အင်္ဂလန်တွင် ကြွေးတင်နေသော သမီးနှင့်သားမက်က ဖခင်၏ အိမ်ကို ရောင်းချ ၊ ဖခင်ပိုင်သော ငွေများကို ယူကာ ဘိုးဘွားရိပ်သာပို့

အင်္ဂလန်တွင် ကြွေးတင်နေသော သမီးနှင့်သားမက်က ဖခင်၏ အိမ်ကို ရောင်းချ ၊ ဖခင်ပိုင်သော ငွေများကို ယူကာ ဘိုးဘွားရိပ်သာပို့ - Property News in Myanmar from iMyanmarHouse.com
9 Jun 2023 10:44 am တွင် တင်ခဲ့သည်
1090 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အင်္ဂလန်တွင် ကြွေးတင်နေသော သမီးနှင့်သားမက်က ဖခင်၏ အိမ်ကို ရောင်းချ ၊ ဖခင်ကြီး တစ်သက်လုံးစုဆောင်းထားသော ပေါင် ၅၀၀၀၀ (မြန်မာငွေ သိန်း ၁၃၀၀ ကျော်) ကိုယူကာ ဘိုးဘွားရိပ်သာသို့ ပို့ခဲ့ရာ အဆိုပါသမီးနှင့်သားမက်တို့စုံတွဲကို တရားရုံးက ထောင်ဒဏ် ၃ နှစ်နှင့် ၃ လ ဆုံးဖြတ်ခဲ့သည်။

ဖခင်ကြီးကို ဘိုးဘွားဂေဟာတွင် စွန့်ပစ်ခဲ့ပြီးနောက် ဖခင်မှာ ဘိုးဘွားရိပ်သာတွင် သေဆုံးသွားခဲ့ရာ သမီးဖြစ်သူ ဖယ်ရီရှာ ဒူးဂေါလ် (Fherisia Dougall) နှင့်သူမ၏ ခင်ပွန်းဒေးဗစ် (David) တို့ကို လိမ်လည်မှုဖြင့် ဖမ်းဆီးတရားစွဲခဲ့ခြင်း ဖြစ်သည်။

အဆိုပါအမှုကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလက စတင်စစ်ဆေးခဲ့ခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင် အမှုစစ်ဆေးမှု ရွှေ့ဆိုင်းခဲ့သည်။

 

 

တရားရုံးကြားနာ စစ်ဆေးမှုများ ပြန်လည်မစတင်မီ ဖခင်ဖြစ်သူမှာ ၂၀၂၂ ခုနှစ် ၊ ဇွန်လအတွင်း ကွယ်လွန်သွားခဲ့သည်။

အသက် ၅၇ နှစ်အရွယ်ရှိ ဖယ်ရီရှာနှင့် အသက် ၅၉ နှစ်အရွယ် ဒေးဗစ်တို့စုံတွဲက ဖခင်ကြီးဖြစ်သူ Mr.Coetzee ကို မိမိတို့နှင့်အတူ လိုက်နေရန် ပြောကာ အင်္ဂလန်နိုင်ငံ ၊ ဘက်ကင်ဟမ်ရှိုင်းယားခရိုင် ၊ Milton Keynes မြို့ရှိ နေအိမ်သို့ ခေါ်ယူကာ အိမ်တွင် ပိတ်လှောင်ချုပ်နှောင်ထားခဲ့သည်။

ဖခင်ဖြစ်သူမှာ ၎င်း၏ ဇာတိမြေ တောင်အာဖရိကနိုင်ငံတွင် တစ်ဦးတည်းနေထိုင်နေခြင်း ဖြစ်သည်။

အသက်အရွယ် ကြီးမြင့်လာချိန်တွင် အမြင်အာရုံ ယိုယွင်းလာခဲ့ရာ တစ်ဦးတည်း စိတ်ဓာတ်ကျနေခဲ့သည်။

ယင်းသို့သော အချိန်မျိုးတွင် သမီးဖြစ်သူတို့ စုံတွဲက အင်္ဂလန်သို့ လိမ်လည်ခေါ်ယူခဲ့ပြီး ဖခင်ကြီးပိုင်သော ငွေများကို အင်္ဂလန်တွင် ဖခင်၏ အမည်ဖြင့် ငွေစာရင်းဖွင့်ပေးမည်ဖြစ်ကြောင်းပြောကာ တောင်းယူခဲ့ပြီး ၎င်းတို့၏ အမည်ဖြင့်သာ ငွေစာရင်းဖွင့်ခဲ့သည်။

