အင်္ဂလန်မှ ကျေးလက်အိမ်တစ်လုံး၏ မီးလင်းဖိုတွင်ထားသော ကျောက်ဆစ်ရုပ်တုမှာ တရုတ်ပြည်တွင် လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ က ထွင်းထုခဲ့သော ဗုဒ္ဓရုပ်ပွားတော်ဖြစ်နေရာ လေလံတင်ရောင်းချရာတွင် ပေါင် ၅၅၄၀၀၀ (မြန်မာငွေ သိန်းပေါင်း ၁၀၀၀၀ ကျော်)ရရှိ
အင်္ဂလန်မှ ကျေးလက်အိမ်တစ်လုံး၏ မီးလင်းဖိုတွင်ထားသော ကျောက်ဆစ်ရုပ်တုမှာ တရုတ်ပြည်တွင် လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ က ထွင်းထုခဲ့သော ဗုဒ္ဓရုပ်ပွားတော်ဖြစ်နေရာ လေလံတင်ရောင်းချရာတွင် ပေါင် ၅၅၄၀၀၀ (မြန်မာငွေ သိန်းပေါင်း ၁၀၀၀၀ ကျော်)ရရှိ - Property News in Myanmar from iMyanmarHouse.com
23 Jun 2023 9:55 am တွင် တင်ခဲ့သည်
594 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အင်္ဂလန်မှ ကျေးလက်တစ်ထပ်အိမ်ကလေးတစ်လုံးရှိ မီးလင်းဖိုတွင်ထားရှိသော စကျင်ကျောက်ထွင်း ရုပ်တုတစ်ခုမှာ ရှေးဟောင်းပစ္စည်းဖြစ်နေကြောင်း တွေ့ရှိခဲ့ရပြီးနောက် လေလံတင်ရောင်းချရာတွင် ပေါင် ၅၅၄၀၀၀ (မြန်မာငွေ ၁၁၆၃၀ သိန်း)ရရှိခဲ့သည်။
(မှတ်ချက်။ ၂၀၂၃ ခုနှစ် ဇွန်လ ၂၂ ရက် သတ်မှတ်ငွေလဲနှုန်း ကန် ၁ ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၂၀၉၉ ဖြင့် တွက်ချက်ထားခြင်းသာ ဖြစ်ပါသည်။)
စကျင်ကျောက်ပြားတွင် ထွင်းထုထားသော အဆိုပါရုပ်ပွားတော်သည် အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်းမှ ဈေးသည်အမျိုးသမီး၏ သာမန်နေအိမ်ကလေး၏ ဧည့်ခန်းတွင်ရှိနေသည်မှာ ဆယ်စုနှစ်များစွာရှိခဲ့ပြီ ဖြစ်သည်။
ထိုရုပ်ပွားတော်သည် တန်ဖိုးရှိသည့် ရှေးဟောင်းပစ္စည်းတစ်ခုဆိုသည်ကို အဆိုပါအမျိုးသမီး မသိခဲ့။
အဆိုပါအမျိုးသမီးက လေလံတင်သူတစ်ဦးကို သူမ၏ နေအိမ်မှ ထင်းသုံးမီးလင်းဖိုအနီးရှိ ကြမ်းပြင်ပေါ်တွင် ထားရှိသော ရှေးဟောင်းပစ္စည်းများကို ခေါ်ယူပြသခဲ့သည်။
ကျောက်ဆစ်ရုပ်ပွားတော်၏ အလေးချိန်မှာ ၁၄ စတုံရှိပြီး ဉာဏ်တော် ၃၉ လက်မ၊ ဗျက် ၁၅ လက်မ ရှိသည်။
ကြာပလ္လင်ပေါ်တွင် ဗုဒ္ဓရပ်တော်မူပုံ ထွင်းထုထားခြင်းဖြစ်ပြီး တရုတ်ပြည်မြောက်ပိုင်း ချီမင်းဆက်ကာလက လက်ရာဖြစ်သည်။
ချီမင်းဆက်မှာ တရုတ်ပြည် အရှေ့မြောက်ပိုင်းတွင် ခရစ်နှစ် ၅၅၀ မှ ၅၇၇ ကြား စိုးစံခဲ့သော မင်းဆက်ဖြစ်သည်။
အဆိုပါရုပ်ပွားတော်သည် ယခင်က ဘယ်လ်ဂျီယံအင်ဂျင်နီယာ Adolphe Stoclet စုဆောင်းပိုင်ဆိုင်ခဲ့ဖူးသည်။
(အင်္ဂလန်ကျေးလက်အိမ်ကလေး၏ မီးလင်းဖိုတွင်ထားရှိသော ကျောက်ဆစ်ရုပ်ပွားတော်ကို လေလံတင်ရာတွင် ပေါင် ၅၅၄၀၀၀ ရရှိခဲ့သည်)
