တစ်ခေတ်တစ်ခါဆီက စိတ်မချမ်းမြေ့ဖွယ်ရာ တမလွန်မှချစ်ခင်သူများနဲ့အတူ ဓာတ်ပုံမှတ်တမ်းရိုက်ယူမှုအနုပညာ

တစ်ခေတ်တစ်ခါဆီက စိတ်မချမ်းမြေ့ဖွယ်ရာ တမလွန်မှချစ်ခင်သူများနဲ့အတူ ဓာတ်ပုံမှတ်တမ်းရိုက်ယူမှုအနုပညာ - Property News in Myanmar from iMyanmarHouse.com
26 Jun 2023 10:44 am တွင် တင်ခဲ့သည်
522 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

လတ်တလောသေဆုံးသွားသူ ချစ်ခင်ရတဲ့မိသားစုဝင်အလောင်းကောင်များနဲ့အတူ အလှဓာတ်ပုံရိုက်ကူးခြင်းဟာ လက်ရှိခေတ်အခြေအနေမှာတော့ တွေးကြည့်ရုံနဲ့တင် စိတ်မချမ်းမြေ့ဖွယ်စရာဖြစ်ပေမယ့် အင်္ဂလန်နိုင်ငံ ဗစ်တိုးရီယားခေတ်မှာတော့ ကွယ်လွန်သူမိသားစုဝင်အတွက် ဝမ်းနည်းမှု၊လေးစားချစ်ခင်မှုကိုဖော်ပြခြင်းဖြစ်ပြီး အမှန်တကယ်ပဲ သေဆုံးသူနဲ့အတူဓာတ်ပုံရိုက်ကူးလေ့ရှိခဲ့ပါတယ်။

ဖော်ပြပါဓာတ်ပုံတွေထဲ စိတ်မချမ်းမြေ့ဖွယ် ထူးဆန်းဝမ်းနည်းဖွယ်ပုံစံများနဲ့ သေဆုံးသူနဲ့အတူ အလှဓာတ်ပုံရိုက်ခံနေတဲ့ မိသားစုကိုတွေ့မြင်ရပါတယ်။ ချစ်စဖွယ် မွေးကင်းစကလေးငယ်ဟာ အိပ်ပျော်နေသယောင်၊ ကျက်သရေရှိလှပတဲ့မိန်းမပျိုလေးတစ်ဦး လဲလျောင်းနေသယောင် မြင်တွေ့နေရပုံက ရောဂါဆိုးကြီးဟာ အသက်ကိုလုယုသွားရုံတင်လား... သူတို့ကိုသာ၍လှပသွားစေဖို့ငှာ ဆန္ဒရှိလေသလား....

၁၈၀၀ ခုနှစ်အလယ်ပိုင်းလောက်မှာ ကွယ်လွန်သူမိသားစုဝင်နဲ့အတူ ဓာတ်ပုံရိုက်ကူးတဲ့ဓလေ့ဟာ လူတန်းစာအလွှာအမျိုးမျိုးကြား နာမည်ကြီးကျော်ကြားလာခဲ့ပြီး ထိုခေတ်က မိသားစုတိုင်းလိုလို သေလွန်သူနဲ့အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးလေ့ရှိပါတယ်။

ဝက်သက်၊ဆုံဆို့နာ၊ဂျိုက်သိုး ကဲ့သို့သော သေစေနိုင်တဲ့ရောဂါဆိုးများရဲ့ရိုက်ခတ်မှုကြောင့် ဗစ်တိုးရီးယားခေတ်က ကလေးလူနာရုံတွေမှာသေဆုံးမှုများတစ်စတစ်စတိုးပွားလာခဲ့ပြီး ဘဝဆုံးပါးသွားသောချစ်ရသူကလေးငယ်နဲ့အတူနောက်ဆုံးအနေဖြင့် အမှတ်တရဖန်တီးရန်အလို့ငှာ မိသားစုများက ထိုကဲ့သို့သော အလှဓာတ်ပုံများရိုက်ကူးခဲ့ကြပါတယ်။

နောက်ပိုင်းနှစ်များမှာတော့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တိုးတက်ကောင်းမွန်လာသည်နှင့်တပြိုင်နက် ကလေးငယ်များသေဆုံးမှုနှုန်းလျော့ကျလာခဲ့ပြီး သေဆုံးသူကလေးငယ်နှင့်အတူဓာတ်ပုံရိုက်ကူးမှုအလေ့ဟာလည်း ဘယ်သောအခါမှ မရှိခဲ့သည်အလား တစ်စတစ်စ လွင့်ပါးပျောက်ကွယ်သွားပါတော့တယ်။

သေဆုံးသူနဲ့အတူ ဓာတ်ပုံရိုက်ကူးတဲ့ ဓလေ့ကတစ်ဆင့် အမှာစကားပေးပုံမှာ သင်မုချသေရမည်ဆိုတာ အမြဲသတိရနေပါ..... တဲ့

 

 

 

