် တောင်းခံထားသည်။

ဤမီးဖိုဆောင် ဆောက်မည့်သတင်းမှာ ဘက်ခမ်း၏သား အသက် ၂၄ နှစ်အရွယ်ရှိ ဘရွတ်ကလင်းအတွက် သတင်းကောင်းတစ်ခု ဖြစ်ဖွယ်ရှိသည်။ ဘရွတ်ကလင်းသည် စားဖိုမှူးတစ်ဦးအဖြစ် အသက်မွေးလျက်ရှိပြီး ကြက်ကြော် ၊ လီဗာပူးစွပ်ပြုပ်နှင့် အင်္ဂလိပ်မနက်စာ အသားညှပ်ပေါင်မုန့်တို့ကဲ့သို့သော ဟင်းလျာများ ချက်ပြုတ်သည့် ဗွီဒီယိုဖိုင်များကို လူမှုကွန်ရက်တွင် မကြာခဏတင်လျက်ရှိသည်။

 

 

(ဘက်ခမ်းတို့စုံတွဲ ဝယ်ယူထားသော ကျေးလက်နေအိမ်)

 

 

 

(ယခုအခါ ပန်းဥယျာဉ်ထဲတွင် မီးဖိုဆောင်ကြီးတစ်ခု ဆောက်ရန် စီစဉ်နေသည်။)

 

 

 

 

(ဒေးဗစ်ဘက်ခမ်းသည်လည်း အချက်အပြုတ် ဝါသနာကြီးသူတစ်ဦးဖြစ်ပြီး အောက်စ်ဖို့ဒ်ရှိုင်းယားအရပ်ရှိ အိမ်တွင် သူချက်ပြုတ်ခဲ့ပုံများကို ဗွီဒီယိုများ တင်ခဲ့ဖူးသည်။)

 

အသက် ၄၉ နှစ်အရွယ်ရှိ ဗစ်တိုးရီးယားကမူ အစားအသောက်အပေါ် ခုံခုံမင်မင်မရှိလှဘဲ သူမအနေဖြင့် ငါးကင်နှင့် ဟင်းသီးဟင်းရွက်များသာစားကြောင်း ပြောဖူးသည်။

ယခုဆောက်လုပ်မှုလုပ်ငန်းအတွက် ဘမ်ခမ်းတို့စုံတွဲက အနောက်အောက်စ်ဖို့ဒ်ရှိုင်းယားကောင်စီထံ ခွင့်ပြုချက် တောင်းခံထားသည်။

ဘက်ခမ်း၏ တင်ပြထားမှုတွင် မီးဖိုဆောင်ကို တောရိုင်းအပင်များ၊ ဧည့်သည်များအတွက် ခင်းကျင်းထားမည့် စားပွဲ၊ ကုလားထိုင်များစွာဖြင့် ဝန်းပတ်ထားမည် ဖြစ်သည်ဟု ဆိုသည်။

ဘက်ခမ်းဝယ်ယူခဲ့စဉ်က အင်္ဂလိပ်အက္ခရာ E ပုံသဏ္ဍာန် ဆောက်လုပ်ထားသော စပါးကျီ ၃ ခုအဖြစ်သာ ရှိခဲ့သည်။

ဘက်ခမ်းက ဆောက်လုပ်ရေးသမားများဖြင့် လပေါင်းများစွာအချိန်ယူကာ မိသားစုနေထိုင်နိုင်ရန် ခမ်းနားစွာ မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။ နောက်ပိုင်းတွင် ဘောလုံးကွင်း၊ ရေကူးကန်နှင့် Sauna တို့ ထည့်သွင်းခဲ့သည်။

ဘက်ခမ်းက ၎င်းတို့၏ များပြားလှသော မော်တော်ကားများနှင့် ဆိုင်ကယ်များအတွက် ကြီးမားသော ဂိုဒေါင်ကြီးတစ်ခုလည်း ဆောက်လုပ်ခဲ့သည်။ မကြာသေးမီကလည်း ဆာဖာရီဟန် ရွက်ဖျင်တဲတစ်ခုကို ဒေါ်လာ ၅၀၀၀၀ ခန့်သုံးစွဲကာ ဆောက်လုပ်ခဲ့သေးသည်။

