ဂျက်ကီချန်း တောင်းပန်သည့်ကြားမှ ရုပ်ရှင်ရိုက်ကွင်းမှ အိမ်ပြန်သွားခဲ့ကာ ဂျက်ကီချန်းနှင့် ၂၂ နှစ်ကြာ စကားမပြောခဲ့သော မင်းသမီး ၊ ဟောင်ကောင်၏ အော်ဒရေ ဟက်ဘန်းဟု တင်စားခံရသည်အထိ အောင်မြင်ခဲ့သူ Anita Yuen အိမ်မဝယ်ဘဲ ဘာကြောင့် အိမ်ငှားနေသလဲ

ဂျက်ကီချန်း တောင်းပန်သည့်ကြားမှ ရုပ်ရှင်ရိုက်ကွင်းမှ အိမ်ပြန်သွားခဲ့ကာ ဂျက်ကီချန်းနှင့် ၂၂ နှစ်ကြာ စကားမပြောခဲ့သော မင်းသမီး ၊ ဟောင်ကောင်၏ အော်ဒရေ ဟက်ဘန်းဟု တင်စားခံရသည်အထိ အောင်မြင်ခဲ့သူ Anita Yuen အိမ်မဝယ်ဘဲ ဘာကြောင့် အိမ်ငှားနေသလဲ - Property News in Myanmar from iMyanmarHouse.com
19 May 2023 11:27 am တွင် တင်ခဲ့သည်
2464 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Anita Yuen (မွေး-၁၉၇၁) ၏ အမည်အပြည့်အစုံမှာ Anita Yuen Wing Yee ဖြစ်ပြီး ဟောင်ကောင် ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

ရုပ်ရှင်ဇာတ်ကားများစွာ ပါဝင်သရုပ်ဆောင်ခဲ့သည့်အနက် ၁၉၉၃ ခုနှစ်က ရုံတင်ခဲ့သော Last Hero in China ၊ Legend of the Liquid Sword ၊ C’est La Vie Mon Cheri ၊ ၁၉၉၅ ခုနှစ်တွင် ရုံတင်ခဲ့သော Thunderbolt ၊ The Golden Girls ၊ ၁၉၉၇ ခုနှစ်တွင် ရုံတင်ခဲ့သော A Chinese Ghost Story ၊ ၂၀၁၃ ခုနှစ်တွင် ရုံတင်ခဲ့သော IP Man: The Final Fight တို့မှာ ထင်ရှားသည်။

 

(C’est La Vie Mon Cheri ဇာတ်ကားတွင် Anita Yuen သရုပ်ဆောင်ခဲ့ပုံ)

Anita Yuen သည် အသက် ၁၈ နှစ်အရွယ်တွင် Miss Hong Kong ပြိုင်ပွဲတွင် အနိုင်ရခဲ့သည်။ Miss Hong Kong ပြိုင်ပွဲတွင် ဆုရပြီးနောက် TVB ရုပ်သံလိုင်းက စာချုပ်ချုပ်ဆိုမှုများ ရရှိလာခဲ့သည်။ သို့သော် Anita Yuen ကမူ Miss Hong Kong ဆုရခြင်းနှင့် ပတ်သက်ပြီး ဘဝင်မကျ။ “ကျွန်မ ကိုယ့်ကိုယ်ကို လှတယ်လို့ တစ်ခါမှ မထင်ခဲ့ဖူးဘူး”ဟု Anita Yuen က ပြောဖူးသည်။

Anita Yuen သည် ၁၉၉၂ ခုနှစ်တွင် ရုံတင်ခဲ့သော The Days of Being Dumb ဟူသော ရုပ်ရှင်တွင် မထင်မရှား အခန်းငယ်တစ်ခုမှ ပါဝင်ကာ ရုပ်ရှင်လောကသို့ စတင်ခြေချခဲ့သည်။

