ဆော်ဒီအာရေးဘီးယားတွင် ၂ ကီလိုမီတာ မြင့်မားသော ကမ္ဘာ့အမြင့်မားဆုံး အဆောက်အအုံကြီး ဆောက်လုပ်ရန်စီစဉ် ၊ လက်ရှိ ကမ္ဘာ့အမြင့်ဆုံးဖြစ်သော Burj Khalifa အဆောက်အအုံကြီးထက် ၂ ဆကျော်ရှိမည်ဖြစ်
ဆော်ဒီအာရေးဘီးယားတွင် ၂ ကီလိုမီတာ မြင့်မားသော ကမ္ဘာ့အမြင့်မားဆုံး အဆောက်အအုံကြီး ဆောက်လုပ်ရန်စီစဉ် ၊ လက်ရှိ ကမ္ဘာ့အမြင့်ဆုံးဖြစ်သော Burj Khalifa အဆောက်အအုံကြီးထက် ၂ ဆကျော်ရှိမည်ဖြစ် - Property News in Myanmar from iMyanmarHouse.com
3 Jun 2023 10:52 am တွင် တင်ခဲ့သည်
439 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဆော်ဒီအာရေးဘီးယားနိုင်ငံ၏ မြို့တော် ၊ ရီယာ့ဒ်ရှိ စတုရန်း ၁၈ ကီလိုမီတာရှိသော နေရာတွင် ၂ ကီလိုမီတာ မြင့်မားသော ကမ္ဘာ့အမြင့်မားဆုံး အဆောက်အအုံကြီး ဆောက်လုပ်ရန် စီစဉ်လျက်ရှိသည်။
ယခုဆောက်လုပ်မည့် မိုးမျှော်တိုက်ကြီးသည် လက်ရှိအားဖြင့် ကမ္ဘာ့အမြင့်မားဆုံး အဆောက်အအုံအဖြစ် စံချိန်တင်ထားသော Burj Khalifa ထက်၂ ဆကျော် ပိုမိုမြင့်မားမည်လည်း ဖြစ်သည်။
Burj Khalifa ၏ အမြင့်မှာ ၈၂၉ ဒသမ ၈ မီတာ (၂၇၂၂ ပေ- မိုင်ဝက်ကျော်) ရှိသည်။
အရှေ့အလယ်ပိုင်းဒေသ ၊ စီးပွားရေးမဂ္ဂဇင်းဖြစ်သော MEED တွင် ဖော်ပြသည့် ဆောင်းပါးတစ်ခုအရ ၂ ကီလိုမီတာမြင့်မားသော အဆောက်အအုံကြီး၏ ဆောက်လုပ်မှု ကုန်ကျစရိတ်မှာ ကန်ဒေါ်လာ ၅ ဘီလီယံခန့် ရှိနိုင်ကြောင်း ဖော်ပြသည်။
MEED ၏ ဖော်ပြချက်အရ ကမ္ဘာ့စံချိန်တင်မည့် ဤမိုးမျှော်တိုက်ကြီးအတွက် ဗိသုကာဒီဇိုင်း ယှဉ်ပြိုင်မှု ပြုလုပ်လျက်ရှိပြီး ပြိုင်ပွဲဝင်ကြေးမှာ ဒေါ်လာ ၁ သန်းဖြစ်ကြောင်း ဖော်ပြသည်။
သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ ဗိသုကာဒီဇိုင်း ပြိုင်ပွဲဝင်ရန် ကုမ္ပဏီ ၈ ခုက ကမ်းလှမ်းထားကြောင်း ပြောကြသည်။
ကမ္ဘာပေါ်ရှိ ထိပ်တန်းဗိသုကာကုမ္ပဏီအချို့မှာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။
ဝင်ရောက်ယှဉ်ပြိုင်မှု ဗိသုကာကုမ္ပဏီ၏ ယခင်လုပ်ဆောင်ခဲ့ဖူးသော ကမ္ဘာတစ်ဝန်းရှိ အထင်ကရ အဆောက်အအုံကြီးများ ၊ မိုးမျှော်တိုက်ကြီးများ မည်မျှ ဆောက်လုပ်ခဲ့သည်ကို အခြေခံကာ ရွေးချယ်မည် ဖြစ်သည်။
အမေရိကန်အခြေစိုက် ဗိသုကာကုမ္ပဏီများဖြစ်သော Skidmore , Owings & Merrill (SOM) , Adrian Smith & Gordon Gill Architecture , Kohn Pedersen Fox (KPF) နှင့် Gensler ကုမ္ပဏီများ ပါဝင်ယှဉ်ပြိုင်ဖွယ်ရာ ရှိသည်။
ထို့အပြင် ပြင်သစ်မှ Egis နှင့် ဒူဘိုင်းအခြေစိုက် Killa Design ကုမ္ပဏီတို့လည်း ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိသည်။
ရီယာ့ဒ်မြို့တော်တွင် ယခုမိုးမျှော်တိုက်ကြီးအပြင် အခြားကြီးမားသည့် စီမံကိန်းကြီးများစွာလည်း ရှိသည်။
ဆော်ဒီအာရေးဘီးယားတွင် ယခင်ကလည်း မြင့်မားသည့် မိုးမျှော်တိုက်ကြီးများ ဆောက်လုပ်ရန် ကြိုးစားခဲ့ ကြသည်။
ဘုရင် အဗ္ဗဒူလာ ဘဏ္ဍာရေးခရိုင် (KAFD) တွင် အမြင့် ၁ ဒသမ ၂ ကီလိုမီတာ ရှိမည့် မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန် Proposal များကို PIF ကုမ္ပဏီက စစ်ဆေးလျက်ရှိသည်။
ထို့အပြင် ၁၀၀၈ မြင့်မားမည့် Jeddah Tower စီမံကိန်းမှာလည်း ဆော်ဒီအာရေးဘီးယား၏ အရေးကြီးသော စီမံကိန်းတစ်ခု ဖြစ်ခဲ့သည်။
လွန်ခဲ့သော ၁၀ နှစ်ခန့်က အဆိုပါ Tower ကြီး ဆောက်လုပ်မှု စတင်ခဲ့ပြီး အထပ် ၇၀ ခန့်အရောက်တွင် ဆောက်လုပ်မှုများ လုံးဝရပ်တန့်သွားခဲ့သည်။
အဆိုပါ စီမံကိန်းကို ပြန်လည်အသက်သွင်းရန် ကြိုးစားမှုများ ရှိသော်လည်း မအောင်မြင်ခဲ့ချေ။
လက်ရှိအားဖြင့် ဆော်ဒီအာရေးဘီးယား၏ အမြင့်မားဆုံး အဆောက်အအုံမှာ Abraj Al Bait Royal Clock Tower ဟု အမည်ရသော မိုးမျှော်တိုက်ကြီးဖြစ်ပြီး ၆၀၁ မီတာမြင့်မားကာ ဘာသာရေးအထွတ်အမြတ်မြို့တော် မက္ကာတွင် တည်ရှိသည်။
၂ ကီလိုမီတာ မြင့်မားမည့် ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံကို ဆောက်လုပ်ရန် ကြေညာလာသော PIF ကုမ္ပဏီ၏ ပိုင်ဆိုင်မှုမှာ ဒေါ်လာ ၆၂၀ ဘီလီယံခန့်ရှိသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Saudi Arabia 'plans' 2km long world’s tallest tower, more than double the size of Burj Khalifa (interestingengineering)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service