စီရော်နယ်ဒို ကစားနေသော ဆော်ဒီဘောလုံးအသင်း Al-Nassr က ဒေါ်လာ သန်း ၁၆၀ ဖြင့် နည်းပြလုပ်ပေးရန် ကမ်းလှမ်းသော်လည်း ငြင်းပယ်ခဲ့သူ ပြင်သစ်ဘောလုံးဂန္ထဝင်ကြယ်ပွင့် Zidane နှင့် သူ၏ စံအိမ်
စီရော်နယ်ဒို ကစားနေသော ဆော်ဒီဘောလုံးအသင်း Al-Nassr က ဒေါ်လာ သန်း ၁၆၀ ဖြင့် နည်းပြလုပ်ပေးရန် ကမ်းလှမ်းသော်လည်း ငြင်းပယ်ခဲ့သူ ပြင်သစ်ဘောလုံးဂန္ထဝင်ကြယ်ပွင့် Zidane နှင့် သူ၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
12 Jun 2023 12:33 pm တွင် တင်ခဲ့သည်
492 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဆော်ဒီအာရေးဗီးယားမှ Pro League မှ ဘောလုံးအသင်းဖြစ်သော Al-Nassr FC သည် ပြင်သစ်ဂန္ထဝင် ကြယ်ပွင့် ဇနဒင်း ဇီဒန်း (Zinedine Zidane) အား အသင်းနည်းပြလုပ်ပေးရန် တစ်နှစ်လျှင် ဒေါ်လာ သန်း ၈၀ ဖြင့် ကမ်းလှမ်းခဲ့သော်လည်း ဇီဒန်းက ငြင်းပယ်လိုက်ကြောင်း အားကစားသတင်းဝက်ဘ်ဆိုက် Foot Mercato က ပြီးခဲ့သော ကြာသပတေးနေ့က ဖော်ပြသည်။
ဆော်ဒီအာရေးဗီးယားနိုင်ငံ ၊ ရီယာ့ဒ်မြို့အခြေစိုက် ဘောလုံးအသင်းကို ကွပ်ကဲပေးရန် ယူရိုသန်း ၁၅၀ (ကန်ဒေါ်လာ သန်း ၁၆၀) ဖြင့် ဇီဒန်းကို ၂ နှစ်စာချုပ်ကမ်းလှမ်းခဲ့သည်။
Al-Nassr သည် ပေါ်တူဂီဘောလုံးကြယ်ပွင့် ခရစ္စတီယာနိုရော်နယ်ဒို ကစားနေသော အသင်းလည်း ဖြစ်သည်။
Al-Nassr ၏ ယခင်နည်းပြ ပြင်သစ်လူမျိုး ရူဒီ ဂါစီယာ (Rudi Garcia) မှာ အသင်းရလဒ်မကောင်းမှုများ ကြောင့် ပြီးခဲ့သော ဧပြီလတွင် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။
ဂါစီယာသည် အသင်းကစားသမားအချို့နှင့် အဝတ်လဲခန်းအတွင်း တင်းမာမှုများ ဖြစ်ခဲ့သည်ဟူသော ကောလာဟလများလည်း ရှိသည်။
Al-Nassr သည် ဂါစီယာကို ဖယ်ရှားပြီးနောက်ပိုင်း နည်းပြသစ်အဖြစ် ခန့်ထားရန် ရီးယဲမက်ဒရစ်အသင်း နည်းပြဟောင်း ဇီဒန်းကို ပထမဦးစားပေးအဖြစ် လျာထားခဲ့ခြင်း ဖြစ်သည်။
ဇီဒန်းသည် ရီးယဲမက်ဒရစ်နည်းပြအဖြစ် ဦးဆောင်ခဲ့စဉ်က စံချိန်တင် အောင်မြင်မှုများ ရရှိခဲ့ရာ ချန်ပီယံလိဂ် ဖလား ၃ ကြိမ်တိုင် ရရှိခဲ့သည်။
ဇီဒန်းသည် အယ်လ်ဂျီးရီးယား နိုင်ငံသားဖြစ်ပြီး သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားများတွင် တစ်ဦးအပါအဝင် အဖြစ် သတ်မှတ်ခြင်းခံရသည်။
(ဇီဒန်း ဘယ်မှာနေလဲ ၊ ဇနဒင်း ဇီဒန်း၏ နေအိမ်)
ဇနဒင်း ဇီဒန်းကို အယ်လ်ဂျီးရီးယားလူမျိုး မိဘများမှ ပြင်သစ်နိုင်ငံ ၊ မာဆေးမြို့တွင် ၁၉၇၂ ခုနှစ် ၊ ဇွန်လ ၂၃ ရက်တွင် မွေးဖွားသည်။
ပြင်သစ် လက်ရွေးစင် ဘောလုံးအသင်းနှင့် ရီယဲမက်ဒရစ်အသင်းတို့တွင် ဆယ်စုနှစ် တစ်ခုနီးပါးကစားခဲ့သည်။
