အင်္ဂလန်တွင် အမှန်တကယ်နေထိုင်ခြင်းမရှိဘဲ ရင်းနှီးမြှပ်နှံရန် အိမ်ခြံမြေဝယ်ယူသူများကြောင့် နေထိုင်သူ ၁၄ ဦးသာ ရှိတော့ကာ တစ္ဆေမြို့တော်သဖွယ် ဖြစ်လာနေသော သာယာလှပသည့် ပင်လယ်ကမ်းခြေရွာကလေး
အင်္ဂလန်တွင် အမှန်တကယ်နေထိုင်ခြင်းမရှိဘဲ ရင်းနှီးမြှပ်နှံရန် အိမ်ခြံမြေဝယ်ယူသူများကြောင့် နေထိုင်သူ ၁၄ ဦးသာ ရှိတော့ကာ တစ္ဆေမြို့တော်သဖွယ် ဖြစ်လာနေသော သာယာလှပသည့် ပင်လယ်ကမ်းခြေရွာကလေး - Property News in Myanmar from iMyanmarHouse.com
23 May 2023 10:33 am တွင် တင်ခဲ့သည်
838 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အင်္ဂလန်နိုင်ငံတွင် ရင်းနှီးမြှပ်နှံရန်အတွက်သော်လည်းကောင်း ၊ ဒုတိယအိမ်အနေနှင့်သော်လည်းကောင်း ဝယ်ယူကြသူများကြောင့် ရင်သပ်ရှုမောဖွယ် သာယာလှပသော ပင်လယ်ကမ်းခြေရွာကလေးမှာ အမြဲတမ်း နေထိုင်သူ ၁၄ ဦးသာ ရှိတော့ရာ ဒေသခံတို့မှာ အမျက်ထွက်လျက်ရှိကြသည်။
အင်္ဂလန်နိုင်ငံ အရှေ့မြောက်ပိုင်း မြောက်ယော့ခ်ရှိုင်းယားကမ်းခြေဒေသရှိ Runswick Bay ရွာကလေးသည် သာယာလှပသည့် သဲသောင်ကမ်းခြေများရှိသော်လည်း လူဦးရေမှာ အလွန်ကျဆင်းလာလျက်ရှိသည်။
(ကမ္ဘာလှည့်ခရီးသည်တို့က အိမ်ခြံမြေများ ဝယ်ယူနေမှုကြောင့် Runswick Bay ရွာကလေးမှာ နေထိုင်သူ ၁၄ ဦးသာ ရှိတော့သည်။ ဓာတ်ပုံ- Alamy)
(နွေရာသီဆိုလျှင် လူသူအလွန်ထူထပ်သည်။ ဓာတ်ပုံ- Jasmine Norden /YorkshireLive)
တစ်ချိန်က ဗြိတိန်အကောင်းဆုံးကမ်းခြေအဖြစ် ရပ်တည်ခဲ့ဖူးသော်လည်း ထိုဒေသတွင် ကျန်ရှိသည့် အနည်းငယ်သော ဒေသခံတို့မှာ အလွန်မြင့်မားလှသည့် အိမ်ခြံမြေဈေးနှုန်းများကြောင့် လူငယ်မျိုးဆက်တို့ မရှိတော့မည်ကို စိုးရိမ်နေကြသည်။ ထိုရွာကလေးတွင် မွေးဖွားကြီးပြင်းခဲ့သူ ကော်ဖီဆိုင်ပိုင်ရှင်တစ်ဦးက YorkshireLive သတင်းဌာနသို့ ပြောသည်မှာ “ဒီလိုနေ့တွေဆိုရင်တော့ ဒီရွာကလေးက တကယ့်ကို ဆိတ်ငြိမ်အေးချမ်းပါတယ်။ ယာဉ်ကြောပိတ်တာတွေ မရှိဘူး။ အလုပ်များတာတွေ မရှိဘူး။ ဒါပေမဲ့ ပထမလော့ဒေါင်းကာလနောက်ပိုင်း လူတွေအများကြီး ဒီကိုရောက်လာတယ်။ ဒီရွာမှာ အမြဲနေထိုင်တဲ့သူ ၁၄ ယောက်ပဲရှိတယ်ထင်တယ်”ဟု ပြောသည်။ အဆိုပါ ရွာကလေးတွင် ဈေးဆိုင်များမရှိသောကြောင့် အများစုအတွက် နေထိုင်ရန် ခက်ခဲမည်ဖြစ်သည်။
ဒုတိယအိမ်အဖြစ် ဝယ်သော ဝယ်လက်တို့ကြောင့် အိမ်ခြံမြေဈေးများ ခေါင်ခိုက်လာပြီး အရောင်းဈေးကွက်တွင် အိမ်တစ်လုံးတည်းသာရှိသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့ကြောင်း ကော်ဖီဆိုင်ပိုင်ရှင်က ပြောသည်။
