ဂျက်ကီချန်းနှင့်အတူ ခေါင်းဆောင်မင်းသားအဖြစ် တွဲဖက်သရုပ်ဆောင်ရန် ကိုယ်ခံပညာကျွမ်းကျင်သော အာရှတိုက်သားတစ်ဦး အမေရိကန် ရုပ်ရှင်ကုမ္ပဏီ Sony Pictures ကခေါ်ယူနေ ၊ Sony Pictures ရုံးချုပ်အဆောက်အအုံ ဘယ်မှာရှိလဲ

ဂျက်ကီချန်းနှင့်အတူ ခေါင်းဆောင်မင်းသားအဖြစ် တွဲဖက်သရုပ်ဆောင်ရန် ကိုယ်ခံပညာကျွမ်းကျင်သော အာရှတိုက်သားတစ်ဦး အမေရိကန် ရုပ်ရှင်ကုမ္ပဏီ Sony Pictures ကခေါ်ယူနေ ၊ Sony Pictures ရုံးချုပ်အဆောက်အအုံ ဘယ်မှာရှိလဲ - Property News in Myanmar from iMyanmarHouse.com
24 May 2023 10:14 am တွင် တင်ခဲ့သည်
1372 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဟောလိဝုဒ်သို့ရောက်ကာ ကမ္ဘာကျော်နိုင်မည့် သင့်ဘဝတစ်သက်တာတွင် တစ်ကြိမ်သာ ကြုံရနိုင်သည့် အခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေသည်။

အမေရိကန်ရုပ်ရှင် ကုမ္ပဏီဖြစ်သော Sony Pictures သည် မကြာမီရိုက်ကူးမည့် ကိုယ်ခံပညာရုပ်ရှင်တစ်ခုတွင် ဂျက်ကီချန်းနှင့်အတူ ပူးတွဲသရုပ်ဆောင်ရန် အမျိုးသားသရုပ်ဆောင်တစ်ဦး ခေါ်ယူလျက်ရှိသည်။

သရုပ်ဆောင်ရမည်မှာ လီဖုန်အမည်ရှိ ခေါင်းဆောင်မင်းသား ဇာတ်ကောင်နေရာတွင် သရုပ်ဆောင်ရမည်ဖြစ်ပြီး ထက်မြက်သူတစ်ဦးဖြစ်ကာ တိုက်ခိုက်ရေးကျွမ်းကျင်သူတစ်ဦးအဖြစ် သရုပ်ဆောင်ရမည် ဖြစ်သည်။

ကနေဒါနိုင်ငံ (သို့မဟုတ်) အာရှတိုက်သားများကိုသာ ရွေးချယ်သွားမည်ဟု ဆိုသည်။

အဆိုပါ ရုပ်ရှင်ကို Netflix ဇာတ်လမ်းများဖြစ်သော The end of the F***ing World နှင့်I Am Not Okay With This တို့ကို ရိုက်ကူးခဲ့သော ဒါရိုက်တာ Jonathan Entwhistle က ရိုက်ကူးမည်ဖြစ်သည်။

ထုတ်လုပ်သူမှာ Twilight ကဲ့သို့ ကမ္ဘာကျော် ဇာတ်လမ်းတွဲများ ထုတ်လုပ်ခဲ့သူ Karen Rosenfelt ဖြစ်သည်။

လျှောက်ထားမည့်သူသည် ၂၀၂၃ ခုနှစ် ၊ သြဂုတ်လ ၁၅ ရက်တွင် အသက် ၁၈ နှစ်အထက် အမျိုးသားဖြစ်ရမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ် ၊ ဇူလိုင်လတွင် လေ့ကျင့်သင်ကြားပေးမှုများ အချိန်ပြည့်တက်ရောက်နိုင်သူ ဖြစ်ရမည်ဟု ဆိုသည်။

အဆိုပါ ရုပ်ရှင်ကို ကနေဒါနိုင်ငံတွင် ၂၀၂၃ ခုနှစ် ၊ စက်တင်ဘာမှ ဒီဇင်ဘာအထိ ရိုက်ကူးသွားမည်ဖြစ်သည်။

လျှောက်ထားသူသည် ကိုယ်ခံပညာရပ် ကျွမ်းကျင်ရမည်ဖြစ်ပြီး မန်ဒရင်း တရုတ်စကား ကောင်းစွာ ပြောတတ်သူကို ဦးစားပေးမည်ဖြစ်သည်။

