အမေရိကန်ပြည် ၊ ဆန်ဒီဂိုတွင် အမျိုးသားတစ်ဦးသည် ပုံမှန်အတိုင်း နေထိုင်ရသည်ကို ငြီးငွေ့လာသောကြောင့် စလိုး ဂျာမက်စတန်အမည်ရှိ ကိုယ်ပိုင်နိုင်ငံတစ်ခုတည်ထောင်ကာ မိမိကိုယ်ကို နိုင်ငံအကြီးအကဲ စော်ဘွားအဖြစ်တင်မြှောက်

အမေရိကန်ပြည် ၊ ဆန်ဒီဂိုတွင် အမျိုးသားတစ်ဦးသည် ပုံမှန်အတိုင်း နေထိုင်ရသည်ကို ငြီးငွေ့လာသောကြောင့် စလိုး ဂျာမက်စတန်အမည်ရှိ ကိုယ်ပိုင်နိုင်ငံတစ်ခုတည်ထောင်ကာ မိမိကိုယ်ကို နိုင်ငံအကြီးအကဲ စော်ဘွားအဖြစ်တင်မြှောက် - Property News in Myanmar from iMyanmarHouse.com
15 Jun 2023 10:56 am တွင် တင်ခဲ့သည်
781 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု ၊ ဆန်ဒီဂိုမြို့တွင် နေထိုင်သော အမျိုးသားတစ်ဦးသည် ပုံမှန်အတိုင်း နေထိုင်ရသည်ကို ငြီးငွေ့လာသောကြောင့် ကယ်လီဖိုးနီးယား သဲကန္တာရထဲတွင် တိုင်းပြည်တစ်ခု တည်ထောင်လာခဲ့သည်။

ရန်ဒီဝီလျံအမည်ရှိ အမျိုးသားက စလိုး ဂျာမက်စတန်အမည်ရှိ တိုင်းပြည်တည်ထောင်ကာ မိမိကိုယ်ကို စော်ဘွားအဖြစ် ခန့်အပ်ခဲ့သည်။

ရန်ဒီက CNN သတင်းဌာနသို့ ပြောသည်မှာ ကမ္ဘာပေါ်ရှိ ကုလသမဂ္ဂအသိအမှတ်ပြု နိုင်ငံတိုင်းကို သွားရောက်လည်ပတ်ခဲ့ပြီးဖြစ်ကြောင်း ၊ “ကျွန်တော့်အတွက် လည်စရာတိုင်းပြည်ကုန်သွားပါပြီ။ ဒါကြောင့် ကိုယ်ပိုင်တိုင်းပြည်တစ်ခု တည်ထောင်ခဲ့ပါတယ်”ဟု ပြောသည်။

သူ၏ တိုင်းပြည်မှာမူ ကယ်လီဖိုးနီးယားတောင်ပိုင်း အမှတ် ၇၈ လမ်းမကြီးဘေး သဲကန္တာရထဲရှိ ၁၁ ဒသမ ၀၇ ဧက ကျယ်ဝန်းသော မြေနေရာတွင် တည်ရှိသည်။

ရန်ဒီသည် Slow Jam ဟုခေါ်သော R&B သီချင်းအေးများကို နှစ်သက်သူဖြစ်သောကြောင့် သူ့နိုင်ငံ၏ အမည်ကို စလိုး ဂျာမက်စတန်ဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။

စလိုး ဂျာမက်စတန်သည် ကိုယ်ပိုင်အလံ ၊ ကိုယ်ပိုင်ငွေကြေးနှင့် နိုင်ငံတော်သီချင်းတို့ရှိပြီး ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာ ၁ ရက်တွင် အမေရိကန်ပြည်ထောင်စုမှ ခွဲထွက်ကြောင်း ကြေညာခဲ့သည်ဟု CNN သတင်းဌာနက ဖော်ပြသည်။

စလိုး ဂျာမက်စတန်စံတော်ချိန်ဟုခေါ်သော ကိုယ်ပိုင်အချိန်ဇုန်ရှိပြီး ၁၁ ဧကမြေနေရာတွင် ပြည်နယ် ၁၂ ခုဖွဲ့စည်းထားကာ ဒူဘလန်ဒီယာ (Dublandia) ဟု ခေါ်သော နိုင်ငံမြို့တော်လည်း ရှိသည်။

