ထီ ၁၄ ကြိမ်ပေါက်ခဲ့သူတစ်ဦး၏ အောင်မြင်မှုနှင့် ကျဆုံးမှုဘဝ
ထီ ၁၄ ကြိမ်ပေါက်ခဲ့သူတစ်ဦး၏ အောင်မြင်မှုနှင့် ကျဆုံးမှုဘဝ - Property News in Myanmar from iMyanmarHouse.com
20 Jun 2023 11:55 am တွင် တင်ခဲ့သည်
1732 ကြိမ် ကြည့်ရှု့ပြီး
 [Unicode]
ရိုမေးနီးယားနိုင်ငံသား အသက် ၈၉ နှစ်အရွယ်ရှိ စီးပွားရေးပညာရှင် စတက်ဖင် မန်ဒဲ (Stefan Mandel ) သည် ထီစနစ်ကို အနိုင်ယူနိုင်မည့် နည်းလမ်းတစ်ခု သုံးသပ်အဖြေရှာခဲ့သည်။
မန်ဒဲက ထီဂဏန်းရွေးချယ်သည့် နည်းစနစ်တစ်ခုကို သင်္ချာနည်းလမ်းဖြင့် သုတေသနလုပ်ခြင်း နှစ်ပေါင်းများစွာပြုလုပ်ခဲ့ပြီး ဂဏန်းချုံ့ရွေးချယ်ခြင်းဟု ခေါ်သော နည်းလမ်းတစ်မျိုးကို ဖော်ထုတ်ခဲ့သည်။
မန်ဒဲက သုံးသပ်ခဲ့သည်မှာ ဖြစ်နိုင်ချေရှိသည့် ထီဂဏန်းအားလုံးကို ဝယ်ယူသည့် ကုန်ကျငွေမှာ ထီဆုအများဆုံး ဆုငွေအောက် နည်းပါးကြောင်း ၊ မိမိဝယ်ယူထားသည့် ထီလက်မှတ်များမှ ထီပေါက်ပါက အမြတ်ရနိုင်ကြောင်း သုံးသပ်ခဲ့သည်။
ထီဂဏန်းရွေးချယ်မှုတွင် ၁ မှ ၄၀ အကြားရှိ ဂဏန်း ၆ လုံးရွေးချယ်ရမည်ဆိုပါက ဖြစ်နိုင်ချေ ဂဏန်းတွဲစပ်မှု ပေါင်း ၃၈၃၈၃၈၀ ရှိမည်ဖြစ်သည်။ မန်ဒဲက ထီထိုးအဖွဲ့တစ်ခု ဖွဲ့စည်းတည်ထောင်ခဲ့သည်။
ထိုအဖွဲ့ဝင်တို့သည် ထီလက်မှတ်ပေါင်းများစွာ ဝယ်ယူရန်အတွက် အတူတကွ စုပေါင်းငွေစုကာ ထီထိုးကြပြီး ထီပေါက်နိုင်ချေ ပိုမိုများပြားစေရန် ရည်ရွယ်ခဲ့ကြသည်။
      (ထီကို အနိုင်ယူနိုင်မည့်နည်းလမ်း ဖော်ထုတ်ခဲ့သူ မန်ဒဲ။ ဓာတ်ပုံ- CBS)
(ဖြစ်နိုင်ချေရှိသည့် ထီလက်မှတ်များအာလုံး ဝယ်ယူရမည့် ကုန်ကျငွေမှာ ထီဆုအောက် နည်းပါးကြောင်း မန်ဒဲက သုံးသပ်ခဲ့သည်။ ဓာတ်ပုံ-CBS)
မန်ဒဲနှင့် သူ၏ ထီထိုးအဖွဲ့သည် ထီလက်မှတ်ပေါင်း များပြားစွာ ဝယ်ယူခဲ့ပြီး ပထမဆုံးအနေဖြင့် ဒေါ်လာ ၁၉၀၀၀ ခန့် ထီပေါက်ခဲ့သည်။
ထီဆုငွေကို ခွဲဝေယူကြရာတွင် မန်ဒဲမှာ ဒေါ်လာ ၃၇၀၀ ခန့်ရရှိခဲ့သည်။ မန်ဒဲ သူ့ဇနီးနှင့် သားသမီး ၂ ဦးသည် ကွန်မြူနစ်အစိုးရအုပ်ချုပ်နေသော ရိုမေးနီးယားနိုင်ငံမှ အဆိုပါငွေဖြင့် ၁၉၆၀ ပြည့်လွန်ကာလများတွင် သြစတေးလျနိုင်ငံသို့ ထွက်ပြေးခဲ့သည်။
ယင်းသို့ ထီထိုးသည့်အဖွဲ့ဖြင့် ထီထိုးသောနည်းလမ်းမှတဆင့် မန်ဒဲသည် ထီ ၁၄ ကြိမ် ပေါက်ခဲ့သည်။
များပြားစွာ ထီပေါက်လာပြီးနောက်ပိုင်း မန်ဒဲက ပိုမိုကြီးမားသည့် ထီထိုးအဖွဲ့ကြီးတစ်ခု တည်ထောင်ရန် လုပ်ငန်းရှင်များကို ဆွဲဆောင်ခဲ့သည်။
ကြီးမားသည့် ထီထိုးအဖွဲ့ကြီးဖြင့် ဖြစ်နိုင်ချေရှိသော ထီလက်မှတ်အားလုံးကို ဝယ်ယူကာ ဆုငွေကိုခွဲယူရန် ရည်ရွယ်ခဲ့သည်။
(ထီထိုးအဖွဲ့တည်ထောင်ခဲ့သူ မန်ဒဲ ။ ဓာတ်ပုံ-CBS)
ထိုနည်းလမ်းမှာ ထိုအချိန်က တရားမဝင်ခဲ့။
