Pirates of the Caribbean ရုပ်ရှင်ဇာတ်ကားရိုက်ကူးခဲ့သောကျွန်းကို ဒေါ်လာသန်း ၁၀၀ ဖြင့် ရောင်းမည်

Pirates of the Caribbean ရုပ်ရှင်ဇာတ်ကားရိုက်ကူးခဲ့သောကျွန်းကို ဒေါ်လာသန်း ၁၀၀ ဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
2 Jun 2023 10:35 am တွင် တင်ခဲ့သည်
452 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ရုပ်ရှင်မင်းသား ဂျွန်နီဒက်ပ်၏ ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကား Pirates of the Caribbean ရိုက်ကူးခဲ့သော ကျွန်း အရောင်းဈေးကွက်ဝင်လာသည်။

အဆိုပါ ကျွန်း၏ အမည်မှာ Little Pipe Cay ဟု အမည်ရပြီး တည်နေရာမှာ အမေရိကန်ပြည် ၊ ဖလော်ရီဒါပြည်နယ်၏ အရှေ့တောင်ဘက် ၊ ကျူးဘားနိုင်ငံ၏ မြောက်ဘက် ၊ မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်းမှ ဘားဟားမားကျွန်းနိုင်ငံတွင် တည်ရှိသည်။

အကျယ်အဝန်း ၃၈ ဧက ရှိကာ ကန်ဒေါ်လာ သန်း ၁၀၀ ဈေးခေါ်ထားပြီး Engel & Volkers အိမ်ခြံမြေကုမ္ပဏီမှတဆင့် အရောင်းဈေးကွက်တင်လာခြင်း ဖြစ်သည်။

အဆိုပါကျွန်းသည် ၂၀၀၂ ခုနှစ်က ရုံတင်ပြသခဲ့သော Pirates of the Caribbean ရုပ်ရှင်နှင့် ၂၀၀၆ ခုနှစ်က ရုံတင်ခဲ့သော ဂျိမ်းစ်ဘွန်းဇာတ်ကားဖြစ်သည့် Casino Royale ဇာတ်ကားများ ရိုက်ကူးခဲ့သည့် နေရာဖြစ်သည်။

“ဒီကျွန်းက တကယ့်ရတနာတစ်ပါးပဲ။ နိုင်ငံတကာ အိမ်ခြံမြေဈေးကွက်မှာတော့ ရှားပါးပစ္စည်းပဲ။ တစ်ကိုယ်ရေလုံခြုံမှုမှာ ပြိုင်ဘက်ကင်းပြီးတော့ တမူထူးတဲ့ အပန်းဖြေစရာတွေ အများကြီးရှိပါတယ်” Engel & Volkers ကုမ္ပဏီမှ အကျိုးဆောင် Colin Lightbourn က ပြောသည်။

၎င်းက ဖြည့်စွက်ပြောကြားသည်မှာ ဤကျွန်းသည် အသင့်နေထိုင် အပန်းဖြေနိုင်သည့် အနေအထားရှိပြီး ပြန်လည် အငှားချထားမှုများလည်း ပြုလုပ်နိုင်ကြောင်း ၊ အချိန်ကာလပေါ်မူတည်ပြီး တစ်ညလျှင် ဒေါ်လာ ၇၅၀၀၀ မှ ၉၅၀၀၀ ကြား ငှားခရကြောင်း ပြောသည်။

 

(Pirates of the Caribbean ဇာတ်ကားတွင် ဂျွန်နီဒက်ပ် သရုပ်ဆောင်ခဲ့ပုံ။ ဓာတ်ပုံ- Walt Disney)

 

(ကျွန်း၏ ကောင်းကင်မြင်ကွင်း။ ဓာတ်ပုံ- Engel & Volkers Bahamas)

 

(ကျွန်း၏ တည်နေရာမှာ Exuma ကျွန်းစုတွင် တည်ရှိသည်။ ဓာတ်ပုံ- Engel & Volkers Bahamas)

 

(ဖြူလွလွသဲတောင် ပင်လယ်ကမ်းခြေများ ပိုင်ဆိုင်ထားသည်။ ဓာတ်ပုံ- Engel & Volkers Bahamas)

 

(ရေကူးကန်တစ်ခုကို ကောင်းကင်မှ မြင်ရသော မြင်ကွင်း။ ဓာတ်ပုံ- Engel & Volkers Bahamas)

 

(Outdoor ညစားစားနေရာ။ ဓာတ်ပုံ- Engel & Volkers Bahamas)

 