အဆိုပါဇာတ်ကားကို ရုပ်ရှင်ထုတ်လုပ်သူ ပီတာချန်း ဟိုဆန်း (Peter Chan Ho-sun) က ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

ပီတာချန်းသည် နောင်အခါတွင် Anita Yuen ကို အောင်မြင်မှုဆီသို့ ဆောင်ကြဉ်းပေးမည့် ထုတ်လုပ်သူ ဖြစ်လာခဲ့သည်။

 

 

(၁၉၉၀ ပြည့်နှစ်တွင် Miss Hong Kong ဆုရခဲ့သော Anita Yuen-အလယ်။ ဓာတ်ပုံ-SCMP)

 

(၁၉၉၄ ခုနှစ်က ကျင်းပခဲ့သော ၁၃ ကြိမ်မြောက် ဟောင်ကောင်ရုပ်ရှင်ဆုပေးပွဲတွင် အကောင်းဆုံး ဇာတ်ဆောင်မင်းသမီးဆု ရရှိခဲ့ပုံ။ ဓာတ်ပုံ-SCMP)

 

(၁၉၉၅ ခုနှစ်က ကျင်းပခဲ့သော ၁၄ ကြိမ်မြောက် ဟောင်ကောင်ရုပ်ရှင်ဆုပေးပွဲတွင် အကောင်းဆုံး ဇာတ်ဆောင်မင်းသမီးဆု ရရှိခဲ့ပုံ။ ယာဘက်တွင် တွေ့ရသည်မှာ အကောင်းဆုံး ဇာတ်ဆောင်မင်းသားဆု ရခဲ့သော တိုနီ လျန်ချောင်းဝေဖြစ်သည်။ ဓာတ်ပုံ-SCMP)

 

(၁၉၉၆ ခုနှစ်က ပြသခဲ့သော Who’s the woman, who’s the man ရုပ်ရှင်တွင် Anita Yuen သရုပ်ဆောင်ခဲ့ပုံ။)

 

 

 

(ဂျက်ကီချန်း တောင်းပန်သည့်ကြားမှ ရိုက်ကွင်းမှ ပြန်သွားခြင်း))

Anita Yuen အောင်မြင်မှု အထွတ်အထိပ်သို့ ရောက်ချိန်ကာလများအတွင်း လက်တွဲအလုပ်လုပ်ရန် ခက်ခဲသူဟု နာမည်ကြီးခဲ့သည်။

၁၉၉၅ ခုနှစ်က ရုံတင်ပြသခဲ့သော ဂျက်ကီချန်းပါဝင်သည့် Thunderbolt ရုပ်ရှင်ကား ရိုက်ကူးနေစဉ် Anita Yuen သည် ရိုက်ကွင်းမှ ပြန်သွားခဲ့သည်ဟု ဆိုသည်။

ရိုက်ကူးရန် ကျန်ရှိသေးသည့်အတွက် တစ်ရက်ခန့် ဆက်လက်နေထိုင်ပါရန် ဂျက်ကီချန်းတောင်းပန်သည့် ကြားမှ ပြန်သွားခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ နှစ်ဦး ၂၂ နှစ်တိုင် စကားမပြောကြတော့ဘဲ ၂၂ နှစ်ကြာမြင့်ပြီးနောက်မှ ညစာစားပွဲတစ်ခုတွင် ဆုံစည်းကာ ပြန်လည်စကားပြောကြသည်ဟု ဆိုသည်။

Anita Yuen အား အောင်မြင်မှုသို့ ဆောင်ကြဉ်းပေးခဲ့သူ ထုတ်လုပ်သူ ပီတာချန်းကိုယ်တိုင်ကလည်း Anita Yuen သည် ပေါင်းသင်းဆက်ဆံရန် ခက်ခဲသည်ဟု ပြောဖူးသည်။

Tom, Dick and Hairy ရုပ်ရှင်ကား ရိုက်ကူးစဉ် Anita Yuen က ဘရာစီယာဝတ်ရန် ငြင်းဆိုခဲ့သည်ဟု ဆိုသည်။