 

 

 

သမီးဖြစ်သူစုံတွဲက ဖခင်ကြီး တသက်လုံးစုဆောင်းထားသည့် ၄၉၃၅၄ ပေါင်အပြင် တောင်အာဖရိကနိုင်ငံရှိ ဖခင်၏ အိမ်ကို ရောင်းချရာမှ ရသောငွေ ၄၇၉၄၆ ပေါင်ကို ဖခင်ကြီး ခွင့်ပြုချက်မရဘဲ (သို့မဟုတ်) ဖခင်ဖြစ်သူမသိဘဲ ၎င်းတို့ကိုယ်ကျိုးအတွက်သာ သုံးစွဲခဲ့သည်။

၎င်းတို့ကို အမိန့်ချမှတ်ခဲ့သော တရားသူကြီး Geoffrey Payne က အဆိုပါစုံတွဲအား ပြောသည်မှာ “ဒါဟာ အတ္တကြီးတဲ့ ကြံစည်မှုဖြစ်ပါတယ်။ မင်းတို့တွေဟာ Mr Coetzee ကို သူ့ဘဝနေဝင်ချိန်မှာ သူခံစားခွင့်ရှိတဲ့ ငွေကြေးနဲ့ ဂုဏ်သိက္ခာတွေ ဆုံးရှုံးစေခဲ့တယ်” ဟု ပြောသည်။

“Mr Coetzee ကို သင်တို့ ခေါ်ဆောင်လာချိန်တွင် သင်တို့မှာ ငွေကြေးအခက်ကြုံနေပြီး သင်တို့၏ ပူးတွဲဘဏ်စာရင်းမှာ အမြဲလိုငွေ ပြနေခဲ့သည်။ သင်တို့ရဲ့ ငွေကြေး ပြဿနာကို ဖြေရှင်းဖို့အတွက် Mr Coetzee ဟာ အခွင့်အလမ်းတစ်ခုဆိုတာ သိခဲ့ကြတယ်။”

တရားရုံးကြားနာမှုအရ Mr Coetzee သည် သူ့ငွေကို မကြာခဏတောင်းခဲ့သည်ဟု ဆိုသည်။

 

တရားသူကြီးက ပြောသည်မှာ “သူ့ငွေကို တောင်းတဲ့အချိန်မှာ သူဟာ ရန်လိုမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ တစ်ခါမှာဆိုရင် … မစ္စတာဒေးဗစ် .. ခင်ဗျားဟာ စားပွဲကိုတောင် အုံးကနဲ ထုခဲ့ပြီး ဒေါသတကြီး ရန်လိုခဲ့တယ်။ ရဲတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးမေးမြန်းမှုမှာ အများပြောခဲ့တာက Mr Coetzee ဟာ ချီးထုပ်ကြီးပဲ.. လူတကာရဲ့အချိန်ကို ဖြုန်းနေတာ.. လို့ ပြောခဲ့တယ်” ဟုပြောသည်။

ယခုအမှုတွင် ကမ်းကုန်အောင် ယုတ်မာခဲ့မှုတစ်ခုမှာ ဖခင်ကြီးအား တောင်အာဖရိကမှ ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း တရားသူကြီးက ပြောသည်။

 

 

“သင်တို့ဟာ သူ့တစ်သက်လုံး သိကျွမ်းခင်မင်ခဲ့တဲ့ သူငယ်ချင်းတွေကိုတောင် နှုတ်ဆက်ခွင့်မပေးဘဲ အတင်းခေါ်လာခဲ့ကြတယ်။  ဗြိတိန်ကို ရောက်တဲ့အချိန်မှာလည်း သင်တို့ဟာ Mr Coetzee ကို ပြောတာက တောင်အာဖရိကမှာ ရှိတဲ့ သူ့သူငယ်ချင်းတွေက သူ့ကို စကားမပြောချင်တော့ဘူးလို့ ပြောခဲ့ကြတယ်။ ဒါက အမှန်တရားပေါ်လာမှာကို စိုးရိမ်လို့ပါပဲ။”

