အမေရိက၏ အကြီးမြတ်ဆုံး ရုပ်ရှင်သရုပ်ဆောင်များတွင် တစ်ဦးအပါအဝင်ဖြစ်သူ ဂျွန်ဝိန်း၏ ကယ်လီဖိုးနီးယားပြည်နယ်မှ မွေးမြူရေးခြံ အရောင်းအဝယ်ဖြစ်
အမေရိက၏ အကြီးမြတ်ဆုံး ရုပ်ရှင်သရုပ်ဆောင်များတွင် တစ်ဦးအပါအဝင်ဖြစ်သူ ဂျွန်ဝိန်း၏ ကယ်လီဖိုးနီးယားပြည်နယ်မှ မွေးမြူရေးခြံ အရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
13 Jun 2023 10:55 am တွင် တင်ခဲ့သည်
1373 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
(ဂျွန်ဝိန်းဘယ်သူလဲ)
ဂျွန်ဝိန်း (မွေး ၁၉၀၇- ကွယ်လွန် ၁၉၇၉)၏ အမည်ရင်းမှာ မာရီယွန် ရောဘတ် မောရစ်ဆန်ဖြစ်ပြီး အနုပညာအမည် ဂျွန်ဝိန်းဖြင့်သာ လူသိများသည်။
အမေရိကန်ရုပ်ရှင်မင်းသားဖြစ်ပြီး ဟောလိဝုဒ်ရွှေခေတ်ရုပ်ရှင်ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင် ခဲ့ပြီး အထူးသဖြင့် အနောက်တိုင်းရုပ်ရှင်များ၊ စစ်ကားများဖြင့် လူသိများသည်။
ရုပ်ရှင်အသံတိတ် ခေတ်ဦးပိုင်း ၁၉၂၀ ပြည့်လွန်ကာလများမှ စတင်သရုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ရုပ်ရှင် ၁၇၉ ကား ပါဝင်သရုပ်ဆောင်ခဲ့သည်။
သူ၏ ရုပ်ရှင်ဇာတ်ကားများမှာ ဆယ်စုနှစ် ၃ ခုကျော် ဝင်ငွေအကောင်းဆုံးနေရာများတွင် ရပ်တည်ခဲ့သည်။
၁၉၆၉ ခုနှစ်တွင် ရုံတင်ခဲ့သော True Grit ဇာတ်ကားဖြင့် အကောင်းဆုံးဇာတ်ဆောင်မင်းသားအဖြစ် အော်စကာဆု ရရှိခဲ့သည်။
၁၉၉၉ ခုနှစ်တွင် အမေရိကန်ရုပ်ရှင်သိပ္ပံက ဂျွန်ဝိန်းကို အမေရိက၏ ဂန္ထဝင်ရုပ်ရှင်တွင် အကြီးမြတ်ဆုံး သရုပ်ဆောင်များ၌ တစ်ဦးအပါအဝင်အဖြစ် ရွေးချယ်ခဲ့သည်။
(ဂျွန်ဝိန်း၏ စံအိမ် ရောင်းထွက်သွားခြင်း)
ဂန္ထဝင်ရုပ်ရှင်ကြယ်ပွင့် ဂျွန်ဝိန်းပိုင်ဆိုင်ခဲ့ဖူးသော ကယ်လီဖိုးနီးယားပြည်နယ်မှ မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၁၁ ဒသမ ၂၅ သန်းဖြင့် ရောင်းထွက်သွားသည်။
ဂျွန်ဝိန်းသည် အဆိုပါခြံကို သူ၏ အကျော်ကြားဆုံး အနောက်တိုင်းရုပ်ရှင်များဖြစ်သော ၁၉၃၉ ခုနှစ်က ရိုက်ကူးခဲ့သည့် Stagecoach မှသည် ၁၉၄၈ ခုနှစ်က ရုံတင်ခဲ့သော Red River ဇာတ်ကားများ ရိုက်ကူးနေစဉ် ကာလများအတွင်း ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုခြံကို ထိန်းသိမ်းစောင့်ရှောက်ရန် ခြံအတွင်း နေထိုင်ခဲ့သူတို့က ပြောသည်မှာ ဂျွန်ဝိန်းသည် ဤခြံကြီး အတွင်း မြင်းစီးရသည်ကို အလွန်နှစ်သက်သဘောကျကြောင်း ပြောသည်။