 

 

(Anita Yuen နှင့် ရုပ်ရှင်ထုတ်လုပ်သူ ပီတာချန်းတို့ကို ၂၀၀၆ ခုနှစ်အတွင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရပုံ။ ဓာတ်ပုံ-SCMP)

 

 

((Julian Cheung နှင့် Anita Yuen တို့ စုံတွဲ ငှားရမ်းနေထိုင်သော လူနေခန်း။ သူတို့ အိမ်မဝယ်ဘဲ ဘာကြောင့် အိမ်ငှားနေသလဲ))

ဟောင်ကောင်တွင် နာမည်ကြီးကြယ်ပွင့်များ ကိုယ်ပိုင်စံအိမ်များဖြင့် နေထိုင်ကြသည်ကို ကျွန်ုပ်တို့ တွေ့ဖူးကြသည်။

၎င်းတို့၏ စံအိမ်အများစုမှာ အလွန်တရာ ဈေးကြီးကြသည်။ ဟောင်ကောင်ကိုယ်တိုင်သည်ပင်လျှင် ကမ္ဘာပေါ်တွင် အိမ်ခြံမြေဈေးနှုန်း ခေါင်အခိုက်ဆုံး နံပါတ် ၁ နေရာအဖြစ် ရပ်တည်နေသည်မဟုတ်ပါလော။

သို့စေကာမူ အကျော်အမော်စုံတွဲဖြစ်သော Julian Cheung နှင့် Anita Yuen တို့မှာမူ တမျိုးတဖုံ ကွဲပြားသည်။

Anita Yuen တို့စုံတွဲက ဟောင်ကောင်၏ နာမည်ကျော် Repulse Bay တွင် တည်ရှိပြီး သာယာလှပသော ပင်လယ်ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည့် ၎င်းတို့၏ လူနေခန်းကို ပရိသတ်များအား ချပြခဲ့သည်။

Anita Yuen တို့စုံတွဲနှင့် ၎င်းတို့၏ အသက် ၁၅ နှစ်အရွယ်သားဖြစ်သူ မော်တန်တို့ မနက်တိုင်း မြင်ခွင့်ရသည့် ရှုမျှော်ခင်းကား ပရိသတ်များ အားကျဖွယ်ပင်။

 

Repulse Bay မှ မန်ဟက်တန် တာဝါတွင် တည်ရှိပြီး အခန်းအကျယ်မှာ စတုရန်းပေ ၂၀၀၀ ကျယ်ဝန်းသည်။

မန်ဟက်တန် တာဝါသည် လှပသည့်ပင်လယ်ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည့် အဆောက်အအုံကြီးအဖြစ် နာမည်ကျော်သည့်နေရာလည်း ဖြစ်သည်။

အဆိုပါအဆောက်အအုံတွင် အခန်းများ၏ အရောင်းအဝယ်ဈေးမှာ ပျှမ်းမျှအားဖြင့် ဟောင်ကောင်ဒေါ်လာ သန်း ၁၆၀ (စင်္ကာပူဒေါ်လာ ၂၈ သန်း) ခန့် ရှိသည်။

အငှားဈေးမှာ တစ်လလျှင် ဟောင်ကောင်ဒေါ်လာ ၁၄၀၀၀၀ (စင်္ကာပူဒေါ်လာ ၂၄၅၀၀) ဝန်းကျင်ရှိသည်။

Anita Yuen တို့စုံတွဲမှာ ထိုအခန်း၏ ပိုင်ရှင်များ မဟုတ်ကြ။

 

မကြာသေးမီနှစ်များအတွင်း ၎င်းတို့စုံတွဲသည် တရုတ် ရုပ်သံအစီအစဉ်များစွာတွင် မကြာခဏ ပါဝင်ခဲ့မှုများ ကြောင့် ၎င်းတို့မှာ အလွန်ကြွယ်ဝနေပြီဖြစ်သည့်တိုင် Anita Yuen တို့သည် အိမ်ဝယ်ခြင်းထက် အိမ်ငှားနေ ရခြင်းကိုသာ ပိုမိုနှစ်သက်ကြသည်။

