အင်္ဂလန်နိုင်ငံသား ဇနီးမောင်နှံက မန်ချက်စတာမြို့မှ အိမ်ကို ရောင်းချကာ ပြင်သစ်နိုင်ငံရှိ ကျေးရွာတစ်ရွာလုံးကို ဝယ်ယူ

အင်္ဂလန်နိုင်ငံသား ဇနီးမောင်နှံက မန်ချက်စတာမြို့မှ အိမ်ကို ရောင်းချကာ ပြင်သစ်နိုင်ငံရှိ ကျေးရွာတစ်ရွာလုံးကို ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
21 Jun 2023 11:00 am တွင် တင်ခဲ့သည်
423 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်တွင် နေထိုင်သော ဇနီးမောင်နှံစုံတွဲတစ်တွဲသည် အပြိုင်အဆိုင်ပြင်းထန်သော ဘဝကို စိတ်ကုန်လာသောကြောင့် အိပ်ခန်း ၃ ခန်းပါနေအိမ်ကို ပေါင် ၄၀၀၀၀၀ ဖြင့် ရောင်းချကာ အဆိုပါငွေဖြင့် ပြင်သစ်နိုင်ငံမှ ကျေးရွာတစ်ရွာလုံးကို ဝယ်ယူခဲ့သည်။

ဒေးဗစ်မာဖီနှင့် လစ်ဇ်တို့စုံတွဲသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါလတွင် ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း ပင်လယ်ကမ်းရိုးတန်းတွင် တည်ရှိသော Poitou-Charentes ပြည်နယ်မှ Lac De Maison အမည်ရှိ ရွာငယ်လေးတစ်ခုကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ဇနီးမောင်နှံ ၂ ဦးလုံးသည် ရေဒီယိုဌာနတွင် လုပ်ကိုင်သူများဖြစ်ကြသည်။

ဒေးဗစ်မာဖီတို့ ဇနီးမောင်နှံက မန်ချက်စတာမြို့ရှိ အိပ်ခန်း ၃ ခန်းပါအိမ်ကို ရောင်းချကာ ပြင်သစ်နိုင်ငံတွင် နှစ်ပေါင်း ၄၀၀ သက်တမ်းရှိ နေအိမ် ၆ လုံး၊ စပါးကျီ ၂ ခုနှင့် မြေ ၃ ဧကကို ဝယ်ယူခဲ့ကြခြင်းဖြစ်သည်။

သူတို့၏ ရွာကလေးတွင် အလျား ၁၀ မီတာ ၊ အနံ ၁၅ မီတာရှိသော ရေကူးကန် ၂ ခုလည်းပါဝင်ပြီး ဒေသတွင်း ဆောက်လုပ်ရေးသမားတို့၏ အကူအညီဖြင့် ပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

ရွာကလေး၏ ပျက်စီးနေသော အဆောက်အအုံများကို ၎င်းတို့မိသားစု နေထိုင်နိုင်မည့် အိမ်များအဖြစ် မွမ်းမံရန် ပေါင် ၃ သိန်းခန့် သုံးစွဲခဲ့ရသည်။

အားလပ်ရက်အပန်းဖြေခြင်းလုပ်ငန်းမှာ အနာဂတ်တွင် ဖွံ့ဖြိုးလာဖွယ်ရာ ရှိသည်။

ဒေးဗစ်မာဖီတို့ ဇနီးမောင်နှံနှင့် ၎င်းတို့သားသမီး ၂ ဦးဖြစ်သော Tom (၁၂ နှစ်) ၊ Charlotte (၈ နှစ်) တို့နှင့်အတူ ပြီးခဲ့သောနှစ် နှစ်ကုန်ပိုင်းက ရွာကလေးရှိ ပင်မနေအိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။

 

(နေအိမ်အပြင်ဘက်မြင်ကွင်း။ ဓာတ်ပုံ- SWNS)

လစ်ဇ်၏ မိခင် Helen Diaper (၇၃ နှစ်) နှင့် ပထွေးဖြစ်သူ Terry (၇၂ နှစ်) တို့မှာ မျက်နှာချင်းဆိုင်မှ အိမ်တွင် နေထိုင်လျက်ရှိသည်။

