Google တည်ထောင်သူ Sergey Brin က လော့စ်အိန်ဂျလိမြို့၊ မာလီဘူးကမ်းခြေမှ စံအိမ်ကြီးတစ်လုံးကို ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူ

Google တည်ထောင်သူ Sergey Brin က လော့စ်အိန်ဂျလိမြို့၊ မာလီဘူးကမ်းခြေမှ စံအိမ်ကြီးတစ်လုံးကို ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
19 Jun 2023 10:36 am တွင် တင်ခဲ့သည်
1723 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ရောင်းချသူ-Steve Buchanan

ဝယ်ယူသူ- Sergey Brin

တည်နေရာ-Point Dume, Malibu, Calif

ဈေးနှုန်း- ကန်ဒေါ်လာ ၃၅ သန်း

ဆောက်လုပ်သည့်ခုနှစ်- ၁၉၅၈

အသေးစိတ်- ၆၁၀၇ စတုရန်းပေ၊ အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၆ ခန်း

ခြံအကျယ်- ၀ ဒသမ ၈၆ ဧက

 

 

အမေရိကန်ပြည်ထောင်စု၊ နီဘရာစကာအခြေစိုက် စီးပွားရေးလုပ်ငန်းရှင် စတိဗ် ဘူချာနန် (Steve Buchanan) က ပြီးခဲ့သောနှစ်အတွင်း လော့စ်အိန်ဂျလိမြို့၊ မာလီဘူးကမ်းခြေဒေသမှ ရင်သပ်ရှုမောဖွယ် စံအိမ်ကြီးကို အရောင်းဈေးကွက်တင်ခဲ့သည်။

ဒေါ်လာ ၃၄ ဒသမ ၅ သန်းအထိ ဈေးခေါ်ထားသော အဆိုပါစံအိမ်ကြီးမှာ ကမ္ဘာ့ထိပ်တန်း နည်းပညာ လုပ်ငန်းရှင်တစ်ဦးထံ လျင်မြန်စွာ ရောင်းထွက်သွားခဲ့သည်။

 

ဝယ်ယူသွားသူမှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် တစ်ဦးအပါအဝင်ဖြစ်သော Google ပူးတွဲတည်ထောင်သူ ဆာဂေး ဘရင်း (Sergey Brin) ဖြစ်သည်။

မာလီဘူးရှိ ကြီးမားလှသော စံအိမ်ကြီးတစ်လုံးကို ဆာဂေး ဘရင်း ဝယ်ယူလိုစိတ်ရှိခြင်းမှာ အံ့အားသင့်ဖွယ် မရှိချေ။

 

ဆီလီကွန်တောင်ကြားတွင်သာ ကာလကြာရှည် အခြေစိုက်နေထိုင်ခဲ့သော်လည်း အသက် ၄၉ နှစ်အရွယ်ရှိ ဆာဂေးဘရင်းနှင့် သူ၏ ဒုတိယဇနီး နစ်ကိုး ရှာနာဟန် (Nicole Shanahan) တို့သည် Point Dume အရပ်တွင် စံအိမ်တစ်လုံးဝယ်ယူလိုက်ပြီးနောက်ပိုင်း ၂၀၂၀ ပြည့်နှစ်မှစပြီး ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် အချိန်ကာလများစွာ နေထိုင်မှုများ ပြုလုပ်လာသည်။

 

၂၀၂၂ ခုနှစ်တွင် ရှာနာဟန်နှင့် လမ်းခွဲခဲ့ပြီးနောက် ဆာဂေးဘရင်းကို မကြာသေးမီလများအတွင်း Nobu Malibu စားသောက်ဆိုင်တွင် မကြာခဏတွေ့လာရသည်။

ရှာနာဟန်မှာ ဆာဂေးဘရင်းနှင့် လမ်းခွဲပြီးနောက်ပိုင်း Elon Musk နှင့် ချစ်ကြိုက်ခဲ့သည်ဟု ဆိုသည်။

 