Anita Yuen တို့စုံတွဲသည် နှစ်စဉ် အခန်းတစ်ခန်းမှ အခြားတစ်နေရာသို့ ပြောင်းရွှေ့နေထိုင်ကြလေ့ရှိကြသည်။

 

(Anita Yuen တို့စုံတွဲ၏ မီးဖိုဆောင်)

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: She crossed Jackie Chan and vexed Peter Chan: how Anita Yuen, the Audrey Hepburn of Hong Kong cinema, made her mark playing forthright women (scmp , 8days)

 

 

 

[Zawgyi]

ဂ်က္ကီခ်န္း ေတာင္းပန္သည့္ၾကားမွ ရုပ္ရွင္ရိုက္ကြင္းမွ အိမ္ျပန္သြားခဲ့ကာ ဂ်က္ကီခ်န္းႏွင့္ ၂၂ ႏွစ္ၾကာ စကားမေျပာခဲ့ေသာ မင္းသမီး ၊ ေဟာင္ေကာင္၏ ေအာ္ဒေရ ဟက္ဘန္းဟု တင္စားခံရသည္အထိ ေအာင္ျမင္ခဲ့သူ Anita Yuen အိမ္မဝယ္ဘဲ ဘာေၾကာင့္ အိမ္ငွားေနသလဲ

 

Anita Yuen (ေမြး-၁၉၇၁) ၏ အမည္အျပည့္အစံုမွာ Anita Yuen Wing Yee ျဖစ္ျပီး ေဟာင္ေကာင္ ရုပ္ရွင္ႏွင့္ ရုပ္သံဇာတ္လမ္းမ်ားစြာတြင္ ပါဝင္သရုပ္ေဆာင္ခဲ့သည္။

ရုပ္ရွင္ဇာတ္ကားမ်ားစြာ ပါဝင္သရုပ္ေဆာင္ခဲ့သည့္အနက္ ၁၉၉၃ ခုႏွစ္က ရံုတင္ခဲ့ေသာ Last Hero in China ၊ Legend of the Liquid Sword ၊ C’est La Vie Mon Cheri ၊ ၁၉၉၅ ခုႏွစ္တြင္ ရံုတင္ခဲ့ေသာ Thunderbolt ၊ The Golden Girls ၊ ၁၉၉၇ ခုႏွစ္တြင္ ရံုတင္ခဲ့ေသာ A Chinese Ghost Story ၊ ၂၀၁၃ ခုႏွစ္တြင္ ရံုတင္ခဲ့ေသာ IP Man: The Final Fight တို႔မွာ ထင္ရွားသည္။

(C’est La Vie Mon Cheri ဇာတ္ကားတြင္ Anita Yuen သရုပ္ေဆာင္ခဲ့ပံု)

Anita Yuen သည္ အသက္ ၁၈ ႏွစ္အရြယ္တြင္ Miss Hong Kong ျပိဳင္ပြဲတြင္ အႏိုင္ရခဲ့သည္။ Miss Hong Kong ျပိဳင္ပြဲတြင္ ဆုရျပီးေနာက္ TVB ရုပ္သံလိုင္းက စာခ်ဳပ္ခ်ဳပ္ဆိုမႈမ်ား ရရွိလာခဲ့သည္။ သို႔ေသာ္ Anita Yuen ကမူ Miss Hong Kong ဆုရျခင္းႏွင့္ ပတ္သက္ျပီး ဘဝင္မက်။ “ကၽြန္မ ကိုယ့္ကိုယ္ကို လွတယ္လို႔ တစ္ခါမွ မထင္ခဲ့ဖူးဘူး”ဟု Anita Yuen က ေျပာဖူးသည္။

