အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် ခဲခြစ်ထီမှ ဒေါ်လာ ၁ သန်းပေါက်သော အမျိုးသမီး ၂ လအကြာတွင် ဒေါ်လာ ၁ သန်းထပ်မံ ကံထူး

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် ခဲခြစ်ထီမှ ဒေါ်လာ ၁ သန်းပေါက်သော အမျိုးသမီး ၂ လအကြာတွင် ဒေါ်လာ ၁ သန်းထပ်မံ ကံထူး - Property News in Myanmar from iMyanmarHouse.com
14 Jun 2023 12:02 pm တွင် တင်ခဲ့သည်
706 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

 

အမေရိကန်ပြည်တွင် ရောင်းချပေးလျက်ရှိသော ဒေါ်လာ ၁ သန်း ခဲခြစ်ထီလက်မှတ်ကို ၂ ကြိမ်ပေါက်ရန် အခွင့်အလမ်းမှာ အကြိမ်ပေါင်း ၇၁ ဒသမ ၆ ဘီလီယံလျှင် တစ်ကြိမ်သာရှိသည်။

ဖလော်ရီဒါပြည်နယ်မှ အသက် ၄၁ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် ခဲခြစ်ထီမှ ဒေါ်လာ ၁ သန်းထီပေါက်ပြီးနောက် ထီရုံးအရာရှိများကို နောက်တစ်ကြိမ်တွင်လည်း ထီဆုလာထုတ်ဦးမည်ဖြစ်ကြောင်း နောက်ပြောင်ကာ ပြောဆိုခဲ့သည်။

နောက် ၂ လအကြာတွင် သူပြောခဲ့သည့်အတိုင်း ဖြစ်လာခဲ့သည်။

ဖလော်ရီဒါပြည်နယ် ထီရုံးအရာရှိများက ပြီးခဲ့သော တနင်္လာနေ့တွင် ကြေညာခဲ့သည်မှာ အယ်လ်တိုဗိုက်စ် မောရစ်အမည်ရှိ အမျိုးသမီးသည် လအနည်းငယ်သာခြားပြီး ခဲခြစ်ထီမှ ဒေါ်လာ ၁ သန်းဆုများ ပေါက်ခဲ့ကြောင်း ကြေညာသည်။

 

ဖလော်ရီဒါထီရုံး၏ ထုတ်ပြန်ချက်အရ ထီပေါက်သော အမျိုးသမီးက “ကျွန်မ ခုထိ မယုံနိုင်အောင် ဖြစ်နေရတုန်းပါပဲ”ဟုပြောသည်ဟု ဆိုသည်။

ပထမအကြိမ် ထီလက်မှတ်ကို ဖလော်ရီဒါပြည်နယ် ၊ Winter Garden မြို့ရှိ 7-Eleven ဆိုင်မှ ဒေါ်လာ ၅၀ ဖြင့် ထီလက်မှတ်ဝယ်ယူခဲ့ပြီးနောက် ဒေါ်လာ ၁ သန်းပေါက်ခဲ့ခြင်း ဖြစ်သည်။

 

 

 

အဆိုပါ ဆုကို ၂၀၂၂ ခု ၊ နိုဝင်ဘာလတွင် ဆုငွေထုတ်ယူခဲ့သည်။

ယင်းနောက် ၂ လအကြာ ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလတွင် ထိုအမျိုးသမီးသည် ဒေါ်လာ ၁ သန်းဆုပေါက်သော ထီလက်မှတ် နောက်တစ်စောင်ဖြင့် ထီရုံးသို့ ထပ်မံရောက်ရှိလာခဲ့ကြောင်း ထီရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထီပေါက်သော အမျိုးသမီး မောရစ်သည် ပထမအကြိမ် ထီပေါက်ခဲ့သည့်ငွေဖြင့် နေအိမ်သစ်တစ်လုံး ဝယ်ယူခဲ့ပြီးနောက် Sunoco Foodmart တွင် ဒေါ်လာ ၅၀ ဖြင့် ထီလက်မှတ်ထပ်မံ ဝယ်ယူခဲ့သည်။

ထိုထီလက်မှတ်မှာလည်း ဒေါ်လာ ၁ သန်းထပ်မံကံထူးခဲ့ပြန်သည်။

မောရစ်သည် သူ၏ ဆုငွေများကို တစ်လုံးတစ်ခဲတည်း ထုတ်ယူရန် ရွေးချယ်ခဲ့သည်။

ဖလော်ရီဒါ ထီရုံး၏ ထုတ်ပြန်ချက်အရ 500X The Cash ထီတွင် ဒေါ်လာ ၁ သန်းဆု ၂ ကြိမ်ပေါက်ရန်အခွင့်အလမ်းမှာ အကြိမ် ၇၁ ဒသမ ၆ ဘီလီယံတွင် ၁ ကြိမ် သို့မဟုတ် ၀ ဒသမ ၀၀၀၀၀၀၀၀၀၀ ၁၃၉၅ ရာခိုင်နှုန်းမျှသာ ရှိသည်ဟု ဆိုသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A Florida woman won $1 million playing a scratch-off lottery. 2 months later, she won $1 million again. (insider)

 

 

 

 

[Zawgyi]

