ကမ္ဘာ့အကောင်းဆုံး ဘေ့စ်ဂစ်တာသမား Billy Sheehan လော့စ်အိန်ဂျလိမြို့ကနေ ဘာကြောင့် မပြောင်းချင်ဘဲ ပြောင်းခဲ့ရတာလဲ
ကမ္ဘာ့အကောင်းဆုံး ဘေ့စ်ဂစ်တာသမား Billy Sheehan လော့စ်အိန်ဂျလိမြို့ကနေ ဘာကြောင့် မပြောင်းချင်ဘဲ ပြောင်းခဲ့ရတာလဲ - Property News in Myanmar from iMyanmarHouse.com
22 May 2023 10:03 am တွင် တင်ခဲ့သည်
825 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
Billy Sheehan ၏ အမည်ရင်းမှာ William Sheehan ဖြစ်ပြီး အမေရိကန်ဘေ့စ်ဂစ်တာသမားတစ်ဦး ဖြစ်သည်။
Steve Vai ၊ David Lee Roth ၊ Mr.Big တို့နှင့်တွဲဖက်တီးခတ်ခဲ့ပြီး ဘေ့စ်ဂစ်တာကို လိစ့်ဂစ်တာသဖွယ်တီးခတ်နိုင်ခြင်း Tapping များ တီးခတ်ခြင်း ၊ လက်သုံးချောင်းဖြင့် တီးခတ်သည့် နည်းစနစ်ကို အသုံးပြုခြင်းများဖြင့် နာမည်ကျော်သည်။
Guitar Player မဂ္ဂဇင်းတွင် စာဖတ်သူတို့၏ မဲပေးရွေးချယ်မှုအရ Billy Sheehan သည် အကောင်းဆုံး ရော့ခ်ဂီတ ဘေ့စ်ဂစ်တာသမားအဖြစ် ၅ ကြိမ်တိုင် ရွေးချယ်ခံရသည်။
Billy Sheehan သည် Mr.Big ၏ ဘေ့စ်ဂစ်တာသမားအဖြစ် အဓိက ရပ်တည်သည်။
ကနေဒါဘေ့စ်ဂစ်တာသမား Todd Kerns စီစဉ်တင်ဆက်သော video podcast တစ်ခုတွင် Billy Sheehan က လော့စ်အိန်ဂျလိမှ ပြောင်းရွှေ့ခဲ့ရခြင်း အကြောင်းအရင်းကို ပြောပြသွားသည်။
Billy Sheehan သည် လော့စ်အိန်ဂျလိမြို့တွင် ဆယ်စုနှစ် ၃ ခုကျော်ကြာ နေထိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် နက်ရှ်ဗီး (Nashville) မြို့သို့ ပြောင်းရွှေ့နေထိုင်ရန် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်သည်။
နက်ရှ်ဗီးသည် ကန်းထရီးဂီတ၏ အချက်အချာအဖြစ် နိုင်ငံတကာတွင် နာမည်ကျော်သည်။
Billy Sheehan က ပြောသည်မှာ “ကျွန်တော်က ကန်းထရီးဘဲ မဟုတ်ဘူးဗျ။ အဲဒါကြောင့် Old-school ကန်းထရီးအကြောင်း သိပ်မသိဘူး။ ကျွန်တော် ကန်းထရီးကို ကြိုက်တာက Johnny Cash ၊ Ernest Tubb နဲ့ Conway Twitty တို့လိုဘဲတွေကြောင့် ကြိုက်တာ။ကျွန်တော် စနားထောင်တဲ့အချိန်မှာ သူတို့က ကန်းထရီးကို ရော့ခ်နဲ့ရောပြီး ခနခနတီးကြတယ်။ ဒါပေမဲ့ အခုတော့ နက်ရှ်ဗီးမှာ ရော့ခ်ဘဲတွေလည်း အများကြီး ရှိနေပြီ”ဟု ပြောသည်။
“Cheap Trick က Tom Petersson လည်း ဒီမှာနေတယ်။ Korn က Ray Luzier လည်း ဒီမှာပဲ။ သူက ကျွန်တော့် ဘော်ဒါကောင်းတစ်ယောက်ပေါ့။ အလုပ်တွေ အများကြီး တွဲလုပ်ဖူးတယ်။ ပြီးတော့ တခြားရော့ခ်သမားတွေလည်း အများကြီးပါ။ အဲဒီတော့ အရမ်းမိုက်တယ်။”
“ဒါပေမဲ့ ကျွန်တော် LA ကိုလွမ်းတယ်ဗျ။ ဒါပေမဲ့ အဲဒီမှာက ရာဇဝတ်မှုတွေ ၊ အိမ်ယာမဲ့တွေနဲ့ စိတ်မကောင်းစရာပဲ။ ကျွန်တော် အဲဒီမှာ ၃၂ နှစ်နေခဲ့တယ်။ နှစ်တိုင်းပြည်နယ်ကို ဝင်ငွေခွန် ၁၄ ရာခိုင်နှုန်း ပေးခဲ့ရတယ်။ အခု ဒီမှာ (တင်နက်ဆီ) မှာတော့ တစ်ပြားမှ ပေးစရာမလိုပါဘူး”ဟု ပြောသည်။
Billy Sheehan သည် Van Halen မှ အဆိုတော် David Lee Roth ၊ ကမ္ဘာ့အကောင်းဆုံး ဂစ်တာသမားများတွင် တစ်ဦးအပါအဝင်ဖြစ်သူ Steve Vai တို့နှင့် လက်တွဲ လုပ်ကိုင်ခဲ့ဖူးပြီး ၁၉၈၇ ခုနှစ်တွင် သူ၏ ကိုယ်ပိုင်အဖွဲ့ဖြစ်သော MR.BIG ကို တည်ထောင်ခဲ့သည်။
(မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုများ )
မြန်မာနိုင်ငံတွင် Mr.Big ၏ သီချင်းများကို လူသိများသည်။
Wild world -အငဲ - ဝေးပြီဘေဘီ
Nothing but love -မျိုးကြီး- မသိခြင်းအချစ်
Alive and Kickin’- မျိုးကြီး - နောက်ထပ်ဆုံးရှုံးမှာ ကြောက်တယ်။
Lucky This Time-မျိုးကြီး- မျက်ဝန်းသစ်
Goin’ Where the Wind Blows- မျိုးကြီး - မှားယွင်းပြီ။
Green –Tinted Sixties Mind -မျိုးကြီး- အရိုးဆုံး အချစ်ဇာတ်လမ်း။
If That’s What It Takes -မျိုးကြီး -လွမ်းတဲ့စိတ်။
Seven Impossible Days - မျိုးကြီး- ညနေ။
(မှတ်ချက်။ အခြားသီချင်းပေါင်းများစွာ ပြန်လည်သီဆိုထားမှု ရှိပါသေးသည်။)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: BILLY SHEEHAN: Why I Moved From Los Angeles To Nashville (blabbermouth)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service