Anita Yuen သည္ ၁၉၉၂ ခုႏွစ္တြင္ ရံုတင္ခဲ့ေသာ The Days of Being Dumb ဟူေသာ ရုပ္ရွင္တြင္ မထင္မရွား အခန္းငယ္တစ္ခုမွ ပါဝင္ကာ ရုပ္ရွင္ေလာကသို႔ စတင္ေျခခ်ခဲ့သည္။

အဆိုပါဇာတ္ကားကို ရုပ္ရွင္ထုတ္လုပ္သူ ပီတာခ်န္း ဟုိဆန္း (Peter Chan Ho-sun) က ထုတ္လုပ္ခဲ့ျခင္း ျဖစ္သည္။

ပီတာခ်န္းသည္ ေနာင္အခါတြင္ Anita Yuen ကို ေအာင္ျမင္မႈဆီသို႔ ေဆာင္ၾကဥ္းေပးမည့္ ထုတ္လုပ္သူ ျဖစ္လာခဲ့သည္။

(၁၉၉၀ ျပည့္ႏွစ္တြင္ Miss Hong Kong ဆုရခဲ့ေသာ Anita Yuen-အလယ္။ ဓာတ္ပံု-SCMP)

(၁၉၉၄ ခုႏွစ္က က်င္းပခဲ့ေသာ ၁၃ ၾကိမ္ေျမာက္ ေဟာင္ေကာင္ရုပ္ရွင္ဆုေပးပြဲတြင္ အေကာင္းဆံုး ဇာတ္ေဆာင္မင္းသမီးဆု ရရွိခဲ့ပံု။ ဓာတ္ပံု-SCMP)

(၁၉၉၅ ခုႏွစ္က က်င္းပခဲ့ေသာ ၁၄ ၾကိမ္ေျမာက္ ေဟာင္ေကာင္ရုပ္ရွင္ဆုေပးပြဲတြင္ အေကာင္းဆံုး ဇာတ္ေဆာင္မင္းသမီးဆု ရရွိခဲ့ပံု။ ယာဘက္တြင္ ေတြ႔ရသည္မွာ အေကာင္းဆံုး ဇာတ္ေဆာင္မင္းသားဆု ရခဲ့ေသာ တိုနီ လ်န္ေခ်ာင္းေဝျဖစ္သည္။ ဓာတ္ပံု-SCMP)

(၁၉၉၆ ခုႏွစ္က ျပသခဲ့ေသာ Who’s the woman, who’s the man ရုပ္ရွင္တြင္ Anita Yuen သရုပ္ေဆာင္ခဲ့ပံု။)

(ဂ်က္ကီခ်န္း ေတာင္းပန္သည့္ၾကားမွ ရိုက္ကြင္းမွ ျပန္သြားျခင္း))

Anita Yuen ေအာင္ျမင္မႈ အထြတ္အထိပ္သို႔ ေရာက္ခ်ိန္ကာလမ်ားအတြင္း လက္တြဲအလုပ္လုပ္ရန္ ခက္ခဲသူဟု နာမည္ၾကီးခဲ့သည္။

၁၉၉၅ ခုႏွစ္က ရံုတင္ျပသခဲ့ေသာ ဂ်က္ကီခ်န္းပါဝင္သည့္ Thunderbolt ရုပ္ရွင္ကား ရိုက္ကူးေနစဥ္ Anita Yuen သည္ ရိုက္ကြင္းမွ ျပန္သြားခဲ့သည္ဟု ဆိုသည္။

ရိုက္ကူးရန္ က်န္ရွိေသးသည့္အတြက္ တစ္ရက္ခန္႔ ဆက္လက္ေနထိုင္ပါရန္ ဂ်က္ကီခ်န္းေတာင္းပန္သည့္ ၾကားမွ ျပန္သြားခဲ့ျခင္း ျဖစ္သည္။

