စင်္ကာပူမှ အာရှတိုက်၏ အကြီးမားဆုံး ကျွန်းအဆောက်အအုံကြီး
စင်္ကာပူမှ အာရှတိုက်၏ အကြီးမားဆုံး ကျွန်းအဆောက်အအုံကြီး - Property News in Myanmar from iMyanmarHouse.com
20 Jun 2023 10:57 am တွင် တင်ခဲ့သည်
531 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
စင်္ကာပူကို ပန်းဥယျာဉ်မြို့တော်ဟု ကာလကြာရှည် ခေါ်ဝေါ်ခဲ့ကြသည်။
အဆိုပါ အခေါ်အဝေါ်မှာ ၁၉၆၀ ပြည့်လွန်ကာလများအတွင်း စင်္ကာပူ၏ ဖခင်ဟု တင်စားကြသူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယု ပေးခဲ့သော အမည်နှင့်လည်း ကိုက်ညီနေသည်။
ယင်းနောက်ပိုင်း ဆယ်စုနှစ်များတွင် စင်္ကာပူ၌ သစ်ပင်ပန်းမန်စိုက်ပျိုးရေး စီမံကိန်းများ ကြီးမားစွာ လုပ်ဆောင်ခဲ့ကြသည်။
အဆောက်အအုံများ၏ မျက်နှာစာများ (သို့မဟုတ်) မိုးမျှော်တိုက်ကြီးများဆီမှ စိမ်းလန်းသော သစ်ပင်များ တိုးထွက်နေမှုကို တွေ့မြင်ရလေ့ရှိသည့် “biophilic” ဟု ခေါ်သော ဗိသုကာဟန်ကို အသုံးပြုလာကြသည်။
ယခုအဆောက်အအုံမှာ ကောလိပ်ကျောင်းဝန်းအတွင်း တည်ရှိကာ ၆ ထပ်ဖြစ်ပြီး စင်္ကာပူ၏ သဘာဝတရား အတွက် နောက်ဆုံးသော ကဗျာတစ်ပုဒ်ဖြစ်သည်။
စင်္ကာပူမှ နန်ယန်း နည်းပညာတက္ကသိုလ် (NTU) ကျောင်းဝန်းအတွင်း တည်ရှိကာ နေအလင်းရောင် ရသောခန်းမများ ၊ စိမ်းလန်းသော နောက်ခံရှုခင်းများရှိသည့် လဟာပြင် သင်ကြားရေးနေရာများ ၊ မုတ်သုန် သစ်တော အပင်များရှိရာသို့ ရောက်ရှိသည့် ဓာတ်လှေကားများ တပ်ဆင်ထားသည်။
ထိုအဆောက်အအုံတွင် လက်ရန်းများမှသည် ခုံတန်းများအထိ၊ တံခါးဘောင်များမှသည် အခန်းဖွဲ့ အကာအရံများအထိ သစ်ကို အသုံးပြုကာ ဆောက်လုပ်ထားသည်။
ထို့အပြင် ကျောင်းအနီးရှိ ဘတ်စ်ကားမှတ်တိုင်ကိုပင်လျှင် သစ်ဖြင့် ဆောက်လုပ်ထားသည်။
ထုတ်တန်းများ၊ ရက်မများမှာလည်း သစ်ကိုပင် အသုံးပြုထားသည်။
စင်စစ်အားဖြင့် အဆောက်အအုံကြီးတစ်ခုလုံးနီးပါးကို ကျွန်းသစ်ဖြင့်သာ ပြုလုပ်ထားသည်။
အဆောက်အအုံ၏ အကျယ်အဝန်းမှာ စတုရန်းမီတာ ၄၃၅၀၀ (၄၆၈၀၀၀ စတုရန်းပေ) ရှိပြီး ကြမ်းခင်း ဧရိယာ အကျယ်အဝန်းအရ အာရှတိုက်၏ အကြီးမားဆုံး ကျွန်းအဆောက်အအုံကြီးအဖြစ် ရပ်တည်နေသည်။
အဆောက်အအုံကို Gaia ဟု အမည်ပေးထားသည်။
ရှေးဟောင်းဂရိ ယုံကြည်ချက်အရ Gaia မှာ မြေနတ်သမီးဖြစ်သည်။
အဆောက်အအုံကြီးကို မေလထဲတွင် ဖွင့်လှစ်ခဲ့ပြီး ဆောက်လုပ်စရိတ် စင်္ကာပူဒေါ်လာ ၁၂၅ သန်း (ကန်ဒေါ်လာ ၉၃ သန်း) ကုန်ကျခဲ့သည်။
အဆောက်အအုံ၏ ကျွန်းသားမျက်နှာပြင်များကို ဆေးသုတ်ခြင်း မပြုလုပ်ဘဲ သဘာဝအတိုင်း ထားရှိသည်။
အဆောက်အအုံကို ဒီဇိုင်းရေးဆွဲပေးသူမှာ ဂျပန်ဗိသုကာပညာရှင် တို့ယို့အိတို့ ဖြစ်သည်။
တို့ယို့အိတို့သည် ဗိသုကာ၏ နိုဘယ်ဆုဟု တင်စားကြသော Pritzker ဆုကို ၂၀၁၃ ခုနှစ်တွင် ရရှိထားပြီ ဖြစ်သည်။
 (အဆောက်အအုံ အကျယ်အဝန်း စတုရန်းပေ ၄၆၈၀၀၀ ရှိသည်။)
(Gaia ၏ ဝန်းအတွင်း မြင်ကွင်း။)
(လေဝင်လေထွက်နှင့် အလင်းရောင် ကောင်းစွာ ရရန် ဒီဇိုင်းရေးဆွဲထားသည်။)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Like entering a forest’: Inside Asia’s largest timber building (cnn)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service