ရွေးချယ်ခြင်းခံရသူသည် အမေရိကန် အင်္ဂလိပ်စကား ကျွမ်းကျင်စွာ ပြောတတ်သော အသက် ၁၇ နှစ်အရွယ် တရုတ်လူငယ်တစ်ဦးအဖြစ် သရုပ်ဆောင်ရမည် ဖြစ်သည်။

စိတ်ဝင်စားသည့် လျှောက်ထားလိုသူများသည် မိမိတို့၏ ကိုယ်ရေးအချက်အလက်အသေးစိတ် မိမိတို့၏ ကိုယ်ခံပညာကျွမ်းကျင်မှု ပြသသော ဗွီဒီယိုနှင့် ဘာသာစကားကျွမ်းကျင်မှု ပြသသော ဗွီဒီယိုများ တင်ပြရမည် ဖြစ်သည်။

နောက်ဆုံးလျှောက်ထားရမည့်နေ့မှာ ၂၀၂၃ ခုနှစ် ၊ မေလ ၂၆ ရက် ဖြစ်သည်။

လျှောက်ထားလိုသူများသည် opencalls@gmail.com သို့ အီးမေးလ်ပေးပို့ လျှောက်ထားနိုင်ကြောင်းသိရသည်။

(Sony Pictures ဘာလဲ)

Sony Pictures သည် အမေရိကန်အခြေစိုက် သတင်းမီဒီယာနှင့် ဖျော်ဖြေရေး နိုင်ငံစုံကုမ္ပဏီကြီးဖြစ်ပြီး ယခင်က Columbia Pictures ဟု လူသိများခဲ့သည်။

Sony Pictures ကို ၁၉၈၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် Sony Pictures ဟုအမည်ပြောင်းခဲ့ခြင်းဖြစ်သည်။

Sony Pictures သည် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ထုတ်လုပ်ခဲ့သည့်အနက် Hotel Transylvania ဇာတ်လမ်းတွဲများ ၊ Ghostbusters , Men in Black ဇာတ်လမ်းတွဲများ ၊ Spider man ဇာတ်လမ်းတွဲများ ၊ Crouching Tiger Hidden Dragon ဇာတ်ကားတို့မှာ ကမ္ဘာကျော်သည်။

(Sony Pictures ရုပ်ရှင် စတူဒီယို ဘယ်မှာရှိလဲ)

Sony Pictures ရုပ်ရှင်စတူဒီယိုတွင် ရုပ်သံနှင့် ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးပြီး အမေရိကန်ပြည် ၊ ကယ်လီဖိုးနီးယားပြည်နယ် Culver City မြို့တွင် တည်ရှိသည်။

Sony Pictures ရုပ်ရှင်စတူဒီယိုကို လွန်ခဲ့သော ၁၁၁ နှစ် ၊ ၁၉၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး Columbia Pictures , TriStar Pictures နှင့် Screen Gems ဟူသော ရုပ်ရှင်စတူဒီယိုများဖြင့် ဖွဲ့စည်းထားသည်။

ဤရုပ်ရှင် စတူဒီယိုဝန်းသည် ၁၉၂၄ မှ ၁၉၈၆ ခုနှစ်အထိ Metro-Goldwyn-Mayer ၏ ရုပ်ရှင်စတူဒီယို ဖြစ်ခဲ့ပြီး ၁၉၈၆ မှ ၁၉၈၉ ခုနှစ်အထိ Lorimar Telepictures ၏ ရုပ်ရှင်စတူဒီယိုဖြစ်ခဲ့သည်။

တည်နေရာ ကိုသြဒိနိတ်…

34.017222°N 118.401667°W

 

ဤရုပ်ရှင် စတူဒီယိုတွင် ရုပ်ရှင်များ ရိုက်ကူးသည့်အပြင် ကမ္ဘာကျော် ရုပ်သံအစီအစဉ်များစွာကိုလည်း ဤစတူဒီယိုမှ တဆင့် တိုက်ရိုက်ထုတ်လွှင့်ခြင်း ၊ ရိုက်ကူးခြင်းများ ပြုလုပ်သည်။

ဤရုပ်ရှင် စတူဒီယိုသို့ အများပြည်သူအား နေ့စဉ် ဝင်ရောက်ကြည့်ရှုလေ့လာခွင့် ပေးထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Sony Pictures seeks male lead for martial arts movie co-starring Jackie Chan (dimsumdaily)

 

 

 

 

[Zawgyi]