ဤခြံကြီးမှာ Rancho Pavoreal ဟု အမည်ရပြီး စပိန်ဘာသာအားဖြင့် Peacock Ranch ဟု ခေါ်ကြသည်။
Coldwell Banker အိမ်ခြံမြေကုမ္ပဏီက ယခုနှစ်အစောပိုင်းတွင် အရောင်းဈေးကွက်တင်ပေးခဲ့ခြင်း ဖြစ်သည်။
(Rancho Pavoreal ခြံကြီး၏ အဝင်ဝနေရာ။ ဓာတ်ပုံ-Stunning Photography.com)
ပင်မစံအိမ်မှာ စတုရန်းပေ ၃၀၀၀ ကျယ်ဝန်းပြီး ၁၉၅၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
စံအိမ်တွင် အိပ်ခန်း ၃ ခန်း ၊ ရေချိုးခန်း ၃ ခန်းပါဝင်ပြီး ခြံအကျယ်မှာ ဧက ၂၀၀၀ ကျော်ရှိသည်။
(ဂျွန်ဝိန်းကို EL Dorada ရုပ်ရှင်ရိုက်ကွင်းတွင် တွေ့ရပုံ။ ဓာတ်ပုံ- Getty Images)
“ဒီဒေသမှာ ဒီလောက်ကျယ်တဲ့ အိမ်ခြံမြေမျိုးရဖို့ ရှားပါတယ်”ဟု Coldwell Banker အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် အမျိုးသမီး Tatiana Novick က ပြောသည်။
အနီးဝန်းကျင်ရှိ အခြားခြံများမှာ ယခုခြံ၏ ဆယ်ပုံတစ်ပုံမျှသာ ကျယ်ဝန်းကြောင်းလည်း သူမက ဖြည့်စွက်ပြောကြားသည်။
တောရိုင်းတိရိ စာ္ဆန်များ ကျက်စားသည့်အပြင် သဲကန္တာရ ကုန်းပြင်မြင့်များ မြစ်ကမ်းပါးချောက်နက်များနှင့် တောင်တန်းများ ရှိပြီး တသီးတသန့် တည်ရှိကြောင်း ၎င်းက ပြောကြားသည်။
“ရာသီဥတုအားလုံးမှာ သာယာလှပပါတယ်။ ဆောင်းရာသီမှာဆိုရင် တောင်တွေပေါ်မှာ နှင်းတွေ ဖုံးနေပါတယ်။”
ဂျွန်ဝိန်း၏ နောက်ပိုင်း အမေရိကအရှေ့ဘက်ကမ်းရိုးတန်းဘက်မှ စုံတွဲက ပိုင်ဆိုင်ခဲ့ပြီး ၎င်းတို့က အပန်းဖြေမွေးမြူရေးခြံအဖြစ် အသုံးပြုခဲ့သည်။
ယခုရောင်းချသူက ဤခြံကို ၂၀၁၅ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး မိသားစုအပန်းဖြေနေရာအဖြစ် ပြောင်းလဲခဲ့သည်။
ယခုပိုင်ရှင်မှာ ဤခြံကြီးကို နှစ်သက်မြတ်နိုးသော်လည်း အသက် ၉၉ နှစ်ရှိနေပြီ ဖြစ်သောကြောင့် ရောင်းချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အကျိုးဆောင်အမျိုးသမီးက ပြောသည်။
(အရိပ်အာဝါသကောင်းလှသော သက်တမ်းရင့် သစ်ပင်ကြီးတစ်ပင်။ ဓာတ်ပုံ-Stunning Photography.com)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: John Wayne’s California Ranch Sells (mansionglobal)
[Zawgyi]
(ဂျွန်ဝိန်းဘယ်သူလဲ)
တောရိုင်းတိရိ စ္ဆာန်များ ကျက်စားသည့်အပြင် သဲကန္တာရ ကုန်းပြင်မြင့်များ မြစ်ကမ်းပါးချောက်နက်များနှင့် တောင်တန်းများ ရှိပြီး တသီးတသန့် တည်ရှိကြောင်း ၎င်းက ပြောကြားသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service