ယခုရုပ်ပွားတော်သည် လေလံဈေးကွက်သို့ ရောက်မလာသည်မှာ ရာစုနှစ် တစ်ခုနီးပါးရှိခဲ့ပြီး ဝစ်ရှိုင်းယားခရိုင်၊ Salisbury မြို့၊ Woolley & Wallis လေလံကုမ္ပဏီမှ လေလံတင်ရာတွင် အပြိုင်အဆိုင်လေလံဆွဲမှု ပြင်းထန်ခဲ့သည်။
လေလံပွဲတွင် ဖုန်းဖြင့် လေလံဆွဲသူ၊ လေလံပွဲသို့ ကိုယ်တိုင်လာရောက်လေလံဆွဲသူ ၉ ဦးခန့်က ယခုရုပ်ပွားတော်ကို အပြိုင်အဆိုင်ဈေးပေးကာ လေလံဆွဲခဲ့ကြသည်။
ပေါင် ၄၄၀၀၀၀ ဖြင့် လေလံပိတ်ကြောင်း ကြေညာလိုက်ချိန်တွင် လက်ခုပ်တီး အားပေးခဲ့ကြသည်။
အပိုကြေးများအပါအဝင် တရုတ်ပြည်မှ တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ လေလံဆွဲသူတစ်ဦးက ပေါင် ၅၅၄၄၀၀ ဖြင့် လေလံအောင်ခဲ့ခြင်းဖြစ်ပြီး မူလခန့်မှန်းခဲ့သည် ပေါင် ၆၀၀၀၀ ထက် ၉ ဆခန့် ပိုမိုများပြားခဲ့သော ဈေးနှုန်း ဖြစ်သည်။
အရှေ့တိုင်းမှ ရှေးဟောင်းပစ္စည်းစုဆောင်းသူတို့သည် ၎င်းတို့၏ ဆုံးရှုံးခဲ့သော ရှေးဟောင်းအမွေအနှစ်များကို ရှာဖွေစုဆောင်းလျက်ရှိသည့် သာဓကတစ်ခုဖြစ်ပြီး ရှားပါးရှေးဟောင်းပစ္စည်းများအတွက် ဈေးနှုန်းများ အလွန်မြင့်မားလာစေခြင်း၏ အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။
ဈေးသည်အမျိုးသမီးက လေလံပွဲကို အွန်လိုင်းမှတဆင့် ကြည့်ရှုခဲ့ပြီး နောက်ဆုံးရလဒ်အပေါ် အလွန်ဝမ်းမြောက်ခဲ့သည်။
(Woolley & Wallis ကုမ္ပဏီ၏ လေလံပွဲတွင် ဗုဒ္ဓရုပ်ပွားတော်အတွက် လေလံပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သည်)
(ဈေးသည်အမျိုးသမီးက လေလံပွဲကို အွန်လိုင်းမှတဆင့် ကြည့်ရှုခဲ့သည်)
Woolley & Wallis ကုမ္ပဏီမှ အာရှအနုပညာလက်ရာများဆိုင်ရာ အကြီးအကဲ John Axford က “ထူးခြားတဲ့ လက်ရာပစ္စည်းတစ်ခုအတွက် ထူးခြားတဲ့ဈေးနှုန်းပါပဲ။ ရှားပါးမှုတင်မကဘဲ ဇာစ်မြစ်ကလည်း ထူးခြားတာကြောင့် လေလံဆွဲသူတွေအကြား လေလံပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်။ ပိုင်ရှင်က လေလံပွဲကို အွန်လိုင်းကနေ ကြည့်ရှုခဲ့ပြီး နောက်ဆုံးရလဒ်အတွက် ဝမ်းမြောက်ခဲ့ပါတယ်”ဟု ပြောသည်။
(၁၉၁၃ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ကျင်းပသော ဗုဒ္ဓဆင်းတုလက်ရာများ အနုပညာပြပွဲ၌ ဤဆင်းတုတော်ကို ပြသခဲ့ဖူးသည်)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: 1,500 years in the making: Marble slab of Buddha from ancient China which was found propped against fireplace in quaint English cottage sells for £554K (dailymail)
[Zawgyi]
ကျောက်ဆစ်ရုပ်ပွားတော်၏ အလေးချိန်မှာ ၁၄ စတုံရှိပြီး ဥာဏ်တော် ၃၉ လက်မ၊ ဗျက် ၁၅ လက်မ ရှိသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service