လီယိုနာဒို ဒီကာပရီယိုက ခြံကွက် ၅ ကွက်၊ စံအိမ် ၄ လုံးပါသော လော့စ်အိန်ဂျလိမှ စံအိမ်ဝန်းကို အကြီးစားပြုပြင်မွမ်းမံမှုများ ပြုလုပ်လျက်ရှိ
လီယိုနာဒို ဒီကာပရီယိုက ခြံကွက် ၅ ကွက်၊ စံအိမ် ၄ လုံးပါသော လော့စ်အိန်ဂျလိမှ စံအိမ်ဝန်းကို အကြီးစားပြုပြင်မွမ်းမံမှုများ ပြုလုပ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
22 Jun 2023 10:55 am တွင် တင်ခဲ့သည်
457 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဟောလိဝုဒ်ထိပ်သီးကြယ်ပွင့် လီယိုနာဒို ဒီကာပရီယိုသည် သူ၏ လော့စ်အိန်ဂျလိစံအိမ်ကြီးကို ပြုပြင်မွမ်းမံမှုများ ကြီးမားစွာပြုလုပ်လျက်ရှိနေသည်။
အသက် ၄၈ နှစ်ရှိပြီဖြစ်သူ ဒီကာပရီယို၏ လော့စ်အိန်ဂျလိစံအိမ်ကြီးမှာ ခြံကွက် ၅ ကွက် ပေါင်းစပ်ထားပြီး စံအိမ် ၄ လုံးပါဝင်ကာ ပင်မစံအိမ်၏ အတွင်းအပြင်တို့ကို ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေခြင်းဖြစ်သည်။
ကောင်းကင်ဓာတ်ပုံများအရ အဆောက်အအုံအပြင်ဘက်တွင် စက်ယန္တရားများနှင့် ဆောက်လုပ်ရေးပစ္စည်းများကို တွေ့ရပြီး ရေကန်ထဲတွင် ရေများထုတ်ထားသည်ကိုလည်း တွေ့ရသည်။ ဟောလိဝုဒ်ဟေးအရပ် ၊ Bird Streets လမ်းတွင် တည်ရှိသော တောင်ကုန်းထိပ်စံအိမ်အား ပြန်လည်အမိုးမိုးရန် ခွင့်ပြုချက်ရရှိထားသည်။
ဒီကာပရီယိုက ဤနေရာကို လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုကျော်က ဒေါ်လာ ၂ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ပြီး အနီးဝန်းကျင်ရှိခြံများကို ဆက်တိုက်ဝယ်ယူကာ ခြံဝန်းချဲ့ထွင်မှုများ ပြုလုပ်ခဲ့သည်။
မကြာသေးမီက စတုရန်းပေ ၃၅၀၀ ကျယ်ဝန်းသော အိပ်ခန်း ၄ ခန်းပါ အိမ်တစ်လုံးကို ဝယ်ယူကာ သူ၏ခြံဝန်းကို ထပ်မံချဲ့ထွင်ခဲ့သည်။
ဒီကာပရီယိုက ထိုအိမ်ကို ပြီးခဲ့သောဒီဇင်ဘာက ဒေါ်လာ ၁၀ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ထိုခြံကို ပိုင်ဆိုင်ခဲ့သော အိမ်နီးချင်းက ဒီကာပရီယိုကို ဘတ်စကက်ဘောကွင်း ဆောက်လုပ်မှုဖြင့် တရားစွဲခဲ့ဖူးသည်။
ဒီကာပရီယို၏ ဘတ်စကက်ဘောကွင်းသည် ဘေးအိမ်၏ ကြံ့ခိုင်မှုကို ထိခိုက်စေသည်ဆိုကာ တရားစွဲခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် တရားရုံးပြင်ပ၌ ညှိနှိုင်းဖြေရှင်းခဲ့ကြသည်။ ဒီကာပရီယိုက ထိုအိမ်နီးချင်း၏အိမ်ကို ဝယ်ယူလိုက်ခြင်း ဖြစ်သည်။
(အိမ်နီးချင်းက လီယိုနာဒို ဒီကာပရီယိုအား တရားစွဲဆိုခဲ့ပုံအကြောင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။)
ထိုအိမ်ကို ၁၉၆၃ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ပင်မစံအိမ်အပြင် ဧည့်ဂေဟာအိမ်နှင့် ရေကူးကန်တို့ ပါဝင်သည်။
(ဒီကာပရီယို၏ ကျယ်ပြောသော ခြံဝန်း။ ဓာတ်ပုံ- BackGrid)
(ဒီကာပရီယိုသည် ထိုအိမ် ၅ လုံးကို စုစုပေါင်း ကန်ဒေါ်လာ ၂၇ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ- BackGrid)
(ပင်မစံအိမ်တွင် ပြုပြင်မွမ်းမံမှုများ ပြုလုပ်လျက်ရှိသည်။ ဓာတ်ပုံ- BackGrid)
(အိမ်နီးချင်း၏ အိမ်ကို မကြာသေးမီက ထပ်မံဝယ်ယူခဲ့သည်။ ဓာတ်ပုံ- BackGrid)
(စံအိမ်၏ ကောင်းကင်မြင်ကွင်း)
(ခြံဝန်းအတွင်း သစ်သားလျှောက်လမ်းနှင့် ကျောက်စရစ်ရေကန်တစ်ခုတို့ ပါဝင်သည်။ ဓာတ်ပုံ- BackGrid)
(ဟောလိဝုဒ်ကြယ်ပွင့် ကီနူးရိဗ်မှာ ဒီကာပရီယို၏ ကပ်လျက်ဘေးအိမ်တွင် နေထိုင်သည်။ ဓာတ်ပုံ- BackGrid)
(ပင်မစံအိမ်တွင် ကြီးမားသောရေကန် ၊ Sauna နှင့် မြေအောက်လူနေခန်းတို့ ပါဝင်သည်။ ဓာတ်ပုံ- BackGrid)
(ဒီကာပရီယိုသည် နှစ်ပေါင်းများစွာကာလအတွင်း ဘေးခြံဝန်းများ ဝယ်ယူပေါင်းစပ်ခဲ့သည်။ ဓာတ်ပုံ- BackGrid)
(အဆိုပါ ခြံကွက်များအနက်တစ်ခုမှာ ယခင်က မက်ဒေါနားပိုင်ဆိုင်ခဲ့ဖူးသည်။ ဓာတ်ပုံ- BackGrid)
(ကီနူးရိဗ်နှင့် ဒီကာပရီယိုတို့ ခြံဝန်းခြင်း ထိစပ်နေပုံ။ ဓာတ်ပုံ- BackGrid)
(ဒီကာပရီယိုကို ၂၀၂၃ ခုနှစ် ၊ ကိန်းရုပ်ရှင်ပွဲတော်တွင် တွေ့ရပုံ။)
(ဆက်စပ်သတင်း)
လီယိုနာဒို ဒီကာပရီယိုက ဘတ်စ်ကက်ဘောကွင်း ခြံထဲဆောက်သောကြောင့် အမှုဖြစ်ခဲ့ရသော အိမ်နီးချင်း၏ နေအိမ်ကို ကန်ဒေါ်လာ ၁၀ ဒသမ ၅ သန်းဖြင့် ဝယ်ယူ
https://www.imyanmarhouse.com/news/read/1049963
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Leonardo DiCaprio renovating enormous 4-property, multimillion-dollar LA compound (nypost)
[Zawgyi]
(ဆက်စပ်သတင်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service