၎တို႔ ႏွစ္ဦး ၂၂ ႏွစ္တိုင္ စကားမေျပာၾကေတာ့ဘဲ ၂၂ ႏွစ္ၾကာျမင့္ျပီးေနာက္မွ ညစာစားပြဲတစ္ခုတြင္ ဆံုစည္းကာ ျပန္လည္စကားေျပာၾကသည္ဟု ဆိုသည္။

Anita Yuen အား ေအာင္ျမင္မႈသို႔ ေဆာင္ၾကဥ္းေပးခဲ့သူ ထုတ္လုပ္သူ ပီတာခ်န္းကိုယ္တိုင္ကလည္း Anita Yuen သည္ ေပါင္းသင္းဆက္ဆံရန္ ခက္ခဲသည္ဟု ေျပာဖူးသည္။

Tom, Dick and Hairy ရုပ္ရွင္ကား ရိုက္ကူးစဥ္ Anita Yuen က ဘရာစီယာဝတ္ရန္ ျငင္းဆိုခဲ့သည္ဟု ဆိုသည္။

(Anita Yuen ႏွင့္ ရုပ္ရွင္ထုတ္လုပ္သူ ပီတာခ်န္းတို႔ကို ၂၀၀၆ ခုႏွစ္အတြင္း သတင္းစာရွင္းလင္းပြဲတစ္ခုတြင္ ေတြ႔ရပံု။ ဓာတ္ပံု-SCMP)

((Julian Cheung ႏွင့္ Anita Yuen တို႔ စံုတြဲ ငွားရမ္းေနထိုင္ေသာ လူေနခန္း။ သူတုိ႔ အိမ္မဝယ္ဘဲ ဘာေၾကာင့္ အိမ္ငွားေနသလဲ))

ေဟာင္ေကာင္တြင္ နာမည္ၾကီးၾကယ္ပြင့္မ်ား ကိုယ္ပိုင္စံအိမ္မ်ားျဖင့္ ေနထိုင္ၾကသည္ကို ကၽြႏု္ပ္တို႔ ေတြ႔ဖူးၾကသည္။

၎တို႔၏ စံအိမ္အမ်ားစုမွာ အလြန္တရာ ေစ်းၾကီးၾကသည္။ ေဟာင္ေကာင္ကိုယ္တိုင္သည္ပင္လွ်င္ ကမၻာေပၚတြင္ အိမ္ျခံေျမေစ်းႏႈန္း ေခါင္အခိုက္ဆံုး နံပါတ္ ၁ ေနရာအျဖစ္ ရပ္တည္ေနသည္မဟုတ္ပါေလာ။

သို႔ေစကာမူ အေက်ာ္အေမာ္စံုတြဲျဖစ္ေသာ Julian Cheung ႏွင့္ Anita Yuen တို႔မွာမူ တမ်ဳိးတဖံု ကြဲျပားသည္။

Anita Yuen တို႔စံုတြဲက ေဟာင္ေကာင္၏ နာမည္ေက်ာ္ Repulse Bay တြင္ တည္ရွိျပီး သာယာလွပေသာ ပင္လယ္ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားသည့္ ၎တို႔၏ လူေနခန္းကို ပရိသတ္မ်ားအား ခ်ျပခဲ့သည္။

Anita Yuen တို႔စံုတြဲႏွင့္ ၎တို႔၏ အသက္ ၁၅ ႏွစ္အရြယ္သားျဖစ္သူ ေမာ္တန္တို႔ မနက္တိုင္း ျမင္ခြင့္ရသည့္ ရႈေမွ်ာ္ခင္းကား ပရိသတ္မ်ား အားက်ဖြယ္ပင္။

Repulse Bay မွ မန္ဟက္တန္ တာဝါတြင္ တည္ရွိျပီး အခန္းအက်ယ္မွာ စတုရန္းေပ ၂၀၀၀ က်ယ္ဝန္းသည္။

မန္ဟက္တန္ တာဝါသည္ လွပသည့္ပင္လယ္ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားသည့္ အေဆာက္အအံုၾကီးအျဖစ္ နာမည္ေက်ာ္သည့္ေနရာလည္း ျဖစ္သည္။