ယင်းနောက်ပိုင်း ဆာဂေးဘရင်းက Point Dume ရှိ ဒုတိယမြောက်ဤစံအိမ်ကို ဝယ်ယူခဲ့ရာ ဆာဂေး ဘရင်းအတွက် တစ်ဦးတည်းနေထိုင်ဖြတ်သန်းမည့် စံအိမ်ဖြစ်လာဖွယ်ရှိသည်။

ဆာဂေးဘရင်းနှင့် ရှာနာဟန်တို့၏ ကွာရှင်းပြတ်စဲမှုကိစ္စရပ်များ ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ပြီး Point Dume မှာ အခြားစံအိမ်တစ်လုံးမှာ လူသူနေထိုင်ခြင်း မရှိချေ။

 

ဆာဂေးဘရင်းသည် Point Dume အရပ်ကို နှစ်သက်သည့်အပြင် ယခင်က ရော့ခ်ကြယ်ပွင့်များ ပိုင်ဆိုင်ခဲ့သည့် စံအိမ်များကိုလည်း နှစ်သက်သူဖြစ်သည်ဟု ဆိုသည်။

သူ၏ မာလီဘူးအရပ်ရှိ ပထမအိမ်မှာ ၂၀၁၀ မှ ၂၀၁၆ ခုနှစ်အထိ အဆိုတော် Pink က ပိုင်ဆိုင်ခဲ့သည်။

 

ယခုစံအိမ်ကိုမူ ၁၉၉၇ မှ ၂၀၀၃ ခုနှစ်အထိ အမေရိကန်အဆိုတော် Pat Benatar က ပိုင်ဆိုင်ခဲ့သည်။

Benatar က ထိုအိမ်ကို အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Bill Lawrence ထံ ကန်ဒေါ်လာ ၄ ဒသမ ၅ သန်းဖြင့် ပြန်လည်ရောင်းချခဲ့သည်။

Bill Lawrence က ၂၀၁၇ ခုနှစ်တွင် ဘူချာနန်ထံ ကန်ဒေါ်လာ ၂၁ သန်းဖြင့် ပြန်လည်ရောင်းချခဲ့သည်။

 

ဘူချာနန်ကလည်း ဆာဂေးဘရင်းထံ ပြီးခဲ့သောနှစ်အတွင်း ကန်ဒေါ်လာ ၃၅ သန်းဖြင့် ရောင်းချခဲ့ရာ များစွာ မြတ်စွန်းခဲ့သည်။

စံအိမ်ကို ၁၉၅၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ပင်လယ်နှင့် ကမ်းခြေရှုမျှော်ခင်းများကို အပေါ်စီးမှ တွေ့မြင်ရသည့် မြင့်မားသော ချောက်ကမ်းပါးထိပ်တစ်ခုတွင် ဆောက်လုပ်ထားသည်။

 

စံအိမ်အကျယ်အဝန်း စတုရန်းပေ ၆၀၀၀ ကျော်ရှိကာ အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၆ ခန်းပါဝင်သည်။

Master Bedroom ၂ ခန်းအပြင် ရုပ်ရှင်ရုံ ၊ မီးဖိုဆောင် ၊ လသာဆောင်အများအပြား ကြီးမားလှသော ရေကန်ကြီးတစ်ခု နေဆာလှုံနေရာ ၊ ပင်လယ်ကိုစီးမိုးတွေ့မြင်ရသော BBQ နေရာတို့ ပါဝင်သည်။

 

 

 

 

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Google Founder Sergey Brin Drops $35 Million on Malibu’s Point Dumen (dirt)

 

 

 

[Zawgyi]

 

Google တည္ေထာင္သူ Sergey Brin က ေလာ့စ္အိန္ဂ်လိၿမိဳ႕၊ မာလီဘူးကမ္းေျခမွ စံအိမ္ႀကီးတစ္လုံးကို ေဒၚလာ ၃၅ သန္းျဖင့္ ဝယ္ယူ

 

