အမေရိကန်တက္ကသိုလ်တစ်ခုမှ ဘွဲ့ရပြီးခဲ့သော်လည်း စာရွက်စာတမ်းအတုများဖြင့် အထက်တန်းကျောင်း ပြန်တက်သော တောင်ကိုရီးယား မိန်းကလေး

အမေရိကန်တက္ကသိုလ်တစ်ခုမှ ဘွဲ့ရပြီးခဲ့သော်လည်း စာရွက်စာတမ်းအတုများဖြင့် အထက်တန်းကျောင်း ပြန်တက်သော တောင်ကိုရီးယား မိန်းကလေး - Property News in Myanmar from iMyanmarHouse.com
22 May 2023 11:08 am တွင် တင်ခဲ့သည်
1186 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အသက် ၂၉ နှစ်အရွယ်ရှိ တောင်ကိုရီးယားမိန်းကလေးတစ်ဦးသည် အမေရိကန်ပြည်ထောင်စု ၊ နယူးဂျာစီပြည်နယ်ရှိ အထက်တန်းကျောင်းတစ်ခုတွင် စာရွက်စာတမ်းအတုများ သုံးစွဲကာ ကျောင်းဝင်ခွင့်လျှောက်ထားခဲ့ပြီး ၄ ရက်ခန့် ကျောင်းတက်ခဲ့သည်။

ထိုမိန်းကလေးမှာ စာရွက်စာတမ်းအတုများဖြင့် ကျောင်းတက်ခြင်းဖြစ်ကြောင်း ပေါ်ပေါက်လာပြီးနောက် ပြည်နယ်တရားသူကြီးတစ်ဦးက ၎င်းအား Pretrial intervention စာရင်းတွင် ထည့်သွင်းထားရှိရန် ဆုံးဖြတ်ခဲ့သည်။

(မှတ်ချက်။ Pretrial intervention ဟူသည်မှာ အမေရိကန်ပြည်၏ ပြည်နယ်အများစုတွင် အသုံးပြုသည့် တရားရေးအစီအစဉ်တစ်ခုဖြစ်သည်။ ယခင်က ပြစ်မှုမကျူးလွန်ခဲ့ဖူးသူများ ကြီးမားသည့် ရာဇဝတ်မှုမျိုးမဟုတ်သော အမှုမျိုးကျူးလွန်ပါက ၎င်းတို့အား လမ်းမှန်သို့ ရောက်စေရန် ကုစားစောင့်ကြည့်သည့် စနစ်ကို အသုံးပြုသည်။ ငယ်သောအမှုပပျောက်စေဟူသော စကားမျိုးအတိုင်း ပြစ်မှုငယ် ပထမဆုံး ကျူးလွန်သူများကို ထောင်ကျခြင်းမှ ကင်းဝေးစေနိုင်မည့် အစီအစဉ်ဖြစ်သည်။ )

ဟေးဂျုန်ရှင်း (Hyejeong Shin) အမည်ရှိ မိန်းကလေးက စာရွက်စာတမ်းအတုများ အသုံးပြုမှုစွဲဆိုချက်အပေါ် အပြစ်မရှိကြောင်း လျှောက်လှဲတင်ပြခဲ့သည်။

သူ၏ ရှေ့နေက ပြောသည်မှာ သူသည်အထီးကျန်နေကာ အထက်တန်းကျောင်းသူဘဝ နေ့ရက်များကို လွမ်းဆွတ်လျက်ရှိသောကြောင့် ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ၊ ယခုအခါတွင်မူ အမှားတစ်ရပ်ကျူးလွန်မိသည်ကို သဘောပေါက်နေပြီ ဖြစ်ကြောင်း ပြောသည်။

ဟေးဂျုန်ရှင်းသည် စိတ်ကျန်းမာရေးစစ်ဆေးမှု ခံယူရမည်ဖြစ်ပြီး တရားရေးအစီအစဉ်ပြီးဆုံးပါက သူမအပေါ် စွဲဆိုထားမှုများကို ပယ်ဖျက်ပေးမည် ဖြစ်သည်။

သူ၏ ရှေ့နေကပြောသည်မှာ ဟေးဂျုန်ရှင်းသည် တောင်ကိုရီးယားနိုင်ငံသူဖြစ်ပြီး အသက် ၁၆ နှစ်အရွယ်တွင် အမေရိကန်ပြည်ထောင်စုသို့ လာရောက်ကာ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းတွင် ကျောင်းအိပ်ကျောင်းစား ကျောင်းတက်ခဲ့သည်ဟု ဆိုသည်။