သမီးဖြစ်သူ စုံတွဲသည် Mr Coetzee ကို ဘိုးဘွားဂေဟာတွင် တစ်ပြားမှ မထောက်ပံ့ဘဲ ထားခဲ့ရာ သူစိမ်းများ၏ ကြင်နာမှုအပေါ်တွင်သာ မှီခိုခဲ့ရကြောင်း တရားသူကြီးက ပြောသည်။

သမီးဖြစ်သူ စုံတွဲသည် ဖခင်၏ စုဆောင်းငွေများ ၊ နေအိမ်ရောင်းရငွေများဖြင့် နေထိုင်စားသောက်ခြင်း ၊ မော်တော်ဆိုင်ကယ်များ ဝယ်ခြင်း ၊ အပန်းဖြေခရီးထွက်ခြင်းများ ပြုလုပ်ခဲ့သည်။

ဖခင်ဖြစ်သူက စာတစ်စောင် ရေးသားထားခဲ့ရာ သမီးဖြစ်သူမှာ မိမိအတွက် အခြေခံလိုအပ်ချက်များနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးပစ္စည်းများပင် မထောက်ပံ့ဘဲ လျစ်လျူရှုခဲ့ကြောင်း ၊ မိမိမှာ မည်သည့်အခါမှ မငိုဘူးသော်လည်း ယခုအခါ မရပ်မနားငိုကြွေး နေခဲ့မိကြောင်း ၊ မိမိဘဝ ဤကဲ့သို့ အဆုံးသတ်ရသည့်အပေါ် ရှက်မိကြောင်း မိမိ၏ သမီးရင်းက ဤကဲ့သို့ လုပ်ဆောင်သည်ကို ယခုတိုင် မယုံနိုင်အောင် ဖြစ်နေဆဲဖြစ်ကြောင်း ရေးသားထားသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Daughter who plundered father's £50,000 life savings and put him in care home jailed (telegraph)

 

 

[Zawgyi]

အဂၤလန္တြင္ ေၾကြးတင္ေနေသာ သမီးႏွင့္သားမက္က ဖခင္၏ အိမ္ကို ေရာင္းခ် ၊ ဖခင္ပိုင္ေသာ ေငြမ်ားကို ယူကာ ဘိုးဘြားရိပ္သာပို႔

အဂၤလန္တြင္ ေၾကြးတင္ေနေသာ သမီးႏွင့္သားမက္က ဖခင္၏ အိမ္ကို ေရာင္းခ် ၊ ဖခင္ၾကီး တစ္သက္လံုးစုေဆာင္းထားေသာ ေပါင္ ၅၀၀၀၀ (ျမန္မာေငြ သိန္း ၁၃၀၀ ေက်ာ္) ကိုယူကာ ဘိုးဘြားရိပ္သာသို႔ ပို႔ခဲ့ရာ အဆိုပါသမီးႏွင့္သားမက္တို႔စံုတြဲကို တရားရံုးက ေထာင္ဒဏ္ ၃ ႏွစ္ႏွင့္ ၃ လ ဆံုးျဖတ္ခဲ့သည္။

ဖခင္ၾကီးကို ဘိုးဘြားေဂဟာတြင္ စြန္႔ပစ္ခဲ့ျပီးေနာက္ ဖခင္မွာ ဘုိးဘြားရိပ္သာတြင္ ေသဆံုးသြားခဲ့ရာ သမီးျဖစ္သူ ဖယ္ရီရွာ ဒူးေဂါလ္ (Fherisia Dougall) ႏွင့္သူမ၏ ခင္ပြန္းေဒးဗစ္ (David) တို႔ကို လိမ္လည္မႈျဖင့္ ဖမ္းဆီးတရားစြဲခဲ့ျခင္း ျဖစ္သည္။

အဆိုပါအမႈကို ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလက စတင္စစ္ေဆးခဲ့ျခင္း ျဖစ္ေသာ္လည္း ေနာက္ပိုင္းတြင္ အမႈစစ္ေဆးမႈ ေရႊ႕ဆိုင္းခဲ့သည္။

တရားရံုးၾကားနာ စစ္ေဆးမႈမ်ား ျပန္လည္မစတင္မီ ဖခင္ျဖစ္သူမွာ ၂၀၂၂ ခုႏွစ္ ၊ ဇြန္လအတြင္း ကြယ္လြန္သြားခဲ့သည္။