စိတ်ပျက်လက်ပျက်ဖြစ်နေသော အခြားဒေသခံတစ်ဦးက ပြောသည်မှာ “Runswick ရွာလေးဟာ ဒီနှစ်တွေအတွင်း အများကြီး ပြောင်းလဲသွားပါပြီ။ အရင်တုန်းက အရမ်းစည်ကားခဲ့တဲ့ အရက်ဘားကလေးကို ကျွန်တော် သတိရတယ်။ တော်တော်ဝမ်းနည်းဖို့ ကောင်းပါတယ်။ အဲဒီဆိုင်လေး အခုမရှိတော့ပါဘူး။ ဒီက အိမ်တွေဟာ အရောင်းဈေးကွက်ကို သိပ်ပြီး ရောက်မလာတော့ဘူး။ တကယ်လို့ ရောက်လာရင်လည်း အရမ်းကို ဈေးကြီးနေပြီဟု ပြောသည်”ဟု ပြောသည်။
စုံတွဲတစ်တွဲဖြစ်သော Graham နှင့် Lale တို့က ပြောသည်မှာ “ဒီရွာကလေးက သာယာပါတယ်။ ဒါပေမဲ့ ကလေးတွေ ဘယ်လိုကြီးပြင်းကြမယ် ၊ အလုပ်ဘယ်လိုရှာမယ်ဆိုတာ စဉ်းစားလို့မရပါဘူး။ ရွာထဲမှာ ဘာဆိုင်မှ မရှိဘူး။ နီးနီးနားနား ဘူတာရုံလည်းမရှိပါဘူး”ဟု ပြောသည်။
သို့သော် အချို့သော ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် မန်နေဂျာတို့ကမူ ရွာလေး၏ ခရီးသွားလုပ်ငန်း အပေါ် အမွှမ်းတင်ကြသည်။
Royal ဟိုတယ်ကို ၂ နှစ်ကြာ မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်နေသူ Tom Rose က ပြောသည်မှာ “ဒီကိုလာတဲ့သူတိုင်း တက်ကြွရွှင်မြူးနေကြတယ်။ အားလပ်ရက်အပန်းဖြေဖို့ လာကြတဲ့အတွက် ဖြစ်နိုင်ပါတယ်” ဟုပြောသည်။
ဗြိတိန်နိုင်ငံတစ်ဝန်းရှိ ပင်လယ်ကမ်းခြေမြို့ကလေးများတွင် ဒုတိယအိမ် ဝယ်လက်တို့ကြောင့် အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်ကာ နေထိုင်သူ ကျဆင်းလာသည့် ပြဿနာနှင့် ရင်ဆိုင်နေရသည်။
(ရွာကလေးကို လာရောက်လည်ပတ်သည့် ဟယ်လင်နှင့် ရစ်ချတ်ဖော်စတာတို့က… ဒီရွာလေးကို ချက်ချင်းပဲ သဘောကျသွားတယ်…..ဟု ပြောသည်။ ဓာတ်ပုံ- Jasmine Norden /YorkshireLive )
(Royal ဟိုတယ်၏ မန်နေဂျာ Tom Rose က လာရောက်လည်ပတ်သူများမှာ ချစ်စရာကောင်းကြောင်း ၊ ရွှင်လန်းတက်ကြွနေကြကြောင်း ပြောသည်။ ဓာတ်ပုံ- Jasmine Norden /YorkshireLive)
(ဒုတိယအိမ် ဝယ်လက်များကြောင့် ရွာကလေး၏ အိမ်ဈေးများ ခေါင်ခိုက်လာခဲ့သည်။ ဓာတ်ပုံ- ALamy)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Our picturesque seaside village is becoming a ghost town because of selfish second home owners…only 14 people live here (thesun)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service