ကျန်သည့် နေအိမ် ၄ လုံးနှင့် စပါးကျီ ၂ ခုကို အားလပ်ရက်အပန်းဖြေအိမ်များအဖြစ် ပြောင်းလဲထားပြီး တစ်ပတ်လျှင် ပေါင် ရာဂဏန်းခန့်ဖြင့် ငှားရမ်းသွားရန် စီစဉ်ထားသည်။

၎င်းတို့ နေထိုင်နေရသည်မှာ သန်းကြွယ်သူဌေးများကဲ့သို့ နေထိုင်ရခြင်းဖြစ်ပြီး ဗြိတိန်သို့ ပြန်ရန် အစီအစဉ်မရှိကြောင်း ဒေးဗစ်မာဖီတို့ မိသားစုက ပြောသည်။

အသက် ၄၅ နှစ်ရှိပြီဖြစ်သော လစ်ဇ်က ပြောသည်မှာ “ကျွန်မတို့ နှစ်ယောက်လုံး အင်္ဂလန်မှာတုန်းက မနက် ၉ ညနေ ၅ အလုပ်တွေ လုပ်ခဲ့ကြတယ်။ အရမ်းအလုပ်များခဲ့တဲ့ဘဝဖြစ်ခဲ့ပြီး ကလေးတွေကလည်း ကျောင်းကပြန်လာရင်တောင် မအားကြဘူး။ ကျွန်မတို့က မရပ်မနား လည်ပတ်နေရတဲ့ စက်ကြီးတစ်ခုနဲ့ တူနေပါတယ်”ဟု ပြောသည်။

 

 

(နေအိမ်ကို အပေါ်မှ မြင်ရပုံ။ ဓာတ်ပုံ- SWNS)

အပြိုင်အဆိုင်ပြင်းထန်သောဘဝတွင် နေထိုင်ဖြတ်သန်းရင်း ဘဝအချိန်ကုန်ဆုံးသွားနေသည်ကို သုံးသပ်လာမိ ကြောင်း ၊ ကလေးများနှင့်လည်း အချိန်မပေးနိုင်ကြောင်း ၊ ထို့ကြောင့် မိမိတို့၏ ဘဝကို ပြောင်းလဲပစ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ၊ ပြင်သစ်နိုင်ငံတို့ ပြောင်းရွှေ့နေထိုင်ရန် နှစ်အတန်ကြာ ဆွေးနွေးခဲ့ကြောင်း ၊ မိမိ၏ မိခင်နှင့် ပထွေးတို့ကလည်း ၎င်းတို့၏ အိမ်ကိုရောင်းချကာ မိမိတို့နှင့် လိုက်လံနေထိုင်ရန် ဆုံးဖြတ်ခဲ့ကြောင်း လစ်ဇ်က ပြောသည်။

 

 

 

(အိမ်ထဲမှ အိပ်ခန်းတစ်ခု။ ဓာတ်ပုံ- SWNS)

 

 

(ဒေးဗစ်မာဖီနှင့် လစ်ဇ်တို့စုံတွဲ ။ ဓာတ်ပုံ- SWNS)

 

 

(နေအိမ်တွင်း မြင်ကွင်း။ ဓာတ်ပုံ- SWNS)

 

 

(ရေကူးကန်။ ဓာတ်ပုံ- SWNS)

 

 

(ဗြိတိန်သို့ မည်သည့်အခါမှ ပြန်သွားတော့မည်မဟုတ်ကြောင်း လစ်ဇ်တို့မိသားစုက ပြောသည်။ ဓာတ်ပုံ- SWNS)

 

 

(ရွာကလေးအတွင်း အပန်းဖြေရန်နေရာများစွာ ပါဝင်သည်။ ဓာတ်ပုံ- SWNS)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Couple ditch rat race and buy entire French village after selling their Manchester home (metro)

 

 

[Zawgyi]

 

အဂၤလန္ႏိုင္ငံသား ဇနီးေမာင္ႏွံက မန္ခ်က္စတာျမိဳ႕မွ အိမ္ကို ေရာင္းခ်ကာ ျပင္သစ္ႏိုင္ငံရွိ ေက်းရြာတစ္ရြာလံုးကို ဝယ္ယူ