၁၉၉၈ ခုနှစ်တွင် ပြင်သစ်လက်ရွေးစင်အသင်းနှင့်အတူ ကမ္ဘာ့ဖလားရရှိခဲ့သည်။
သူ၏ လှပသော ကစားဟန် ၊ ဘောလုံးဖြတ်ယူမှု ၊ ဘောလုံးထိန်းသိမ်းမှုနှင့် နည်းစနစ်များဖြင့် လူသိများသည်။
၁၉၉၈ ၊ ၂၀၀၀ နှင့် ၂၀၀၃ ခုနှစ်များတွင် ဖီဖာကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံရသည်။
ကမ္ဘာ့ထိပ်သီး ကလပ်အသင်းများတွင် ကစားခဲ့ခြင်းအပြင် Adidas, Lego ,Audi, Volvic, France Telecom, Orange, Christian Dior အစရှိသော ကမ္ဘာ့နာမည်အကြီးဆုံး ကုန်စည်အမှတ်တံဆိပ်များနှင့် စာချုပ်ချုပ်ဆို နိုင်ခဲ့မှုများကြောင့် ဝင်ငွေအလုံးအရင်း ရရှိခဲ့သည်။
ထို့အပြင် Louis Vuitton ၏ စီးပွားရေးကြော်ငြာတစ်ခုထုတ်လွှင့်ရာတွင်လည်း ပါဝင်ခဲ့ဖူးသေးသည်။
ဇီဒန်း၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၃၅ သန်းခန့်ရှိသည်ဟု ခန့်မှန်းရပြီး ကမ္ဘာတစ်ဝန်းတွင် နေအိမ်များစွာ ပိုင်ဆိုင်ထားသည်။
ဇီဒန်းသည် ရီးယဲမက်ဒရစ်အသင်းနည်းပြအဖြစ် တာဝန်ယူခဲ့စဉ်ကာလအတွင်း စပိန်နိုင်ငံ၏မြို့တော်ရှိ ခမ်းနားထည်ဝါသော စံအိမ်ကြီးတစ်လုံးတွင် နေထိုင်ခဲ့သည်။
ဇီဒန်း၏ အိမ်မှာ လူအများစု အိပ်မက်သာ မက်နိုင်သော ကြမ်းပြင်မှ မျက်နှာကြက်အထိ ထည်ဝါမှုများ၊ ခမ်းနားသော ပရိဘောဂများ၊ ကြီးမားလှသော မီးဖိုဆောင်နှင့် အိပ်ခန်းများအပြင် အခြားသော amenities များစွာ ပါဝင်သည်။
ဇီဒန်း၏ စံအိမ်မှာ ကန်ဒေါ်လာ ၆ သန်းခန့် တန်ကြေးှရှိပြီး အိပ်ခန်း ၄ ခန်းပါဝင်သည်။
ကလေးများ၊ ဇနီးတို့နှင့်အတူ အချိန်ကုန်လွန်ဖြတ်သန်းနိုင်မည့် အိမ်တွင်းရုပ်ရှင်ရုံ၊ အိမ်တွင်းရုံးခန်း၊ ဂိမ်းကစားခန်း၊ ပြိုင်ကားပေါင်းများစွာ ရပ်နားနိုင်သည့် ကားပါကင်နေရာတို့ ပါဝင်သည်။
ဇီဒန်းသည် Audi RS3 , Mercedes-Benz G63 AMG တို့ကဲ့သို့ မော်တော်ကားပေါင်းများစွာလည်း ပိုင်ဆိုင်ထားသည်။
သူအများဆုံးအသုံးပြုသည်မှာ Mercedes-Benz G63 AMG ဖြစ်ပြီး ရီးယဲတွင် ရှိစဉ်က ဘာနေဗျူးသို့ သွားလာရာတွင် သုံးခဲ့သည်။
ဇီဒန်း၏ စံအိမ်တွင် ကြီးမားလှသော ရေကူးကန်၊ Sauna, jacuzzi နှင့် အိမ်တွင်း အားကစားလေ့ကျင့်ခန်းမ တစ်ခုလည်း ရှိသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Zidane rejects $160m deal to train Saudi football team (middleeastmonitor, livebeyondsports)
[Zawgyi]
ဇီဒန်း၏ စံအိမ်မှာ ကန်ဒေါ်လာ ၆ သန်းခန့် တန်ကြေှးရှိပြီး အိပ်ခန်း ၄ ခန်းပါဝင်သည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...
[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
42 Mini Condo
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service