အမေရိကန်မှ မြို့၄ မြို့တွင် နေအိမ်ငှားရမ်းခြင်းထက် နေအိမ်ဝယ်ယူခြင်းက ပိုမိုဈေးသက်သာကြောင်း လေ့လာတွေ့ရှိ
အမေရိကန်မှ မြို့၄ မြို့တွင် နေအိမ်ငှားရမ်းခြင်းထက် နေအိမ်ဝယ်ယူခြင်းက ပိုမိုဈေးသက်သာကြောင်း လေ့လာတွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
13 Jun 2023 9:36 am တွင် တင်ခဲ့သည်
1374 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
လေ့လာချက်သစ်တစ်ခုအရ အမေရိကန်ပြည်ထောင်စုမှ မြို့ ၄ ခုတွင် အိမ်ရှင်တစ်ဦးဖြစ်လာရေးမှာ အိမ်ရှင်အား အိမ်ငှားခပေးနေရခြင်းထက် ပိုမိုကုန်ကျစရိတ်သက်သာကြောင်း တွေ့ရှိလာရသည်။
နေအိမ်ပိုင်ဆိုင်ရေးမှာ အမေရိကန်အိပ်မက်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော်လည်း အမေရိကန်ပြည်တစ်ဝန်း နေရာအများစုတွင် အိမ်ခြံမြေချေးငွေဖြင့် ဝယ်ယူမှုအတွက် လစဉ်ပေးဆောင်ရငွေမှာ အိမ်ငှားခထက် ပိုမိုများပြားသည်။ ယခုဖော်ပြပါ မြို့ ၄ မြို့မှာမူ ချွင်းချက်ဖြစ်သည်။
အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီတစ်ခုဖြစ်သော Redfin မှပြုလုပ်ခဲ့သည့် လေ့လာချက်အရ အမေရိကန် ပြည်ထောင်စုတစ်ဝန်း အိမ်ခြံမြေဝယ်ယူမှုအတွက် အလွန်ဈေးသက်သာသော မြို့ ၄ မြို့ တွေ့ရှိခဲ့ရာ ဒက်ထရွိုက် (Detroit)၊ ဖီလာဒဲလ်ဖီးယား (Philadelphia)၊ ကလိဗ်လန်း (Cleveland) နှင့် ဟျုစ်တန် (Houston) မြို့များ ဖြစ်ကြသည်။
လေ့လာတွေ့ရှိချက်အရ အဆိုပါမြို့ ၄ မြို့လုံးတွင် အိမ်ခြံမြေချေးငွေ ပေးသွင်းရမှုမှာ အိမ်ငှားခ အောက် နည်းပါးသည်ကို တွေ့ရသည်။
အမေရိကန်ပြည်ထောင်စု အခြားနေရာများတွင်မူ အိမ်ငှားခထက် အိမ်ခြံမြေချေးငွေ ပြန်လည်ပေးသွင်းရမှုမှာ ၂၅ ရာခိုင်နှုန်း ပိုမိုများပြားသည်ဟု ဆိုသည်။
“အိမ်ငှားတာထက် အိမ်ဝယ်တာက ပိုပြီးဈေးသက်သာတဲ့နေရာတွေရှိနေတာ တကယ်အံ့သြဖိို့ ကောင်းပါတယ်”ဟု Redfin ၏ လက်ထောက်အကြီးအကဲ စီးပွားရေးပညာရှင် Taylor Marr က Philadelphia Inquirer သတင်းဌာနသို့ ပြောသည်။
“ အတိုးနှုန်းပိုမိုမြင့်မားလာမှုက နေအိမ်ပိုင်ဆိုင်မှုနဲ့ ငှားရမ်းမှု ညီမျှခြင်းကို ပြောင်းလဲသွားစေခဲ့ပါတယ် ”ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
Redfin ၏ တွေ့ရှိချက်တွင် ဒက်ထရွိုက်မြို့မှာ ထိပ်ဆုံးနေရာတွင် ရပ်တည်နေပြီး ထိုမြို့တွင် နေအိမ်ဝယ်ယူခြင်း မှာ အိမ်ငှားခြင်းအောက် ၂၄ ရာခိုင်နှုန်း ပိုမိုသက်သာနေသည်။
(အမေရိကန်၏ နေရာအများစုတွင် အိမ်ဝယ်ခြင်းထက် အိမ်ငှားခြင်းမှာ ပိုမိုဈေးသက်သာသည်။ ဓာတ်ပုံ- Getty Images)
အခြားတစ်မြို့မှာ ဖီလာဒဲလ်ဖီးယားဖြစ်ပြီး ယင်းမြို့တွင် အိမ်ဝယ်ခြင်းမှာ အိမ်ငှားခြင်းအောက် ၇ ရာခိုင်နှုန်း ပိုမိုသက်သာသည်။
ယင်းနောက်တွင် ကလိဗ်လန်း (၄ ရာခိုင်နှုန်းသက်သာ) နှင့် ဟျုစ်တန် (၁ ရာခိုင်နှုန်းသက်သာ)တို့ ရပ်တည်နေသည်။
ထိုနေရာများတွင် အိမ်ခြံမြေဈေးနှုန်း နည်းပါးရခြင်း၏ အကြောင်းအရင်းမှာ အဆိုပါမြို့များသည် ဖွံ့ဖြိုးစည်ပင်မှု ရပ်တန့်နေသောမြို့များ ဖြစ်သောကြောင့် ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: In these 4 US cities, it’s cheaper to buy a home than to rent one (nypost)
[Zawgyi]
အမေရိကန်မှ မြို့၎ မြို့တွင် နေအိမ်ငှားရမ်းခြင်းထက် နေအိမ်ဝယ်ယူခြင်းက ပိုမိုဈေးသက်သာကြောင်း လေ့လာတွေ့ရှိ
“အိမ်ငှားတာထက် အိမ်ဝယ်တာက ပိုပြီးဈေးသက်သာတဲ့နေရာတွေရှိနေတာ တကယ်အံ့သြဖို့ ကောင်းပါတယ်”ဟု Redfin ၏ လက်ထောက်အကြီးအကဲ စီးပွားရေးပညာရှင် Taylor Marr က Philadelphia Inquirer သတင်းဌာနသို့ ပြောသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service