ရွှေပြားပေါင်း ၇၀၀,၀၀၀ ၊ အနုပညာလက်ရာပေါင်း ၄၀၀ ခန့်ဖြင့် မွမ်းမံအလှဆင်ထားကာ ၁၂ နှစ်ခန့်အချိန်ယူ ဆောက်လုပ်ခဲ့ရသော ဒူဘိုင်းမှ ဒေါ်လာ ၂၀၄ သန်းတန်စံအိမ်ကြီး
ရွှေပြားပေါင်း ၇၀၀,၀၀၀ ၊ အနုပညာလက်ရာပေါင်း ၄၀၀ ခန့်ဖြင့် မွမ်းမံအလှဆင်ထားကာ ၁၂ နှစ်ခန့်အချိန်ယူ ဆောက်လုပ်ခဲ့ရသော ဒူဘိုင်းမှ ဒေါ်လာ ၂၀၄ သန်းတန်စံအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
22 Jun 2023 12:23 pm တွင် တင်ခဲ့သည်
2412 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဒူဘိုင်းသည် ခမ်းနားထည်ဝါမှုများ ၊ တန်ဖိုးကြီးနေအိမ်များဖြင့် အတိပြီးသော နေရာတစ်ခုဖြစ်သည်။
ယင်းသို့သော ခမ်းနားမှုများအလည်တွင် ယခုစံအိမ်ကြီးမှာ အရာအားလုံးထက် သာလွန်ထူးခြားနေသည်။
အလွန်တရာခမ်းနားလှသော ထိုစံအိမ်ကြီးသည် ယခုအခါ ဒူဘိုင်းငွေ သန်း ၇၅၀ (ကန်ဒေါ်လာ ၂၀၄ သန်း) ဖြင့် အရောင်းဈေးကွက်ဝင်လာရာ ဒူဘိုင်း၏ ဈေးအကြီးဆုံး စံအိမ်ကြီး ဖြစ်လာကြောင်း Bloomberg သတင်းဌာနက ဖော်ပြသည်။
ထိုစံအိမ်ကြီးသည် ကမ္ဘာ့တန်ကြေးအကြီးဆုံး စံအိမ်များတွင်လည်း တစ်ခုအပါအဝင်အဖြစ် ရပ်တည်လျက် ရှိသည်။
ဒူဘိုင်း၏ သီးသန့်လူနေရပ်ကွက်တစ်ခုဖြစ်သော Emirates Hills အရပ်တွင် တည်ရှိသော စံအိမ်ကြီးသည် စတုရန်းပေ ၇၀၀၀၀ ကျယ်ဝန်းပြီး ဂေါက်ကွင်းတစ်ခုကို အပေါ်စီးမှ တွေ့မြင်ရသည်။
ထိုဒေသ၏ အကျယ်ဝန်းဆုံး ခြံဝန်းများတွင်လည်း တစ်ခုအပါအဝင် ဖြစ်သည်။
ယခုထက် ပိုမိုကျယ်ဝန်းသောနေရာ ထပ်မံလိုချင်သည် ဆိုပါကလည်း ကပ်လျက်ရှိသော စတုရန်းပေ ၆၀၀၀ ကျယ်ဝန်းသည့် မြေကွက်ကို ဝယ်ယူနိုင်သေးသည်။
(ခမ်းနားလှသော စံအိမ်ကြီးကို ဒေါ်လာ ၂၇ သန်းတန်ကြေးရှိ အီတလီစကျင်ကျောက်များဖြင့် ဆောက်လုပ်ထားသည်။)
ဈေးကွက်တင်ပေးသော Sotheby’s International ကုမ္ပဏီက ဤစံအိမ်ကြီးကို စကျင်ကျောက်နန်းတော်ဟု အမည်ပေးထားသည်။
စံအိမ်ကို ရွှေပြားပေါင်း ၇၀၀,၀၀၀ ၊ ဒေါ်လာ ၂၇ သန်းတန်ကြေးရှိ အီတလီစကျင်ကျောက်ပြားများ၊ ပိုင်ရှင်စုဆောင်းထားသော အနုပညာလက်ရာပေါင်း ၄၀၀ ခန့်တို့ဖြင့် မွမ်းမံထားသည်။
သင့်အနေဖြင့် ခမ်းနားထည်ဝါသော ပရိဘောဂများကို ဝယ်ယူလိုပါကလည်း ဝယ်ယူနိုင်သည်။
ညစာစားနေရာနှင့် ဖျော်ဖြေရေးနေရာတို့မှာ ကျယ်ကျယ်ဝန်းဝန်းရှိပြီး ကြီးမားသောအိပ်ခန်း ၅ ခန်း ၊ ရေချိုးခန်း ၁၉ ခန်း ပါဝင်သည်။
ပိုင်ရှင်ဖြစ်သူ နေထိုင်သောအခန်းမှာ စတုရန်းပေ ၄၀၀၀ ကျယ်ဝန်းရာ အမေရိကန်မှ နေအိမ်တစ်လုံး၏ ပျမ်းမျှအကျယ်အဝန်းထက် ၂ ဆနီးပါးရှိသည်။
ထို့အပြင် ဝန်ထမ်းအခန်းပေါင်း ၁၂ ခန်းပါဝင်ပြီး လူဦးရေ ၂၅ ဦးအထက် အိပ်စက်နိုင်သည်။
ထို့အပြင် ကား ၁၅ စင်းဆန့်ဂိုဒေါင် ၊ ရေ ၂၁၀၀၀ ဂါလံဆန့် ငါးကန် ၊ တန်ဖိုးကြီးပစ္စည်းများ ထားသိုသည့် လုံခြုံရေးအခန်း ၂ ခု ၊ ဓာတ်အားခွဲရုံတစ်ခု ၊ လျှို့ဝှက်အခန်းတစ်ခန်းနှင့် ရေကူးကန် ၂ ခုလည်း ပါဝင်သည်။
(စံအိမ်အတွင်းပိုင်းကို ရွှေပြားပေါင်း ၇၀၀,၀၀၀ ဖြင့် မွမ်းမံထားသည်။)
စကျင်ကျောက်နန်းတော်ကို ၁၂ နှစ်နီးပါး အချိန်ယူ ဆောက်လုပ်ခဲ့ရပြီး ၂၀၁၈ ခုနှစ်တွင် ပြီးစီးခဲ့သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com Ref: This $204 Million Dubai Mansion Is Decorated With 700,000 Sheets of Gold Leaf (robbreport)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service