အသက္ ၅၇ ႏွစ္အရြယ္ရွိ ဖယ္ရီရွာႏွင့္ အသက္ ၅၉ ႏွစ္အရြယ္ ေဒးဗစ္တို႔စံုတြဲက ဖခင္ၾကီးျဖစ္သူ Mr.Coetzee ကို မိမိတို႔ႏွင့္အတူ လုိက္ေနရန္ ေျပာကာ အဂၤလန္ႏိုင္ငံ ၊ ဘက္ကင္ဟမ္ရိႈင္းယားခရိုင္ ၊ Milton Keynes ျမဳိ႕ရွိ ေနအိမ္သို႔ ေခၚယူကာ အိမ္တြင္ ပိတ္ေလွာင္ခ်ဳပ္ေႏွာင္ထားခဲ့သည္။

ဖခင္ျဖစ္သူမွာ ၎၏ ဇာတိေျမ ေတာင္အာဖရိကႏိုင္ငံတြင္ တစ္ဦးတည္းေနထိုင္ေနျခင္း ျဖစ္သည္။

အသက္အရြယ္ ၾကီးျမင့္လာခ်ိန္တြင္ အျမင္အာရံု ယိုယြင္းလာခဲ့ရာ တစ္ဦးတည္း စိတ္ဓာတ္က်ေနခဲ့သည္။

ယင္းသို႔ေသာ အခ်ိန္မ်ဳိးတြင္ သမီးျဖစ္သူတုိ႔ စံုတြဲက အဂၤလန္သို႔ လိမ္လည္ေခၚယူခဲ့ျပီး ဖခင္ၾကီးပိုင္ေသာ ေငြမ်ားကို အဂၤလန္တြင္ ဖခင္၏ အမည္ျဖင့္ ေငြစာရင္းဖြင့္ေပးမည္ျဖစ္ေၾကာင္းေျပာကာ ေတာင္းယူခဲ့ျပီး ၎တို႔၏ အမည္ျဖင့္သာ ေငြစာရင္းဖြင့္ခဲ့သည္။

သမီးျဖစ္သူစံုတြဲက ဖခင္ၾကီး တသက္လံုးစုေဆာင္းထားသည့္ ၄၉၃၅၄ ေပါင္အျပင္ ေတာင္အာဖရိကႏိုင္ငံရွိ ဖခင္၏ အိမ္ကို ေရာင္းခ်ရာမွ ရေသာေငြ ၄၇၉၄၆ ေပါင္ကို ဖခင္ၾကီး ခြင့္ျပဳခ်က္မရဘဲ (သို႔မဟုတ္) ဖခင္ျဖစ္သူမသိဘဲ ၎တုိ႔ကိုယ္က်ဳိးအတြက္သာ သံုးစြဲခဲ့သည္။

၎တို႔ကို အမိန္႔ခ်မွတ္ခဲ့ေသာ တရားသူၾကီး Geoffrey Payne က အဆိုပါစုံတြဲအား ေျပာသည္မွာ “ဒါဟာ အတၱၾကီးတဲ့ ၾကံစည္မႈျဖစ္ပါတယ္။ မင္းတို႔ေတြဟာ Mr Coetzee ကို သူ႔ဘဝေနဝင္ခ်ိန္မွာ သူခံစားခြင့္ရွိတဲ့ ေငြေၾကးနဲ႔ ဂုဏ္သိကၡာေတြ ဆံုးရံႈးေစခဲ့တယ္” ဟု ေျပာသည္။

“Mr Coetzee ကို သင္တုိ႔ ေခၚေဆာင္လာခ်ိန္တြင္ သင္တုိ႔မွာ ေငြေၾကးအခက္ၾကံဳေနျပီး သင္တို႔၏ ပူးတြဲဘဏ္စာရင္းမွာ အျမဲလိုေငြ ျပေနခဲ့သည္။ သင္တုိ႔ရဲ႕ ေငြေၾကး ျပႆနာကို ေျဖရွင္းဖို႔အတြက္ Mr Coetzee ဟာ အခြင့္အလမ္းတစ္ခုဆိုတာ သိခဲ့ၾကတယ္။”