ဘက်ခမ်းတို့မိသားစုက ယခုအိမ်ကို အားလပ်ရက်အပန်းဖြေရန် အသုံးပြုကြသည်။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်းက ဘက်ခမ်း၏ ယခုအိမ်သို့ မျက်နှာဖုံးစွပ်လူဆိုးအဖွဲ့တစ်ဖွဲ့က ချိုးဖျက်ဝင်ရောက်ရန် ကြိုးစားခဲ့ကြဖူးသည်။

 

(အဆောက်အအုံ plan)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Bake it like Beckham! David and Victoria submit planning permission for huge outdoor kitchen at their £6million Cotswolds barn (dailymail)

 

 

 

[Zawgyi]

ေဒးဗစ္ဘက္ခမ္းႏွင့္ ဗစ္တိုးရီးယားတို႔စံုတြဲက အဂၤလန္ႏိုင္ငံ၊ Cotswolds အရပ္ရွိ ေပါင္ ၆ သန္းတန္ ေက်းလက္အိမ္မွ ပန္းဥယ်ာဥ္အတြင္း ၾကီးမားေသာ မီးဖုိေဆာင္ၾကီးေဆာက္လုပ္ရန္ ေဒသအာဏာပိုင္မ်ားထံ ခြင့္ျပဳခ်က္ ေတာင္းခံ

 

ေဒးဗစ္ဘက္ခမ္းႏွင့္ ဗစ္တိုးရီးယားတို႔စံုတြဲသည္ အဂၤလန္ႏိုင္ငံအေနာက္ေတာင္ပိုင္း ၊ Cotswolds အရပ္ရွိ ေက်းလက္ေနအိမ္တစ္လံုးကို လြန္ခဲ့ေသာ ၆ ႏွစ္က ဝယ္ယူခဲ့ျပီးေနာက္ပိုင္း ၎တို႔မိသားစု ေနထုိင္ႏိုင္ရန္ ေပါင္သန္းေပါင္းမ်ားစြာ သံုးစြဲကာ ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။

ဘက္ခမ္းတို႔စံုတြဲက ၂၀၁၆ ခုႏွစ္ ၊ ဒီဇင္ဘာလအတြင္းက ေပါင္ ၆၁၅၀၀၀၀ ျဖင့္ ဝယ္ယူခဲ့ေသာ အဆိုပါအိမ္၏ ပန္းဥယ်ာဥ္အတြင္း ၾကီးမားေသာ အိမ္ျပင္ပ မီးဖိုေဆာင္ၾကီးတစ္ခု ေဆာက္လုပ္ရန္ စီစဥ္လ်က္ရွိေၾကာင္း Daily Mail သတင္းဌာနက ေဖာ္ျပသည္။

ပန္းဥယ်ာဥ္အတြင္းတြင္ မီးဖိုေဆာင္ကို မွန္မ်ားျဖင့္ ေဆာက္လုပ္ရန္ ခြင့္ျပဳခ်က္ ေတာင္းခံထားသည္။

ဤမီးဖိုေဆာင္ ေဆာက္မည့္သတင္းမွာ ဘက္ခမ္း၏သား အသက္ ၂၄ ႏွစ္အရြယ္ရွိ ဘရြတ္ကလင္းအတြက္ သတင္းေကာင္းတစ္ခု ျဖစ္ဖြယ္ရွိသည္။ ဘရြတ္ကလင္းသည္ စားဖုိမွဴးတစ္ဦးအျဖစ္ အသက္ေမြးလ်က္ရွိျပီး ၾကက္ေၾကာ္ ၊ လီဗာပူးစြပ္ျပဳပ္ႏွင့္ အဂၤလိပ္မနက္စာ အသားညွပ္ေပါင္မုန္႔တို႔ကဲ့သို႔ေသာ ဟင္းလ်ာမ်ား ခ်က္ျပဳတ္သည့္ ဗြီဒီယိုဖိုင္မ်ားကို လူမႈကြန္ရက္တြင္ မၾကာခဏတင္လ်က္ရွိသည္။

(ဘက္ခမ္းတုိ႔စံုတြဲ ဝယ္ယူထားေသာ ေက်းလက္ေနအိမ္)