ပုံ ( ၁ ) ငါးနှစ်ပြည့်မွေးနေ့မတိုင်ခင်သေဆုံးသွားသည့် ချစ်လှစွာသောအငယ်ဆုံးညီမလေးနဲ့အတူ မိသားစုစုံညီမောင်နှမဓာတ်ပုံရိုက်ကူးနေပုံ။

 

 

 

ပုံ ( ၂ ) လှုပ်ရှားမှုမရှိသောကြောင့် သေဆုံးသူများဟာ ဓာတ်ပုံထဲတွင် တစ်ခြားသောအသက်ရှိလူတွေထက်ပုံရိပ်ပြတ်သားစွာပေါ်လွင်နေသည်။

 

 

ပုံ ( ၃) တစ်ချို့သောသေဆုံးသူဓာတ်ပုံများတွင် အသက်ရှင်နေသယောင် မျက်လုံးများရစေရန် ဆေးပန်းချီခြယ်သကြပြီး ဆေးပန်းချီခြယ်သူမှုမပေါ်ခင်ကဓာတ်ပုံများတွင် သေဆုံးသူကိုရိုက်ကူးထားမှန်းသိသာသည်။

 

 

 

ပုံ ( ၄ ) အမွှာကလေးနှစ်ယောက်အနက် တစ်ဦးသေဆုံး၊ တစ်ဦးသာ အသက်ရှင်ကျန်ရစ်လျက် သေဆုံးသူကလေးငယ်အား ပန်းများဘေးမှာဝန်းရံထားရှိပြီး အမှတ်တရအလှဓာတ်ပုံရိုက်ကူးနေပုံ။

 

 

 

ပုံ ( ၆ ) ကြောင်ကလေးကအစ မိသားစုတစ်ခုလုံး အိပ်ပျော်နေသဖွယ်အနေအထားနဲ့သေဆုံးနေသော ကလေးငယ်အားဝန်းရံလျှက် မိသားစုဓာတ်ပုံရိုက်ကူးနေပုံ။

 

 

 

ပုံ ( ၇ ) ဩစတေးယျ ၊ တောင်ဩစတေးယျ ဒေသများအထိ ပျံ့နှံ့ခဲ့သော သေဆုံးသွားသူမိသားစုဝင်နဲ့အတူဓာတ်ပုံရိုက်ကူးခြင်းအနုပညာ။

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Taken from life: The unsettling art of death photography (bbc)

 

 

 

 

[Zawgyi]

 

တစ္ေခတ္တစ္ခါဆီက စိတ္မခ်မ္းေျမ့ဖြယ္ရာ တမလြန္မွခ်စ္ခင္သူမ်ားနဲ႔အတူ ဓာတ္ပုံမွတ္တမ္း႐ိုက္ယူမႈအႏုပညာ

 

 

လတ္တေလာေသဆုံးသြားသူ ခ်စ္ခင္ရတဲ့မိသားစုဝင္အေလာင္းေကာင္မ်ားနဲ႔အတူ အလွဓာတ္ပုံ႐ိုက္ကူးျခင္းဟာ လက္႐ွိေခတ္အေျခအေနမွာေတာ့ ေတြးၾကည့္႐ုံနဲ႔တင္ စိတ္မခ်မ္းေျမ့ဖြယ္စရာျဖစ္ေပမယ့္ အဂၤလန္ႏိုင္ငံ ဗစ္တိုးရီယားေခတ္မွာေတာ့ ကြယ္လြန္သူမိသားစုဝင္အတြက္ ဝမ္းနည္းမႈ၊ေလးစားခ်စ္ခင္မႈကိုေဖာ္ျပျခင္းျဖစ္ၿပီး အမွန္တကယ္ပဲ ေသဆုံးသူနဲ႔အတူဓာတ္ပုံ႐ိုက္ကူးေလ့႐ွိခဲ့ပါတယ္။

ေဖာ္ျပပါဓာတ္ပုံေတြထဲ စိတ္မခ်မ္းေျမ့ဖြယ္ ထူးဆန္းဝမ္းနည္းဖြယ္ပုံစံမ်ားနဲ႔ ေသဆုံးသူနဲ႔အတူ အလွဓာတ္ပုံ႐ိုက္ခံေနတဲ့ မိသားစုကိုေတြ႕ျမင္ရပါတယ္။ ခ်စ္စဖြယ္ ေမြးကင္းစကေလးငယ္ဟာ အိပ္ေပ်ာ္ေနသေယာင္၊ က်က္သေရ႐ွိလွပတဲ့မိန္းမပ်ိဳေလးတစ္ဦး လဲေလ်ာင္းေနသေယာင္ ျမင္ေတြ႕ေနရပုံက ေရာဂါဆိုးႀကီးဟာ အသက္ကိုလုယုသြား႐ုံတင္လား... သူတို႔ကိုသာ၍လွပသြားေစဖို႔ငွာ ဆႏၵ႐ွိေလသလား....