တရားရံုးၾကားနာမႈအရ Mr Coetzee သည္ သူ႔ေငြကို မၾကာခဏေတာင္းခဲ့သည္ဟု ဆိုသည္။

တရားသူၾကီးက ေျပာသည္မွာ “သူ႔ေငြကို ေတာင္းတဲ့အခ်ိန္မွာ သူဟာ ရန္လိုမႈေတြနဲ႔ ရင္ဆိုင္ခဲ့ရတယ္။ တစ္ခါမွာဆိုရင္ … မစၥတာေဒးဗစ္ .. ခင္ဗ်ားဟာ စားပြဲကိုေတာင္ အုံးကနဲ ထုခဲ့ျပီး ေဒါသတၾကီး ရန္လုိခဲ့တယ္။ ရဲတပ္ဖြဲ႔ဝင္ေတြရဲ႕ စစ္ေဆးေမးျမန္းမႈမွာ အမ်ားေျပာခဲ့တာက Mr Coetzee ဟာ ခ်ီးထုပ္ၾကီးပဲ.. လူတကာရဲ႕အခ်ိန္ကို ျဖဳန္းေနတာ.. လို႔ ေျပာခဲ့တယ္” ဟုေျပာသည္။

ယခုအမႈတြင္ ကမ္းကုန္ေအာင္ ယုတ္မာခဲ့မႈတစ္ခုမွာ ဖခင္ၾကီးအား ေတာင္အာဖရိကမွ ေခၚယူခဲ့ျခင္းျဖစ္ေၾကာင္း တရားသူၾကီးက ေျပာသည္။

“သင္တုိ႔ဟာ သူ႔တစ္သက္လံုး သိကၽြမ္းခင္မင္ခဲ့တဲ့ သူငယ္ခ်င္းေတြကိုေတာင္ ႏႈတ္ဆက္ခြင့္မေပးဘဲ အတင္းေခၚလာခဲ့ၾကတယ္။ ျဗိတိန္ကို ေရာက္တဲ့အခ်ိန္မွာလည္း သင္တို႔ဟာ Mr Coetzee ကို ေျပာတာက ေတာင္အာဖရိကမွာ ရွိတဲ့ သူ႔သူငယ္ခ်င္းေတြက သူ႔ကို စကားမေျပာခ်င္ေတာ့ဘူးလို႔ ေျပာခဲ့ၾကတယ္။ ဒါက အမွန္တရားေပၚလာမွာကို စိုးရိမ္လို႔ပါပဲ။”

သမီးျဖစ္သူ စံုတြဲသည္ Mr Coetzee ကို ဘုိးဘြားေဂဟာတြင္ တစ္ျပားမွ မေထာက္ပံ့ဘဲ ထားခဲ့ရာ သူစိမ္းမ်ား၏ ၾကင္နာမႈအေပၚတြင္သာ မွီခိုခဲ့ရေၾကာင္း တရားသူၾကီးက ေျပာသည္။

သမီးျဖစ္သူ စံုတြဲသည္ ဖခင္၏ စုေဆာင္းေငြမ်ား ၊ ေနအိမ္ေရာင္းရေငြမ်ားျဖင့္ ေနထိုင္စားေသာက္ျခင္း ၊ ေမာ္ေတာ္ဆိုင္ကယ္မ်ား ဝယ္ျခင္း ၊ အပန္းေျဖခရီးထြက္ျခင္းမ်ား ျပဳလုပ္ခဲ့သည္။

ဖခင္ျဖစ္သူက စာတစ္ေစာင္ ေရးသားထားခဲ့ရာ သမီးျဖစ္သူမွာ မိမိအတြက္ အေျခခံလိုအပ္ခ်က္မ်ားႏွင့္ တစ္ကိုယ္ေရ သန္႔ရွင္းေရးပစၥည္းမ်ားပင္ မေထာက္ပံ့ဘဲ လ်စ္လ်ဴရႈခဲ့ေၾကာင္း ၊ မိမိမွာ မည္သည့္အခါမွ မငိုဘူးေသာ္လည္း ယခုအခါ မရပ္မနားငိုေၾကြး ေနခဲ့မိေၾကာင္း ၊ မိမိဘဝ ဤကဲ့သို႔ အဆံုးသတ္ရသည့္အေပၚ ရွက္မိေၾကာင္း မိမိ၏ သမီးရင္းက ဤကဲ့သို႔ လုပ္ေဆာင္သည္ကို ယခုတုိင္ မယံုႏိုင္ေအာင္ ျဖစ္ေနဆဲျဖစ္ေၾကာင္း ေရးသားထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Daughter who plundered father's £50,000 life savings and put him in care home jailed (telegraph)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service