(ကြမ်းပြင်မှ မျက်နှာကြက်ထိ မြင့်မားသော ပြတင်းများတပ်ဆင်ထားသောကြောင့် အလင်းရောင် ကောင်းစွာရသည်။ ဓာတ်ပုံ- Engel & Volkers Bahamas)

 

(ဇိမ်ကျသော နားနေ နေရာတစ်ခု။ ဓာတ်ပုံ- Engel & Volkers Bahamas)

 

(အခြားနားနေ နေရာတစ်ခု။ ဓာတ်ပုံ- Engel & Volkers Bahamas)

 

 

အဆိုပါကျွန်းသို့ အမေရိကန်ပြည် ဖလော်ရီဒါမှ လေယာဉ်ဖြင့် အလွယ်တကူရောက်ရှိနိုင်သည်။

ကျွန်းပေါ်တွင် ပင်မစံအိမ်တစ်လုံးအပြင် ဧည့်ဂေဟာအိမ် ၄ လုံးလည်း ပါဝင်သည်။

ပင်မစံအိမ်ကို ကိုလိုနီဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး စတုရန်းပေ ၅၃၀၀ ကျယ်ဝန်းသည်။

ဧည့်ဂေဟာများ အပါအဝင် စုစုပေါင်း အကျယ်အဝန်း စတုရန်းပေ ၂၂၀၀၀ ကျော်ရှိပြီး စုစုပေါင်း အိပ်ခန်း ၁၁ ခန်းနှင့် ရေချိုးခန်း ၁၂ ခန်းပါဝင်သည်။

ကျွန်းပေါ်တွင် ရဟတ်ယာဉ်ကွင်း ၊ Spa နှင့် အိုလံပစ်ပြိုင်ပွဲအဆင့် ရေကူးကန်တစ်ခု ၊ စူပါရွက်လှေကြီးများ ဆိုက်ကပ်နိုင်သော ရေနက်ဆိပ်ကမ်းတစ်ခုတို့လည်း ရှိသည်။

ထို့အပြင် အခြားအရွယ်အစားရှိ လှေများ ဆိုက်ကပ်နိုင်သော ဆိပ်ခံတစ်ခုလည်း ရှိသေးသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Private island featured in ‘Pirates of the Caribbean’ asks $100M (nypost)

 

 

 

[Zawgyi]

Pirates of the Caribbean ရုပ္ရွင္ဇာတ္ကားရုိက္ကူးခဲ့ေသာကၽြန္းကို ေဒၚလာသန္း ၁၀၀ ျဖင့္ ေရာင္းမည္

 

ရုပ္ရွင္မင္းသား ဂၽြန္နီဒက္ပ္၏ ကမၻာေက်ာ္ရုပ္ရွင္ဇာတ္ကား Pirates of the Caribbean ရိုက္ကူးခဲ့ေသာ ကၽြန္း အေရာင္းေစ်းကြက္ဝင္လာသည္။

အဆိုပါ ကၽြန္း၏ အမည္မွာ Little Pipe Cay ဟု အမည္ရျပီး တည္ေနရာမွာ အေမရိကန္ျပည္ ၊ ဖေလာ္ရီဒါျပည္နယ္၏ အေရွ႕ေတာင္ဘက္ ၊ က်ဴးဘားႏိုင္ငံ၏ ေျမာက္ဘက္ ၊ ေျမာက္အတၱလႏၱိတ္သမုဒၵရာအတြင္းမွ ဘားဟားမားကၽြန္းႏိုင္ငံတြင္ တည္ရွိသည္။

အက်ယ္အဝန္း ၃၈ ဧက ရွိကာ ကန္ေဒၚလာ သန္း ၁၀၀ ေစ်းေခၚထားျပီး Engel & Volkers အိမ္ျခံေျမကုမၸဏီမွတဆင့္ အေရာင္းေစ်းကြက္တင္လာျခင္း ျဖစ္သည္။

အဆိုပါကၽြန္းသည္ ၂၀၀၂ ခုႏွစ္က ရံုတင္ျပသခဲ့ေသာ Pirates of the Caribbean ရုပ္ရွင္ႏွင့္ ၂၀၀၆ ခုႏွစ္က ရံုတင္ခဲ့ေသာ ဂ်ိမ္းစ္ဘြန္းဇာတ္ကားျဖစ္သည့္ Casino Royale ဇာတ္ကားမ်ား ရုိက္ကူးခဲ့သည့္ ေနရာျဖစ္သည္။