(ယခုအခါ ပန္းဥယ်ာဥ္ထဲတြင္ မီးဖိုေဆာင္ၾကီးတစ္ခု ေဆာက္ရန္ စီစဥ္ေနသည္။)

(ေဒးဗစ္ဘက္ခမ္းသည္လည္း အခ်က္အျပဳတ္ ဝါသနာၾကီးသူတစ္ဦးျဖစ္ျပီး ေအာက္စ္ဖို႔ဒ္ရိႈင္းယားအရပ္ရွိ အိမ္တြင္ သူခ်က္ျပဳတ္ခဲ့ပံုမ်ားကို ဗြီဒီယိုမ်ား တင္ခဲ့ဖူးသည္။

အသက္ ၄၉ ႏွစ္အရြယ္ရွိ ဗစ္တိုးရီးယားကမူ အစားအေသာက္အေပၚ ခံုခံုမင္မင္မရွိလွဘဲ သူမအေနျဖင့္ ငါးကင္ႏွင့္ ဟင္းသီးဟင္းရြက္မ်ားသာစားေၾကာင္း ေျပာဖူးသည္။

ယခုေဆာက္လုပ္မႈလုပ္ငန္းအတြက္ ဘမ္ခမ္းတို႔စံုတြဲက အေနာက္ေအာက္စ္ဖို႔ဒ္ရႈိင္းယားေကာင္စီထံ ခြင့္ျပဳခ်က္ ေတာင္းခံထားသည္။

ဘက္ခမ္း၏ တင္ျပထားမႈတြင္ မီးဖိုေဆာင္ကို ေတာရိုင္းအပင္မ်ား၊ ဧည့္သည္မ်ားအတြက္ ခင္းက်င္းထားမည့္ စားပြဲ၊ ကုလားထိုင္မ်ားစြာျဖင့္ ဝန္းပတ္ထားမည္ ျဖစ္သည္ဟု ဆိုသည္။

ဘက္ခမ္းဝယ္ယူခဲ့စဥ္က အဂၤလိပ္အကၡရာ E ပံုသ႑ာန္ ေဆာက္လုပ္ထားေသာ စပါးက်ီ ၃ ခုအျဖစ္သာ ရွိခဲ့သည္။

ဘက္ခမ္းက ေဆာက္လုပ္ေရးသမားမ်ားျဖင့္ လေပါင္းမ်ားစြာအခ်ိန္ယူကာ မိသားစုေနထိုင္ႏိုင္ရန္ ခမ္းနားစြာ မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။ ေနာက္ပိုင္းတြင္ ေဘာလံုးကြင္း၊ ေရကူးကန္ႏွင့္ Sauna တို႔ ထည့္သြင္းခဲ့သည္။

ဘက္ခမ္းက ၎တို႔၏ မ်ားျပားလွေသာ ေမာ္ေတာ္ကားမ်ားႏွင့္ ဆုိင္ကယ္မ်ားအတြက္ ၾကီးမားေသာ ဂိုေဒါင္ၾကီးတစ္ခုလည္း ေဆာက္လုပ္ခဲ့သည္။ မၾကာေသးမီကလည္း ဆာဖာရီဟန္ ရြက္ဖ်င္တဲတစ္ခုကို ေဒၚလာ ၅၀၀၀၀ ခန္႔သံုးစြဲကာ ေဆာက္လုပ္ခဲ့ေသးသည္။

ဘက္ခမ္းတို႔မိသားစုက ယခုအိမ္ကို အားလပ္ရက္အပန္းေျဖရန္ အသံုးျပဳၾကသည္။

၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလအတြင္းက ဘက္ခမ္း၏ ယခုအိမ္သို႔ မ်က္ႏွာဖံုးစြပ္လူဆိုးအဖြဲ႔တစ္ဖြဲ႔က ခ်ဳိးဖ်က္ဝင္ေရာက္ရန္ ၾကိဳးစားခဲ့ၾကဖူးသည္။

(အေဆာက္အအံု plan)

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Bake it like Beckham! David and Victoria submit planning permission for huge outdoor kitchen at their £6million Cotswolds barn (dailymail)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service