ဟေးဂျုန်ရှင်းသည် ၂၀၁၉ ခုနှစ်တွင် နယူးဂျာစီမှ ပြည်နယ်တက္ကသိုလ်ဖြစ်သော Rutgers University မှ ကျောင်းပြီးခဲ့သည်။

သူ၏ ရှေ့နေက ပြောသည်မှာ မိမိ၏ အမှုသည်သည် ဇန်နဝါရီလအတွင်း New Brunswick အထက်တန်းကျောင်းတွင် ကျောင်းအပ်ခဲ့ရာ၌ မသမာသည့် ရည်ရွယ်ချက်များ မရှိခဲ့ကြောင်း ပြောသည်။

ဟေးဂျုန်ရှင်းသည် ဘေးကင်းလုံခြုံကာ နွေးထွေးသည့် ပတ်ဝန်းကျင်တစ်ခုသို့ ပြန်သွားရန် ကြိုးစားခဲ့ခြင်းသာ ဖြစ်ကြောင်း ရှေ့နေက ပြောသည်။

အာဏာပိုင်တို့က ပြောသည်မှာ ဟေးဂျုန်ရှင်းသည် ကျောင်းတွင် အခြားကျောင်းသားကျောင်းသူများကို လမ်းမေးခဲ့ရာ၌ ဖုန်းနံပါတ်များ ယူထားကာ အချို့ထံ မက်ဆေ့များ ပို့ခဲ့ကြောင်း ပြောသည်။

ယခုအခါ ဟေးဂျုန်ရှင်းကို ထိုဒေသရှိ စာသင်ကျောင်းများအတွင်း ခြေမချရန် တားမြစ်ထားပြီး ကျောင်းသူကျောင်းသားများကိုလည်း သူမနှင့် မဆက်သွယ်ရန် အကြံပြုထားသည်။

အဆိုပါ ဒေသတွင် ကျောင်းသူကျောင်းသား ၁၀၀၀၀ နီးပါးရှိသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: South Korean woman, 29, enrolled in US high school because she was lonely, lawyer says (scmp)

 

 

 

[Zawgyi]

အေမရိကန္တကၠသိုလ္တစ္ခုမွ ဘြဲ႔ရျပီးခဲ့ေသာ္လည္း စာရြက္စာတမ္းအတုမ်ားျဖင့္ အထက္တန္းေက်ာင္း ျပန္တက္ေသာ ေတာင္ကိုရီးယား မိန္းကေလး

အသက္ ၂၉ ႏွစ္အရြယ္ရွိ ေတာင္ကုိရီးယားမိန္းကေလးတစ္ဦးသည္ အေမရိကန္ျပည္ေထာင္စု ၊ နယူးဂ်ာစီျပည္နယ္ရွိ အထက္တန္းေက်ာင္းတစ္ခုတြင္ စာရြက္စာတမ္းအတုမ်ား သံုးစြဲကာ ေက်ာင္းဝင္ခြင့္ေလွ်ာက္ထားခဲ့ျပီး ၄ ရက္ခန္႔ ေက်ာင္းတက္ခဲ့သည္။

ထိုမိန္းကေလးမွာ စာရြက္စာတမ္းအတုမ်ားျဖင့္ ေက်ာင္းတက္ျခင္းျဖစ္ေၾကာင္း ေပၚေပါက္လာျပီးေနာက္ ျပည္နယ္တရားသူၾကီးတစ္ဦးက ၎အား Pretrial intervention စာရင္းတြင္ ထည့္သြင္းထားရွိရန္ ဆံုးျဖတ္ခဲ့သည္။

(မွတ္ခ်က္။ Pretrial intervention ဟူသည္မွာ အေမရိကန္ျပည္၏ ျပည္နယ္အမ်ားစုတြင္ အသံုးျပဳသည့္ တရားေရးအစီအစဥ္တစ္ခုျဖစ္သည္။ ယခင္က ျပစ္မႈမက်ဴးလြန္ခဲ့ဖူးသူမ်ား ၾကီးမားသည့္ ရာဇဝတ္မႈမ်ဳိးမဟုတ္ေသာ အမႈမ်ဳိးက်ဴးလြန္ပါက ၎တို႔အား လမ္းမွန္သို႔ ေရာက္ေစရန္ ကုစားေစာင့္ၾကည့္သည့္ စနစ္ကို အသံုးျပဳသည္။ ငယ္ေသာအမႈပေပ်ာက္ေစဟူေသာ စကားမ်ဳိးအတိုင္း ျပစ္မႈငယ္ ပထမဆံုး က်ဴးလြန္သူမ်ားကို ေထာင္က်ျခင္းမွ ကင္းေဝးေစႏိုင္မည့္ အစီအစဥ္ျဖစ္သည္။ )