 

အဂၤလန္တြင္ ေနထိုင္ေသာ ဇနီးေမာင္ႏွံစံုတြဲတစ္တြဲသည္ အျပိဳင္အဆိုင္ျပင္းထန္ေသာ ဘဝကို စိတ္ကုန္လာေသာေၾကာင့္ အိပ္ခန္း ၃ ခန္းပါေနအိမ္ကို ေပါင္ ၄၀၀၀၀၀ ျဖင့္ ေရာင္းခ်ကာ အဆိုပါေငြျဖင့္ ျပင္သစ္ႏိုင္ငံမွ ေက်းရြာတစ္ရြာလံုးကို ဝယ္ယူခဲ့သည္။

ေဒးဗစ္မာဖီႏွင့္ လစ္ဇ္တို႔စံုတြဲသည္ ၂၀၂၁ ခုႏွစ္၊ ဇန္နဝါလတြင္ ျပင္သစ္ႏိုင္ငံ အေနာက္ေတာင္ပိုင္း ပင္လယ္ကမ္းရိုးတန္းတြင္ တည္ရွိေသာ Poitou-Charentes ျပည္နယ္မွ Lac De Maison အမည္ရွိ ရြာငယ္ေလးတစ္ခုကို ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

၎တို႔ဇနီးေမာင္ႏွံ ၂ ဦးလံုးသည္ ေရဒီယိုဌာနတြင္ လုပ္ကိုင္သူမ်ားျဖစ္ၾကသည္။

ေဒးဗစ္မာဖီတို႔ ဇနီးေမာင္ႏွံက မန္ခ်က္စတာျမိဳ႕ရွိ အိပ္ခန္း ၃ ခန္းပါအိမ္ကို ေရာင္းခ်ကာ ျပင္သစ္ႏိုင္ငံတြင္ ႏွစ္ေပါင္း ၄၀၀ သက္တမ္းရွိ ေနအိမ္ ၆ လံုး၊ စပါးက်ီ ၂ ခုႏွင့္ ေျမ ၃ ဧကကို ဝယ္ယူခဲ့ၾကျခင္းျဖစ္သည္။

သူတို႔၏ ရြာကေလးတြင္ အလ်ား ၁၀ မီတာ ၊ အနံ ၁၅ မီတာရွိေသာ ေရကူးကန္ ၂ ခုလည္းပါဝင္ျပီး ေဒသတြင္း ေဆာက္လုပ္ေရးသမားတို႔၏ အကူအညီျဖင့္ ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။

ရြာကေလး၏ ပ်က္စီးေနေသာ အေဆာက္အအံုမ်ားကို ၎တုိ႔မိသားစု ေနထိုင္ႏိုင္မည့္ အိမ္မ်ားအျဖစ္ မြမ္းမံရန္ ေပါင္ ၃ သိန္းခန္႔ သံုးစြဲခဲ့ရသည္။

အားလပ္ရက္အပန္းေျဖျခင္းလုပ္ငန္းမွာ အနာဂတ္တြင္ ဖြ႔ံျဖဳိးလာဖြယ္ရာ ရွိသည္။

ေဒးဗစ္မာဖီတို႔ ဇနီးေမာင္ႏွံႏွင့္ ၎တို႔သားသမီး ၂ ဦးျဖစ္ေသာ Tom (၁၂ ႏွစ္) ၊ Charlotte (၈ ႏွစ္) တို႔ႏွင့္အတူ ျပီးခဲ့ေသာႏွစ္ ႏွစ္ကုန္ပိုင္းက ရြာကေလးရွိ ပင္မေနအိမ္သို႔ ေျပာင္းေရႊ႕ေနထုိင္ခဲ့ၾကသည္။

(ေနအိမ္အျပင္ဘက္ျမင္ကြင္း။ ဓာတ္ပံု- SWNS)

လစ္ဇ္၏ မိခင္ Helen Diaper (၇၃ ႏွစ္) ႏွင့္ ပေထြးျဖစ္သူ Terry (၇၂ ႏွစ္) တို႔မွာ မ်က္ႏွာခ်င္းဆိုင္မွ အိမ္တြင္ ေနထိုင္လ်က္ရွိသည္။