ရန်ဒီက CNN သတင်းဌာနသို့ ပြောသည်မှာ အမေရိကန်ပြည်တွင် ရှိသည့် အခြားသော နိုင်ငံငယ်တစ်ခုသို့ သွားရောက်လည်ပတ်ခဲ့ဖူးကြောင်း ၊ ထိုနိုင်ငံငယ်၏ အမည်မှာ မိုလိုစီယာ (Molossia) ဟု အမည်ရပြီး ရန်ဒီ၏ နိုင်ငံနှင့် အကျယ်အဝန်းတူကာ အမေရိကန်ပြည် ၊ နီဗားဒါးပြည်နယ်တွင် တည်ရှိကာ ၁၉၉၈ ခုနှစ်တွင် အမေရိကန်ပြည်မှ ခွဲထွက်ခဲ့ကြောင်း ပြောသည်။

ထိုနိုင်ငံသို့ လည်ပတ်ပြီးနောက်တွင် ရန်ဒီက ၂၀၂၁ ခုနှစ် ၊ အောက်တိုဘာတွင် ကယ်လီဖိုးနီးယားပြည်နယ်၌ မြေနေရာဝယ်ကာ နောက် ၃ လအကြာတွင် တိုင်းပြည်လွတ်လပ်ရေး ကြေညာခဲ့သည်။

စလိုး ဂျာမက်စတန်၏ လွတ်လပ်ရေးအား အသိအမှတ်ပြုခံရခြင်း ရှိမရှိမှာမူ ငြင်းခုံစရာ အကြောင်းရပ် ဖြစ်သည်။

ရန်ဒီက Insider သတင်းဌာနသို့ ပြောသည်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သူ့နိုင်ငံ၏ လွတ်လပ်ရေးကို အီးမေးလ် လူမှုကွန်ရက်တို့မှတဆင့် အသိအမှတ်ပြုရန် ကျန်ရှိသေးကြောင်း ပြောသည်။

တိုင်းပြည်၏ ဝက်ဘ်ဆိုုက်တွင် ဖော်ပြထားသည်မှာ စော်ဘွား၏ မိခင်က အသိအမှတ်ပြုကြောင်း ဖော်ပြထားသော်လည်း သံတမန်ဆက်သွယ်ရေးရှိသော နိုင်ငံများစာရင်းကိုမူ ဖော်ပြမထားပေ။

အဆိုပါ နိုင်ငံတွင် ရွေးကောက်ပွဲများကျင်းပရန် အစီအစဉ်မရှိကြောင်း ရန်ဒီက ပြောသည်။

သူ၏ ကိုယ်ရေးမှတ်တမ်းတွင် ရန်ဒီက ရေးသားဖော်ပြထားသည်မှာ လက်ရှိအားဖြင့် အချိန်အများစုကို စလိုး ဂျာမက်စတန်နိုင်ငံ၏ ပြင်ပတွင် ကုန်လွန်ဖြတ်သန်းနေကြောင်း ၊ အဆိုပါနိုင်ငံနှင့် မိုင် ၇၀ ခန့်ကွာဝေးသော ဆန်ဒီဂိုရှိ Magic 92.5 နှင့် Z90 ရေဒီယိုဌာနများတွင် ရေဒီယိုဒီဂျေအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။

တစ်နေ့နေ့တွင် သူ၏ နိုင်ငံ၌ ခမ်းနားလှသော နန်းတော်ကြီးတစ်ခု ဆောက်လုပ်သွားရန် ဆန္ဒရှိကြောင်းလည်း ရန်ဒီက ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A San Diego man got sick of living in a regular country so he founded a nation of his own called Slowjamastan and crowned himself its sultan (insider)

[Zawgyi]