ဂ်က္ကီခ်န္းႏွင့္အတူ ေခါင္းေဆာင္မင္းသားအျဖစ္ တြဲဖက္သရုပ္ေဆာင္ရန္ ကိုယ္ခံပညာကၽြမ္းက်င္ေသာ အာရွတိုက္သားတစ္ဦး အေမရိကန္ ရုပ္ရွင္ကုမၸဏီ Sony Pictures ကေခၚယူေန ၊ Sony Pictures ရံုးခ်ဳပ္အေဆာက္အအံု ဘယ္မွာရွိလဲ

 

ေဟာလိဝုဒ္သို႔ေရာက္ကာ ကမၻာေက်ာ္ႏိုင္မည့္ သင့္ဘဝတစ္သက္တာတြင္ တစ္ၾကိမ္သာ ၾကံဳရႏိုင္သည့္ အခြင့္အလမ္းတစ္ခု ေပၚေပါက္ေနသည္။

အေမရိကန္ရုပ္ရွင္ ကုမၸဏီျဖစ္ေသာ Sony Pictures သည္ မၾကာမီရုိက္ကူးမည့္ ကိုယ္ခံပညာရုပ္ရွင္တစ္ခုတြင္ ဂ်က္ကီခ်န္းႏွင့္အတူ ပူးတြဲသရုပ္ေဆာင္ရန္ အမ်ဳိးသားသရုပ္ေဆာင္တစ္ဦး ေခၚယူလ်က္ရွိသည္။

သရုပ္ေဆာင္ရမည္မွာ လီဖုန္အမည္ရွိ ေခါင္းေဆာင္မင္းသား ဇာတ္ေကာင္ေနရာတြင္ သရုပ္ေဆာင္ရမည္ျဖစ္ျပီး ထက္ျမက္သူတစ္ဦးျဖစ္ကာ တိုက္ခုိက္ေရးကၽြမ္းက်င္သူတစ္ဦးအျဖစ္ သရုပ္ေဆာင္ရမည္ ျဖစ္သည္။

ကေနဒါႏိုင္ငံ (သို႔မဟုတ္) အာရွတုိက္သားမ်ားကိုသာ ေရြးခ်ယ္သြားမည္ဟု ဆိုသည္။

အဆိုပါ ရုပ္ရွင္ကို Netflix ဇာတ္လမ္းမ်ားျဖစ္ေသာ The end of the F***ing World ႏွင့္I Am Not Okay With This တုိ႔ကို ရိုက္ကူးခဲ့ေသာ ဒါရုိက္တာ Jonathan Entwhistle က ရုိက္ကူးမည္ျဖစ္သည္။

ထုတ္လုပ္သူမွာ Twilight ကဲ့သို႔ ကမၻာေက်ာ္ ဇာတ္လမ္းတြဲမ်ား ထုတ္လုပ္ခဲ့သူ Karen Rosenfelt ျဖစ္သည္။

ေလွ်ာက္ထားမည့္သူသည္ ၂၀၂၃ ခုႏွစ္ ၊ ၾသဂုတ္လ ၁၅ ရက္တြင္ အသက္ ၁၈ ႏွစ္အထက္ အမ်ဳိးသားျဖစ္ရမည္ျဖစ္ျပီး ၂၀၂၃ ခုႏွစ္ ၊ ဇူလိုင္လတြင္ ေလ့က်င့္သင္ၾကားေပးမႈမ်ား အခ်ိန္ျပည့္တက္ေရာက္ႏိုင္သူ ျဖစ္ရမည္ဟု ဆိုသည္။

အဆိုပါ ရုပ္ရွင္ကို ကေနဒါႏိုင္ငံတြင္ ၂၀၂၃ ခုႏွစ္ ၊ စက္တင္ဘာမွ ဒီဇင္ဘာအထိ ရိုက္ကူးသြားမည္ျဖစ္သည္။

ေလွ်ာက္ထားသူသည္ ကိုယ္ခံပညာရပ္ ကၽြမ္းက်င္ရမည္ျဖစ္ျပီး မန္ဒရင္း တရုတ္စကား ေကာင္းစြာ ေျပာတတ္သူကို ဦးစားေပးမည္ျဖစ္သည္။

ေရြးခ်ယ္ျခင္းခံရသူသည္ အေမရိကန္ အဂၤလိပ္စကား ကၽြမ္းက်င္စြာ ေျပာတတ္ေသာ အသက္ ၁၇ ႏွစ္အရြယ္ တရုတ္လူငယ္တစ္ဦးအျဖစ္ သရုပ္ေဆာင္ရမည္ ျဖစ္သည္။