ေရာင္းခ်သူ-Steve Buchanan

ဝယ္ယူသူ- Sergey Brin

တည္ေနရာ-Point Dume, Malibu, Calif

ေဈးႏႈန္း- ကန္ေဒၚလာ ၃၅ သန္း

ေဆာက္လုပ္သည့္ခုႏွစ္- ၁၉၅၈

အေသးစိတ္- ၆၁၀၇ စတုရန္းေပ၊ အိပ္ခန္း ၆ ခန္း၊ ေရခ်ိဳးခန္း ၆ ခန္း

ျခံအက်ယ္- ၀ ဒသမ ၈၆ ဧက

အေမရိကန္ျပည္ေထာင္စု၊ နီဘရာစကာအေျခစိုက္ စီးပြားေရးလုပ္ငန္း႐ွင္ စတိဗ္ ဘူခ်ာနန္ (Steve Buchanan) က ၿပီးခဲ့ေသာႏွစ္အတြင္း ေလာ့စ္အိန္ဂ်လိၿမိဳ႕၊ မာလီဘူးကမ္းေျခေဒသမွ ရင္သပ္႐ႈေမာဖြယ္ စံအိမ္ႀကီးကို အေရာင္းေဈးကြက္တင္ခဲ့သည္။

ေဒၚလာ ၃၄ ဒသမ ၅ သန္းအထိ ေဈးေခၚထားေသာ အဆိုပါစံအိမ္ႀကီးမွာ ကမ႓ာ့ထိပ္တန္း နည္းပညာ လုပ္ငန္း႐ွင္တစ္ဦးထံ လ်င္ျမန္စြာ ေရာင္းထြက္သြားခဲ့သည္။

ဝယ္ယူသြားသူမွာ ကမ႓ာ့အခ်မ္းသာဆုံးပုဂၢိဳလ္မ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္ေသာ Google ပူးတြဲတည္ေထာင္သူ ဆာေဂး ဘရင္း (Sergey Brin) ျဖစ္သည္။

မာလီဘူး႐ွိ ႀကီးမားလွေသာ စံအိမ္ႀကီးတစ္လုံးကို ဆာေဂး ဘရင္း ဝယ္ယူလိုစိတ္႐ွိျခင္းမွာ အံ့အားသင့္ဖြယ္ မ႐ွိေခ်။

ဆီလီကြန္ေတာင္ၾကားတြင္သာ ကာလၾကာ႐ွည္ အေျခစိုက္ေနထိုင္ခဲ့ေသာ္လည္း အသက္ ၄၉ ႏွစ္အ႐ြယ္႐ွိ ဆာေဂးဘရင္းႏွင့္ သူ၏ ဒုတိယဇနီး နစ္ကိုး ႐ွာနာဟန္ (Nicole Shanahan) တို႔သည္ Point Dume အရပ္တြင္ စံအိမ္တစ္လုံးဝယ္ယူလိုက္ၿပီးေနာက္ပိုင္း ၂၀၂၀ ျပည့္ႏွစ္မွစၿပီး ကယ္လီဖိုးနီးယားေတာင္ပိုင္းတြင္ အခ်ိန္ကာလမ်ားစြာ ေနထိုင္မႈမ်ား ျပဳလုပ္လာသည္။

၂၀၂၂ ခုႏွစ္တြင္ ႐ွာနာဟန္ႏွင့္ လမ္းခြဲခဲ့ၿပီးေနာက္ ဆာေဂးဘရင္းကို မၾကာေသးမီလမ်ားအတြင္း Nobu Malibu စားေသာက္ဆိုင္တြင္ မၾကာခဏေတြ႕လာရသည္။

႐ွာနာဟန္မွာ ဆာေဂးဘရင္းႏွင့္ လမ္းခြဲၿပီးေနာက္ပိုင္း Elon Musk ႏွင့္ ခ်စ္ႀကိဳက္ခဲ့သည္ဟု ဆိုသည္။