အေမရိကန္ျပည္ ၊ ဆန္ဒီဂိုတြင္ အမ်ဳိးသားတစ္ဦးသည္ ပံုမွန္အတုိင္း ေနထိုင္ရသည္ကို ျငီးေငြ႔လာေသာေၾကာင့္ စလိုး ဂ်ာမက္စတန္အမည္ရွိ ကိုယ္ပိုင္ႏိုင္ငံတစ္ခုတည္ေထာင္ကာ မိမိကိုယ္ကို ႏိုင္ငံအၾကီးအကဲ ေစာ္ဘြားအျဖစ္တင္ေျမွာက္

အေမရိကန္ျပည္ေထာင္စု ၊ ဆန္ဒီဂိုျမဳိ႕တြင္ ေနထိုင္ေသာ အမ်ဳိးသားတစ္ဦးသည္ ပုံမွန္အတုိင္း ေနထိုင္ရသည္ကို ျငီးေငြ႔လာေသာေၾကာင့္ ကယ္လီဖုိးနီးယား သဲကႏၱာရထဲတြင္ တိုင္းျပည္တစ္ခု တည္ေထာင္လာခဲ့သည္။

ရန္ဒီဝီလ်ံအမည္ရွိ အမ်ဳိးသားက စလိုး ဂ်ာမက္စတန္အမည္ရွိ တိုင္းျပည္တည္ေထာင္ကာ မိမိကုိယ္ကို ေစာ္ဘြားအျဖစ္ ခန္႔အပ္ခဲ့သည္။

ရန္ဒီက CNN သတင္းဌာနသုိ႔ ေျပာသည္မွာ ကမၻာေပၚရွိ ကုလသမဂၢအသိအမွတ္ျပဳ ႏိုင္ငံတိုင္းကို သြားေရာက္လည္ပတ္ခဲ့ျပီးျဖစ္ေၾကာင္း ၊ “ကၽြန္ေတာ့္အတြက္ လည္စရာတိုင္းျပည္ကုန္သြားပါျပီ။ ဒါေၾကာင့္ ကိုယ္ပိုင္တိုင္းျပည္တစ္ခု တည္ေထာင္ခဲ့ပါတယ္”ဟု ေျပာသည္။

သူ၏ တိုင္းျပည္မွာမူ ကယ္လီဖုိးနီးယားေတာင္ပုိင္း အမွတ္ ၇၈ လမ္းမၾကီးေဘး သဲကႏၱာရထဲရွိ ၁၁ ဒသမ ၀၇ ဧက က်ယ္ဝန္းေသာ ေျမေနရာတြင္ တည္ရွိသည္။

ရန္ဒီသည္ Slow Jam ဟုေခၚေသာ R&B သီခ်င္းေအးမ်ားကို ႏွစ္သက္သူျဖစ္ေသာေၾကာင့္ သူ႔ႏိုင္ငံ၏ အမည္ကုိ စလိုး ဂ်ာမက္စတန္ဟု အမည္ေပးခဲ့ျခင္း ျဖစ္သည္။

စလုိး ဂ်ာမက္စတန္သည္ ကိုယ္ပိုင္အလံ ၊ ကိုယ္ပိုင္ေငြေၾကးႏွင့္ ႏိုင္ငံေတာ္သီခ်င္းတို႔ရွိျပီး ၂၀၂၁ ခုႏွစ္ ၊ ဒီဇင္ဘာ ၁ ရက္တြင္ အေမရိကန္ျပည္ေထာင္စုမွ ခြဲထြက္ေၾကာင္း ေၾကညာခဲ့သည္ဟု CNN သတင္းဌာနက ေဖာ္ျပသည္။

စလိုး ဂ်ာမက္စတန္စံေတာ္ခ်ိန္ဟုေခၚေသာ ကုိယ္ပုိင္အခ်ိန္ဇုန္ရွိျပီး ၁၁ ဧကေျမေနရာတြင္ ျပည္နယ္ ၁၂ ခုဖြဲ႔စည္းထားကာ ဒူဘလန္ဒီယာ (Dublandia) ဟု ေခၚေသာ ႏိုင္ငံျမဳိ႕ေတာ္လည္း ရွိသည္။