အဆိုပါအေဆာက္အအံုတြင္ အခန္းမ်ား၏ အေရာင္းအဝယ္ေစ်းမွာ ပွ်မ္းမွ်အားျဖင့္ ေဟာင္ေကာင္ေဒၚလာ သန္း ၁၆၀ (စကၤာပူေဒၚလာ ၂၈ သန္း) ခန္႔ ရွိသည္။

အငွားေစ်းမွာ တစ္လလွ်င္ ေဟာင္ေကာင္ေဒၚလာ ၁၄၀၀၀၀ (စကၤာပူေဒၚလာ ၂၄၅၀၀) ဝန္းက်င္ရွိသည္။

Anita Yuen တို႔စံုတြဲမွာ ထိုအခန္း၏ ပိုင္ရွင္မ်ား မဟုတ္ၾက။

မၾကာေသးမီႏွစ္မ်ားအတြင္း ၎တုိ႔စံုတြဲသည္ တရုတ္ ရုပ္သံအစီအစဥ္မ်ားစြာတြင္ မၾကာခဏ ပါဝင္ခဲ့မႈမ်ား ေၾကာင့္ ၎တုိ႔မွာ အလြန္ၾကြယ္ဝေနျပီျဖစ္သည့္တိုင္ Anita Yuen တို႔သည္ အိမ္ဝယ္ျခင္းထက္ အိမ္ငွားေန ရျခင္းကိုသာ ပိုမိုႏွစ္သက္ၾကသည္။

Anita Yuen တို႔စံုတြဲသည္ ႏွစ္စဥ္ အခန္းတစ္ခန္းမွ အျခားတစ္ေနရာသို႔ ေျပာင္းေရႊ႕ေနထိုင္ၾကေလ့ရွိၾကသည္။

(Anita Yuen တို႔စံုတြဲ၏ မီးဖိုေဆာင္)