ယင္းေနာက္ပိုင္း ဆာေဂးဘရင္းက Point Dume ႐ွိ ဒုတိယေျမာက္ဤစံအိမ္ကို ဝယ္ယူခဲ့ရာ ဆာေဂး ဘရင္းအတြက္ တစ္ဦးတည္းေနထိုင္ျဖတ္သန္းမည့္ စံအိမ္ျဖစ္လာဖြယ္႐ွိသည္။

ဆာေဂးဘရင္းႏွင့္ ႐ွာနာဟန္တို႔၏ ကြာ႐ွင္းျပတ္စဲမႈကိစၥရပ္မ်ား ဆက္လက္ေဆာင္႐ြက္ေနဆဲ ျဖစ္ၿပီး Point Dume မွာ အျခားစံအိမ္တစ္လုံးမွာ လူသူေနထိုင္ျခင္း မ႐ွိေခ်။

ဆာေဂးဘရင္းသည္ Point Dume အရပ္ကို ႏွစ္သက္သည့္အျပင္ ယခင္က ေရာ့ခ္ၾကယ္ပြင့္မ်ား ပိုင္ဆိုင္ခဲ့သည့္ စံအိမ္မ်ားကိုလည္း ႏွစ္သက္သူျဖစ္သည္ဟု ဆိုသည္။

သူ၏ မာလီဘူးအရပ္႐ွိ ပထမအိမ္မွာ ၂၀၁၀ မွ ၂၀၁၆ ခုႏွစ္အထိ အဆိုေတာ္ Pink က ပိုင္ဆိုင္ခဲ့သည္။

ယခုစံအိမ္ကိုမူ ၁၉၉၇ မွ ၂၀၀၃ ခုႏွစ္အထိ အေမရိကန္အဆိုေတာ္ Pat Benatar က ပိုင္ဆိုင္ခဲ့သည္။

Benatar က ထိုအိမ္ကို အေမရိကန္႐ုပ္႐ွင္ဒါ႐ိုက္တာ Bill Lawrence ထံ ကန္ေဒၚလာ ၄ ဒသမ ၅ သန္းျဖင့္ ျပန္လည္ေရာင္းခ်ခဲ့သည္။

Bill Lawrence က ၂၀၁၇ ခုႏွစ္တြင္ ဘူခ်ာနန္ထံ ကန္ေဒၚလာ ၂၁ သန္းျဖင့္ ျပန္လည္ေရာင္းခ်ခဲ့သည္။

ဘူခ်ာနန္ကလည္း ဆာေဂးဘရင္းထံ ၿပီးခဲ့ေသာႏွစ္အတြင္း ကန္ေဒၚလာ ၃၅ သန္းျဖင့္ ေရာင္းခ်ခဲ့ရာ မ်ားစြာ ျမတ္စြန္းခဲ့သည္။

စံအိမ္ကို ၁၉၅၃ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ၿပီး ပင္လယ္ႏွင့္ ကမ္းေျခ႐ႈေမွ်ာ္ခင္းမ်ားကို အေပၚစီးမွ ေတြ႕ျမင္ရသည့္ ျမင့္မားေသာ ေခ်ာက္ကမ္းပါးထိပ္တစ္ခုတြင္ ေဆာက္လုပ္ထားသည္။

စံအိမ္အက်ယ္အဝန္း စတုရန္းေပ ၆၀၀၀ ေက်ာ္႐ွိကာ အိပ္ခန္း ၆ ခန္းႏွင့္ ေရခ်ိဳးခန္း ၆ ခန္းပါဝင္သည္။

Master Bedroom ၂ ခန္းအျပင္ ႐ုပ္႐ွင္႐ုံ ၊ မီးဖိုေဆာင္ ၊ လသာေဆာင္အမ်ားအျပား ႀကီးမားလွေသာ ေရကန္ႀကီးတစ္ခု ေနဆာလႈံေနရာ ၊ ပင္လယ္ကိုစီးမိုးေတြ႕ျမင္ရေသာ BBQ ေနရာတို႔ ပါဝင္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Google Founder Sergey Brin Drops $35 Million on Malibu’s Point Dumen (dirt)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service