အေမရိကန္ျပည္ ဖေလာ္ရီဒါျပည္နယ္တြင္ ခဲျခစ္ထီမွ ေဒၚလာ ၁ သန္းေပါက္ေသာ အမ်ဳိးသမီး ၂ လအၾကာတြင္ ေဒၚလာ ၁ သန္းထပ္မံ ကံထူး

 

အေမရိကန္ျပည္တြင္ ေရာင္းခ်ေပးလ်က္ရွိေသာ ေဒၚလာ ၁ သန္း ခဲျခစ္ထီလက္မွတ္ကို ၂ ၾကိမ္ေပါက္ရန္ အခြင့္အလမ္းမွာ အၾကိမ္ေပါင္း ၇၁ ဒသမ ၆ ဘီလီယံလွ်င္ တစ္ၾကိမ္သာရွိသည္။

ဖေလာ္ရီဒါျပည္နယ္မွ အသက္ ၄၁ ႏွစ္အရြယ္ရွိ အမ်ဳိးသမီးတစ္ဦးသည္ ခဲျခစ္ထီမွ ေဒၚလာ ၁ သန္းထီေပါက္ျပီးေနာက္ ထီရံုးအရာရွိမ်ားကို ေနာက္တစ္ၾကိမ္တြင္လည္း ထီဆုလာထုတ္ဦးမည္ျဖစ္ေၾကာင္း ေနာက္ေျပာင္ကာ ေျပာဆုိခဲ့သည္။

ေနာက္ ၂ လအၾကာတြင္ သူေျပာခဲ့သည့္အတုိင္း ျဖစ္လာခဲ့သည္။

ဖေလာ္ရီဒါျပည္နယ္ ထီရံုးအရာရွိမ်ားက ျပီးခဲ့ေသာ တနလၤာေန႔တြင္ ေၾကညာခဲ့သည္မွာ အယ္လ္တိုဗိုက္စ္ ေမာရစ္အမည္ရွိ အမ်ဳိးသမီးသည္ လအနည္းငယ္သာျခားျပီး ခဲျခစ္ထီမွ ေဒၚလာ ၁ သန္းဆုမ်ား ေပါက္ခဲ့ေၾကာင္း ေၾကညာသည္။

ဖေလာ္ရီဒါထီရံုး၏ ထုတ္ျပန္ခ်က္အရ ထီေပါက္ေသာ အမ်ဳိးသမီးက “ကၽြန္မ ခုထိ မယံုႏိုင္ေအာင္ ျဖစ္ေနရတုန္းပါပဲ”ဟုေျပာသည္ဟု ဆိုသည္။

ပထမအၾကိမ္ ထီလက္မွတ္ကို ဖေလာ္ရီဒါျပည္နယ္ ၊ Winter Garden ျမိဳ႕ရွိ 7-Eleven ဆိုင္မွ ေဒၚလာ ၅၀ ျဖင့္ ထီလက္မွတ္ဝယ္ယူခဲ့ျပီးေနာက္ ေဒၚလာ ၁ သန္းေပါက္ခဲ့ျခင္း ျဖစ္သည္။ အဆုိပါ ဆုကို ၂၀၂၂ ခု ၊ ႏိုဝင္ဘာလတြင္ ဆုေငြထုတ္ယူခဲ့သည္။

ယင္းေနာက္ ၂ လအၾကာ ၂၀၂၃ ခုႏွစ္ ၊ ဇန္နဝါရီလတြင္ ထိုအမ်ဳိးသမီးသည္ ေဒၚလာ ၁ သန္းဆုေပါက္ေသာ ထီလက္မွတ္ ေနာက္တစ္ေစာင္ျဖင့္ ထီရံုးသုိ႔ ထပ္မံေရာက္ရွိလာခဲ့ေၾကာင္း ထီရံုး၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

ထီေပါက္ေသာ အမ်ဳိးသမီး ေမာရစ္သည္ ပထမအၾကိမ္ ထီေပါက္ခဲ့သည့္ေငြျဖင့္ ေနအိမ္သစ္တစ္လံုး ဝယ္ယူခဲ့ျပီးေနာက္ Sunoco Foodmart တြင္ ေဒၚလာ ၅၀ ျဖင့္ ထီလက္မွတ္ထပ္မံ ဝယ္ယူခဲ့သည္။

ထိုထီလက္မွတ္မွာလည္း ေဒၚလာ ၁ သန္းထပ္မံကံထူးခဲ့ျပန္သည္။

ေမာရစ္သည္ သူ၏ ဆုေငြမ်ားကို တစ္လံုးတစ္ခဲတည္း ထုတ္ယူရန္ ေရြးခ်ယ္ခဲ့သည္။

ဖေလာ္ရီဒါ ထီရံုး၏ ထုတ္ျပန္ခ်က္အရ 500X The Cash ထီတြင္ ေဒၚလာ ၁ သန္းဆု ၂ ၾကိမ္ေပါက္ရန္အခြင့္အလမ္းမွာ အၾကိမ္ ၇၁ ဒသမ ၆ ဘီလီယံတြင္ ၁ ၾကိမ္ သို႔မဟုတ္ ၀ ဒသမ ၀၀၀၀၀၀၀၀၀၀ ၁၃၉၅ ရာခုိင္ႏႈန္းမွ်သာ ရွိသည္ဟု ဆိုသည္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A Florida woman won $1 million playing a scratch-off lottery. 2 months later, she won $1 million again. (insider)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service