က်န္သည့္ ေနအိမ္ ၄ လံုးႏွင့္ စပါးက်ီ ၂ ခုကို အားလပ္ရက္အပန္းေျဖအိမ္မ်ားအျဖစ္ ေျပာင္းလဲထားျပီး တစ္ပတ္လွ်င္ ေပါင္ ရာဂဏန္းခန္႔ျဖင့္ ငွားရမ္းသြားရန္ စီစဥ္ထားသည္။

၎တို႔ ေနထိုင္ေနရသည္မွာ သန္းၾကြယ္သူေဌးမ်ားကဲ့သို႔ ေနထုိင္ရျခင္းျဖစ္ျပီး ျဗိတိန္သုိ႔ ျပန္ရန္ အစီအစဥ္မရွိေၾကာင္း ေဒးဗစ္မာဖီတုိ႔ မိသားစုက ေျပာသည္။

အသက္ ၄၅ ႏွစ္ရွိျပီျဖစ္ေသာ လစ္ဇ္က ေျပာသည္မွာ “ကၽြန္မတို႔ ႏွစ္ေယာက္လံုး အဂၤလန္မွာတုန္းက မနက္ ၉ ညေန ၅ အလုပ္ေတြ လုပ္ခဲ့ၾကတယ္။ အရမ္းအလုပ္မ်ားခဲ့တဲ့ဘဝျဖစ္ခဲ့ျပီး ကေလးေတြကလည္း ေက်ာင္းကျပန္လာရင္ေတာင္ မအားၾကဘူး။ ကၽြန္မတို႔က မရပ္မနား လည္ပတ္ေနရတဲ့ စက္ၾကီးတစ္ခုနဲ႔ တူေနပါတယ္”ဟု ေျပာသည္။

(ေနအိမ္ကုိ အေပၚမွ ျမင္ရပံု။ ဓာတ္ပံု- SWNS)

အျပိဳင္အဆုိင္ျပင္းထန္ေသာဘဝတြင္ ေနထိုင္ျဖတ္သန္းရင္း ဘဝအခ်ိန္ကုန္ဆံုးသြားေနသည္ကို သံုးသပ္လာမိ ေၾကာင္း ၊ ကေလးမ်ားႏွင့္လည္း အခ်ိန္မေပးႏိုင္ေၾကာင္း ၊ ထို႔ေၾကာင့္ မိမိတုိ႔၏ ဘဝကို ေျပာင္းလဲပစ္ရန္ ဆံုးျဖတ္ခဲ့ေၾကာင္း ၊ ျပင္သစ္ႏိုင္ငံတုိ႔ ေျပာင္းေရႊ႕ေနထုိင္ရန္ ႏွစ္အတန္ၾကာ ေဆြးေႏြးခဲ့ေၾကာင္း ၊ မိမိ၏ မိခင္ႏွင့္ ပေထြးတို႔ကလည္း ၎တို႔၏ အိမ္ကိုေရာင္းခ်ကာ မိမိတုိ႔ႏွင့္ လုိက္လံေနထိုင္ရန္ ဆံုးျဖတ္ခဲ့ေၾကာင္း လစ္ဇ္က ေျပာသည္။

(အိမ္ထဲမွ အိပ္ခန္းတစ္ခု။ ဓာတ္ပံု- SWNS)

(ေဒးဗစ္မာဖီႏွင့္ လစ္ဇ္တို႔စံုတြဲ ။ ဓာတ္ပံု- SWNS)

(ေနအိမ္တြင္း ျမင္ကြင္း။ ဓာတ္ပံု- SWNS)

(ေရကူးကန္။ ဓာတ္ပံု- SWNS)

(ျဗိတိန္သို႔ မည္သည့္အခါမွ ျပန္သြားေတာ့မည္မဟုတ္ေၾကာင္း လစ္ဇ္တို႔မိသားစုက ေျပာသည္။ ဓာတ္ပံု- SWNS)

(ရြာကေလးအတြင္း အပန္းေျဖရန္ေနရာမ်ားစြာ ပါဝင္သည္။ ဓာတ္ပံု- SWNS)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Couple ditch rat race and buy entire French village after selling their Manchester home (metro)

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service