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: She crossed Jackie Chan and vexed Peter Chan: how Anita Yuen, the Audrey Hepburn of Hong Kong cinema, made her mark playing forthright women (scmp , 8days)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်တွင် ပေါင် ၁၇၅ သန်းတန်ကြေးအထိ ဈေးခေါ်ထားသော ဈေးအကြီးဆုံး လူနေခန်း
ဗြိတိန်တွင် ပေါင် ၁၇၅ သန်းတန်ကြေးအထိ ဈေးခေါ်ထားသော ဈေးအကြီးဆုံး လူနေခန်း
ဆန်ဖရန်စစ္စကိုမှ ဘီလျံနာသူဌေးတစ်ဦးက သူ၏ စံအိမ်အနီး ပင်လယ်ကမ်းခြေသို့ ပြည်သူများ လာရောက်နေကြသည်ကို မလိုလားသော်လည်း တရားသူကြီးက ခွင့်မပြု...
ဆန်ဖရန်စစ္စကိုမှ ဘီလျံနာသူဌေးတစ်ဦးက သူ၏ စံအိမ်အနီး ပင်လယ်ကမ်းခြေသို့ ပြည်သူများ လာရောက်နေကြသည်ကို မလိုလားသော်လည်း တရားသူကြီးက ခွင့်မပြု...
  တရုတ်ပြည် ထျန်ကျင်းမြို့တွင် လွန်ခဲ့သော ၈ နှစ်ကတည်းက ကြိုတင်ငွေပေးချေကာ တိုက်ခန်းဝယ်ယူထားသူများ ယနေ့တိုင် တိုက်ခန်းမရသေး...
  တရုတ်ပြည် ထျန်ကျင်းမြို့တွင် လွန်ခဲ့သော ၈ နှစ်ကတည်းက ကြိုတင်ငွေပေးချေကာ တိုက်ခန်းဝယ်ယူထားသူများ ယနေ့တိုင် တိုက်ခန်းမရသေး...
ထားဝယ်အထူးစီးပွားရေးဇုန် အတွင်းရုရှား ပါဝင်လာ
ထားဝယ်အထူးစီးပွားရေးဇုန် အတွင်းရုရှား ပါဝင်လာ
ပင်လယ်ကမ်းခြေများရှိ အပန်းဖြေအိမ်ရာဈေးကွက် ကောင်းမွန်နေဆဲ
ပင်လယ်ကမ်းခြေများရှိ အပန်းဖြေအိမ်ရာဈေးကွက် ကောင်းမွန်နေဆဲ
နော်ဝေနှင့် မြောက်ဝင်ရိုးစွန်းကြားရှိ ဧကပေါင်း ၁၄၀၀၀ ကျော် ကျယ်ဝန်းသော ပုဂ္ဂလိကပိုင် ကျွန်းစုတစ်ခု ယူရို သန်း ၃၀၀ (ကန်ဒေါ်လာ ၃၂၄ သန်း) ဖြင့် ရောင်းမည်...
နော်ဝေနှင့် မြောက်ဝင်ရိုးစွန်းကြားရှိ ဧကပေါင်း ၁၄၀၀၀ ကျော် ကျယ်ဝန်းသော ပုဂ္ဂလိကပိုင် ကျွန်းစုတစ်ခု ယူရို သန်း ၃၀၀ (ကန်ဒေါ်လာ ၃၂၄ သန်း) ဖြင့် ရောင်းမည်...
ပေါင် ၆၈ သန်း ချမ်းသာကြွယ်ဝသော ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖြူရီက သားသမီး ၇ ဦးအား တစ်ပြားတစ်ချပ်မှ အမွေပေးမည်မဟုတ်ကြောင်း အတည်ပြုပြောကြား...
ပေါင် ၆၈ သန်း ချမ်းသာကြွယ်ဝသော ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖြူရီက သားသမီး ၇ ဦးအား တစ်ပြားတစ်ချပ်မှ အမွေပေးမည်မဟုတ်ကြောင်း အတည်ပြုပြောကြား...
တရုတ်ပြည် ဟန်ကျိုးမြို့တွင် ရောင်းမထွက်သော အိမ်ခြံမြေများကို အုပ်ချုပ်ရေးအဖွဲ့က ဝယ်ယူမည်ဖြစ်ကြောင်း ကြေညာလိုက်ရာ အိမ်ခြံမြေ developer ကုမ္ပဏီတို့၏ ရှယ်ယာဈေးများ မြင့်တက်...
တရုတ်ပြည် ဟန်ကျိုးမြို့တွင် ရောင်းမထွက်သော အိမ်ခြံမြေများကို အုပ်ချုပ်ရေးအဖွဲ့က ဝယ်ယူမည်ဖြစ်ကြောင်း ကြေညာလိုက်ရာ အိမ်ခြံမြေ developer ကုမ္ပဏီတို့၏ ရှယ်ယာဈေးများ မြင့်တက်...
ယူနန်ရွှေရောင်မျောက် ၊နှင်းဆီရောင်စပျစ်နီနဲ့ ပြုလုပ်ထားတဲ့ ဝိုင်နီကို ခံစားရင်း အေးချမ်းမှုဝိညာဉ်မွေးမြူနိုင်မယ့် တကယ့်နိဗ္ဗာန်သွားရာလမ်း Meili နှင်းတောင်တန်းများသို့ တစ်ခေါက်...
ယူနန်ရွှေရောင်မျောက် ၊နှင်းဆီရောင်စပျစ်နီနဲ့ ပြုလုပ်ထားတဲ့ ဝိုင်နီကို ခံစားရင်း အေးချမ်းမှုဝိညာဉ်မွေးမြူနိုင်မယ့် တကယ့်နိဗ္ဗာန်သွားရာလမ်း Meili နှင်းတောင်တန်းများသို့ တစ်ခေါက်...
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

bkk-projects
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service