“ဒီကၽြန္းက တကယ့္ရတနာတစ္ပါးပဲ။ ႏိုင္ငံတကာ အိမ္ျခံေျမေစ်းကြက္မွာေတာ့ ရွားပါးပစၥည္းပဲ။ တစ္ကုိယ္ေရလံုျခံဳမႈမွာ ျပိဳင္ဘက္ကင္းျပီးေတာ့ တမူထူးတဲ့ အပန္းေျဖစရာေတြ အမ်ားၾကီးရွိပါတယ္” Engel & Volkers ကုမၸဏီမွ အက်ဳိးေဆာင္ Colin Lightbourn က ေျပာသည္။

၎က ျဖည့္စြက္ေျပာၾကားသည္မွာ ဤကၽြန္းသည္ အသင့္ေနထုိင္ အပန္းေျဖႏိုင္သည့္ အေနအထားရွိျပီး ျပန္လည္ အငွားခ်ထားမႈမ်ားလည္း ျပဳလုပ္ႏိုင္ေၾကာင္း ၊ အခ်ိန္ကာလေပၚမူတည္ျပီး တစ္ညလွ်င္ ေဒၚလာ ၇၅၀၀၀ မွ ၉၅၀၀၀ ၾကား ငွားခရေၾကာင္း ေျပာသည္။

 

(Pirates of the Caribbean ဇာတ္ကားတြင္ ဂၽြန္နီဒက္ပ္ သရုပ္ေဆာင္ခဲ့ပံု။ ဓာတ္ပံု- Walt Disney)

(ကၽြန္း၏ ေကာင္းကင္ျမင္ကြင္း။ ဓာတ္ပံု- Engel & Volkers Bahamas)

(ကၽြန္း၏ တည္ေနရာမွာ Exuma ကၽြန္းစုတြင္ တည္ရွိသည္။ ဓာတ္ပံု- Engel & Volkers Bahamas)

(ျဖဴလြလြသဲေတာင္ ပင္လယ္ကမ္းေျခမ်ား ပိုင္ဆိုင္ထားသည္။ ဓာတ္ပံု- Engel & Volkers Bahamas)

(ေရကူးကန္တစ္ခုကို ေကာင္းကင္မွ ျမင္ရေသာ ျမင္ကြင္း။ ဓာတ္ပံု- Engel & Volkers Bahamas)

(Outdoor ညစားစားေနရာ။ ဓာတ္ပံု- Engel & Volkers Bahamas)

(ၾကမ္းျပင္မွ မ်က္ႏွာၾကက္ထိ ျမင့္မားေသာ ျပတင္းမ်ားတပ္ဆင္ထားေသာေၾကာင့္ အလင္းေရာင္ ေကာင္းစြာရသည္။ ဓာတ္ပံု- Engel & Volkers Bahamas)

(ဇိမ္က်ေသာ နားေန ေနရာတစ္ခု။ ဓာတ္ပံု- Engel & Volkers Bahamas)

(အျခားနားေန ေနရာတစ္ခု။ ဓာတ္ပံု- Engel & Volkers Bahamas)

 

အဆိုပါကၽြန္းသို႔ အေမရိကန္ျပည္ ဖေလာ္ရီဒါမွ ေလယာဥ္ျဖင့္ အလြယ္တကူေရာက္ရွိႏိုင္သည္။

ကၽြန္းေပၚတြင္ ပင္မစံအိမ္တစ္လံုးအျပင္ ဧည့္ေဂဟာအိမ္ ၄ လံုးလည္း ပါဝင္သည္။

ပင္မစံအိမ္ကို ကိုလိုနီဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားျပီး စတုရန္းေပ ၅၃၀၀ က်ယ္ဝန္းသည္။

ဧည့္ေဂဟာမ်ား အပါအဝင္ စုစုေပါင္း အက်ယ္အဝန္း စတုရန္းေပ ၂၂၀၀၀ ေက်ာ္ရွိျပီး စုစုေပါင္း အိပ္ခန္း ၁၁ ခန္းႏွင့္ ေရခ်ဳိးခန္း ၁၂ ခန္းပါဝင္သည္။

ကၽြန္းေပၚတြင္ ရဟတ္ယာဥ္ကြင္း ၊ Spa ႏွင့္ အိုလံပစ္ျပိဳင္ပြဲအဆင့္ ေရကူးကန္တစ္ခု ၊ စူပါရြက္ေလွၾကီးမ်ား ဆိုက္ကပ္ႏိုင္ေသာ ေရနက္ဆိပ္ကမ္းတစ္ခုတို႔လည္း ရွိသည္။

ထို႔အျပင္ အျခားအရြယ္အစားရွိ ေလွမ်ား ဆုိက္ကပ္ႏုိင္ေသာ ဆိပ္ခံတစ္ခုလည္း ရွိေသးသည္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Private island featured in ‘Pirates of the Caribbean’ asks $100M (nypost)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service