ေဟးဂ်ဳန္ရွင္း (Hyejeong Shin) အမည္ရွိ မိန္းကေလးက စာရြက္စာတမ္းအတုမ်ား အသံုးျပဳမႈစြဲဆိုခ်က္အေပၚ အျပစ္မရွိေၾကာင္း ေလွ်ာက္လွဲတင္ျပခဲ့သည္။

သူ၏ ေရွ႕ေနက ေျပာသည္မွာ သူသည္အထီးက်န္ေနကာ အထက္တန္းေက်ာင္းသူဘဝ ေန႔ရက္မ်ားကို လြမ္းဆြတ္လ်က္ရွိေသာေၾကာင့္ ယခုက့ဲသုိ႔ လုပ္ေဆာင္ရျခင္းျဖစ္ေၾကာင္း ၊ ယခုအခါတြင္မူ အမွားတစ္ရပ္က်ဴးလြန္မိသည္ကို သေဘာေပါက္ေနျပီ ျဖစ္ေၾကာင္း ေျပာသည္။

ေဟးဂ်ဳန္ရွင္းသည္ စိတ္က်န္းမာေရးစစ္ေဆးမႈ ခံယူရမည္ျဖစ္ျပီး တရားေရးအစီအစဥ္ျပီးဆံုးပါက သူမအေပၚ စြဲဆိုထားမႈမ်ားကို ပယ္ဖ်က္ေပးမည္ ျဖစ္သည္။

သူ၏ ေရွ႕ေနကေျပာသည္မွာ ေဟးဂ်ဳန္ရွင္းသည္ ေတာင္ကုိရီးယားႏုိင္ငံသူျဖစ္ျပီး အသက္ ၁၆ ႏွစ္အရြယ္တြင္ အေမရိကန္ျပည္ေထာင္စုသို႔ လာေရာက္ကာ ကိုယ္ပိုင္ေက်ာင္းတစ္ေက်ာင္းတြင္ ေက်ာင္းအိပ္ေက်ာင္းစား ေက်ာင္းတက္ခဲ့သည္ဟု ဆိုသည္။

ေဟးဂ်ဳန္ရွင္းသည္ ၂၀၁၉ ခုႏွစ္တြင္ နယူးဂ်ာစီမွ ျပည္နယ္တကၠသိုလ္ျဖစ္ေသာ Rutgers University မွ ေက်ာင္းျပီးခဲ့သည္။

သူ၏ ေရွ႕ေနက ေျပာသည္မွာ မိမိ၏ အမႈသည္သည္ ဇန္နဝါရီလအတြင္း New Brunswick အထက္တန္းေက်ာင္းတြင္ ေက်ာင္းအပ္ခဲ့ရာ၌ မသမာသည့္ ရည္ရြယ္ခ်က္မ်ား မရွိခဲ့ေၾကာင္း ေျပာသည္။

ေဟးဂ်ဳန္ရွင္းသည္ ေဘးကင္းလံုျခံဳကာ ေႏြးေထြးသည့္ ပတ္ဝန္းက်င္တစ္ခုသို႔ ျပန္သြားရန္ ၾကိဳးစားခဲ့ျခင္းသာ ျဖစ္ေၾကာင္း ေရွ႕ေနက ေျပာသည္။

အာဏာပိုင္တုိ႔က ေျပာသည္မွာ ေဟးဂ်ဳန္ရွင္းသည္ ေက်ာင္းတြင္ အျခားေက်ာင္းသားေက်ာင္းသူမ်ားကို လမ္းေမးခဲ့ရာ၌ ဖုန္းနံပါတ္မ်ား ယူထားကာ အခ်ဳိ႕ထံ မက္ေဆ့မ်ား ပို႔ခဲ့ေၾကာင္း ေျပာသည္။

ယခုအခါ ေဟးဂ်ဳန္ရွင္းကို ထိုေဒသရွိ စာသင္ေက်ာင္းမ်ားအတြင္း ေျခမခ်ရန္ တားျမစ္ထားျပီး ေက်ာင္းသူေက်ာင္းသားမ်ားကိုလည္း သူမႏွင့္ မဆက္သြယ္ရန္ အၾကံျပဳထားသည္။

အဆိုပါ ေဒသတြင္ ေက်ာင္းသူေက်ာင္းသား ၁၀၀၀၀ နီးပါးရွိသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: South Korean woman, 29, enrolled in US high school because she was lonely, lawyer says (scmp)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service