စိတ္ဝင္စားသည့္ ေလွ်ာက္ထားလိုသူမ်ားသည္ မိမိတုိ႔၏ ကိုယ္ေရးအခ်က္အလက္အေသးစိတ္ မိမိတို႔၏ ကိုယ္ခံပညာကၽြမ္းက်င္မႈ ျပသေသာ ဗြီဒီယိုႏွင့္ ဘာသာစကားကၽြမ္းက်င္မႈ ျပသေသာ ဗြီဒီယိုမ်ား တင္ျပရမည္ ျဖစ္သည္။

ေနာက္ဆံုးေလွ်ာက္ထားရမည့္ေန႔မွာ ၂၀၂၃ ခုႏွစ္ ၊ ေမလ ၂၆ ရက္ ျဖစ္သည္။

ေလွ်ာက္ထားလိုသူမ်ားသည္ opencalls@gmail.com သို႔ အီးေမးလ္ေပးပို႔ ေလွ်ာက္ထားႏိုင္ေၾကာင္းသိရသည္။

(Sony Pictures ဘာလဲ)

Sony Pictures သည္ အေမရိကန္အေျခစိုက္ သတင္းမီဒီယာႏွင့္ ေဖ်ာ္ေျဖေရး ႏိုင္ငံစံုကုမၸဏီၾကီးျဖစ္ျပီး ယခင္က Columbia Pictures ဟု လူသိမ်ားခဲ့သည္။

Sony Pictures ကို ၁၉၈၇ ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ျပီး ၁၉၉၁ ခုႏွစ္တြင္ Sony Pictures ဟုအမည္ေျပာင္းခဲ့ျခင္းျဖစ္သည္။

Sony Pictures သည္ ရုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာ ထုတ္လုပ္ခဲ့သည့္အနက္ Hotel Transylvania ဇာတ္လမ္းတြဲမ်ား ၊ Ghostbusters , Men in Black ဇာတ္လမ္းတြဲမ်ား ၊ Spider man ဇာတ္လမ္းတြဲမ်ား ၊ Crouching Tiger Hidden Dragon ဇာတ္ကားတို႔မွာ ကမၻာေက်ာ္သည္။

(Sony Pictures ရုပ္ရွင္ စတူဒီယို ဘယ္မွာရွိလဲ)

Sony Pictures ရုပ္ရွင္စတူဒီယိုတြင္ ရုပ္သံႏွင့္ ရုပ္ရွင္ဇာတ္ကားမ်ား ရုိက္ကူးျပီး အေမရိကန္ျပည္ ၊ ကယ္လီဖုိးနီးယားျပည္နယ္ Culver City ျမိဳ႕တြင္ တည္ရွိသည္။

Sony Pictures ရုပ္ရွင္စတူဒီယိုကို လြန္ခဲ့ေသာ ၁၁၁ ႏွစ္ ၊ ၁၉၁၂ ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ျပီး Columbia Pictures , TriStar Pictures ႏွင့္ Screen Gems ဟူေသာ ရုပ္ရွင္စတူဒီယိုမ်ားျဖင့္ ဖြဲ႔စည္းထားသည္။

ဤရုပ္ရွင္ စတူဒီယိုဝန္းသည္ ၁၉၂၄ မွ ၁၉၈၆ ခုႏွစ္အထိ Metro-Goldwyn-Mayer ၏ ရုပ္ရွင္စတူဒီယို ျဖစ္ခဲ့ျပီး ၁၉၈၆ မွ ၁၉၈၉ ခုႏွစ္အထိ Lorimar Telepictures ၏ ရုပ္ရွင္စတူဒီယိုျဖစ္ခဲ့သည္။

တည္ေနရာ ကိုၾသဒိနိတ္…

34.017222°N 118.401667°W

 

ဤရုပ္ရွင္ စတူဒီယိုတြင္ ရုပ္ရွင္မ်ား ရုိက္ကူးသည့္အျပင္ ကမၻာေက်ာ္ ရုပ္သံအစီအစဥ္မ်ားစြာကိုလည္း ဤစတူဒီယိုမွ တဆင့္ တုိက္ရိုက္ထုတ္လႊင့္ျခင္း ၊ ရိုက္ကူးျခင္းမ်ား ျပဳလုပ္သည္။

ဤရုပ္ရွင္ စတူဒီယိုသို႔ အမ်ားျပည္သူအား ေန႔စဥ္ ဝင္ေရာက္ၾကည့္ရႈေလ့လာခြင့္ ေပးထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Sony Pictures seeks male lead for martial arts movie co-starring Jackie Chan (dimsumdaily)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service