ထီလက်မှတ်များ အလုံးအရင်းဝယ်ယူခြင်းနှင့် ကွန်ပြူတာဖြင့် အဖြေထုတ်သည့် ထီလက်မှတ်များ ဝယ်ယူခြင်းတို့ကို တားမြစ်ထားသည်။
(ယခုအခါ အသက် ၈၉ နှစ်ရှိပြီဖြစ်သော မန်ဒဲသည် သြစတေးလျနိုင်ငံ၏ အရှေ့ဘက် ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ Vanuatu အမည်ရှိ ကျွန်းနိုင်ငံပေါ်တွင် သူ၏ ထီထိုးအဖွဲ့သားများနှင့်အတူ နေထိုင်လျက်ရှိသည်။ ဓာတ်ပုံ- Stefan Mandel)
သို့သော် မန်ဒဲက ရပ်တန့်မသွား အမေရိကန်ပြည်တွင် ကင်းထောက်များရှာဖွေခဲ့ပြီး Jackpot ဆုကြီးများ ပေါက်ခဲ့သည့် နံပါတ်များကို လေ့လာခဲ့သည်။
မန်ဒဲက Virginia Lottery ထီကို စိတ်ဝင်စားခဲ့သည်။
အဆိုပါထီမှာ ၁ မှ ၄၄ အကြားရှိ ဂဏန်းများကိုသာ ရွေးချယ်ရခြင်းဖြစ်ရာ အခြားထီများအောက် ဖြစ်နိုင်ချေဂဏန်းတွဲပေါင်း သန်းနှင့်ချီ၍နည်းပါးသည်။
မန်ဒဲသည် Pacific Financial အမည်ရှိ ကုမ္ပဏီတစ်ခု တရားဝင်တည်ထောင်ခဲ့ပြီး ရင်းနှီးမြှပ်နှံသူ ထောင်ပေါင်းများစွာကို ဆွဲဆောင်ခဲ့သည်။
(ဓာတ်ပုံ - Stefan Mandel)
မန်ဒဲသည် သြစတေးလျနိုင်ငံ ၊ မဲလ်ဘုန်းမြို့ရှိ ဂိုဒေါင်တစ်လုံးတွင် ရုံးချုပ်ဖွင့်လှစ်ခဲ့ပြီး အချိန်ပြည့်ဝန်ထမ်း ၁၆ ဦးခန့်ထားခဲ့သည်။
ယင်းနောက် သူ၏သင်္ချာနည်းလမ်းကို အသုံးပြုကာ ဖြစ်နိုင်ချေရှိသော ဂဏန်းတွဲပေါင်း ၇ သန်းကို Print ထုတ်ကာ အမေရိကန်တွင် တည်ထောင်ထားသော ထီထိုးအဖွဲ့သို့ ပေးပို့ခဲ့သည်။
ထိုအဖွဲ့သည် မန်ဒဲပို့သော ဂဏန်းများဖြင့် ထီဆုကြီးအပြင် ထီဆုငယ်များပါ ကံထူးခဲ့ကြသည်။
ယင်းနောက်ပိုင်း မန်ဒဲ၏ နည်းလမ်းများကို အာဏာပိုင်တို့က သံသယဖြစ်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
မန်ဒဲသည် ၄ နှစ်ခန့် တရားရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးတွင် အပြစ်မရှိကြောင်း အမိန့်ချခဲ့သော်လည်း မန်ဒဲမှာမူ စီပွားရေးချွတ်ခြုံကျသွားခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် ဒေဝါလီခံခဲ့ရသည်။
မန်ဒဲ၏ နည်းလမ်းများကြောင့် အမေရိကန်အာဏာပိုင်တို့က ဥပဒေများ ထုတ်ပြန်ကာ တားမြစ်မှုများ ပြုလုပ်လာရသည်။
ယခုအခါ အသက် ၈၉ နှစ်ရှိပြီဖြစ်သော မန်ဒဲသည် သြစတေးလျနိုင်ငံ၏ အရှေ့ဘက် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ Vanuatu အမည်ရှိ ကျွန်းနိုင်ငံပေါ်တွင် သူ၏ ထီထိုးအဖွဲ့သားဟောင်းများနှင့်အတူ နေထိုင်လျက်ရှိသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: The rise and fall of a 14-time lottery winner (nypost)
[Zawgyi]
(ဓာတ်ပုံ - Stefan Mandel)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
CarsDB
42 Mini Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service