၁၈၀၀ ခုႏွစ္အလယ္ပိုင္းေလာက္မွာ ကြယ္လြန္သူမိသားစုဝင္နဲ႔အတူ ဓာတ္ပုံ႐ိုက္ကူးတဲ့ဓေလ့ဟာ လူတန္းစာအလႊာအမ်ိဳးမ်ိဳးၾကား နာမည္ႀကီးေက်ာ္ၾကားလာခဲ့ၿပီး ထိုေခတ္က မိသားစုတိုင္းလိုလို ေသလြန္သူနဲ႔အတူ မွတ္တမ္းတင္ဓာတ္ပုံ႐ိုက္ကူးေလ့႐ွိပါတယ္။

ဝက္သက္၊ဆုံဆို႔နာ၊ဂ်ိဳက္သိုး ကဲ့သို႔ေသာ ေသေစႏိုင္တဲ့ေရာဂါဆိုးမ်ားရဲ႕႐ိုက္ခတ္မႈေၾကာင့္ ဗစ္တိုးရီးယားေခတ္က ကေလးလူနာ႐ုံေတြမွာေသဆုံးမႈမ်ားတစ္စတစ္စတိုးပြားလာခဲ့ၿပီး ဘဝဆုံးပါးသြားေသာခ်စ္ရသူကေလးငယ္နဲ႔အတူေနာက္ဆုံးအေနျဖင့္ အမွတ္တရဖန္တီးရန္အလို႔ငွာ မိသားစုမ်ားက ထိုကဲ့သို႔ေသာ အလွဓာတ္ပုံမ်ား႐ိုက္ကူးခဲ့ၾကပါတယ္။

ေနာက္ပိုင္းႏွစ္မ်ားမွာေတာ့ က်န္းမာေရးေစာင့္ေ႐ွာက္မႈစနစ္တိုးတက္ေကာင္းမြန္လာသည္ႏွင့္တၿပိဳင္နက္ ကေလးငယ္မ်ားေသဆုံးမႈႏႈန္းေလ်ာ့က်လာခဲ့ၿပီး ေသဆုံးသူကေလးငယ္ႏွင့္အတူဓာတ္ပုံ႐ိုက္ကူးမႈအေလ့ဟာလည္း ဘယ္ေသာအခါမွ မ႐ွိခဲ့သည္အလား တစ္စတစ္စ လြင့္ပါးေပ်ာက္ကြယ္သြားပါေတာ့တယ္။

ေသဆုံးသူနဲ႔အတူ ဓာတ္ပုံ႐ိုက္ကူးတဲ့ ဓေလ့ကတစ္ဆင့္ အမွာစကားေပးပုံမွာ သင္မုခ်ေသရမည္ဆိုတာ အၿမဲသတိရေနပါ..... တဲ့

ပုံ ( ၁ ) ငါးႏွစ္ျပည့္ေမြးေန႔မတိုင္ခင္ေသဆုံးသြားသည့္ ခ်စ္လွစြာေသာအငယ္ဆုံးညီမေလးနဲ႔အတူ မိသားစုစုံညီေမာင္ႏွမဓာတ္ပုံ႐ိုက္ကူးေနပုံ။

ပုံ ( ၂ ) လႈပ္႐ွားမႈမ႐ွိေသာေၾကာင့္ ေသဆုံးသူမ်ားဟာ ဓာတ္ပုံထဲတြင္ တစ္ျခားေသာအသက္႐ွိလူေတြထက္ပုံရိပ္ျပတ္သားစြာေပၚလြင္ေနသည္။

ပုံ ( ၃) တစ္ခ်ိဳ႕ေသာေသဆုံးသူဓာတ္ပုံမ်ားတြင္ အသက္႐ွင္ေနသေယာင္ မ်က္လုံးမ်ားရေစရန္ ေဆးပန္းခ်ီျခယ္သၾကၿပီး ေဆးပန္းခ်ီျခယ္သူမႈမေပၚခင္ကဓာတ္ပုံမ်ားတြင္ ေသဆုံးသူကို႐ိုက္ကူးထားမွန္းသိသာသည္။

ပုံ ( ၄ ) အမႊာကေလးႏွစ္ေယာက္အနက္ တစ္ဦးေသဆုံး၊ တစ္ဦးသာ အသက္႐ွင္က်န္ရစ္လ်က္ ေသဆုံးသူကေလးငယ္အား ပန္းမ်ားေဘးမွာဝန္းရံထား႐ွိၿပီး အမွတ္တရအလွဓာတ္ပုံ႐ိုက္ကူးေနပုံ။

ပုံ ( ၆ ) ေၾကာင္ကေလးကအစ မိသားစုတစ္ခုလုံး အိပ္ေပ်ာ္ေနသဖြယ္အေနအထားနဲ႔ေသဆုံးေနေသာ ကေလးငယ္အားဝန္းရံလွ်က္ မိသားစုဓာတ္ပုံ႐ိုက္ကူးေနပုံ။

ပုံ ( ၉ ) ဩစေတးယ် ၊ ေတာင္ဩစေတးယ် ေဒသမ်ားအထိ ပ်ံ႕ႏွံ႔ခဲ့ေသာ ေသဆုံးသြားသူမိသားစုဝင္နဲ႔အတူဓာတ္ပုံ႐ိုက္ကူးျခင္းအႏုပညာ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Taken from life: The unsettling art of death photography (bbc)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service