ရန္ဒီက CNN သတင္းဌာနသို႔ ေျပာသည္မွာ အေမရိကန္ျပည္တြင္ ရွိသည့္ အျခားေသာ ႏိုင္ငံငယ္တစ္ခုသို႔ သြားေရာက္လည္ပတ္ခဲ့ဖူးေၾကာင္း ၊ ထုိႏိုင္ငံငယ္၏ အမည္မွာ မိုလိုစီယာ (Molossia) ဟု အမည္ရျပီး ရန္ဒီ၏ ႏိုင္ငံႏွင့္ အက်ယ္အဝန္းတူကာ အေမရိကန္ျပည္ ၊ နီဗားဒါးျပည္နယ္တြင္ တည္ရွိကာ ၁၉၉၈ ခုႏွစ္တြင္ အေမရိကန္ျပည္မွ ခြဲထြက္ခဲ့ေၾကာင္း ေျပာသည္။

ထိုႏိုင္ငံသုိ႔ လည္ပတ္ျပီးေနာက္တြင္ ရန္ဒီက ၂၀၂၁ ခုႏွစ္ ၊ ေအာက္တုိဘာတြင္ ကယ္လီဖုိးနီးယားျပည္နယ္၌ ေျမေနရာဝယ္ကာ ေနာက္ ၃ လအၾကာတြင္ တုိင္းျပည္လြတ္လပ္ေရး ေၾကညာခဲ့သည္။

စလုိး ဂ်ာမက္စတန္၏ လြတ္လပ္ေရးအား အသိအမွတ္ျပဳခံရျခင္း ရွိမရွိမွာမူ ျငင္းခံုစရာ အေၾကာင္းရပ္ ျဖစ္သည္။

ရန္ဒီက Insider သတင္းဌာနသို႔ ေျပာသည္မွာ အေမရိကန္သမၼတ ဂ်ဳိးဘိုင္ဒန္က သူ႔ႏိုင္ငံ၏ လြတ္လပ္ေရးကို အီးေမးလ္ လူမႈကြန္ရက္တို႔မွတဆင့္ အသိအမွတ္ျပဳရန္ က်န္ရွိေသးေၾကာင္း ေျပာသည္။

တိုင္းျပည္၏ ဝက္ဘ္ဆုိုက္တြင္ ေဖာ္ျပထားသည္မွာ ေစာ္ဘြား၏ မိခင္က အသိအမွတ္ျပဳေၾကာင္း ေဖာ္ျပထားေသာ္လည္း သံတမန္ဆက္သြယ္ေရးရွိေသာ ႏိုင္ငံမ်ားစာရင္းကိုမူ ေဖာ္ျပမထားေပ။

အဆိုပါ ႏိုင္ငံတြင္ ေရြးေကာက္ပြဲမ်ားက်င္းပရန္ အစီအစဥ္မရွိေၾကာင္း ရန္ဒီက ေျပာသည္။

သူ၏ ကုိယ္ေရးမွတ္တမ္းတြင္ ရန္ဒီက ေရးသားေဖာ္ျပထားသည္မွာ လက္ရွိအားျဖင့္ အခ်ိန္အမ်ားစုကို စလိုး ဂ်ာမက္စတန္ႏိုင္ငံ၏ ျပင္ပတြင္ ကုန္လြန္ျဖတ္သန္းေနေၾကာင္း ၊ အဆိုပါႏိုင္ငံႏွင့္ မိုင္ ၇၀ ခန္႔ကြာေဝးေသာ ဆန္ဒီဂိုရွိ Magic 92.5 ႏွင့္ Z90 ေရဒီယိုဌာနမ်ားတြင္ ေရဒီယိုဒီေဂ်အျဖစ္ တာဝန္ထမ္းေဆာင္လ်က္ရွိေၾကာင္း ေဖာ္ျပထားသည္။

တစ္ေန႔ေန႔တြင္ သူ၏ ႏိုင္ငံ၌ ခမ္းနားလွေသာ နန္းေတာ္ၾကီးတစ္ခု ေဆာက္လုပ္သြားရန္ ဆႏၵရွိေၾကာင္းလည္း ရန္ဒီက ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A San Diego man got sick of living in a regular country so he founded a nation of his own called Slowjamastan and crowned himself its sultan (insider)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
imyanmarmarket
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service