ကနေဒါ စတီးလုပ်ငန်းရှင် ဘီလျံနာကြီးက ရုပ်ရှင်ဒါရိုက်တာကြီး စတီဗင် စပီးဘတ်ထံမှ အလျား ၂၈၂ ပေရှိကာ ရေကူးကန် ၂ ခု ၊ အတွင်းအပြင် ရုပ်ရှင်ရုံများပါသော ရွက်လှေကြီးတစ်စင်းကို ဒေါ်လာ သန်း ၁၅၀ ဖြင့် ဝယ်ယူကာ စတီးလူသားဟု အမည်ပေး
ကနေဒါ စတီးလုပ်ငန်းရှင် ဘီလျံနာကြီးက ရုပ်ရှင်ဒါရိုက်တာကြီး စတီဗင် စပီးဘတ်ထံမှ အလျား ၂၈၂ ပေရှိကာ ရေကူးကန် ၂ ခု ၊ အတွင်းအပြင် ရုပ်ရှင်ရုံများပါသော ရွက်လှေကြီးတစ်စင်းကို ဒေါ်လာ သန်း ၁၅၀ ဖြင့် ဝယ်ယူကာ စတီးလူသားဟု အမည်ပေး - Property News in Myanmar from iMyanmarHouse.com
7 Jun 2023 11:02 am တွင် တင်ခဲ့သည်
960 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကနေဒါ စတီးလုပ်ငန်း ဘီလျံနာကြီး ဘာရီ ဇကဲမန်း (Barry Zekelman ) သည် အလျား ၂၈၂ ပေရှိသော ရွက်လှေကြီးတစ်စင်းကို ကမ္ဘာကျော်ရုပ်ရှင်ဒါရိုက်တာ စတီဗင် စပီးဘတ်ထံမှ ဝယ်ယူကာ အကောင်းဆုံးအမည်တစ်ခု ပေးလိုက်ရာ စတီးလူသားဟု ဖြစ်သည်။
ထိုရွက်လှေကြီးကို တစ်ပတ်လျှင် ပေါင် ၁ ဒသမ ၂ သန်းဖြင့် ငှားရမ်းနိုင်သည်ဟု ဆိုသည်။
ဒေါ်လာ သန်းပေါင်းများစွာ တန်ကြေးရှိသော ရွက်လှေကြီး မည်မျှဇိမ်ကျသည်ကို လေ့လာကြည့်ရအောင်။
ရွက်လှေကြီးတွင် ခမ်းနားသော အထပ်ပေါင်းများစွာ ပါဝင်ပြီး အထူးသီးသန့်ခန်း ၇ ခန်းအပြင် ရင်ခုန်စိတ်လှုပ်ရှားဖွယ် Amelities များ ပါဝင်ရာ အုပ်စုလိုက် ပင်လယ်ခရီးထွက်ရန် ပြီးပြည့်စုံသော ရွက်လှေကြီး ဖြစ်သည်။
ဒေါ်လာ သန်း ၁၅၀ တန် စူပါရွက်လှေကြီးပေါ်တွင် ပျင်းချိန်ပင် ရမည်မဟုတ်ဘဲ လိုက်ပါမည့် ဧည့်သည်တော် ၁၄ ဦးမှာ ရင်ဖိုစိတ်လှုပ်ရှားဖွယ်ရာများနှင့် တမူထူးခြားသော အကောင်းဆုံးအတွေ့အကြုံများ ပိုင်ဆိုင်ရမည် ဖြစ်သည်။
(ရုပ်ရှင်ရုံ)
ရုပ်ရှင် ဝါသနာပါသူများအနေဖြင့် ထိုင်ခုံအနိမ့်အမြင့် အဆင့်ဆင့်ဖြင့် ရုပ်ရှင်ကြည့်နိုင်မည်ဖြစ်ပြီး ကျန်းမာရေးလိုက်စားသူများအနေဖြင့် ပစ္စည်းကရိယာစုံလင်စွာ တပ်ဆင်ထားသော အားကစားလေ့ကျင့်ခန်းမတွင် ကယ်လိုရီများ လောင်ကျွမ်းအောင် လေ့ကျင့်နိုင်သည်။
ဧည့်သည်များ အပန်းဖြေရန် ရေကူးကန် ၂ ခု အထိ ပါဝင်သည်။
(ရေကူးကန်)
(ညစာစားခန်း)
ခမ်းနားသည့် ပင်လယ်ရှုမျှော်ခင်းများကို အတားအဆီးမဲ့ ရှုမြင်နိုင်မည့် စက်ဝိုင်းပုံညစာစားပွဲတွင် စကားလက်စုံကျခြင်း ၊ ကော့တေးသောက်ခြင်းများ လုပ်ဆောင်ရန် ကောင်းမွန်သည်။
စတီးလူသားရွက်လှေကြီးကို ၂၀၁၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အဆင့်မြင့် ရေငုပ်ကရိယာများ ၊ အသက်ကယ်လှေတစ်စင်း ၊ ပင်လယ်ရေအောက်သွား Seabob ယာဉ်များ ပါဝင်သည်။
ရွက်လှေကြီး၏ အတွင်းပိုင်းနှင့် အပြင်ပိုင်းများကို အီတလီဒီဇိုင်နာ Nuvolari Lenard က ဒီဇိုင်းဆွဲပေးထားခြင်း ဖြစ်သည်။
ယခင်က ဤရွက်လှေကြီးကို ကမ္ဘာ့ထိပ်တန်းရုပ်ရှင် ဒါရိုက်တာကြီး စတီဗင် စပီးဘတ်က ပိုင်ဆိုင်ခဲ့ပြီး သူ၏ ကလေး ၇ ဦးကို အစွဲပြုကာ ပင်လယ် ၇ ဖော်ဟု အမည်ပေးခဲ့သည်။
ရွက်လှေကြီးကို MTU အင်ဂျင်များ တပ်ဆင်ထားပြီး အမြင့်ဆုံးအမြန်နှုန်း ရေမိုင် ၂၀ အထိ မောင်းနှင်နိုင်သည်။
ရွက်လှေကြီး၏ အလေးချိန်မှာ တန်ချိန် ၂၆၅၈ ရှိပြီး နှစ်စဉ်ကုန်ကျစရိတ် ဒေါ်လာ ၁၀ သန်းမှ ၁၅ သန်းကြား ရှိသည်။
စတီးလုပ်ငန်းရှင်ကြီးက ရွက်လှေကြီးကို ၂၀၂၁ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ဘီလျံနာကြီး ဘာလီ၏ ကြွယ်ဝမှုမှာ ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံရှိပြီး စိန်စီသော ပလက်တီနမ်ဇွန်းကိုက်ကာ မွေးဖွားလာခဲ့သူ ဖြစ်သည်။
သူ၏ မိဘများမှာ မြောက်အမေရိက၏ အကြီးမားဆုံး စတီးပိုက် ထုတ်လုပ်သူ ကုမ္ပဏီပိုင်ရှင်များ ဖြစ်ကြပြီး ဘီလျံနာ ဘာလီက အသက် ၁၉ နှစ်အရွယ်တွင် မိဘလုပ်ငန်းကို အမွေဆက်ခံခဲ့သည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Canadian steel billionaire Barry Zekelman has rightfully named his $150 million superyacht ‘Man of Steel.’ The 282-foot-long vessel, purchased from Steven Spielberg, features a dance floor, two swimming pools, as well as indoor and outdoor cinemas. (luxurylaunches)
[Zawgyi]
(ရုပ်ရှင်ရုံ)
(ရေကူးကန်)
(ညစာစားခန်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service